< Захария 14 >

1 Вот наступает день Господень, и разделят награбленное у тебя среди тебя.
ထာဝရဘုရား၏နေ့ရက်သည် ရောက်သော အခါ၊ သူတပါးတို့သည် သင်၏ဥစ္စာကို လုယူ၍ သင့် အလယ်၌ ဝေဖန်ကြလိမ့်မည်။
2 И соберу все народы на войну против Иерусалима, и взят будет город, и разграблены будут домы, и обесчещены будут жены, и половина города пойдет в плен; но остальной народ не будет истреблен из города.
ယေရုရှလင်မြို့ကို တိုက်စေခြင်းငှါ၊ လူမျိုး အပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကို တိုက်ယူပြီးလျှင်၊ အိမ်တို့ကို လုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတဝက်ကို သိမ်းသွား၍ တဝက်သာမြို့၌ ကျန် ကြွင်းလိမ့်မည်။
3 Тогда выступит Господь и ополчится против этих народов, как ополчился в день брани.
ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။
4 И станут ноги Его в тот день на горе Елеонской, которая перед лицем Иерусалима к востоку; и раздвоится гора Елеонская от востока к западу весьма большою долиною, и половина горы отойдет к северу, а половина ее - к югу.
ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင် တဝက်သည် မြောက်ဘက်သို့၎င်း၊ တဝက်သည် တောင် ဘက်သို့၎င်း ရွှေ့ရလိမ့်မည်။
5 И вы побежите в долину гор Моих, ибо долина гор будет простираться до Асила; и вы побежите, как бежали от землетрясения во дни Озии, царя Иудейского; и придет Господь Бог мой и все святые с Ним.
သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မှီလိမ့် မည်။ ယုဒရှင်ဘုရင်ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့် ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
6 И будет в тот день: не станет света, светила удалятся.
ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့ သည် ယုတ်လျော့လိမ့်မည်။
7 День этот будет единственный, ведомый только Господу: ни день, ни ночь; лишь в вечернее время явится свет.
နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရားသိတော် မူသော နေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။
8 И будет в тот день, живые воды потекут из Иерусалима, половина их к морю восточному и половина их к морю западному: летом и зимой так будет.
ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှ ထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ ပင်လယ်သို့တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွား လိမ့်မည်။
9 И Господь будет Царем над всею землею; в тот день будет Господь един, и имя Его едино.
ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။
10 Вся эта земля будет, как равнина, от Гаваона до Реммона, на юг от Иерусалима, который высоко будет стоять на своем месте и населится от ворот Вениаминовых до места первых ворот, до угловых ворот, и от башни Анамеила до царских точил.
၁၀ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တပြည်လုံးကို ချိုင့်ကဲ့သို့တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှ သည် အရင်တံခါးရာ၊ မြို့ထောင့်တံခါးတိုင်အောင်၎င်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာ တော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11 И будут жить в нем, и проклятия не будет более, но будет стоять Иерусалим безопасно.
၁၁နောက်တဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်း ဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိ ဘဲ နေကြလိမ့်မည်။
12 И вот какое будет поражение, которым поразит Господь все народы, которые воевали против Иерусалима: у каждого исчахнет тело его, когда он еще стоит на своих ногах, и глаза у него истают в яминах своих, и язык его иссохнет во рту у него.
၁၂ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ် ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက် လိမ့်မည်။ မျက်အိမ်၌ မျက်လုံးလျော့ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။
13 И будет в тот день: произойдет между ними великое смятение от Господа, так что один схватит руку другого и поднимется рука его на руку ближнего его.
၁၃ထိုနေ့ရက်၌ ထာဝရဘုရား၏ တန်ခိုးတော် ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တယောက်ကိုတယောက် လက်ချင်းရိုက်သော်လည်း၊ တယောက်ကိုတယောက်တိုက်၍ သတ်ကြလိမ့်မည်။
14 Но и сам Иуда будет воевать против Иерусалима, и собрано будет богатство всех окрестных народов: золото, серебро и одежды в великом множестве.
၁၄ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက်ရှိကြလိမ့်မည်။
15 Будет такое же поражение и коней, и лошаков, и верблюдов, и ослов, и всякого скота, какой будет в станах у них.
၁၅မြင်း၊ လား၊ ကုလားအုပ်၊ မြည်းမှစ၍ ရန်သူတပ် တွင်ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသော ဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16 Затем все остальные из всех народов, приходивших против Иерусалима, будут приходить из года в год для поклонения Царю, Господу Саваофу, и для празднования праздника кущей.
၁၆ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့တွင် ကျန်ကြွင်းသမျှသော သူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်။
17 И будет: если какое из племен земных не пойдет в Иерусалим для поклонения Царю, Господу Саваофу, то не будет дождя у них.
၁၇ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။
18 И если племя Египетское не поднимется в путь и не придет сюда, то и у него не будет дождя и постигнет его поражение, каким поразит Господь народы, не приходящие праздновать праздника кущей.
၁၈အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
19 Вот что будет за грех Египта и за грех всех народов, которые не придут праздновать праздника кущей!
၁၉ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။
20 В то время даже на конских уборах будет начертано: “Святыня Господу”, и котлы в доме Господнем будут как жертвенные чаши перед алтарем.
၂၀ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
21 И все котлы в Иерусалиме и Иудее будут святынею Господа Саваофа, и будут приходить все приносящие жертву и брать их и варить в них, и не будет более ни одного Хананея в доме Господа Саваофа в тот день.
၂၁ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။

< Захария 14 >