< Числа 31 >

1 И сказал Господь Моисею, говоря:
ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
2 отмсти Мадианитянам за сынов Израилевых, и после отойдешь к народу твоему.
``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​မိ​ဒျန် အ​မျိုး​သား​တို့​အား​လက်​စား​ချေ​လော့။ ထို တာ​ဝန်​ကို​ဆောင်​ရွက်​ပြီး​နောက် သင်​သည် အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
3 И сказал Моисей народу, говоря: вооружите из себя людей на войну, чтобы они пошли против Мадианитян, совершить мщение Господне над Мадианитянами;
ထို့​ကြောင့်​မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ကို​ပြစ်​မှား​ကြ​သော​ကြောင့် သူ​တို့​ကို တိုက်​ခိုက်​ချေ​မှုန်း​ရန်​အ​သင့်​ပြင်​ကြ​လော့။-
4 по тысяче из колена, от всех колен сынов Израилевых пошлите на войну.
စစ်​ချီ​တက်​တိုက်​ခိုက်​ရန်​ဣ​သ​ရေ​လ​အ​နွယ် များ​မှ တစ်​နွယ်​လျှင်​လူ​တစ်​ထောင်​ကျ​စေ လွှတ်​လော့'' ဟု​ဆို​၏။
5 И выделено из тысяч Израилевых, по тысяче из колена, двенадцать тысяч вооруженных на войну.
သို့​ဖြစ်​၍​စစ်​ချီ​ရန်​ဣ​သ​ရေ​လ​အ​နွယ်​များ မှ​လူ​တစ်​ထောင်​ကျ​စီ​ဖြင့် လူ​ပေါင်း​တစ်​သောင်း နှစ်​ထောင်​ကို​ရွေး​ချယ်​ကြ​လေ​သည်။-
6 И послал их Моисей на войну, по тысяче из колена, их и Финееса, сына Елеазара, сына Аарона, священника, на войну, и в руке его священные сосуды и трубы для тревоги.
ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ ဇာ​၏​သား ဖိ​န​ဟတ်​အား​ဣ​သ​ရေ​လ​တပ်​ကို အုပ်​ချုပ်​ကွပ်​ကဲ​စေ​၏။ သူ​နှင့်​အ​တူ​တဲ​တော် နှင့်​ဆိုင်​သော​အ​သုံး​အ​ဆောင်​ပစ္စည်း​များ​နှင့် အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​များ​ကို​ယူ​ဆောင် သွား​၏။-
7 И пошли войною на Мадиама, как повелел Господь Моисею, и убили всех мужеского пола;
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား​အ​မိန့်​ပေး တော်​မူ​သည်​အ​တိုင်း သူ​တို့​သည်​မိ​ဒျန်​အ​မျိုး သား​တို့​ကို​တိုက်​ခိုက်​ရာ၊-
8 и вместе с убитыми их убили царей Мадиамских: Евия, Рекема, Цура, Хура и Реву, пять царей Мадиамских, и Валаама, сына Веорова, убили мечом вместе с убитыми их;
မိ​ဒျန်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​ဧ​ဝိ၊ ရေ ကင်၊ ဇု​ရ၊ ဟု​ရ​နှင့်​ရေ​ဘ​တို့​အ​ပါ​အ​ဝင် ယောကျာ်း​အား​လုံး​ကို သတ်​ဖြတ်​သုတ်​သင်​ခဲ့ ကြ​လေ​သည်။ ဗော​ရ​၏​သား​ဗာ​လမ်​ကို လည်း​သတ်​ခဲ့​ကြ​၏။
9 а жен Мадиамских и детей их сыны Израилевы взяли в плен, и весь скот их, и все стада их и все имение их взяли в добычу,
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မိ​ဒျန် အ​မျိုး​သမီး​နှင့် က​လေး​များ​ကို​သုံ့​ပန်း အ​ဖြစ်​ဖမ်း​ဆီး​၍​သူ​တို့​၏​သိုး၊ နွား တိ​ရစ္ဆာန်​တို့​နှင့်​တ​ကွ​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ ကို​သိမ်း​ယူ​လေ​၏။-
10 и все города их во владениях их и все селения их сожгли огнем;
၁၀သူ​တို့​၏​မြို့​နှင့်​စ​ခန်း​ရှိ​သ​မျှ​တို့​ကို လည်း​မီး​ရှို့​ဖျက်​ဆီး​ပစ်​ကြ​၏။-
11 и взяли все захваченное и всю добычу, от человека до скота;
၁၁သူ​တို့​သည်​သိမ်း​ယူ​ရ​ရှိ​သ​မျှ​သော​ဥစ္စာ ပစ္စည်း၊ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​တို့​ကို၊-
12 и доставили пленных и добычу и захваченное к Моисею и к Елеазару священнику и к обществу сынов Израилевых, к стану, на равнины Моавитские, что у Иордана, против Иерихона.
