< Неемия 9 >

1 В двадцать четвертый день этого месяца собрались все сыны Израилевы, постящиеся и во вретищах и с пеплом на головах своих.
ထိုလ နှစ် ဆယ်လေး ရက် နေ့တွင် ၊ ဣသရေလ အမျိုးသားတို့သည် အစာ ရှောင်လျက် ၊ လျှော်တေ အဝတ် ကိုဝတ်လျက်၊ ကိုယ် ၌ မြေမှုန့် ကို တင်လျက် စည်းဝေး ကြ၏။
2 И отделилось семя Израилево от всех инородных, и встали и исповедывались во грехах своих и в преступлениях отцов своих.
ထိုအခါ ဣသရေလ အမျိုးစစ်ဖြစ်သောသူတို့ သည် တပါး အမျိုးသားရှိသမျှ တို့နှင့် ကွာ ၍၊ ကိုယ် အပြစ် နှင့် ဘိုးဘေး တို့၏ အပြစ် များကို ဘော်ပြ တောင်းပန်ကြ၏။
3 И стояли на своем месте, и четверть дня читали из книги закона Господа Бога своего, и четверть исповедывались и поклонялись Господу Богу своему.
မိမိ တို့နေရာ ၌ ရပ်နေ ၍ ၊ မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ္တိ ကျမ်းစာ ကို နေ့ လေး စုတစု ဘတ် ကြ၏။ အပြစ်ကို ဘော်ပြ တောင်းပန်၍၊ မိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို နေ့လေး စုတစုကိုးကွယ် ကြ၏။
4 И стали на возвышенное место левитов: Иисус, Вания, Кадмиил, Шевания, Вунний, Шеревия, Вания, Хенани, и громко взывали к Господу Богу своему.
ထိုအခါ လေဝိ သားယောရှု ၊ ဗာနိ ၊ ကပ်မျေလ ၊ ရှေဗနိ ၊ ဗုန္နိ ၊ ရှေရဘိ ၊ ဗာနိ ၊ ခေနနိ တို့သည် ပလ္လင် ပေါ် မှာရပ် ၍၊ သူ တို့၏ ဘုရား သခင်ထာဝရဘုရား အား ကြီးစွာ သောအသံ နှင့် ကြွေးကြော် ကြ၏။
5 И сказали левиты - Иисус, Кадмиил, Вания, Хашавния, Шеревия, Годия, Шевания, Петахия: встаньте, славьте Господа Бога вашего, от века и до века. Да славословят достославное и превысшее всякого славословия и хвалы имя Твое!
တဖန် လေဝိ သားယောရှု ၊ ကပ်မျေလ ၊ ဗာနိ ၊ ဟာရှဗနိ ၊ ရှေရဘိ ၊ ဟောဒိယ ၊ ရှေဗနိ ၊ ပေသဟိ တို့က ထ ကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် အစဉ် အမြဲမင်္ဂလာရှိတော်မူစေသတည်းဟု ကောင်းကြီး ပေးကြလော့။ ကောင်းကြီး ပေးခြင်း၊ ချီးမွမ်း ခြင်း အမျိုးမျိုး ထက် ကြီး မြင့်၍ ဘုန်း ကြီးသော ကိုယ်တော် ၏ နာမ သည် မင်္ဂလာ ရှိပါစေသတည်း။
6 И сказал Ездра: Ты, Господи, един, Ты создал небо, небеса небес и все воинство их, землю и все, что на ней, моря и все, что в них, и Ты живишь все сие, и небесные воинства Тебе поклоняются.
