< Захария 1 >
1 В восьмом месяце, во второй год Дария, было слово Господне к Захарии, сыну Варахиину, сыну Аддову, пророку:
၁ဤဗျာဒိတ်တော်သည်ပေရသိဧကရာဇ်ဘုရင် ဒါရိနန်းစံဒုတိယနှစ်၊ အဋ္ဌမလ၌ပရောဖက် ဇာခရိအားထာဝရဘုရားပေးတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်။ ဇာခရိကားဣဒေါ ၏မြေး၊ ဗာရခိ၏သားဖြစ်သတည်း။-
2 прогневался Господь на отцов ваших великим гневом,
၂ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။-
3 и ты скажи им: так говорит Господь Саваоф: обратитесь ко Мне, говорит Господь Саваоф, и Я обращусь к вам, говорит Господь Саваоф.
၃သို့ရာတွင်သင်တို့သည်ငါ့ထံသို့ပြန်လာ ကြလော့။ ငါသည်လည်းသင်တို့ထံသို့ကြွ လာတော်မူမည်။-
4 Не будьте такими, как отцы ваши, к которым взывали прежде бывшие пророки, говоря: “так говорит Господь Саваоф: обратитесь от злых путей ваших и от злых дел ваших; но они не слушались и не внимали Мне, говорит Господь.
၄သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
5 Отцы ваши - где они? да и пророки, будут ли они вечно жить?
၅``ထိုပရောဖက်များနှင့်သင်တို့၏ဘိုး ဘေးများကားသေလွန်သွားကြလေပြီ။-
6 Но слова Мои и определения Мои, которые заповедал Я рабам Моим, пророкам, разве не постигли отцов ваших? И они обращались и говорили: “как определил Господь Саваоф поступить с нами по нашим путям и по нашим делам, так и поступил с нами”.
၆ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။
7 В двадцать четвертый день одиннадцатого месяца - это месяц Шеват, - во второй год Дария, было слово Господне к Захарии, сыну Варахиину, сыну Аддову, пророку:
၇ဧကရာဇ်ဘုရင်ဒါရိနန်းစံဒုတိယနှစ်၊ ရှေ ဗတ်လတည်းဟူသောဧကဒသမလ၊ နှစ် ဆယ့်လေးရက်နေ့၌ထာဝရဘုရားသည် ညဥ့်အခါငါ့အားဗျာဒိတ်ရူပါရုံတစ်ခု ကိုပြတော်မူ၏။-
8 видел я ночью: вот, муж на рыжем коне стоит между миртами, которые в углублении, а позади него кони рыжие, пегие и белые,
၈ငါသည်မြင်းနီကိုစီးလျက်နေသူထာဝရ ဘုရား၏ကောင်းကင်တမန်တစ်ပါးကိုမြင် ရ၏။ သူသည်ချိုင့်ဝှမ်းထဲတွင်ရှိသောကျောက် ပန်းပင်များအလယ်တွင်ရပ်တန့်လျက်နေ၏။ သူ၏နောက်၌မူမြင်းနီ၊ မြင်းပြောက်ကြား၊ မြင်းဖြူစသည့်အခြားမြင်းများရှိ၏။-
9 и сказал я: кто они, господин мой? И сказал мне Ангел, говоривший со мною: я покажу тебе, кто они.
၉ငါကလည်း``အရှင်ဤမြင်းများကား အဘယ်အတွက်ဖြစ်ပါသနည်း'' ဟုမေး လျှင် ကောင်းကင်တမန်က``သူတို့အဘယ်အတွက် ဖြစ်သည်ကိုငါဖော်ပြမည်။-
10 И отвечал муж, который стоял между миртами, и сказал: это те, которых Господь послал обойти землю.
၁၀ထာဝရဘုရားသည်ကမ္ဘာမြေကြီးကို ကြည့်ရှုစစ်ဆေးရန် သူတို့ကိုစေလွှတ်တော် မူလိုက်၏'' ဟုပြန်လည်ဖြေကြား၏။
11 И они отвечали Ангелу Господню, стоявшему между миртами, и сказали: обошли мы землю, и вот, вся земля населена и спокойна.
၁၁မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။
12 И отвечал Ангел Господень и сказал: Господи Вседержителю! Доколе Ты не умилосердишься над Иерусалимом и над городами Иудеи, на которые Ты гневаешься вот уже семьдесят лет?
၁၂ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။
13 Тогда в ответ Ангелу, говорившему со мною, изрек Господь слова благие, слова утешительные.