၁၂ယေ​ရိ​ခေါ​မြို့​တစ်​ဖက်​ယော်​ဒန်​မြစ်​နား​ရှိ မော​ဘ​လွင်​ပြင်​တွင် စ​ခန်း​ချ​လျက်​ရှိ​သော မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​ယူ​ဆောင်​ခဲ့​ကြ​လေ​သည်။
13 И вышли Моисей и Елеазар священник и все князья общества навстречу им из стана.
၁၃မော​ရှေ၊ ဧ​လာ​ဇာ​နှင့်​ဣ​သ​ရေ​လ​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စ​ခန်း​အ​ပြင်​သို့ ထွက်​၍​တပ်​သား​များ​ကို​ဆီး​ကြို​ကြ​၏။-
14 И прогневался Моисей на военачальников, тысяченачальников и стоначальников, пришедших с войны,
၁၄သို့​ရာ​တွင်​မော​ရှေ​သည်​တိုက်​ပွဲ​ပြန်​တပ် ရင်း​မှူး၊ တပ်​ခွဲ​မှူး​စ​သော​အ​ရာ​ရှိ​တို့ ကို​အ​မျက်​ထွက်​၍၊-
15 и сказал им Моисей: для чего вы оставили в живых всех женщин?
၁၅``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​မျိုး​သ​မီး အား​လုံး​ကို အ​သက်​ချမ်း​သာ​စေ​ကြ​သ​နည်း။-
16 вот они, по совету Валаамову, были для сынов Израилевых поводом к отступлению от Господа в угождение Фегору, за что и поражение было в обществе Господнем;
၁၆ဤ​အ​မျိုး​သ​မီး​များ​သည်​ဗာ​လမ်​၏​အ​ကြံ ပေး​ချက်​အ​ရ​ပေ​ဂု​ရ​အ​ရပ်​တွင် ဣသ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကို​သစ္စာ ဖောက်​စေ​ခဲ့​ကြောင်း​သ​တိ​ရ​ကြ​လော့။ ထို အ​ပြစ်​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​စု တွင်​ကပ်​ရော​ဂါ​ကျ​ရောက်​ခဲ့​၏။-
17 итак убейте всех детей мужеского пола, и всех женщин, познавших мужа на мужеском ложе, убейте;
၁၇သို့​ဖြစ်​၍​ယောကျာ်း​က​လေး​များ​နှင့် ယောကျာ်း နှင့်​ဆက်​ဆံ​ဖူး​သော​မိန်း​မ​ရှိ​သ​မျှ​တို့ ကို​သတ်​လော့။-
18 а всех детей женского пола, которые не познали мужеского ложа, оставьте в живых для себя;
၁၈မိန်း​က​လေး​များ​နှင့်​အ​ပျို​က​ညာ​များ​ကို သင်​တို့​အ​သက်​ချမ်း​သာ​ပေး​ကြ​လော့။-
19 и пробудьте вне стана семь дней; всякий, убивший человека и прикоснувшийся к убитому, очиститесь в третий день и в седьмой день, вы и пленные ваши;
၁၉သင်​တို့​တွင်​လူ​အ​သက်​ကို​သတ်​ခဲ့​သူ​နှင့် လူ​သေ​ကောင်​ကို ကိုင်​တွယ်​မိ​ခဲ့​သူ​အ​ပေါင်း တို့​သည်​စ​ခန်း​အ​ပြင်​ဘက်​တွင်​ခု​နစ်​ရက် နေ​ထိုင်​ရ​ကြ​မည်။ တ​တိ​ယ​နေ့​နှင့်​သတ္တ​မ နေ့​ရက်​များ​၌ သင်​တို့​နှင့်​သင်​တို့​ဖမ်း​ဆီး ခဲ့​သော​အ​မျိုး​သ​မီး​များ​အ​တွက် သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
20 и все одежды, и все кожаные вещи, и все сделанное из козьей шерсти, и все деревянные сосуды очистите.
