< Числа 9 >

1 И сказал Господь Моисею в пустыне Синайской во второй год по исшествии их из земли Египетской, в первый месяц, говоря:
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​ပြီး​နောက်​ဒု​တိ​ယ​နှစ်၊ ပ​ထ​မ​လ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သိ​နာ​တော​ကန္တာ​ရ​၌​မော​ရှေ​အား၊-
2 пусть сыны Израилевы совершат Пасху в назначенное для нее время:
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခု​လ​တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​မှ​အ​စ​ပြု​၍​ပ​သ​ခါ​ပွဲ​တော်​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ကျင်း​ပ​ကြ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
3 в четырнадцатый день сего месяца вечером совершите ее в назначенное для нее время, по всем постановлениям и по всем обрядам ее совершите ее.
4 И сказал Моисей сынам Израилевым, чтобы совершили Пасху.
သို့​ဖြစ်​၍​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​ဆင့်​ဆို​သည့်​အ​တိုင်း၊-
5 И совершили они Пасху в первый месяц, в четырнадцатый день месяца вечером, в пустыне Синайской: во всем, как повелел Господь Моисею, так и поступили сыны Израилевы.
သူ​တို့​သည်​သိ​နာ​တော​ကန္တာ​ရ​တွင် ပ​ထ​မ​တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​၌​ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ကြ​သည်။ မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဆောင်​ရွက်​ကြ​သည်။
6 Были люди, которые были нечисты от прикосновения к мертвым телам человеческим, и не могли совершить Пасхи в тот день; и пришли они к Моисею и Аарону в тот день,
သို့​ရာ​တွင်​အ​ချို့​သော​သူ​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​ကြောင့် ထို​နေ့​တွင်​ပ​သ​ခါ​ပွဲ​တော်​ကို​မ​ဝင်​နိုင်​ကြ​ချေ။ သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သွား​၍၊-
7 и сказали ему те люди: мы нечисты от прикосновения к мертвым телам человеческим; для чего нас лишать того, чтобы мы принесли приношение Господу в назначенное время среди сынов Израилевых?
``အ​ကျွန်ုပ်​တို့​သည်​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​ကြ​ပါ။ အ​ခြား​သူ​များ​နည်း​တူ​အ​ကျွန်ုပ်​တို့​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဆက်​သ​ခြင်း​မ​ပြု​လုပ်​နိုင်​ပြီ​လော'' ဟု​မေး​လျှောက်​ကြ​၏။
8 И сказал им Моисей: постойте, я послушаю, что повелит о вас Господь.
ထို​အ​ခါ​မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မည်​သို့​ညွှန်​ကြား​တော်​မူ​မည်​ကို​စောင့်​ဆိုင်း​ကြ​လော့'' ဟု​ဆို​၏။
9 И сказал Господь Моисею, говоря:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``ယ​ခု​ဖြစ်​စေ၊ နောင်​အ​ခါ​ဖြစ်​စေ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​တစ်​စုံ​တစ်​ယောက်​သည် ပ​သ​ခါ​ပွဲ​ခံ​ချိန်​၌​လူ​သေ​အ​လောင်း​ကို​ကိုင်​တွယ်​မိ​သ​ဖြင့်​မ​သန့်​စင်​သူ​သည်​လည်း​ကောင်း၊ ရပ်​ဝေး​သို့​ခ​ရီး​လွန်​နေ​သူ​သည်​လည်း​ကောင်း​ပ​သ​ခါ​ပွဲ​ခံ​လို​သော်၊-
10 скажи сынам Израилевым: если кто из вас или из потомков ваших будет нечист от прикосновения к мертвому телу, или будет в дальней дороге, то и он должен совершить Пасху Господню;
၁၀
11 в четырнадцатый день второго месяца вечером пусть таковые совершат ее и с опресноками и горькими травами пусть едят ее;
၁၁တစ်​လ​စောင့်​ဆိုင်း​၍​ဒု​တိ​ယ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့​ည​နေ​တွင်​ပွဲ​ခံ​နိုင်​ခွင့်​ရှိ​သည်။ သူ​သည်​သိုး​သား​ကို​တ​ဆေး​မဲ့​မုန့်၊ ခါး​သော​ဟင်း​သီး​ဟင်း​ရွက်​တို့​နှင့်​စား​၍​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
12 и пусть не оставляют от нее до утра и костей ее не сокрушают; пусть совершат ее по всем уставам о Пасхе;
၁၂နောက်​တစ်​နေ့​နံ​နက်​သို့​တိုင်​အောင်​အ​စား​အ​စာ​ကို​မ​ကျန်​ကြွင်း​စေ​ရ။ သိုး​ကောင်​၏​အ​ရိုး​ကို​မ​ကျိုး​စေ​ရ။ ပြ​ဋ္ဌာန်း​ချက်​များ​အ​တိုင်း​ပ​သ​ခါ​ပွဲ​ခံ​ရ​မည်။-
13 а кто чист и не находится в дальней дороге и не совершит Пасхи, - истребится душа та из народа своего, ибо он не принес приношения Господу в свое время: понесет на себе грех человек тот;
၁၃တစ်​စုံ​တစ်​ယောက်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​လျက်​နှင့် ခ​ရီး​မ​လွန်​ဘဲ​ရှိ​လျက်​နှင့် ပ​သ​ခါ​ပွဲ​ခံ​ချိန်​တွင်​ငါ့​အား​ပူ​ဇော်​သ​ကာ​မ​ဆက်​သ​လျှင် ထို​သူ့​ကို​ငါ​၏​လူ​မျိုး​တော်​အ​ထဲ​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​အ​ပြစ်​အ​လျောက်​ဒဏ်​ခံ​ရ​မည်။
14 если будет жить у вас пришелец, то и он должен совершать Пасху Господню: по уставу о Пасхе и по обряду ее он должен совершить ее; один устав пусть будет у вас и для пришельца и для туземца.
