< Imbombo zya Atume 19 >
1 U Apolo nali hu Korintho, u Paulo ashilile hunsi izya pamwanya afishile hu Efeso atangine na manyili yhwo.
၁ကောရိန္သုမြို့တွင်အာပေါလုရှိနေစဉ်ပေါလု သည် အထက်ပါဒေသတစ်လျှောက်သို့လှည့်လည် ပြီးနောက် ဧဖက်မြို့သို့ရောက်ရှိလာ၏။ ထိုမြို့တွင် တပည့်တော်အချို့တို့ကိုတွေ့၍၊-
2 U Paulo wabhabhuzya, “Huje, mwamposhiye Umpepo Ufinjile pamwahitishe?” Bhaga, “Ha' aa, atahuhwumvwe siga tahumvwizye huje huli Umpepo Ufinjile.”
၂``သင်တို့သည်ယုံကြည်သူများဖြစ်လာကြ သောအခါ သန့်ရှင်းသောဝိညာဉ်တော်ကိုခံ ယူရကြပါ၏လော'' ဟုမေး၏။ ထိုသူတို့က ``သန့်ရှင်းသောဝိညာဉ်တော်ရှိ တော်မူကြောင်းကိုပင် ကျွန်ုပ်တို့မကြားဘူး ပါ'' ဟုဆိုကြ၏။
3 U Paulo wabhabhuuzya, “Eshi mwahoziwe?” Wozyonshii, “Abheene bhaga uwozyo wa Yohana.
၃ပေါလုက ``ဤသို့ဖြစ်ပါမူသင်တို့သည် အဘယ်မည်သောဗတ္တိဇံမင်္ဂလာကိုခံခဲ့ ကြပါသနည်း'' ဟုမေး၏။ သူတို့က ``ယောဟန်၏ဗတ္တိဇံမင်္ဂလာကို ခံခဲ့ပါသည်'' ဟုဆိုကြ၏။
4 U Paulo waga, “U Yohana abhozizye huwozyo wa alambe. Abhabhuulile bhaala aje bhamwitishe uyo yahwinza pamande uYesu.”
၄ပေါလုက ``ယောဟန်၏ဗတ္တိဇံမင်္ဂလာသည် နောင်တရသူတို့အဖို့ဖြစ်၏။ ယောဟန်သည် မိမိ၏နောက်တွင်ကြွလာတော်မူမည့်အရှင် ကိုယုံကြည်ရမည်ဟု ဣသရေလအမျိုးသား တို့အားဟောပြောခဲ့၏။ ထိုအရှင်ကားသခင် ယေရှုပေတည်း'' ဟုဆို၏။
5 Abhantu nabhuumvwa enongwa ezi bhoziwa hwitawa lya Yesu Kilisti.
၅ထိုစကားကိုကြားလျှင်သူတို့သည် သခင် ယေရှု၏နာမတော်ကိုအမှီပြု၍ဗတ္တိဇံ မင်္ဂလာခံကြ၏။-
6 U Paulo nawabhabhishila amakhono pitwe Umpepo Ufinjile wabhishila bhanda ayanje enjango empya nakuwe.
၆ပေါလုသည်သူတို့၏ဦးခေါင်းအပေါ်မှာ လက်ကိုတင်လိုက်သောအခါ သန့်ရှင်းသောဝိညာဉ် တော်သည်သူတို့၏အပေါ်သို့သက်ရောက်တော် မူ၏။ ထိုအခါသူတို့သည်ထူးဆန်းသောဘာ သာစကားများကိုပြောကြ၏။ ဘုရားသခင် ၏တရားတော်ကိုလည်းဟောပြောကြေညာ ကြ၏။-
7 Bhahali alume ilonga na bhabhili.
၇သူတို့အရေအတွက်မှာတစ်ဆယ့်နှစ်ယောက် မျှရှိသတည်း။-
8 U Paulo ahinjila mwisinagogi amezi gatatu. Alongozyaga enjangano na bhavute abhantu hwa Yesu nu uumwene uwa humwanya.
၈ပေါလုသည်သုံးလတိုင်တိုင်တရားဇရပ်တွင် အချေအတင်ဆွေးနွေးကာဘုရားသခင်၏ နိုင်ငံတော်အကြောင်း လူတို့နားလည်သဘော ပေါက်လာစေရန်မကြောက်မရွံ့ဘဲဟော ပြော၏။-
9 Lelo Ayahudi bhamo bhahali na mampuli sigabhahitihaga, bhaligaga nabhayangaga ezya Yesu. U Paulo wabhefwa aKtilisti wabhala nabho muukumbi wa Tirano abhamanyizye.