ကိုယ်တော် သာလျှင် ထာဝရဘုရား ဖြစ်တော်မူ ၏။ အမြင့်ဆုံးသော ကောင်းကင် နှင့် ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့ကို၎င်း၊ မြေကြီး နှင့် မြေကြီး ပေါ် မှာ ရှိ ရှိသမျှတို့ကို၎င်း၊ ပင်လယ် နှင့် ပင်လယ် ၌ ပါသမျှ တို့ကို၎င်းဖန်ဆင်း တော်မူ၏။ အလုံးစုံ တို့ကို စောင့်မ တော်မူ ၏။ ကောင်းကင် ဗိုလ်ခြေ တို့သည် ကိုယ်တော် ကို ကိုးကွယ် ကြပါ၏။
7 Ты Сам, Господи Боже, избрал Аврама, и вывел его из Ура Халдейского, и дал ему имя Авраама,
အိုထာဝရ အရှင်ဘုရား သခင်၊ ကိုယ်တော် သည် အာဗြံ ကို ရွေးချယ် ၍ ခါလဒဲ ပြည်၊ ဥရ မြို့မှ ခေါ် ခဲ့ပြီးလျှင် အာဗြဟံ ဟူသောအမည် ကိုပေး တော်မူ ၏။
8 и нашел сердце его верным пред Тобою, и заключил с ним завет, чтобы дать ему и семени его землю Хананеев, Хеттеев, Аморреев, Ферезеев, Иевусеев и Гергесеев. И Ты исполнил слово Свое, потому что Ты праведен.
ရှေ့ တော်၌ သူ့ သဘော ဖြောင့် သည်ကို တွေ့ သောကြောင့်၊ ခါနနိ ပြည် ၊ ဟိတ္တိ ပြည်၊ အာမောရိ ပြည်၊ ဖေရဇိ ပြည်၊ ယေဗုသိ ပြည်၊ ဂိရဂါရှိ ပြည်တို့ကို အာဗြဟံ အမျိုးအနွယ် အား ငါပေး မည်ဟု ဝန်ခံသည် အတိုင်း သစ္စာ တော်မပျက်ပြု တော်မူ၏။
9 Ты увидел бедствие отцов наших в Египте и услышал вопль их у Чермного моря,
အဲဂုတ္တု ပြည်၌ အကျွန်ုပ် တို့၏ ဘိုးဘေး များ ခံရသောညှဉ်းဆဲ ခြင်းကိုမြင် ၍ ၊ ဧဒုံ ပင်လယ် နား မှာ သူ တို့ အော်ဟစ် သောအသံကို ကြား တော်မူ၏။
10 и явил знамения и чудеса над фараоном и над всеми рабами его, и над всем народом земли его, так как Ты знал, что они надменно поступали с ними, и сделал Ты Себе имя до сего дня.
၁၀ဖာရော ဘုရင်နှင့် သူ ၏ကျွန် များ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကား စွာပြုသောကြောင့် ၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြ တော်မူ၍ ၊ သိတင်းတော်သည် ယနေ့ တိုင်အောင် ကျော်စောလျက်ရှိပါ၏။
11 Ты рассек пред ними море, и они среди моря прошли посуху, и гнавшихся за ними Ты поверг в глубины, как камень в сильные воды.
၁၁သူတို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက် သွားမည်အကြောင်း သူ တို့ရှေ့ မှာ ပင်လယ် ကို ခွဲ တော်မူ၏။ ညှဉ်းဆဲ သောသူတို့ ကိုကား၊ နက် သောရေ ထဲ သို့ ကျောက် ကိုပစ်သကဲ့သို့ ပစ် တော်မူ၏။
12 В столпе облачном Ты вел их днем и в столпе огненном - ночью, чтоб освещать им путь, по которому идти им.
၁၂ထိုမှတပါး၊ နေ့ အချိန်၌ မိုဃ်းတိမ် တိုင် အားဖြင့် ၎င်း ၊ ညဉ့် အချိန် ၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် အားဖြင့် ၎င်း ၊ သူ တို့ကို ပို့ဆောင် တော်မူ၏။
13 И снисшел Ты на гору Синай и говорил с ними с неба, и дал им суды справедливые, законы верные, уставы и заповеди добрые.
