< Псалтирь 85 >
1 Псалом. Начальнику хора. Кореевых сынов. Господи! Ты умилосердился к земле Твоей, возвратил плен Иакова;
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိ၏ပြည်တော်ကို သနားတော်မူပါပြီ။ ဣသရေလအမျိုးသားတို့အားတစ်ဖန် ပြန်လည်ချမ်းသာကြွယ်ဝစေတော်မူပါပြီ။
2 простил беззаконие народа Твоего, покрыл все грехи его,
၂ကိုယ်တော်သည်မိမိလူစုတော်၏အပြစ် များကို ဖြေလွှတ်တော်မူ၍သူတို့၏အမှားများကို ခွင့်လွှတ်တော်မူပါပြီ။
3 отъял всю ярость Твою, отвратил лютость гнева Твоего.
၃သူတို့အားအမျက်ထွက်တော်မမူတော့ဘဲ ကိုယ်တော်၏ပြင်းထန်သောအမျက်ပြေတော် မူပါပြီ။
4 Восстанови нас, Боже спасения нашего, и прекрати негодование Твое на нас.
၄ကျွန်တော်မျိုးတို့၏ကယ်တင်ရှင်ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ကျွန်တော်မျိုးတို့အားမနှစ်သက်မှုရှိတော် မမူပါနှင့်။
5 Неужели вечно будешь гневаться на нас, прострешь гнев Твой от рода в род?
၅ကိုယ်တော်ရှင်သည်အစဉ်အမြဲအမျက်ထွက်၍ နေတော်မူပါမည်လော။ အမျက်တော်သည်အဘယ်အခါ၌မျှ ပြေတော်မမူတော့ပြီလော။
6 Неужели снова не оживишь нас, чтобы народ Твой возрадовался о Тебе?
၆ကျွန်တော်မျိုးတို့ကိုအားသစ်လောင်းတော် မူပါ။ သို့ပြုတော်မူပါလျှင်ကိုယ်တော်ရှင်၏ လူစုတော်ဖြစ်သောကျွန်တော်မျိုးတို့သည် ကိုယ်တော်ရှင်အားထောမနာပြုကြပါမည်။
7 Яви нам, Господи, милость Твою, и спасение Твое даруй нам.
၇အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်ကို ပြတော်မူ၍ကျွန်တော်မျိုးတို့အား ကယ်တင်တော်မူပါ။
8 Послушаю, что скажет Господь Бог. Он скажет мир народу Своему и избранным Своим, но да не впадут они снова в безрассудство.
၈ငါသည်ထာဝရအရှင်ဘုရားသခင် မိန့်တော်မူသည်ကိုနားထောင်လျက်နေ၏။ ငါတို့သည်မိုက်မဲသောလမ်းစဉ်ကိုစွန့်ပစ်ပါလျှင် ကိုယ်တော်သည်မိမိ၏လူစုတော်တည်းဟူသော ငါတို့အားငြိမ်းချမ်းသာယာမှုကိုပေးတော် မူမည်ဟု ကတိပြုတော်မူပါ၏။
9 Так, близко к боящимся Его спасение Его, чтобы обитала слава в земле нашей!
၉ကိုယ်တော်သည်မိမိအားကြောက်ရွံ့ရိုသေသော သူတို့ကိုကယ်တော်မူရန်အမှန်ပင် အသင့်ရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည်လည်း ငါတို့ပြည်တွင်ကျိန်းဝပ်လျက်နေလိမ့်မည်။
10 Милость и истина сретятся, правда и мир облобызаются;
၁၀မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
11 истина возникнет из земли, и правда приникнет с небес;
၁၁လူတို့သစ္စာစောင့်မှုသည်ကမ္ဘာလောကမှ ပေါ်ထွက်လာ၍ ဘုရားသခင်၏တရားမျှတမှုသည် ကောင်းကင်ဘုံမှငုံ့ကြည့်လိမ့်မည်။
12 и Господь даст благо, и земля наша даст плод свой;
၁၂ထာဝရဘုရားသည်ငါတို့အား ကြွယ်ဝချမ်းသာစေတော်မူလိမ့်မည်။ ငါတို့၏ပြည်သည်လည်းကောက်ပဲသီးနှံ များစွာထွက်လိမ့်မည်။
13 правда пойдет пред Ним и поставит на путь стопы свои.
၁၃တရားမျှတမှုသည်ထာဝရဘုရား၏ ရှေ့တော်ပြေးဖြစ်၍ကြွလာတော်မူရာလမ်း ခရီးကို ကြိုတင်ပြင်ဆင်ပေးလိမ့်မည်။