၉သို့ရာတွင်လူအချို့တို့သည်ခေါင်းမာ၍မယုံ ကြည်သဖြင့် လူအပေါင်းတို့ရှေ့တွင်သခင်ဘုရား ၏လမ်းစဉ်တော်ကိုရှုတ်ချပြောဆိုကြ၏။ သို့ ဖြစ်၍ပေါလုသည်တပည့်တော်တို့ကိုခေါ် ၍ ထိုသူတို့ထံမှထွက်ခွာပြီးလျှင် တုရန္နု ၏စာသင်ခန်းမဆောင်တွင်နေ့စဉ်နေ့တိုင်း ဆွေးနွေးပွဲများကိုကျင်းပ၏။-
10 Ahindiliye isho humaha gabhili bhonti bhabhakhalaga hu Asia bhahumvwizye izu lya Ngulubhi Ayahudi na Ayunani(Agriki).
၁၀ဤသို့နှစ်နှစ်တိုင်တိုင်ကျင်းပရာအာရှပြည် တွင် နေထိုင်သူယုဒအမျိုးသားများနှင့်ဂရိ အမျိုးသားအပေါင်းတို့သည် သခင်ဘုရား ၏နှုတ်ကပတ်တရားတော်ကိုကြားနာရ ကြ၏။
11 Ungulubhi abhombaga amambo amagosi hukhono gwa Paulo,
၁၁ဘုရားသခင်သည်ပေါလုအားဖြင့် အလွန် ထူးကဲသောနိမိတ်လက္ခဏာများကိုပြလျက် နေတော်မူ၏။-
12 abhabhinu bhaponaga ata utuleso na menda gagafumile mubili gwa Paulo bhabhapalamansiaga nago bhaponaga ne Mpepo embibhi zyahepaga mwabhantu.
၁၂လူတို့သည်ပေါလုကိုင်တွယ်အသုံးပြုသည့် ပဝါ၊ အဝတ်အထည်စသည်တို့ကိုပင်သူနာ များနှင့်နတ်မိစ္ဆာပူးဝင်သူများထံဆောင်ယူ သွားသဖြင့် သူနာတို့သည်ရောဂါများပျောက် ကင်း၍နတ်မိစ္ဆာတို့သည် မိမိတို့ပူးဝင်သူထံ မှထွက်ခွာသွားကြ၏။-
13 Bhahali Ayahudi bhamo bhaali bhemazimu, bhahanzaga alitumile itawa lya Yesu hu faida yabho, bhabhabhuulaga abhantu bhabhali ne Mpepo embibhi epa hwitawa lya Yesu ula yalumbililwa nu Paulo.”
၁၃ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။-
14 Bhabhabhombaga isho bhali saba bhahali bhanabha sikewa yahali Gosi wishibhanza sha Yahudi, Skewa.
၁၄ဤပယောဂဆရာတို့ကားယဇ်ပုရောဟိတ် ကြီးသကေဝ၏သားခုနစ်ယောက်ဖြစ်သတည်း။
15 Zila Impepo embibhi zyabhabhuula zyaga, “U Paulo timinye nu Yesu wope timinye amwe mwenanuu?”
၁၅သို့ရာတွင်နတ်မိစ္ဆာက ``ယေရှုကိုငါသိ၏။ ပေါလုကိုလည်းငါသိ၏။ သို့သော်သင်တို့ကား မည်သူများနည်း'' ဟုသူတို့အားမေးလေ၏။
16 Zila empepo zyabhatomoshela zya bhamena ikhoni, zyabhavwalazya. Bhashimbila shabhali welele afume munyumba mula.
၁၆ထိုနောက်နတ်မိစ္ဆာပူးဝင်နေသူသည် သူတို့ အားအပြင်းအထန်သတ်ပုတ်တိုက်ခိုက်ရာ သူတို့သည်အရေးရှုံးနိမ့်လျက်အနာတရ ဖြစ်ပြီးလျှင်အဝတ်များစုတ်ပြဲ၍ ထိုအိမ် မှထွက်ပြေးရကြလေသည်။-
17 Ijambo eli lyamanyiha hwa bhantu bhonti, Ayahudi na Giriki, bhogopa itawa lya Yesu lyatinihwa na bhantu.
၁၇ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
18 Akristo bhinji bhenza alambe, bhazibhonesya embibhi zabhabhomba.
၁၈ယုံကြည်သူအများပင်လာရောက်၍ မိမိ တို့သည်မှော်အတတ်ကိုအသုံးပြုမိခဲ့ ကြောင်း ပွင့်လင်းစွာဖော်ပြဝန်ခံကြ၏။-
19 Abhantu bhabhatumilaga evitabu alagulile bhahaleta evitabu vyabhobhavipemba nu mwoto, bhabhazizye egalama yakwe yahali evipanda vyehala elfu amalongo gasanu.