၁၃ထာဝရဘုရားသည်ကောင်းကင်တမန် အားနှစ်သိမ့်ဖွယ်ရာစကားများကိုမိန့် ကြားတော်မူသဖြင့်၊-
14 И сказал мне Ангел, говоривший со мною: провозгласи и скажи: так говорит Господь Саваоф: возревновал Я о Иерусалиме и о Сионе ревностью великою;
၁၄ကောင်းကင်တမန်သည်လည်းငါ့အား``အနန္တ တန်ခိုးရှင်ထာဝရဘုရားက`ငါသည်သန့် ရှင်းမြင့်မြတ်သည့်ယေရုရှလင်မြို့တော် ကိုလွန်စွာချစ်မြတ်နိုး၍အကြင်နာ တရားထားရှိပါ၏။-
15 и великим негодованием негодую на народы, живущие в покое; ибо, когда Я мало прогневался, они усилили зло.
၁၅ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-
16 Посему так говорит Господь: Я обращаюсь к Иерусалиму с милосердием; в нем соорудится дом Мой, говорит Господь Саваоф, и землемерная вервь протянется по Иерусалиму.
၁၆ယေရုရှလင်မြို့ကိုကရုဏာပြရန်ပြန် လာခဲ့ပေသည်။ ငါ၏ဗိမာန်တော်ကိုပြန် လည်ထူထောင်ကာယေရုရှလင်မြို့တော် ကိုလည်းပြန်လည်တည်ဆောက်ရကြလိမ့် မည်'' ဟုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူ၏။
17 Еще провозгласи и скажи: так говорит Господь Саваоф: снова переполнятся города Мои добром, и утешит Господь Сион, и снова изберет Иерусалим.
၁၇ကောင်းကင်တမန်ကငါ့အား``အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်မိမိ၏မြို့တော် များတစ်ဖန်ပြန်လည်စည်ကား၍လာလိမ့် မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော် သည်တစ်ဖန်ပြန်လည်ကြွလာတော်မူလျက် ယေရုရှလင်မြို့ကိုကူမတော်မူပြီးလျှင် မိမိပိုင်မြို့တော်အဖြစ်သိမ်းယူတော်မူ မည်ဖြစ်ကြောင်းကိုလည်းကောင်းထုတ်ဖော် ကြေညာလော့'' ဟူ၍လည်းမှာကြားခဲ့ လေသည်။
18 И поднял я глаза мои и увидел: вот четыре рога.
၁၈ငါသည်အခြားဗျာဒိတ်ရူပါရုံတစ်ခု တွင်နွားဦးချိုလေးခုကိုတွေ့မြင်ရ၏။-
19 И сказал я Ангелу, говорившему со мною: что это? И он ответил мне: это роги, которые разбросали Иудею, Израиль и Иерусалим.
၁၉ငါသည်မိမိနှင့်စကားပြောဆိုနေခဲ့သည့် ကောင်းကင်တမန်အားထိုဦးချိုများ၏ အနက်အဋ္ဌိပ္ပါယ်ကိုမေးမြန်း၍ကြည့်၏။ ထိုကောင်းကင်တမန်က``ထိုဦးချိုတို့သည် ယုဒပြည်သား၊ ဣသရေလပြည်သားနှင့် ယေရုရှလင်မြို့သားတို့အားကွဲလွင့်စေခဲ့ သူကမ္ဘာတန်ခိုးရှင်များကိုသရုပ်ဆောင်ပါ သည်'' ဟုဆို၏။
20 Потом показал мне Господь четырех рабочих.
၂၀ထိုနောက်ထာဝရဘုရားသည်ငါ့အားတူ များကိုကိုင်ဆောင်ထားသည့်အလုပ်သမား လေးယောက်ကိုပြတော်မူ၏။-
21 И сказал я: что они идут делать? Он сказал мне так: эти роги разбросали Иуду, так что никто не может поднять головы своей; а сии пришли устрашить их, сбить роги народов, поднявших рог свой против земли Иуды, чтобы рассеять ее.
၂၁ငါကလည်း``ဤသူတို့သည်အဘယ်မှုကို ပြုရန်ရောက်ရှိလာကြပါသနည်း'' ဟုမေး လျှောက်လေလျှင်၊ ကိုယ်တော်က``သူတို့သည်ယုဒအမျိုးသား တို့အားကွဲလွင့်စေ၍အကုန်အစင်ဖျက်ဆီး ချေမှုန်းခဲ့သည့်လူမျိုးတို့အား တုန်လှုပ်ချောက် ချားစေ၍ဖြိုခွင်းနှိမ်နင်းရန်ရောက်ရှိလာ ခြင်းဖြစ်၏'' ဟုမိန့်တော်မူ၏။