< Псалтирь 24 >
1 Псалом Давида. Господня земля и что наполняет ее, вселенная и все живущее в ней,
၁လောကနှင့်လောကတွင်ရှိသမျှသော အရာတို့ကိုလည်းကောင်း၊ ကမ္ဘာမြေကြီးနှင့်ကမ္ဘာမြေကြီးပေါ်တွင် ရှိသမျှသောလူသတ္တဝါတို့ကိုလည်းကောင်း ဘုရားသခင်ပိုင်တော်မူ၏။
2 ибо Он основал ее на морях и на реках утвердил ее.
၂ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။
3 Кто взойдет на гору Господню, или кто станет на святом месте Его?
၃ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။
4 Тот, у которого руки неповинны и сердце чисто, кто не клялся душою своею напрасно и не божился ложно, -
၄အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက် အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။
5 тот получит благословение от Господа и милость от Бога, Спасителя своего.
၅ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။ ထိုသူသည်အပြစ်ကင်းသူဖြစ်ကြောင်း ထာဝရဘုရားသည်ကြေညာတော်မူ လိမ့်မည်။
6 Таков род ищущих Его, ищущих лица Твоего, Боже Иакова!
၆ထိုကဲ့သို့သောသူများကားဘုရားသခင်ထံ တော်သို့ ချဉ်းကပ်သူများ၊ ယာကုပ်၏ဘုရားကိုကိုးကွယ်ဝတ်ပြုကြ သူများပေတည်း။
7 Поднимите, врата, верхи ваши, и поднимитесь, двери вечные, и войдет Царь славы!
၇မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော်မူ မည်။
8 Кто сей Царь славы? - Господь крепкий и сильный, Господь, сильный в брани.
၈ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ ထိုအရှင်ကားတန်ခိုးစွမ်းရည်ရှိတော်မူသော ထာဝရဘုရား၊ စစ်ပွဲတွင်အောင်မြင်တော်မူသော ထာဝရဘုရားပေတည်း။
9 Поднимите, врата, верхи ваши, и поднимитесь, двери вечные, и войдет Царь славы!
၉မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော် မူမည်။
10 Кто сей Царь славы? - Господь сил, Он - царь славы.
၁၀ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ ကြီးမြတ်တော်မူသောရှင်ဘုရင်ကားစစ်ပွဲ တွင် အောင်မြင်တော်မူသောထာဝရဘုရား ပေတည်း။