< ၁ ကရိန္ထိနး 15 >

1 ဟေ ဘြာတရး, ယး သုသံဝါဒေါ မယာ ယုၐ္မတ္သမီပေ နိဝေဒိတော ယူယဉ္စ ယံ ဂၖဟီတဝန္တ အာၑြိတဝန္တၑ္စ တံ ပုန ရျုၐ္မာန် ဝိဇ္ဉာပယာမိ၊
ညီအစ်ကိုတို့၊ ငါသည်သင်တို့အား ဟောပြော ဘူးသည်နှင့်အညီ၊ သင်တို့သည် ခံယူ၍ မှီဝဲဆည်းကပ် သော ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြား လိုက်၏။
2 ယုၐ္မာကံ ဝိၑွာသော ယဒိ ဝိတထော န ဘဝေတ် တရှိ သုသံဝါဒယုက္တာနိ မမ ဝါကျာနိ သ္မရတာံ ယုၐ္မာကံ တေန သုသံဝါဒေန ပရိတြာဏံ ဇာယတေ၊
အထက်ကငါဟောပြောသည် အကြောင်းများကို သင်တို့သည် အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံ ဂေလိတရားအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။
3 ယတော'ဟံ ယဒ် ယတ် ဇ္ဉာပိတသ္တဒနုသာရာတ် ယုၐ္မာသု မုချာံ ယာံ ၑိက္ၐာံ သမာရ္ပယံ သေယံ, ၑာသ္တြာနုသာရာတ် ခြီၐ္ဋော'သ္မာကံ ပါပမောစနာရ္ထံ ပြာဏာန် တျက္တဝါန်,
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာ အပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။
4 ၑ္မၑာနေ သ္ထာပိတၑ္စ တၖတီယဒိနေ ၑာသ္တြာနုသာရာတ် ပုနရုတ္ထာပိတး၊
သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။
5 သ စာဂြေ ကဲဖဲ တတး ပရံ ဒွါဒၑၑိၐျေဘျော ဒရ္ၑနံ ဒတ္တဝါန်၊
ကေဖသည်ကိုယ်တော်ကို မြင်ပြီးမှ၊ တကျိပ်နှစ်ပါးသော သူတို့သည် မြင်ရကြ၏။
6 တတး ပရံ ပဉ္စၑတာဓိကသံချကေဘျော ဘြာတၖဘျော ယုဂပဒ် ဒရ္ၑနံ ဒတ္တဝါန် တေၐာံ ကေစိတ် မဟာနိဒြာံ ဂတာ ဗဟုတရာၑ္စာဒျာပိ ဝရ္တ္တန္တေ၊
ထိုနောက် ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။
7 တဒနန္တရံ ယာကူဗာယ တတ္ပၑ္စာတ် သရွွေဘျး ပြေရိတေဘျော ဒရ္ၑနံ ဒတ္တဝါန်၊
ထိုနောက် ယာကုပ်မြင်ရ၏။ ထိုနောက် တမန် တော်အပေါင်းတို့သည် မြင်ရကြ၏။
8 သရွွၑေၐေ'ကာလဇာတတုလျော ယော'ဟံ, သော'ဟမပိ တသျ ဒရ္ၑနံ ပြာပ္တဝါန်၊
နောက်ဆုံး၌ အချိန်မတော်မတန်ဘွားသော သူကဲ့သို့ဖြစ်သော ငါပင်မြင်ရ၏။
9 ဤၑွရသျ သမိတိံ ပြတိ ဒေါ်ရာတ္မျာစရဏာဒ် အဟံ ပြေရိတနာမ ဓရ္တ္တုမ် အယောဂျသ္တသ္မာတ် ပြေရိတာနာံ မဓျေ က္ၐုဒြတမၑ္စာသ္မိ၊
ငါသည် အထက်ကဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသောကြောင့်၊ အညံ့ဆုံးသော တမန် တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကို မခံထိုက်။
10 ယာဒၖၑော'သ္မိ တာဒၖၑ ဤၑွရသျာနုဂြဟေဏဲဝါသ္မိ; အပရံ မာံ ပြတိ တသျာနုဂြဟော နိၐ္ဖလော နာဘဝတ်, အနျေဘျး သရွွေဘျော မယာဓိကး ၑြမး ကၖတး, ကိန္တု သ မယာ ကၖတသ္တန္နဟိ မတ္သဟကာရိဏေၑွရသျာနုဂြဟေဏဲဝ၊
၁၀သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ငါဖြစ်သည်အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ခံရသည်မဟုတ်။ အခြား သော တမန်တော်အပေါင်းတို့ထက်၊ ငါသည် သာ၍ ကြိုးစားခြင်းကိုပြု၏။ ထိုသို့ဆိုသော်လည်း၊ ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူး တော်သည် ကြိုးစားတော်မူ၏။