၂၀သင်​တို့​၏​အ​ဝတ်​အင်္ကျီ​များ​နှင့်​သား​ရေ၊ ဆိတ်​မွေး​သို့​မ​ဟုတ်​သစ်​သား​ဖြင့်​ပြု​လုပ် သော​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​သန့်​စင် စေ​ရ​မည်'' ဟု​ဆို​၏။
21 И сказал Елеазар священник воинам, ходившим на войну: вот постановление закона, который заповедал Господь Моисею:
၂၁ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​က​လည်း​တိုက်​ပွဲ​ပြန် စစ်​သည်​တို့​အား``ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​ကြား​တော်​မူ​သော​ပ​ညတ်​များ​မှာ၊-
22 золото, серебро, медь, железо, олово и свинец,
၂၂ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သံ​ဖြူ၊ ခဲ​အ​စ​ရှိ​သည့်​မီး မ​လောင်​ကျွမ်း​နိုင်​သော​သတ္တု​ပစ္စည်း​ရှိ​သ​မျှ အား​မီး​ကို​ဖြတ်​သန်း​စေ​ခြင်း​ဖြင့်​သန့်​စင်​စေ ရ​မည်။ အ​ခြား​သံ​ဝတ္ထု​ပစ္စည်း​များ​ကို​သန့်​စင် ခြင်း​ဝတ်​ပြု​ရာ​ရေ​ဖြင့်​သန့်​စင်​စေ​ရ​မည်။-
23 и все, что проходит через огонь, проведите через огонь, чтоб оно очистилось, а кроме того и очистительною водою должно очистить; все же, что не проходит через огонь, проведите через воду;
၂၃
24 и одежды ваши вымойте в седьмой день, и очиститесь, и после того входите в стан.
၂၄သတ္တ​မ​နေ့​တွင်​သင်​တို့​၏​အ​ဝတ်​အ​င်္ကျီ များ​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​နောက်​သင်​တို့ သည်​သန့်​စင်​ပြီ​ဖြစ်​သ​ဖြင့် စ​ခန်း​အ​တွင်း သို့​ပြန်​လည်​ဝင်​ရောက်​နိုင်​သည်​ဟူ​၍​ဖြစ် သည်'' ဟု​ဆို​လေ​၏။
25 И сказал Господь Моисею, говоря:
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊
26 сочти добычу плена, от человека до скота, ты и Елеазар священник и начальники племен общества;
၂၆``သင်​နှင့်​ဧ​လာ​ဇာ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန်​များ​အ​ပါ​အ​ဝင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို​ရေ​တွက်​ရ​မည်။-
27 и раздели добычу пополам между воевавшими, ходившими на войну, и между всем обществом;
၂၇ထို​ပစ္စည်း​များ​ကို​ထက်​ဝက်​စီ​အ​ညီ​အ​မျှ ခွဲ​ပြီး​လျှင် တစ်​ဝက်​ကို​စစ်​သည်​တို့​အား​ပေး ၍ တစ်​ဝက်​ကို​ကျန်​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပေး​ရ​မည်။-
28 и от воинов, ходивших на войну, возьми дань Господу, по одной душе из пятисот, из людей и из крупного скота, и из ослов и из мелкого скота;
၂၈စစ်​သည်​တို့​အ​တွက်​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​ငါး​ရာ လျှင် တစ်​ယောက်​ကျ​ဖြင့်​လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း​ထို​အ​ချိုး​ကျ​ဖြင့် လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​သီး​သန့်​ထား​ရ​မည်။-
29 возьми это из половины их и отдай Елеазару священнику в возношение Господу;
၂၉ထာ​ဝ​ရ​ဘုရား​အား​ဆက်​သ​ရန်​အ​ထူး​လှူ​ဖွယ် အ​ဖြစ် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ အား​ပေး​အပ်​ရ​မည်။-
30 и из половины сынов Израилевых возьми по одной доле из пятидесяти, из людей, из крупного скота, из ослов и из мелкого скота, и отдай это левитам, служащим при скинии Господней.
၃၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု​ထဲ မှ သုံ့​ပန်း​ငါး​ဆယ်​လျှင်​တစ်​ယောက်​ကျ​ဖြင့် လည်း​ကောင်း၊ သိုး၊ နွား၊ မြည်း၊ ဆိတ်​တို့​ကို​လည်း ထို​အ​ချိုး​ကျ​ဖြင့်​လည်း​ကောင်း​နုတ်​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော်​ကို​တာ​ဝန်​ယူ စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား​တို့ အား​ပေး​အပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။-
31 И сделал Моисей и Елеазар священник, как повелел Господь Моисею.
