< Числа 24 >
1 Валаам увидел, что Господу угодно благословлять Израиля, и не пошел, как прежде, для волхвования, но обратился лицем своим к пустыне.
၁ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့ကို ကောင်းချီးပေးစေလိုကြောင်းသိမြင်သော အခါ ဗာလမ်သည်ယခင်ကကဲ့သို့ထာဝရ ဘုရားထံမှ ဗျာဒိတ်ရူပါရုံခံယူရန်မကြိုး စားတော့ချေ။ သူသည်တောကန္တာရဘက်သို့ လှည့်ကြည့်ရာ၊-
2 И взглянул Валаам и увидел Израиля, стоявшего по коленам своим, и был на нем Дух Божий.
၂ဣသရေလအမျိုးသားတို့သည်အနွယ်အလိုက် စခန်းချနေသည်ကိုမြင်ရသည်။ ထိုအခါ ဘုရားသခင်၏ဝိညာဉ်တော်သည်သူ့အပေါ် သို့ဆင်းသက်၏။-
3 И произнес он притчу свою и сказал: говорит Валаам, сын Веоров, говорит муж с открытым оком,
၃ထို့နောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်သည်။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
4 говорит слышащий слова Божии, который видит видения Всемогущего; падает, но открыты глаза его:
၄သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
5 как прекрасны шатры твои, Иаков, жилища твои, Израиль!
၅ဣသရေလအမျိုးသားတို့၏တဲများသည် တင့်တယ်လှပေစွ။
6 расстилаются они как долины, как сады при реке, как алойные дерева, насажденные Господом, как кедры при водах;
၆ရှည်လျားစွာပေါက်ရောက်နေသော ထန်းပင်တန်းများနှင့်တူပေသည်။ မြစ်ကမ်းနားမှာစိုက်သောဥယျာဉ်နှင့်လည်းကောင်း၊ ထာဝရဘုရားစိုက်တော်မူသော အကျော်ပင်များနှင့်လည်းကောင်း၊ ရေနီးရာ၌ပေါက်သောအာရဇ်ပင်များနှင့် လည်းကောင်း တူပေသည်။
7 польется вода из ведр его, и семя его будет как великие воды, превзойдет Агага царь его и возвысится царство его.
၇ယင်းတို့အပေါ်တွင်မိုးများစွာရွာသွန်းလိမ့်မည်။ ရေအလုံအလောက်ရရှိသောလယ်များတွင် စိုက်ပျိုးရလိမ့်မည်။ သူတို့၏ဘုရင်သည်အာဂတ်ဘုရင်ထက် တန်ခိုးကြီး၍နေရာအနှံ့သို့ သူ၏အာဏာစက်သက်ရောက်လိမ့်မည်။
8 Бог вывел его из Египта, быстрота единорога у него, пожирает народы, враждебные ему, раздробляет кости их и стрелами своими разит врага.
၈ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
9 Преклонился, лежит как лев и как львица, кто поднимет его? Благословляющий тебя благословен, и проклинающий тебя проклят!
၉ဣသရေလနိုင်ငံသည်ခွန်အားကြီးသော ခြင်္သေ့နှင့်တူ၏။ သူအိပ်နေသောအခါမည်သူမျှသူ့ကိုမနှိုးဝံ့။ ဣသရေလအမျိုးသားတို့ကိုကောင်းချီးပေး သော သူသည်ကောင်းချီးပေးခြင်းကိုခံရမည်။ ဣသရေလအမျိုးသားတို့ကိုကျိန်ဆဲသော သူသည် ကျိန်ဆဲခြင်းကိုခံရမည်။''
10 И воспламенился гнев Валака на Валаама, и всплеснул он руками своими, и сказал Валак Валааму: я призвал тебя проклясть врагов моих, а ты благословляешь их вот уже третий раз;
၁၀ထိုအခါဗာလက်ဘုရင်သည်အမျက်ထွက်သဖြင့် လက်သီးများကိုဆုပ်လျက်ဗာလမ်အား``အကျွန်ုပ် ၏ရန်သူတို့ကိုကျိန်ဆဲရန်ကိုယ်တော်ကိုခေါ် ဆောင်ခဲ့သည်။ သို့ရာတွင်ကိုယ်တော်သည်သူတို့ ကိုသုံးကြိမ်တိုင်အောင်ကောင်းချီးပေးလေပြီ။-
11 итак, беги в свое место; я хотел почтить тебя, но вот, Господь лишает тебя чести.
၁၁ယခုကိုယ်တော်ပြန်ပါလော့။ အကျွန်ုပ်သည် ကိုယ်တော်အား ဆုလာဘ်များချီးမြှင့်မည်ဟု ကတိထားခဲ့သော်လည်း ထိုသို့ချီးမြှင့်ရန် ထာဝရဘုရားသည်အလိုတော်မရှိ'' ဟု ဆိုလေ၏။
12 И сказал Валаам Валаку: не говорил ли я послам твоим, которых ты присылал ко мне:
၁၂ဗာလမ်က``သင်၏နန်းတော်တွင် ရှိသမျှသောရွှေ၊ ငွေကိုပေးသော်လည်းထာဝရဘုရား၏အမိန့် တော်ကိုဆန့်ကျင်၍ ငါ့အလိုအလျောက်မည်သို့ မျှမပြုနိုင်ဟုသင်စေလွှတ်သောသံတမန်တို့ အား ငါပြောခဲ့ပြီမဟုတ်လော။ ငါသည်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကိုသာပြောရမည်'' ဟုဖြေကြားလေ၏။
13 “хотя бы давал мне Валак полный свой дом серебра и золота, не могу преступить повеления Господня, чтобы сделать что-либо доброе или худое по своему произволу: что скажет Господь, то и буду говорить”?