11 အတဧဝ မယာ ဘဝေတ် တဲ ရွာ ဘဝေတ် အသ္မာဘိသ္တာဒၖၑီ ဝါရ္တ္တာ ဃောၐျတေ သဲဝ စ ယုၐ္မာဘိ ရွိၑွာသေန ဂၖဟီတာ၊
၁၁ထိုကြောင့်၊ ငါဖြစ်စေ၊ သူတို့ဖြစ်စေ၊ ဤသို့ ငါတို့သည် ဟောပြောကြ၏။ ဤသို့လည်းသင်တို့သည် ယုံကြည်ကြ၏။
12 မၖတျုဒၑာတး ခြီၐ္ဋ ဥတ္ထာပိတ ဣတိ ဝါရ္တ္တာ ယဒိ တမဓိ ဃောၐျတေ တရှိ မၖတလောကာနာမ် ဥတ္ထိတိ ရ္နာသ္တီတိ ဝါဂ် ယုၐ္မာကံ မဓျေ ကဲၑ္စိတ် ကုတး ကထျတေ?
၁၂ယခုမှာ၊ ခရစ်တော်သည် သေခြင်းမှ ထမြောက် တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍၊ သေသော သူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့် ဆိုရကြသနည်း။
13 မၖတာနာမ် ဥတ္ထိတိ ရျဒိ န ဘဝေတ် တရှိ ခြီၐ္ဋော'ပိ နောတ္ထာပိတး
၁၃သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
14 ခြီၐ္ဋၑ္စ ယဒျနုတ္ထာပိတး သျာတ် တရှျသ္မာကံ ဃောၐဏံ ဝိတထံ ယုၐ္မာကံ ဝိၑွာသော'ပိ ဝိတထး၊
၁၄ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။
15 ဝယဉ္စေၑွရသျ မၖၐာသာက္ၐိဏော ဘဝါမး, ယတး ခြီၐ္ဋ သ္တေနောတ္ထာပိတး ဣတိ သာက္ၐျမ် အသ္မာဘိရီၑွရမဓိ ဒတ္တံ ကိန္တု မၖတာနာမုတ္ထိတိ ရျဒိ န ဘဝေတ် တရှိ သ တေန နောတ္ထာပိတး၊
၁၅ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။
16 ယတော မၖတာနာမုတ္ထိတိ ရျတိ န ဘဝေတ် တရှိ ခြီၐ္ဋော'ပျုတ္ထာပိတတွံ န ဂတး၊
၁၆အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်းမရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ ယခုမှာ၊ ခရစ်တော်ကို ထမြောက် စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့သည် ထမြောက် ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။
17 ခြီၐ္ဋသျ ယဒျနုတ္ထာပိတး သျာတ် တရှိ ယုၐ္မာကံ ဝိၑွာသော ဝိတထး, ယူယမ် အဒျာပိ သွပါပေၐု မဂ္နာသ္တိၐ္ဌထ၊
၁၇ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက် အပြစ်အောက်၌ ရှိကြသေး၏။
18 အပရံ ခြီၐ္ဋာၑြိတာ ယေ မာနဝါ မဟာနိဒြာံ ဂတာသ္တေ'ပိ နာၑံ ဂတား၊
၁၈ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော် သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
19 ခြီၐ္ဋော ယဒိ ကေဝလမိဟလောကေ 'သ္မာကံ ပြတျာၑာဘူမိး သျာတ် တရှိ သရွွမရ္တျေဘျော ဝယမေဝ ဒုရ္ဘာဂျား၊
၁၉ငါတို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ ထက်သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။
20 ဣဒါနီံ ခြီၐ္ဋော မၖတျုဒၑာတ ဥတ္ထာပိတော မဟာနိဒြာဂတာနာံ မဓျေ ပြထမဖလသွရူပေါ ဇာတၑ္စ၊
၂၀ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီး သော အသီးဖြစ်တော်မူပြီ။
21 ယတော ယဒွတ် မာနုၐဒွါရာ မၖတျုး ပြာဒုရ္ဘူတသ္တဒွတ် မာနုၐဒွါရာ မၖတာနာံ ပုနရုတ္ထိတိရပိ ပြဒုရ္ဘူတာ၊