၁၃ကိုယ်တော်တိုင်လည်း၊ သိနာ တောင် ပေါ် သို့ ဆင်းသက် ၍ မိုဃ်းကောင်းကင် ထဲက ဗျာဒိတ် သံကို လွှတ် သဖြင့် ၊ ဟုတ်မှန် ဖြောင့်မတ်သော စီရင် ထုံးဖွဲ့ချက်ပညတ် တရား တို့ကို အပ် ပေးတော်မူ၏။
14 И указал им святую Твою субботу и заповеди, и уставы и закон преподал им чрез раба Твоего Моисея.
၁၄သန့်ရှင်း သော ဥပုသ် နေ့ရက်တော်ကို ဘော်ပြ ၍ ၊ ကိုယ်တော် ကျွန် မောရှေ အားဖြင့် နည်းနာ ဥပဒေသပညတ် တရား တို့ကိုလည်း ထား တော်မူ၏။
15 И хлеб с неба Ты давал им в голоде их, и воду из камня источал им в жажде их, и сказал им, чтоб они пошли и овладели землею, которую Ты, подняв руку Твою, клялся дать им.
၁၅သူ တို့မွတ်သိပ် ခြင်းနှင့် ရေငတ် ခြင်းကို ပြေစေခြင်းငှါ၊ မိုဃ်းကောင်းကင် မုန့် နှင့် ကျောက် ထဲက ထုတ် သော ရေ ကို ပေး တော်မူ၏။ သူ တို့ပိုင် ဘို့ ကျိန်ဆိုတော်မူသောပြည် ထဲ သို့ဝင် ၍ သိမ်းယူမည်အကြောင်းမိန့် တော်မူ၏။
16 Но они и отцы наши упрямствовали, и шею свою держали упруго, и не слушали заповедей Твоих;
၁၆သို့ရာတွင် အကျွန်ုပ် တို့ဘိုးဘေး တို့သည် မာန ထောင်လွှား၍ ၊ ခိုင်မာ သော လည်ပင်း နှင့် ပညတ် တော်ကို နား မ ထောင်ကြ။
17 не захотели повиноваться и не вспомнили чудных дел Твоих, которые Ты делал с ними, и держали шею свою упруго, и, по упорству своему, поставили над собою вождя, чтобы возвратиться в рабство свое. Но Ты Бог, любящий прощать, благий и милосердый, долготерпеливый и многомилостивый, и Ты не оставил их.
၁၇သူ တို့တွင် ပြု တော်မူသော အံ့ဘွယ် သောအမှု တို့ကို မ အောက်မေ့။ အာဏာတော်ကို ငြင်းဆန် လျက် ၊ လည်ပင်း ခိုင်မာ သည် ဖြစ်၍၊ ကျွန်ခံ ရာ အဲဂုတ္တုပြည်သို့ ပြန် လိုသောငှါ ၊ လူကြီး တဦးကိုချီးမြှောက် ကြ၏။ သို့ရာတွင် ကိုယ်တော် သည် အပြစ် ကိုဖြေတတ်သောဘုရား ၊ ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူသောကြောင့်သူ တို့ကို စွန့်ပစ် တော်မ မူ။
18 И хотя они сделали себе литого тельца, и сказали: вот бог твой, который вывел тебя из Египта, и хотя делали великие оскорбления,
၁၈ထိုမျှမက သူတို့သည် နွား သငယ်အရုပ် ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤ ဘုရားသည် သင့် ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်သော သင် ၏ ဘုရား ဖြစ်တော်မူ၏ဟု ဆို လျက် ၊ အလွန် ပြစ်မှား သော်လည်း၊
19 но Ты, по великому милосердию Твоему, не оставлял их в пустыне; столп облачный не отходил от них днем, чтобы вести их по пути, и столп огненный - ночью, чтобы светить им на пути, по которому им идти.