၃၁မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည် ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း​ဆောင်​ရွက် ကြ​လေ​သည်။
32 И было добычи, оставшейся от захваченного, что захватили бывшие на войне: мелкого скота шестьсот семьдесят пять тысяч,
၃၂စစ်​သည်​တို့​ကိုယ်​ပိုင်​အ​တွက်​သိမ်း​ထား​သော ပစ္စည်း​များ​အ​ပြင် လက်​ရ​သိမ်း​ဆည်း​ခဲ့​သော တိရစ္ဆာန်​နှင့်​လူ​အ​ရေ​အ​တွက်​စာ​ရင်း​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ခြောက်​သိန်း​ခု​နစ်​သောင်း ငါး​ထောင်၊ နွား​ကောင်​ရေ​ခု​နစ်​သောင်း​နှစ်​ထောင်၊ မြည်း​ကောင်​ရေ​ခြောက်​သောင်း​တစ်​ထောင်​နှင့် အ​ပျို​က​ညာ​ဦး​ရေ​သုံး​သောင်း​နှစ်​ထောင် ယောက်​ဖြစ်​သည်။-
33 крупного скота семьдесят две тысячи,
၃၃
34 ослов шестьдесят одна тысяча,
၃၄
35 людей, женщин, которые не знали мужеского ложа, всех душ тридцать две тысячи.
၃၅
36 Половина, доля ходивших на войну, по расчислению была: мелкого скота триста тридцать семь тысяч пятьсот,
၃၆စစ်​သည်​တို့​အ​တွက်​ထက်​ဝက်​ဝေ​စု​မှာ သိုး နှင့်​ဆိတ်​ကောင်​ရေ​ပေါင်း​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန်​ကောင်​ရေ​မှာ ခြောက်​ရာ့​ခု​နစ်​ဆယ့်​ငါး ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​နွား​ကောင် ရေ​သုံး​သောင်း​ခြောက်​ထောင်​ဖြစ်​၍ ၎င်း​တို့​အ​နက် ထာ​ဝ​ရ​ဘုရား​အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက် သ​ရန် ကောင်​ရေ​မှာ​ခု​နစ်​ဆယ့်​နှစ်​ကောင်​ဖြစ် သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု​မှာ​မြည်း ကောင်​ရေ​သုံး​သောင်း​ငါး​ရာ​ဖြစ်​၍​၎င်း​တို့ အ​နက် ထာ​ဝ​ရ​ဘု​ရား​အ​တွက်​အ​ခွန် အ​ဖြစ်​ဆက်​သ​ရန်​ကောင်​ရေ​မှာ​ခြောက်​ဆယ့် တစ်​ဖြစ်​သည်။ စစ်​သည်​တို့​အ​တွက်​ဝေ​စု မှာ​အ​ပျို​က​ညာ​တစ်​သောင်း​ခြောက်​ထောင် ယောက်​ဖြစ်​၍ ၎င်း​တို့​အ​နက်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ခွန်​အ​ဖြစ်​ဆက်​သ​ရန်​အ​တွက် မှာ​သုံး​ဆယ့်​နှစ်​ယောက်​ဖြစ်​သည်။-
37 и дань Господу из мелкого скота шестьсот семьдесят пять;
၃၇
38 крупного скота тридцать шесть тысяч, и дань из них Господу семьдесят два;
၃၈
39 ослов тридцать тысяч пятьсот, и дань из них Господу шестьдесят один;
၃၉
40 людей шестнадцать тысяч, и дань из них Господу тридцать две души.
၄၀
41 И отдал Моисей дань, возношение Господу, Елеазару священнику, как повелел Господь Моисею.