၁၃
14 Итак, вот, я иду к народу своему; пойди, я возвещу тебе, что сделает народ сей с народом твоим в последствие времени.
၁၄ဗာလမ်ကဗာလက်ဘုရင်အား``ယခုငါသည် ဆွေမျိုးသားချင်းတို့ထံသို့ပြန်မည်။ သို့ရာတွင် ငါပြန်၍မသွားမီဣသရေလအမျိုးသား တို့ကနောင်အခါ သင်၏အမျိုးသားတို့အား မည်ကဲ့သို့ပြုလုပ်မည့်အကြောင်းကို ငါသတိ ပေးခဲ့မည်'' ဟုဆို၏။-
15 И произнес притчу свою и сказал: говорит Валаам, сын Веоров, говорит муж с открытым оком,
၁၅ထိုနောက်သူသည်အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``ဤကားဗောရ၏သားဗာလမ်ဆင့်ဆိုသော ဗျာဒိတ်တော်ဖြစ်၏။ ရှင်းလင်းစွာမြင်နိုင်သူ၏စကားများတည်း။
16 говорит слышащий слова Божии, имеющий ведение от Всевышнего, который видит видения Всемогущего, падает, но открыты очи его.
၁၆သူသည်ဘုရားသခင်မိန့်တော်မူသော စကားကိုကြားနိုင်၏။ အမြင့်ဆုံးသောဘုရားထံတော်မှ အသိပညာကိုရရှိ၏။ မျက်စိပွင့်လျက်ဘဝင်ကျနေစဉ် အနန္တတန်ခိုးရှင်ဘုရားသခင်ထံတော်မှ ရူပါရုံကိုငါမြင်ရ၏။
17 Вижу Его, но ныне еще нет; зрю Его, но не близко. Восходит звезда от Иакова и восстает жезл от Израиля, и разит князей Моава и сокрушает всех сынов Сифовых.
၁၇ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
18 Едом будет под владением, Сеир будет под владением врагов своих, а Израиль явит силу свою.
၁၈သူသည်ဧဒုံပြည်ရှိရန်သူတို့ကို တိုက်ခိုက်အောင်မြင်၍ သူတို့၏ပြည်ကိုသိမ်းယူလိမ့်မည်။
19 Происшедший от Иакова овладеет и погубит оставшееся от города.
၁၉ဣသရေလနိုင်ငံသည်အဆက်မပြတ် အောင်ပွဲခံလိမ့်မည်။ ဣသရေလနိုင်ငံသည်ရန်သူတို့ကိုချေမှုန်း၍ တစ်ယောက်မကျန်သုတ်သင်ဖျက်ဆီးလိမ့်မည်။''
20 И увидел он Амалика, и произнес притчу свою, и сказал: первый из народов Амалик, но конец его - гибель.
၂၀ထိုနောက်ဗာလမ်သည်အာမလက်အမျိုးသား တို့ကို ရူပါရုံ၌မြင်၍အောက်ပါဗျာဒိတ်တော် ကိုဆင့်ဆိုလေ၏။ ``အာမလက်နိုင်ငံသည်အင်အား အကြီးဆုံးနိုင်ငံဖြစ်၏။ သို့ရာတွင်နောက်ဆုံး၌ထိုနိုင်ငံသည် ပျက်သုဉ်းရလိမ့်မည်။''
21 И увидел он Кенеев, и произнес притчу свою, и сказал: крепко жилище твое, и на скале положено гнездо твое;
၂၁တစ်ဖန်သူသည်ကေနိအမျိုးသားတို့ကို ရူပါရုံ၌မြင်၍ အောက်ပါဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။ ``သင်တို့နေထိုင်ရာအရပ်သည် ကမ်းပါးယံအထက်၌တည်ဆောက်ထားသော ငှက်သိုက်ကဲ့သို့လုံခြုံပေသည်။
22 но разорен будет Каин, и недолго до того, что Ассур уведет тебя в плен.
၂၂သို့ရာတွင်အာရှုရိဘုရင်သည်သင်တို့၏ပြည်ကို တိုက်ခိုက်သိမ်းယူလိမ့်မည်။ ထိုအခါသင်တို့သည်ပျက်စီးဆုံးပါးလိမ့်မည်။''
23 И увидев Ога, произнес притчу свою, и сказал: горе, горе, кто уцелеет, когда наведет сие Бог!
၂၃ဗာလမ်သည်အောက်ပါဗျာဒိတ်တော်ကိုဆင့်ဆို သည်။ ``မြောက်အရပ်တွင်မည်သူတို့စုရုံးနေကြ သနည်း။
24 придут корабли от Киттима, и смирят Ассура, и смирят Евера; но и им гибель!
၂၄ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
25 И встал Валаам и пошел обратно в свое место, а Валак также пошел своею дорогою.
၂၅ထိုနောက်ဗာလမ်နှင့်ဗာလက်ဘုရင်တို့သည် မိမိ တို့နေရပ်သို့အသီးသီးပြန်သွားကြလေ၏။