၁၉ကိုယ်တော် သည် အထူး သဖြင့်သနား တတ် သော ဘုရားဖြစ်တော်မူ၍၊ တော ၌ သူ တို့ကို စွန့်ပစ် တော် မ မူ။ နေ့ အချိန်၌ လမ်းပြ သော မိုဃ်းတိမ် တိုင် မ ပျောက် ၊ ညဉ့် အချိန်၌ သူ တို့သွား ရာလမ်း ကို လင်း စေသော မီး တိုင် လည်း မကွယ်။
20 И Ты дал им Духа Твоего благого, чтобы наставлять их, и манну Твою не отнимал от уст их, и воду давал им для утоления жажды их.
၂၀သူ တို့အား သွန်သင် စရာဘို့ ကောင်း သော ဝိညာဉ် တော်ကိုပေး တော်မူ၏။ သူ တို့စားရသောကိုယ်တော် ၏ မန္န ကိုရုပ်သိမ်း တော်မ မူ။ သူ တို့ အငတ် ပြေစေခြင်းငှါ ၊ ရေ ကိုလည်း ပေး တော်မူ၏။
21 Сорок лет Ты питал их в пустыне; они ни в чем не терпели недостатка; одежды их не ветшали, и ноги их не пухли.
၂၁အနှစ် လေး ဆယ်ပတ်လုံးသူတို့ကို အလျှင်း မ ဆင်းရဲ စေခြင်းငှါ ကျွေးမွေး တော်မူ၏။ သူ တို့အဝတ် မ ဟောင်း မနွမ်းရ။ သူ တို့ခြေ သည်လည်း မ ပွန်းမရောင် ရ။
22 И Ты дал им царства и народы и разделил им, и они овладели землею Сигона, и землею царя Есевонского, и землею Ога, царя Васанского.
၂၂နောက် မှတပါးအမျိုးသား တို့၏ တိုင်း နိုင်ငံများ ကို သူ တို့အား အကုန်အစင်ဝေဖန် ၍ ပေး သနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် နှင့် ဗာရှန် ရှင်ဘုရင် ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
23 И сыновей их Ты размножил, как звезды небесные, и ввел их в землю, о которой Ты говорил отцам их, что они придут владеть ею.
၂၃သူ တို့သား မြေးတို့ကို မိုဃ်းကောင်းကင် ကြယ် ကဲ့သို့ များပြား စေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင် ၍ သိမ်းယူ မည်အကြောင်း ၊ သူ တို့၏ ဘိုးဘေး တို့အား ဂတိ ထားတော်မူ၏၊ ထို ပြည် ထဲ သို့သွင်း တော်မူသဖြင့်၊
24 И вошли сыновья их, и овладели землею. И Ты покорил им жителей земли, Хананеев, и отдал их в руки их, и царей их, и народы земли, чтобы они поступали с ними по своей воле.
၂၄သား မြေးတို့သည်ဝင် ၍ သိမ်းယူ ကြ၏။ သူ တို့ ရှေ့ မှာ ထိုပြည်သား ခါနာနိ လူတို့ကို နှိပ်စက် တော်မူ၍ ၊ ရှင်ဘုရင် အစရှိသော ပြည်သူ ပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူ တို့လက် သို့ အပ် တော်မူ၏။
25 И заняли они укрепленные города и тучную землю, и взяли во владение домы, наполненные всяким добром, водоемы, высеченные из камня, виноградные и масличные сады и множество дерев с плодами для пищи. Они ели, насыщались, тучнели и наслаждались по великой благости Твоей;
၂၅ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။
26 и сделались упорны и возмутились против Тебя, и презрели закон Твой, убивали пророков Твоих, которые увещевали их обратиться к Тебе, и делали великие оскорбления.
၂၆သို့ရာတွင် အမိန့်တော်ကို နား မထောင်၊ ပုန်ကန် လျက် တရား တော်ကို ကျော နောက် သို့ ပစ် ထားကြ၏။ အထံ တော်သို့ ပြန်လာ စေခြင်းငှါ ၊ ဆုံးမ သော ကိုယ်တော် ၏ ပရောဖက် တို့ကိုသတ် ၍ အလွန် ပြစ်မှားခြင်းကို ပြု ကြ ၏။
27 И Ты отдал их в руки врагов их, которые теснили их. Но когда, в тесное для них время, они взывали к Тебе, Ты выслушивал их с небес и, по великому милосердию Твоему, давал им спасителей, и они спасали их от рук врагов их.