၁၄``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။
15 В тот день, когда поставлена была скиния, облако покрыло скинию откровения, и с вечера над скиниею как бы огонь виден был до самого утра.
၁၅ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ထူ​သော​နေ့​တွင် မိုး​တိမ်​သက်​ဆင်း​လာ​၍​တဲ​တော်​ကို​ဖုံး​လွှမ်း​လေ​သည်။ ည​အ​ချိန်​တွင်​မိုး​တိမ်​သည်​မီး​လျှံ​ကဲ့​သို့​တောက်​ပ​လျက်​ရှိ​၏။-
16 Так было и всегда: облако покрывало ее днем и подобие огня ночью.
၁၆
17 И когда облако поднималось от скинии, тогда сыны Израилевы отправлялись в путь, и на месте, где останавливалось облако, там останавливались станом сыны Израилевы.
၁၇မိုး​တိမ်​အ​ထက်​သို့​တက်​သည့်​အ​ခါ​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် စ​ခန်း​ဖြုတ်​၍​မိုး​တိမ်​သက်​ဆင်း​သည့်​နေ​ရာ​တွင်​တစ်​ဖန်​စ​ခန်း​ချကြ​၏။-
18 По повелению Господню отправлялись сыны Израилевы в путь, и по повелению Господню останавливались: во все то время, когда облако стояло над скиниею, и они стояли;
၁၈သူ​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​စ​ခန်း​ဖြုတ်​ခြင်း၊ စ​ခန်း​ချ​ခြင်း​ပြု​ကြ​၏။ မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​တည်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​စ​ခန်း​မ​ဖြုတ်​ကြ​ချေ။-
19 и если облако долгое время было над скиниею, то и сыны Израилевы следовали этому указанию Господа и не отправлялись;
၁၉မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​အ​ချိန်​ကြာ​မြင့်​စွာ​တည်​ရှိ​နေ​သော​အ​ခါ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​နာ​ခံ​၍​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ​ချေ။-
20 иногда же облако немного времени было над скиниею: они по указанию Господню останавливались, и по указанию Господню отправлялись в путь;
၂၀တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​တဲ​တော်​အ​ပေါ်​တွင်​ရက်​အ​နည်း​ငယ်​မျှ​သာ​တည်​ရှိ​နေ​၏။ မည်​သို့​ပင်​ဖြစ်​စေ​သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​တိုင်း​သာ စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ကို​ပြု​လုပ်​ကြ​သည်။-
21 иногда облако стояло только от вечера до утра, и поутру поднималось облако, тогда и они отправлялись; или день и ночь стояло облако, и когда поднималось, и они тогда отправлялись;
၂၁တစ်​ခါ​တစ်​ရံ​မိုး​တိမ်​သည်​ည​နေ​ခင်း​မှ​နံ​နက်​အ​ထိ​သာ​တည်​ရှိ​၏။ သူ​တို့​သည်​မိုး​တိမ်​တက်​လျှင်​ခ​ရီး​ဆက်​ကြ​သည်။-
22 или, если два дня, или месяц, или несколько дней стояло облако над скиниею, то и сыны Израилевы стояли и не отправлялись в путь; а когда оно поднималось, тогда отправлялись;
၂၂တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-
23 по указанию Господню останавливались, и по указанию Господню отправлялись в путь: следовали указанию Господню по повелению Господню, данному чрез Моисея.
၂၃မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​ပေး​သော​အ​မိန့်​တော်​အ​ရ သူ​တို့​သည်​စ​ခန်း​ချ​ခြင်း၊ စ​ခန်း​ဖြုတ်​ခြင်း​ပြု​လုပ်​ကြ​၏။

< Числа 9 >