၂၁သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့၊ သေသောသူတို့၏ ထမြောက်ခြင်းတရား သည် လူအားဖြင့် တည်လျက်ရှိ၏။
22 အာဒမာ ယထာ သရွွေ မရဏာဓီနာ ဇာတာသ္တထာ ခြီၐ္ဋေန သရွွေ ဇီဝယိၐျန္တေ၊
၂၂လူအပေါင်းတို့သည် အာဒံအားဖြင့်သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အား ဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။
23 ကိန္တွေကဲကေန ဇနေန နိဇေ နိဇေ ပရျျာယ ဥတ္ထာတဝျံ ပြထမတး ပြထမဇာတဖလသွရူပေန ခြီၐ္ဋေန, ဒွိတီယတသ္တသျာဂမနသမယေ ခြီၐ္ဋသျ လောကဲး၊
၂၃သို့ရာတွင် လူအသီးအသီးတို့သည် မိမိတို့ အလှည့်အတိုင်း လိုက်ရကြလိမ့်မည်။ ခရစ်တော်သည် အဦးအသီးသော အသီးဖြစ်တော်မူ၏၊ ခရစ်တော်သည် ကြွလာတော်မူသောအခါ၊ တပည့်တော်ဖြစ်သော သူတို့ သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်။
24 တတး ပရမ် အန္တော ဘဝိၐျတိ တဒါနီံ သ သရွွံ ၑာသနမ် အဓိပတိတွံ ပရာကြမဉ္စ လုပ္တွာ သွပိတရီၑွရေ ရာဇတွံ သမရ္ပယိၐျတိ၊
၂၄ထိုအခါ ခရစ်တော်သည် အထွဋ်အမြတ် အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ မိမိနိုင်ငံကို ဘုရားသခင်တည်းဟူသော ခမည်းတော်၌ အပ်ပြန်တော် မူပြီးမှ ကမ္ဘာကုန်ရလတံ့။
25 ယတး ခြီၐ္ဋသျ ရိပဝး သရွွေ ယာဝတ် တေန သွပါဒယောရဓော န နိပါတယိၐျန္တေ တာဝတ် တေနဲဝ ရာဇတွံ ကရ္တ္တဝျံ၊
၂၅ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဘဝါး တော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုး တော်မူရမည်။
26 တေန ဝိဇေတဝျော ယး ၑေၐရိပုး သ မၖတျုရေဝ၊
၂၆နောက်ဆုံးသော ရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့။
27 လိခိတမာသ္တေ သရွွာဏိ တသျ ပါဒယော ရွၑီကၖတာနိ၊ ကိန္တု သရွွာဏျေဝ တသျ ဝၑီကၖတာနီတျုက္တေ သတိ သရွွာဏိ ယေန တသျ ဝၑီကၖတာနိ သ သွယံ တသျ ဝၑီဘူတော န ဇာတ ဣတိ ဝျက္တံ၊
၂၇ခပ်သိမ်းသောအရာတို့ကို လူသား၏ ခြေအောက်၌ ချထားတော်မူသည်ဟု ကျမ်းစာလာ၏။ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိကြောင်းကို ဆိုသော်၊ ခပ်သိမ်းသောအရာတို့ကို လူသားအောက်၌ ချထား တော်မူသောသူသည် ကြွင်းတော်မူကြောင်း ထင်ရှားသတည်း။
28 သရွွေၐု တသျ ဝၑီဘူတေၐု သရွွာဏိ ယေန ပုတြသျ ဝၑီကၖတာနိ သွယံ ပုတြော'ပိ တသျ ဝၑီဘူတော ဘဝိၐျတိ တတ ဤၑွရး သရွွေၐု သရွွ ဧဝ ဘဝိၐျတိ၊
၂၈ခပ်သိမ်းသော အရာတို့သည် လူသားအောက်၌ ချထားလျက် ရှိသောအခါ၊ ခပ်သိမ်းသောအရာတို့ကို သူ့အောက်၌ ချထားတော်မူသော သူ၏ အုပ်စိုးတော်မူခြင်းကို သားတော်သည် ကိုယ်တိုင်ဝန်ခံလိမ့်မည်။ အကြောင်းမူကား၊ ဘုရားသခင်သည် အလုံးစုံ ဖြစ်တော်မူမည် အကြောင်းတည်း။
29 အပရံ ပရေတလောကာနာံ ဝိနိမယေန ယေ မဇ္ဇျန္တေ တဲး ကိံ လပ္သျတေ? ယေၐာံ ပရေတလောကာနာမ် ဥတ္ထိတိး ကေနာပိ ပြကာရေဏ န ဘဝိၐျတိ တေၐာံ ဝိနိမယေန ကုတော မဇ္ဇနမပိ တဲရင်္ဂီကြိယတေ?