၂၇ထိုကြောင့် ၊ သူ တို့ကို နှောင့်ရှက် သော ရန်သူ လက် သို့ အပ် လိုက် တော်မူ၏။ ဆင်းရဲ ခံရ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံက နားထောင် ၍ ၊ ကရုဏာ ကျေးဇူးတော် ကြွယ်ဝ သည်အတိုင်း ၊ ရန်သူ လက် မှ ကယ်လွှတ် သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်း စေတော်မူ၏။
28 Когда же успокаивались, то снова начинали делать зло пред лицем Твоим, и Ты отдавал их в руки неприятелей их, и они господствовали над ними. Но когда они опять взывали к Тебе, Ты выслушивал их с небес и, по великому милосердию Твоему, избавлял их многократно.
၂၈တဖန် ချမ်းသာ ရသောအခါ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု ပြန် ကြသောကြောင့်၊ ရန်သူ အစိုးရ မည်အကြောင်း တဖန်အပ် တော်မူ၏။ သူတို့သည်ပြန်လာ ၍ ကိုယ်တော် ကို အော်ဟစ် ကြသောအခါ ၊ ကောင်းကင် ဘုံ က နားထောင် ၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
29 Ты напоминал им обратиться к закону Твоему, но они упорствовали и не слушали заповедей Твоих, и отклонялись от уставов Твоих, которыми жил бы человек, если бы исполнял их, и хребет свой сделали упорным, и шею свою держали упруго, и не слушали.
၂၉တရား တော်ကို ကျင့်ပြန် စေခြင်းငှါ ဆုံးမ တော်မူသော်လည်း ၊ သူတို့သည် နား မ ထောင်၊ မာန ထောင်လွှားကြ၏။ ကျင့် သောသူ ၌ အသက် ရှင်စရာ အကြောင်းဖြစ် သော စီရင် တော်မူချက်တို့ကို လွန်ကျူး ကြ၏။ ခိုင်မာ သော လည်ပင်း နှင့် ရုန်း လျက်နား မ ထောင်ဘဲ နေကြ၏။
30 Ожидая их обращения, Ты медлил многие годы и напоминал им Духом Твоим чрез пророков Твоих, но они не слушали. И Ты предал их в руки иноземных народов.
၃၀နှစ် ပေါင်းများစွာ သူ တို့ကို သည်းခံ ၍ ၊ ကိုယ်တော် ၏ ပရောဖက် တို့၌ ရှိသောကိုယ်တော် ၏ ဝိညာဉ် အားဖြင့် ဆုံးမ တော်မူသော်လည်း သူတို့သည် နား မ ထောင်သောကြောင့် ၊ ဤပြည်သူ ပြည်သားတို့လက် သို့ အပ် တော်မူ၏။
31 Но, по великому милосердию Твоему, Ты не истребил их до конца, и не оставлял их, потому что Ты Бог благий и милостивый.
၃၁သို့ရာတွင် ကိုယ်တော် သည် ချစ် သနားခြင်းမေတ္တာ ကရုဏာနှင့် ပြည့်စုံသောဘုရား ဖြစ်၍ ၊ ကရုဏာ တော် ကြွယ်ဝ သောကြောင့်၊ သူ တို့ကို ရှင်းရှင်း ဖျက်ဆီး တော်မ မူ။ စွန့်ပစ် တော်မ မူ။
32 И ныне, Боже наш, Боже великий, сильный и страшный, хранящий завет и милость! да не будет малым пред лицем Твоим все страдание, которое постигло нас, царей наших, князей наших, и священников наших, и пророков наших, и отцов наших и весь народ Твой от дней царей Ассирийских до сего дня.
