< ၁ ကရိန္ထိနး 13 >

1 မရ္တျသွရ္ဂီယာဏာံ ဘာၐာ ဘာၐမာဏော'ဟံ ယဒိ ပြေမဟီနော ဘဝေယံ တရှိ ဝါဒကတာလသွရူပေါ နိနာဒကာရိဘေရီသွရူပၑ္စ ဘဝါမိ၊
ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။
2 အပရဉ္စ ယဒျဟမ် ဤၑွရီယာဒေၑာဎျး သျာံ သရွွာဏိ ဂုပ္တဝါကျာနိ သရွွဝိဒျာဉ္စ ဇာနီယာံ ပူရ္ဏဝိၑွာသး သန် ၑဲလာန် သ္ထာနာန္တရီကရ္တ္တုံ ၑက္နုယာဉ္စ ကိန္တု ယဒိ ပြေမဟီနော ဘဝေယံ တရှျဂဏနီယ ဧဝ ဘဝါမိ၊
ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။
3 အပရံ ယဒျဟမ် အန္နဒါနေန သရွွသွံ တျဇေယံ ဒါဟနာယ သွၑရီရံ သမရ္ပယေယဉ္စ ကိန္တု ယဒိ ပြေမဟီနော ဘဝေယံ တရှိ တတ္သရွွံ မဒရ္ထံ နိၐ္ဖလံ ဘဝတိ၊
သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။
4 ပြေမ စိရသဟိၐ္ဏု ဟိတဲၐိ စ, ပြေမ နိရ္ဒွေၐမ် အၑဌံ နိရ္ဂရွွဉ္စ၊
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။
5 အပရံ တတ် ကုတ္သိတံ နာစရတိ, အာတ္မစေၐ္ဋာံ န ကုရုတေ သဟသာ န ကြုဓျတိ ပရာနိၐ္ဋံ န စိန္တယတိ,
မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊
6 အဓရ္မ္မေ န တုၐျတိ သတျ ဧဝ သန္တုၐျတိ၊
မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။
7 တတ် သရွွံ တိတိက္ၐတေ သရွွတြ ဝိၑွသိတိ သရွွတြ ဘဒြံ ပြတီက္ၐတေ သရွွံ သဟတေ စ၊
ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။
8 ပြေမ္နော လောပး ကဒါပိ န ဘဝိၐျတိ, ဤၑွရီယာဒေၑကထနံ လောပ္သျတေ ပရဘာၐာဘာၐဏံ နိဝရ္တ္တိၐျတေ ဇ္ဉာနမပိ လောပံ ယာသျတိ၊
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဥာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။
9 ယတော'သ္မာကံ ဇ္ဉာနံ ခဏ္ဍမာတြမ် ဤၑွရီယာဒေၑကထနမပိ ခဏ္ဍမာတြံ၊
ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဥာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။
10 ကိန္တွသ္မာသု သိဒ္ဓတာံ ဂတေၐု တာနိ ခဏ္ဍမာတြာဏိ လောပံ ယာသျန္တေ၊
၁၀စုံလင်ခြင်းသို့ ရောက်သောအခါမူကား၊ မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။
11 ဗာလျကာလေ'ဟံ ဗာလ ဣဝါဘာၐေ ဗာလ ဣဝါစိန္တယဉ္စ ကိန္တု ယော်ဝနေ ဇာတေ တတ္သရွွံ ဗာလျာစရဏံ ပရိတျက္တဝါန်၊
၁၁ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
12 ဣဒါနီမ် အဘြမဓျေနာသ္ပၐ္ဋံ ဒရ္ၑနမ် အသ္မာဘိ ရ္လဘျတေ ကိန္တု တဒါ သာက္ၐာတ် ဒရ္ၑနံ လပ္သျတေ၊ အဓုနာ မမ ဇ္ဉာနမ် အလ္ပိၐ္ဌံ ကိန္တု တဒါဟံ ယထာဝဂမျသ္တထဲဝါဝဂတော ဘဝိၐျာမိ၊
၁၂ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင်မြင် ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင်မစုံလင်ဖြစ်၏။ ထိုအခါမူကား၊ သူတပါးသည် ငါ့ကို သိသကဲ့သို့ ငါသိ ရလိမ့်မည်။
13 ဣဒါနီံ ပြတျယး ပြတျာၑာ ပြေမ စ တြီဏျေတာနိ တိၐ္ဌန္တိ တေၐာံ မဓျေ စ ပြေမ ၑြေၐ္ဌံ၊
၁၃ယခုတွင်ယုံကြည်ခြင်း၊ မြော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက် ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း၊ မေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။

< ၁ ကရိန္ထိနး 13 >