၂၉သေလွန်သောသူတို့သည် ထမြောက်ခြင်း အလျှင်းမရှိလျှင်၊ သေလွန်သော သူတို့၏ ကိုယ်စား ဗတ္တိဇံကိုခံသော သူတို့သည် အဘယ်သို့ ပြုရမည်နည်း။ သေလွန်သော သူတို့၏ကိုယ်စား အဘယ်ကြောင့် ဗတ္တိဇံ ကို ခံရကြသနည်း။
30 ဝယမပိ ကုတး ပြတိဒဏ္ဍံ ပြာဏဘီတိမ် အင်္ဂီကုရ္မ္မဟေ?
၃၀ငါတို့သည်လည်း ဘေးရောက်အံ့သော အခြင်း အရာနှင့် အဘယ်ကြောင့် တွေ့ရကြသနည်း။
31 အသ္မတ္ပြဘုနာ ယီၑုခြီၐ္ဋေန ယုၐ္မတ္တော မမ ယာ ၑ္လာဃာသ္တေ တသျား ၑပထံ ကၖတွာ ကထယာမိ ဒိနေ ဒိနေ'ဟံ မၖတျုံ ဂစ္ဆာမိ၊
၃၁ငါသည် နေ့တိုင်းအသေခံရ၏ဟု ငါတို့သခင် ယေရှုခရစ်၌ သင်တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
32 ဣဖိၐနဂရေ ဝနျပၑုဘိး သာရ္ဒ္ဓံ ယဒိ လော်ကိကဘာဝါတ် မယာ ယုဒ္ဓံ ကၖတံ တရှိ တေန မမ ကော လာဘး? မၖတာနာမ် ဥတ္ထိတိ ရျဒိ န ဘဝေတ် တရှိ, ကုရ္မ္မော ဘောဇနပါနေ'ဒျ ၑွသ္တု မၖတျု ရ္ဘဝိၐျတိ၊
၃၂သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဧဖက်မြို့၌ လောကီဝေါဟာရအားဖြင့်၊ အထက် က ငါသည်သားရဲတို့နှင့် တိုက်သော်လည်း၊ အဘယ် အကျိုးရှိသနည်း။ စားကြကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေရကြမည်။
33 ဣတျနေန ဓရ္မ္မာတ် မာ ဘြံၑဓွံ၊ ကုသံသရ္ဂေဏ လောကာနာံ သဒါစာရော ဝိနၑျတိ၊
၃၃အလွဲမယူကြနှင့်။ မကောင်းသော သူတို့နှင့် ပေါင်းဘော်ခြင်းအားဖြင့် ကောင်းသော အကျင့်ဓလေ့ ယိုယွင်းတတ်၏။
34 ယူယံ ယထောစိတံ သစဲတနျာသ္တိၐ္ဌတ, ပါပံ မာ ကုရုဓွံ, ယတော ယုၐ္မာကံ မဓျ ဤၑွရီယဇ္ဉာနဟီနား ကေ'ပိ ဝိဒျန္တေ ယုၐ္မာကံ တြပါယဲ မယေဒံ ဂဒျတေ၊
၃၄တရားသဖြင့် နိုးကြလော့။ ဒုစရိုက်ကိုမပြုကြနှင့်။ အချို့သော သူတို့သည် ဘုရားသခင်ကို မသိကြ။ ထိုသို့ဆိုသော်၊ သင်တို့ကို ရှက်ကြောက်စေခြင်းငှါ ငါဆို၏။
35 အပရံ မၖတလောကား ကထမ် ဥတ္ထာသျန္တိ? ကီဒၖၑံ ဝါ ၑရီရံ လဗ္ဓွာ ပုနရေၐျန္တီတိ ဝါကျံ ကၑ္စိတ် ပြက္ၐျတိ၊
၃၅သေလွန်သောသူတို့သည် အဘယ်သို့ ထမြောက်ကြမည်နည်း။ အဘယ်သို့သော ကိုယ်နှင့်ပေါ်လာကြမည် နည်းဟု တစုံတယောက်သောသူ မေးလိမ့်မည်။
36 ဟေ အဇ္ဉ တွယာ ယဒ် ဗီဇမ် ဥပျတေ တဒ် ယဒိ န မြိယေတ တရှိ န ဇီဝယိၐျတေ၊