၄၁သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် အ​တိုင်း မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​သ​ရန် အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဝေ​စု​ကို ဧ​လာ​ဇာ​အား​ပေး​အပ်​လေ​သည်။
42 И из половины сынов Израилевых, которую отделил Моисей у бывших на войне;
၄၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ဝေ​စု သည်​လည်း စစ်​သည်​တို့​အ​တွက် ဝေ​စု​အ​တိုင်း သိုး​နှင့်​ဆိတ်​ကောင်​ရေ​သုံး​သိန်း​သုံး​သောင်း ခု​နစ်​ထောင့်​ငါး​ရာ၊ နွား​ကောင်​ရေ​သုံး​သောင်း ခြောက်​ထောင်၊ မြည်း​ကောင်​ရေ​သုံး​သောင်း​ငါး ရာ​နှင့်​အ​ပျို​က​ညာ​ဦး​ရေ​တစ်​သောင်း​ခြောက် ထောင်​ယောက်​ဖြစ်​သည်။-
43 половина же на долю общества была: мелкого скота триста тридцать семь тысяч пятьсот,
၄၃
44 крупного скота тридцать шесть тысяч,
၄၄
45 ослов тридцать тысяч пятьсот,
၄၅
46 людей шестнадцать тысяч.
၄၆
47 Из половины сынов Израилевых взял Моисей одну пятидесятую часть из людей и из скота и отдал это левитам, исполняющим службу при скинии Господней, как повелел Господь Моисею.
၄၇မော​ရှေ​သည်​ထို​ဝေ​စု​ထဲ​မှ​သုံ့​ပန်း​နှင့်​တိ​ရစ္ဆာန် တို့​ကို ငါး​ဆယ်​ချိုး​တစ်​ချိုး​ကျ​နုတ်​ယူ​၍ ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း တဲ​တော်​ကို တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​လေ​ဝိ​အ​မျိုး​သား တို့​အား​ပေး​အပ်​လေ​သည်။
48 И пришли к Моисею начальники над тысячами войска, тысяченачальники и стоначальники,
၄၈ထို​နောက်​တပ်​မှူး​တို့​သည် မော​ရှေ​ထံ​သို့​လာ ရောက်​၍``အ​ကျွန်ုပ်​တို့​၏​လက်​အောက်​ရှိ​စစ်​သည် များ​ကို​ရေ​တွက်​ရာ တစ်​ယောက်​မျှ​ပျောက်​ဆုံး ခြင်း​မ​ရှိ​ကြောင်း​တွေ့​ရ​ပါ​သည်။-
49 и сказали Моисею: рабы твои сосчитали воинов, которые нам поручены, и не убыло ни одного из них;
၄၉
50 и вот, мы принесли приношение Господу, кто что достал из золотых вещей: цепочки, запястья, перстни, серьги и привески, для очищения душ наших пред Господом.
၅၀သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့​အ​သီး​သီး​သိမ်း​ယူ ရ​ရှိ​သော​ရွှေ​တန်​ဆာ၊ လက်​ကောက်၊ ဘ​ယက်၊ လက်​စွပ်၊ နား​ဆွဲ​နှင့်​လည်​ဆွဲ​တို့​ကို​ကိုယ်​တော် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​အ​ကျွန်ုပ်​တို့​၏​အ​သက်​ကို​ချမ်း သာ​ပေး​သော​ကြောင့် ထို​လက်​ဝတ်​တန်​ဆာ​များ ကို​ဆက်​သ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။-
51 И взял у них Моисей и Елеазар священник золото во всех этих изделиях;
၅၁မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​လက်​ဝတ် တန်​ဆာ​များ​ကို​လက်​ခံ​လေ​သည်။-
52 и было всего золота, которое принесено в возношение Господу, шестнадцать тысяч семьсот пятьдесят сиклей, от тысяченачальников и стоначальников.
၅၂တပ်​မှူး​များ​ဆက်​သ​သော​လက်​ဝတ်​တန် ဆာ​အ​လေး​ချိန်​မှာ​ပေါင်​လေး​ရာ​ကျော် ရှိ​သည်။-
53 Воины грабили каждый для себя.
၅၃ရိုး​ရိုး​တပ်​သား​တို့​သည်​မိ​မိ​တို့​ရ​ရှိ​သော ပစ္စည်း​များ​ကို ကိုယ်​ပိုင်​အ​တွက်​သိမ်း​ဆည်း ထား​ကြ​၏။-
54 И взял Моисей и Елеазар священник золото от тысяченачальников и стоначальников, и принесли его в скинию собрания, в память сынов Израилевых пред Господом.
၅၄ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​အံ့ သော​ငှာ မော​ရှေ​နှင့်​ဧ​လာ​ဇာ​တို့​သည်​ရွှေ​များ ကို​တဲ​တော်​သို့​ယူ​ဆောင်​သွား​ကြ​လေ​သည်။

< Числа 31 >