< Псалтирь 5 >

1 Начальнику хора. На духовых орудиях. Псалом Давида. Услышь, Господи, слова мои, уразумей помышления мои.
အိုထာဝရဘုရား၊ အကျွန်ုပ်၏စကားကို နား ထောင်တော်မူ၍၊ အကျွန်ုပ်မြည်တမ်းခြင်းကို ဆင်ခြင် တော်မူပါ။
2 Внемли гласу вопля моего, Царь мой и Бог мой! ибо я к Тебе молюсь.
အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။
3 Господи! рано услышь голос мой, рано предстану пред Тобою, и буду ожидать,
အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါကိုယ်တော် ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။
4 ибо Ты Бог, не любящий беззакония; у Тебя не водворится злой;
ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံ တော်မမူ။
5 нечестивые не пребудут пред очами Твоими: Ты ненавидишь всех, делающих беззаконие.
မိုက်သော သူသည် အထံတော်သို့ မဝင်ရ။မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။
6 Ты погубишь говорящих ложь; кровожадного и коварного гнушается Господь.
မုသာစကားပြောသောသူတို့ကို ဖျက်ဆီးတော် မူ၏။ လူအသက်ကို သတ်တတ်သောသူနှင့် လှည့်စား တတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော် မူ၏။
7 А я, по множеству милости Твоей, войду в дом Твой, поклонюсь святому храму Твоему в страхе Твоем.
အကျွန်ုပ်မူကား၊ များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့်၊ အိမ်တော်သို့ရောက်၍၊ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
8 Господи! путеводи меня в правде Твоей, ради врагов моих; уровняй предо мною путь Твой.
အိုထာဝရဘုရား၊ အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော် မူပါ။
9 Ибо нет в устах их истины: сердце их - пагуба, гортань их - открытый гроб, языком своим льстят.
သူတို့၏နှုတ်တွင် သစ္စာမရှိပါ။ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏လည်ချောင်းသည် ဖွင့်ထား သော သင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့သည် လျှာနှင့် ချော့မော့တတ်ကြ၏။
10 Осуди их, Боже, да падут они от замыслов своих; по множеству нечестия их, отвергни их, ибо они возмутились против Тебя.
၁၀အိုဘုရားသခင်၊ သူတို့အပေါ်မှာ အပြစ်ရောက် စေတော်မူပါ။ မိမိတို့အကြံအစည်အားဖြင့် လဲကြပါစေ သော။ ကိုယ်တော်ကို ပုန်ကန်သော သူဖြစ်၍၊ ပြစ်မှား သော အပြစ်များသောကြောင့်၊ သူတို့ကို နှင်ထုတ်တော် မူပါ။
11 И возрадуются все уповающие на Тебя, вечно будут ликовать, и Ты будешь покровительствовать им; и будут хвалиться Тобою любящие имя Твое.
၁၁ကိုယ်တော်ကို ကိုးစားသော သူတို့မူကား၊ ဝမ်းမြောက်ကြပါစေသော။ စောင့်ရှောက်တော်မူခြင်းကို ခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော်ကြပါစေသော။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော။
12 Ибо Ты благословляешь праведника, Господи; благоволением, как щитом, венчаешь его.
၁၂အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ် သော သူကို ကောင်းကြီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း။

< Псалтирь 5 >