၃၆အချင်းလူမိုက်၊ သင်စိုက်သောမျိုးစေ့မပျက်လျှင် မရှင်တတ်။
37 ယယာ မူရ္တ္တျာ နိရ္ဂန္တဝျံ သာ တွယာ နောပျတေ ကိန္တု ၑုၐ္ကံ ဗီဇမေဝ; တစ္စ ဂေါဓူမာဒီနာံ ကိမပိ ဗီဇံ ဘဝိတုံ ၑက္နောတိ၊
၃၇ထိုမှတပါး မျိုးစေ့ကို စိုက်သောအခါ၊ နောက် ဖြစ်လတံ့သော ကိုယ်ကိုမစိုက်၊ ဂျုံစပါးဖြစ်စေ၊ အခြား သောစပါးဖြစ်စေ၊ အစေ့သက်သက်ကို စိုက်တတ်၏။
38 ဤၑွရေဏေဝ ယထာဘိလာၐံ တသ္မဲ မူရ္တ္တိ ရ္ဒီယတေ, ဧကဲကသ္မဲ ဗီဇာယ သွာ သွာ မူရ္တ္တိရေဝ ဒီယတေ၊
၃၈ဘုရားသခင်သည် အလိုတော်ရှိသည်အတိုင်း ကိုယ်ကို ပေးတော်မူ၏။ မျိုးစေ့အသီးအသီးတို့အား လည်း၊ မိမိတို့မျိုးအတိုင်း ကိုယ်ကိုပေးတော်မူ၏။
39 သရွွာဏိ ပလလာနိ နဲကဝိဓာနိ သန္တိ, မနုၐျပၑုပက္ၐိမတ္သျာဒီနာံ ဘိန္နရူပါဏိ ပလလာနိ သန္တိ၊
၃၉အသားရှိသမျှတို့သည် တမျိုးတည်းမဟုတ်။ လူသားတမျိုး၊ အမဲသားတမျိုး၊ ငါးသားတမျိုး၊ ငှက်သား တမျိုး၊ အသီးအသီးရှိကြ၏။
40 အပရံ သွရ္ဂီယာ မူရ္တ္တယး ပါရ္ထိဝါ မူရ္တ္တယၑ္စ ဝိဒျန္တေ ကိန္တု သွရ္ဂီယာနာမ် ဧကရူပံ တေဇး ပါရ္ထိဝါနာဉ္စ တဒနျရူပံ တေဇော'သ္တိ၊
၄၀ကောင်းကင်အကောင်အထည်လည်းရှိ၏။ မြေကြီးအကောင်အထည်လည်းရှိ၏။ ကောင်းကင် အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုး၊ မြေကြီး အကောင်အထည်၏ ဂုဏ်အသရေလည်းတမျိုးဖြစ်၏။
41 သူရျျသျ တေဇ ဧကဝိဓံ စန္ဒြသျ တေဇသ္တဒနျဝိဓံ တာရာဏာဉ္စ တေဇော'နျဝိဓံ, တာရာဏာံ မဓျေ'ပိ တေဇသသ္တာရတမျံ ဝိဒျတေ၊
၄၁နေ၏ဂုဏ်အသရေတမျိုး၊ လ၏ဂုဏ်အသရေတမျိုး၊ ကြယ်တို့၏ ဂုဏ်အသရေတမျိုးအသီးအသီး ရှိကြ၏။ ကြယ်တို့၏ ဂုဏ်အသရေသည်လည်း အသီးသီး အခြားခြား ဖြစ်ကြ၏။
42 တတြ လိခိတမာသ္တေ ယထာ, ‘အာဒိပုရုၐ အာဒမ် ဇီဝတ္ပြာဏီ ဗဘူဝ,’ ကိန္တွန္တိမ အာဒမ် (ခြီၐ္ဋော) ဇီဝနဒါယက အာတ္မာ ဗဘူဝ၊
၄၂ထိုနည်းတူ၊ သေသောသူတို့၏ ထမြောက်ခြင်း အကြောင်းအရာဖြစ်၏။ ကိုယ်သည်စိုက်သောအခါ၊ ပုပ်တတ်သောသဘေရှိ၏။ ထမြောက်သောအခါ မပုပ် နိုင်သောအဖြစ်၌ တည်၏။
43 ယဒ် ဥပျတေ တတ် တုစ္ဆံ ယစ္စောတ္ထာသျတိ တဒ် ဂေါ်ရဝါနွိတံ; ယဒ် ဥပျတေ တန္နိရ္ဗ္ဗလံ ယစ္စောတ္ထာသျတိ တတ် ၑက္တိယုက္တံ၊