၁၉မှော်အတတ်ကိုအသုံးပြုခဲ့သူအများပင် မိမိတို့၏ကျမ်းစောင်များကိုစုသိမ်းယူဆောင် လာ၍ လူပုံအလယ်တွင်မီးရှို့ကြ၏။ ထိုစာအုပ် များ၏တန်ဖိုးကိုတွက်ချက်ကြည့်သောအခါ ငွေအသပြာငါးသောင်းမျှရှိကြောင်းတွေ့ ရှိကြ၏။-
20 Izu lya Ngulubhi lyanyampana hwonti.
၂၀သို့ဖြစ်၍သခင်ဘုရား၏တန်ခိုးတော်အား ဖြင့် သာသနာတော်သည်ကြီးပွားတိုးတက် လျက်နေ၏။
21 U Paulo nawamala imbombo yakwe hula hu Efeso Umpepo walongozya abhale hu Yerusalemu ashilile hu Makedonia na hu Akaya; Waga na nakhala uhwo nehaibhala hu Rumi.”
၂၁ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
22 U Paulo wabhatuma amanyili bhakwe bhabhili, u Timotheo nu Erasto, bhabhamwavwize. Lelo umwene ahasagala hu Asia.
၂၂သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။
23 Hula hu Efeso abhantu bhaletile efujo husababu yidala liila.
၂၃ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-
24 Umuntu umo ali Sonara itawa ali yu Demetrio, alinganya ga utufwanitwihela ufwa Ungulubhi u Diana, aletile ebiashara yakwe hwa fundi.
၂၄ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။-
25 Wabhabunganya afundi bhonti abhimbombo iyo, wabhabhuula huje, “Mumenye ebiashara ene huja etipela ehela zyinyinji.
၂၅သူသည်ထိုလုပ်ငန်းဆိုင်ရာအလုပ်သမားများ နှင့်အလားတူ လုပ်ငန်းဆိုင်ရာအခြားအလုပ် သမားများကိုစုရုံးစေပြီးလျှင် ``အချင်းလူ တို့၊ ဤလုပ်ငန်းဖြင့် ငါတို့စီးပွားလမ်းဖြောင့်ခဲ့ ကြောင်းကိုသင်တို့သိကြ၏။-
26 Siga hu Efeso hwene, nahu Asia hwonti eshi unu uPaulo abhasulihenye abhantu aiga numo Ungulubhi yalinginywe namakhono.
၂၆ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
27 Nantele ehweli ehatali iyaje ebiashara yetu sihaihwanziwa, sigayibiashara nyene nu Ngulubhi ushiwi tu ugosi uDiana abhazalauliwe netezye ougosi waluwe, nantele abha Asia bhonti bhahupuuta nensi yonti.
၂၇လူတို့သည်ငါတို့၏အတတ်ကိုကဲ့ရဲ့ပြောဆို မည်သာမကအာရှပြည်နှင့်တကွ ကမ္ဘာတစ်ဝန်း လုံးကိုးကွယ်သည့်အာတေမိနတ်သမီးကြီး၏ ဂုဏ်အသရေညှိုးနွမ်းလျက် သူ၏နတ်ကွန်းသည် လည်းမရေမရာဖြစ်ရတော့မည့်ဘေးနှင့်ရင် ဆိုင်နေရ၏'' ဟုပြော၏။
28 Nabhahumvwa isho bhahabwaga wikhatwe ni lyoyo, bhahaga, “uDiana wa bha Efeso gosi.”
၂၈ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။-
29 Umuji gwonti gwabha nefujo abhantu binjila muukumbi wiyango. Bhabhakhate bhabhashulaga nu Paulo, u Gayo nu Aristariko, bhabhafumile hu Makedonia.
၂၉တစ်မြို့လုံးဆူဆူညံညံဖြစ်လျက်လူတို့ သည် ပေါလု၏ခရီးသွားဖော်များဖြစ်သည့် မာကေဒေါနိပြည်သားဂါယုနှင့်အာရိတ္တာခု တို့ကိုဖမ်းဆီး၍ မြို့တော်ခန်းမကြီးသို့ အလျင်အမြန်ခေါ်ဆောင်သွားကြ၏။-
30 U Paulo ahanzaga ahwinjile mwabhali muukumbi, lelo amanyili bakwe bhaha khanizyu.
၃၀ပေါလုသည်မိမိကိုယ်တိုင်ထိုလူပရိသတ် နှင့်ရင်ဆိုင်လို၏။ သို့သော်တပည့်တော်တို့က ထိုသို့မပြုရန်ဆီးတားကြ၏။-
31 Amaafisa abhe mkoa bhabhali bhakundane nu Paulo bhatumile uujumbe huje asahinjile muukumbi uwinyango.
၃၁ပေါလု၏အဆွေဖြစ်သောနယ်အာဏာပိုင် အချို့တို့ကလည်း မြို့တော်ခန်းမကြီးထဲ သို့မဝင်ရန်လူလွှတ်၍တောင်းပန်ကြ၏။-
32 Abhantu bhachanganyikine sigabhaminye ne zyabhayanga, bhamo bhaiga eshi bhamo shila.
၃၂ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။-
33 Ayahudi bhaleta u Iskanda hwabhabhungine abhantu bhabhiha hwitagalila. U Iskanda ahabhapumya abhantu aje ayanje na bhantu, afumye amaelezo.
