< ၂ ကရိန္ထိနး 13 >
1 ဧတတ္တၖတီယဝါရမ် အဟံ ယုၐ္မတ္သမီပံ ဂစ္ဆာမိ တေန သရွွာ ကထာ ဒွယောသ္တြယာဏာံ ဝါ သာက္ၐိဏာံ မုခေန နိၑ္စေၐျတေ၊
၁ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။
2 ပူရွွံ ယေ ကၖတပါပါသ္တေဘျော'နျေဘျၑ္စ သရွွေဘျော မယာ ပူရွွံ ကထိတံ, ပုနရပိ ဝိဒျမာနေနေဝေဒါနီမ် အဝိဒျမာနေန မယာ ကထျတေ, ယဒါ ပုနရာဂမိၐျာမိ တဒါဟံ န က္ၐမိၐျေ၊
၂တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသော သူမှစ၍ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ငါပြောနှင့်၏။
3 ခြီၐ္ဋော မယာ ကထာံ ကထယတျေတသျ ပြမာဏံ ယူယံ မၖဂယဓွေ, သ တု ယုၐ္မာန် ပြတိ ဒုရ္ဗ္ဗလော နဟိ ကိန္တု သဗလ ဧဝ၊
၃သင်တို့တွင်အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိဏ်ပြတော်မူခြင်း သက်သေကို သင်တို့သည် ရှာသောကြောင့်၊ ငါရောက် လာသောအခါ မသနားရ။
4 ယဒျပိ သ ဒုရ္ဗ္ဗလတယာ ကြုၑ အာရောပျတ တထာပီၑွရီယၑက္တယာ ဇီဝတိ; ဝယမပိ တသ္မိန် ဒုရ္ဗ္ဗလာ ဘဝါမး, တထာပိ ယုၐ္မာန် ပြတိ ပြကာၑိတယေၑွရီယၑက္တျာ တေန သဟ ဇီဝိၐျာမး၊
၄အကြောင်းမူကား၊ ထိုခရစ်တော်သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင်တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်း သော်လည်း၊ သင်တို့တွင်ပြသော ဘုရားသခင်၏ တန်ခိုး တော်အားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်း ရှိကြလိမ့်မည်။
5 အတော ယူယံ ဝိၑွာသယုက္တာ အာဓွေ န ဝေတိ ဇ္ဉာတုမာတ္မပရီက္ၐာံ ကုရုဓွံ သွာနေဝါနုသန္ဓတ္တ၊ ယီၑုး ခြီၐ္ဋော ယုၐ္မန္မဓျေ ဝိဒျတေ သွာနဓိ တတ် ကိံ န ပြတိဇာနီထ? တသ္မိန် အဝိဒျမာနေ ယူယံ နိၐ္ပြမာဏာ ဘဝထ၊
၅သင်တို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည်လောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကို ကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သော သူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြလော။
6 ကိန္တု ဝယံ နိၐ္ပြမာဏာ န ဘဝါမ ဣတိ ယုၐ္မာဘိ ရ္ဘောတ္သျတေ တတြ မမ ပြတျာၑာ ဇာယတေ၊
၆ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မြော်လင့်ခြင်းရှိ၏။
7 ယူယံ ကိမပိ ကုတ္သိတံ ကရ္မ္မ ယန္န ကုရုထ တဒဟမ် ဤၑွရမုဒ္ဒိၑျ ပြာရ္ထယေ၊ ဝယံ ယတ် ပြာမာဏိကာ ဣဝ ပြကာၑာမဟေ တဒရ္ထံ တတ် ပြာရ္ထယာမဟ ဣတိ နဟိ, ကိန္တု ယူယံ ယတ် သဒါစာရံ ကုရုထ ဝယဉ္စ နိၐ္ပြမာဏာ ဣဝ ဘဝါမသ္တဒရ္ထံ၊
၇ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သော သူကဲ့သို့ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့်တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်းပဌနာပြု၏။
8 ယတး သတျတာယာ ဝိပက္ၐတာံ ကရ္တ္တုံ ဝယံ န သမရ္ထား ကိန္တု သတျတာယား သာဟာယျံ ကရ္တ္တုမေဝ၊
၈ငါတို့သည်သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။
9 ဝယံ ယဒါ ဒုရ္ဗ္ဗလာ ဘဝါမသ္တဒါ ယုၐ္မာန် သဗလာန် ဒၖၐ္ဋွာနန္ဒာမော ယုၐ္မာကံ သိဒ္ဓတွံ ပြာရ္ထယာမဟေ စ၊
၉သမ္မာတရားဘက်၌နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည်အားနည်း၍ သင်တို့သည်အားကြီးသောအခါ၊ ငါတို့သည် ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။
10 အတော ဟေတေား ပြဘု ရျုၐ္မာကံ ဝိနာၑာယ နဟိ ကိန္တု နိၐ္ဌာယဲ ယတ် သာမရ္ထျမ် အသ္မဘျံ ဒတ္တဝါန် တေန ယဒ် ဥပသ္ထိတိကာလေ ကာဌိနျံ မယာစရိတဝျံ န ဘဝေတ် တဒရ္ထမ် အနုပသ္ထိတေန မယာ သရွွာဏျေတာနိ လိချန္တေ၊
၁၀ထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါမဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ သခင်ဘုရားသည် ငါ၌ အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည် ရောက်လာသောအခါ ပြင်းစွာသောဒဏ်ကို မပေးလို၍၊ ယခုသင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့ ငါရေးလိုက်၏။
11 ဟေ ဘြာတရး, ၑေၐေ ဝဒါမိ ယူယမ် အာနန္ဒတ သိဒ္ဓါ ဘဝတ ပရသ္ပရံ ပြဗောဓယတ, ဧကမနသော ဘဝတ ပြဏယဘာဝမ် အာစရတ၊ ပြေမၑာန္တျောရာကရ ဤၑွရော ယုၐ္မာကံ သဟာယော ဘူယာတ်၊
၁၁ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်း ဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။
12 ယူယံ ပဝိတြစုမ္ဗနေန ပရသ္ပရံ နမသ္ကုရုဓွံ၊
၁၂အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်းသော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
13 ပဝိတြလောကား သရွွေ ယုၐ္မာန် နမန္တိ၊
၁၃သန့်ရှင်းသူအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။
14 ပြဘော ရျီၑုခြီၐ္ဋသျာနုဂြဟ ဤၑွရသျ ပြေမ ပဝိတြသျာတ္မနော ဘာဂိတွဉ္စ သရွွာန် ယုၐ္မာန် ပြတိ ဘူယာတ်၊ တထာသ္တု၊
၁၄သခင်ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိဿဟာယတော်၎င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။ အာမင်။