၄၃စိုက်သောအခါဂုဏ်အသရေပျက်၏။ ထမြောက်သောအခါ ဂုဏ်အသရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ။ ထမြောက်သောအခါ အစွမ်းနှင့်ပြည့်စုံ၏။
44 ယတ် ၑရီရမ် ဥပျတေ တတ် ပြာဏာနာံ သဒ္မ, ယစ္စ ၑရီရမ် ဥတ္ထာသျတိ တဒ် အာတ္မနး သဒ္မ၊ ပြာဏသဒ္မသွရူပံ ၑရီရံ ဝိဒျတေ, အာတ္မသဒ္မသွရူပမပိ ၑရီရံ ဝိဒျတေ၊
၄၄စိုက်သောအခါ ဇာတိပကတိ ကိုယ်ဖြစ်၏။ ထမြောက်သောအခါ ဝိညာဏကိုယ်ဖြစ်၏။ ဇာတိပကတိ ကိုယ်တမျိုး၊ ဝိညာဏကိုယ်တမျိုးရှိ၏။
45 တတြ လိခိတမာသ္တေ ယထာ, အာဒိပုရုၐ အာဒမ် ဇီဝတ္ပြာဏီ ဗဘူဝ, ကိန္တွန္တိမ အာဒမ် (ခြီၐ္ဋော) ဇီဝနဒါယက အာတ္မာ ဗဘူဝ၊
၄၅ကျမ်းစာလာသည်ကား၊ ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သော သတ္တဝါဖြစ်၏ဟု လာသတည်း။ ယခုတွင်နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင် စေတတ်သော ဝိညာဉ်ဖြစ်၏။
46 အာတ္မသဒ္မ န ပြထမံ ကိန္တု ပြာဏသဒ္မဲဝ တတ္ပၑ္စာဒ် အာတ္မသဒ္မ၊
၄၆ဝိညာဏကိုယ်သည် ရှေ့ဦးစွာဖြစ်သည်မဟုတ်၊ ဇာတိပကတိကိုယ်သည် ရှေ့ဦးစွာဖြစ်၏။ နောက်မှ ဝိညာဏကိုယ်ဖြစ်၏။
47 အာဒျး ပုရုၐေ မၖဒ ဥတ္ပန္နတွာတ် မၖဏ္မယော ဒွိတီယၑ္စ ပုရုၐး သွရ္ဂာဒ် အာဂတး ပြဘုး၊
၄၇ရှေ့ဦးစွာသော လူသည်မြေကြီးကဖြစ်သော ကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား၊ ကောင်းကင် ဘုံက ဖြစ်တော်မူသော သခင်ပေတည်း။
48 မၖဏ္မယော ယာဒၖၑ အာသီတ် မၖဏ္မယား သရွွေ တာဒၖၑာ ဘဝန္တိ သွရ္ဂီယၑ္စ ယာဒၖၑော'သ္တိ သွရ္ဂီယား သရွွေ တာဒၖၑာ ဘဝန္တိ၊
၄၈မြေသားတို့သည် ထိုမြေသားကဲ့သို့ ဖြစ်ကြ၏။ ကောင်းကင်သားတို့သည် ထိုကောင်းကင်သားကဲ့သို့ ဖြစ်ကြလိမ့်မည်။
49 မၖဏ္မယသျ ရူပံ ယဒွဒ် အသ္မာဘိ ရ္ဓာရိတံ တဒွတ် သွရ္ဂီယသျ ရူပမပိ ဓာရယိၐျတေ၊
၄၉ငါတို့သည် မြေသား၏ ပုံသဏ္ဌာန်ကို ဆောင်သကဲ့သို့၊ ကောင်းကင်သား၏ပုံသဏ္ဌာန်ကို ဆောင်ကြ လိမ့်မည်။
50 ဟေ ဘြာတရး, ယုၐ္မာန် ပြတိ ဝျာဟရာမိ, ဤၑွရသျ ရာဇျေ ရက္တမာံသယောရဓိကာရော ဘဝိတုံ န ၑက္နောတိ, အက္ၐယတွေ စ က္ၐယသျာဓိကာရော န ဘဝိၐျတိ၊