၃၃လူများစုသည်မိမိတို့အဘယ်ကြောင့်စုဝေး လျက်နေကြသည်ကိုမသိကြ။ ယုဒအမျိုး သားတို့သည်အာလေဇန္ဒြုကိုလူပရိသတ်ရှေ့ သို့သွားစေသဖြင့် လူထုအထဲမှလူအချို့ တို့ကထိုသူသည်ဖြစ်ပေါ်လျက်ရှိသည့်အရေး အခင်းနှင့်ပတ်သက်သူဖြစ်မည်ဟုယူဆ ကြ၏။ အာလေဇန္ဒြုသည်ပရိသတ်အား ဆိတ်ငြိမ်ရန်လက်ရိပ်ပြ၏။ ချေပပြောဆို ရန်ကြိုးစား၏။-
34 Abhantu nabhamanya huje Iskanda Yahudi bhabwaga ibwago amasala gabhili bhaga uDiana gosi wa bha Efeso.”
၃၄သို့ရာတွင်သူသည်ယုဒအမျိုးသားဖြစ်သည် ကို လူတို့သိကြသောအခါ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟု နှစ်နာရီကြာမျှသံပြိုင်ကြွေးကြော်ကြ၏။
35 Usimbi we muji nawabhapumya ubhungano gula waga amwe mubhalume mubha Efeso wenu yasiga aminye huje umuji ogu gwa Efeso gwagutunza eshibhanza sha Diana ugosi nela epicha yehagwiye afume humwanya?
၃၅နောက်ဆုံး၌မြို့စာရေးသည်လူပရိသတ်တို့ အား ဆိတ်ဆိတ်နေစေပြီးလျှင် ``ဧဖက်မြို့သား တို့၊ ဧဖက်မြို့တော်သည်ကြီးမြတ်သည့်အာ တေမိနတ်သမီး၏နတ်ကွန်းနှင့် ကောင်းကင် ဘုံမှကျလာသည့်ရုပ်တုတော်တည်ရှိရာ ဌာနတော်ဖြစ်ကြောင်းကိုလူတိုင်းသိ၏။-
36 Eshi poomi nasoti, ezi sigatibhomba nanali, musabhombe nahamo.
၃၆ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။-
37 Eshi mubhaletile abhantu ebha palonzi sigabhiibha nantele sigabhalijile Ungulubhi wetu ushe.
၃၇သင်တို့သည်ထိုသူတို့ကို ဤနေရာသို့ခေါ်ဆောင် ခဲ့ကြ၏။ သူတို့သည်ငါတို့၏ဗိမာန်တော်ထဲဝင် ၍လုယက်ခြင်းမပြု။ ငါတို့၏နတ်သမီးကို စော်ကားသောစကားကိုလည်းမပြော။-
38 Eshi u Demetrio na bhamwabho nafundi bhakwe nkashele bhali na mashitako gagonti numuntu yayonti ikoroti lihweli wazi bhaletwe palonzi.
၃၈သို့ဖြစ်၍ဒေမေတရိနှင့်အပေါင်းပါလက်မှု ပညာသည်များသည် လူတစ်စုံတစ်ယောက်အား တရားစွဲဆိုလိုလျှင် တရားရုံးဖွင့်ရက်များ နှင့်အာဏာပိုင်များရှိသဖြင့် ရုံးတော်တွင် တရားစွဲဆိုနိုင်ပါ၏။-
39 Lelo nkashele uhwanza amambo aganji tibhagalonje sheshinza.
၃၉သို့ရာတွင်သင်တို့မှာအခြားအမှုကိစ္စရှိ ပါက တရားဝင်အစည်းအဝေး၌စီရင် ဆုံးဖြတ်ရမည်။-
40 Tili muhatari iyalongwe uefujo ezi nantele sigatibhajiye azigolosye enongwa ezi.
၄၀ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။-
41 Nawayanga isho wabhanyampanya abhantu.
၄၁ဤသို့ဆိုပြီးလျှင်မြို့စာရေးသည်လူပရိ သတ်တို့အား ထိုနေရာမှထွက်ခွာသွားစေ လေသည်။