၃၂သို့ဖြစ်၍ ၊ အို အကျွန်ုပ် တို့၏ဘုရား ၊ ကြီးမြတ် ၍ မဟာ တန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက် ဘွယ်သော ဘုရား ၊ ကရုဏာ ပဋိညာဉ် တော်ကို စောင့် တော်မူသောဘုရား၊ အာရှုရိ ရှင်ဘုရင် လက်ထက် မှစ၍ ယနေ့ တိုင်အောင် ၊ အကျွန်ုပ် တို့ ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော် ၏ လူ အပေါင်း တို့အပေါ် သို့ ရောက် သော ဘေးဒဏ် ရှိသမျှ ကို ပမာဏ မပြုဘဲ နေတော်မ မူပါနှင့်။
33 Во всем постигшем нас Ты праведен, потому что Ты делал по правде, а мы виновны.
၃၃ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
34 Цари наши, князья наши, священники наши и отцы наши не исполняли закона Твоего, и не внимали заповедям Твоим и напоминаниям Твоим, которыми Ты напоминал им.
၃၄အကျွန်ုပ် တို့ရှင်ဘုရင် ၊ မှူးမတ် ၊ ယဇ်ပုရောဟိတ် ၊ အဆွေအမျိုးသူကြီးတို့သည် တရား တော်ကိုမ စောင့်။ ပေး ထားတော်မူသော ပညတ် များနှင့် သက်သေခံ ချက် များတို့ကို နား မ ထောင်ကြ။
35 И в царстве своем, при великом добре Твоем, которое Ты давал им, и на обширной и тучной земле, которую Ты отделил им, они не служили Тебе и не обращались от злых дел своих.
၃၅ကြီး သောကျေးဇူး ကို ပြုလျက်အပ်ပေး တော်မူ၍ ၊ သူ တို့ပိုင်သော နိုင်ငံ ၊ သနားတော်မူသောပြည် ကြီး ၊ ပြည် ကောင်း ၌နေရသော်လည်း၊ အမှု တော်ကိုမ ဆောင်မရွက်၊ မိမိ တို့ပြု သောဒုစရိုက် ကို မ ရှောင် ဘဲနေကြပါ၏။
36 И вот, мы ныне рабы; на той земле, которую Ты дал отцам нашим, чтобы питаться ее плодами и ее добром, вот, мы рабствуем.
၃၆ဘိုးဘေး တို့သည် အလွန်မြတ် သော အသီး အနှံကို စား ရသောအခွင့်နှင့်သူတို့အားပေး သနားတော်မူ သော ပြည် ၌ အကျွန်ုပ် တို့သည် ယနေ့ အစေခံ ကျွန် ဖြစ်ကြပါ၏။ သူ့ ကျွန် ခံရကြပါ၏။
37 И произведения свои она во множестве приносит для царей, которым Ты покорил нас за грехи наши. И телами нашими и скотом нашим они владеют по своему произволу, и мы в великом стеснении.
၃၇အကျွန်ုပ် တို့အပြစ် ကြောင့် ၊ အကျွန်ုပ် တို့အပေါ် မှာ ခန့် ထားတော်မူသော ရှင် ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝ စွာဖြစ်သော အသီး အနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ် တို့၏ ကိုယ် နှင့် တိရစ္ဆာန် များကို သူတို့သည် ကိုယ် အလိုအလျောက်အစိုးပိုင် ၍ ၊ အကျွန်ုပ် တို့သည် အလွန် ဆင်းရဲ ခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
38 По всему этому мы даем твердое обязательство и подписываем, и на подписи печать князей наших, левитов наших и священников наших.
၃၈ထို အကြောင်းအရာများကို ငါ တို့သည် ဆင်ခြင် ပြီးမှ ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေး ထားလျက် ၊ ငါ တို့ အကြီး အကဲ၊ ယဇ်ပုရောဟိတ် ၊ လေဝိ သားတို့သည် တံဆိပ် ခတ်ကြ၏။

< Неемия 9 >