၅၀ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူအသွေးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံနိုင်၊ ပုပ်တတ်သောအရာသည် မပုပ်နိုင်သောအဖြစ်ကို အမွေမခံနိုင်။
51 ပၑျတာဟံ ယုၐ္မဘျံ နိဂူဎာံ ကထာံ နိဝေဒယာမိ၊
၅၁နက်နဲသော အရာတခုကိုငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။
52 သရွွဲရသ္မာဘိ ရ္မဟာနိဒြာ န ဂမိၐျတေ ကိန္တွန္တိမဒိနေ တူရျျာံ ဝါဒိတာယာမ် ဧကသ္မိန် ဝိပလေ နိမိၐဲကမဓျေ သရွွဲ ရူပါန္တရံ ဂမိၐျတေ, ယတသ္တူရီ ဝါဒိၐျတေ, မၖတလောကာၑ္စာက္ၐယီဘူတာ ဥတ္ထာသျန္တိ ဝယဉ္စ ရူပါန္တရံ ဂမိၐျာမး၊
၅၂သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။
53 ယတး က္ၐယဏီယေနဲတေန ၑရီရေဏာက္ၐယတွံ ပရိဟိတဝျံ, မရဏာဓီနေနဲတေန ဒေဟေန စာမရတွံ ပရိဟိတဝျံ၊
၅၃ယခုမျက်မှောက်ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။
54 ဧတသ္မိန် က္ၐယဏီယေ ၑရီရေ 'က္ၐယတွံ ဂတေ, ဧတသ္မန် မရဏာဓီနေ ဒေဟေ စာမရတွံ ဂတေ ၑာသ္တြေ လိခိတံ ဝစနမိဒံ သေတ္သျတိ, ယထာ, ဇယေန ဂြသျတေ မၖတျုး၊
၅၄ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။
55 မၖတျော တေ ကဏ္ဋကံ ကုတြ ပရလောက ဇယး က္က တေ။ (Hadēs g86)
၅၅အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ (Hadēs g86)
56 မၖတျေား ကဏ္ဋကံ ပါပမေဝ ပါပသျ စ ဗလံ ဝျဝသ္ထာ၊
၅၆သေမင်း၏လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း။
57 ဤၑွရၑ္စ ဓနျော ဘဝတု ယတး သော'သ္မာကံ ပြဘုနာ ယီၑုခြီၐ္ဋေနာသ္မာန် ဇယယုက္တာန် ဝိဓာပယတိ၊
၅၇ငါတို့သခင် ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွတကား။
58 အတော ဟေ မမ ပြိယဘြာတရး; ယူယံ သုသ္ထိရာ နိၑ္စလာၑ္စ ဘဝတ ပြဘေား သေဝါယာံ ယုၐ္မာကံ ပရိၑြမော နိၐ္ဖလော န ဘဝိၐျတီတိ ဇ္ဉာတွာ ပြဘေား ကာရျျေ သဒါ တတ္ပရာ ဘဝတ၊
၅၈ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်၍ အကျိုး ကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သော စိတ်နှင့် ပြည့်စုံ၍၊ မရွေ့လျော့ မတိမ်းယိမ်းဘဲလျက်၊ သခင်ဘုရား ၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။

< ၁ ကရိန္ထိနး 15 >