< Михей 5 >
1 Теперь ополчись, дщерь полчищ; обложили нас осадою, тростью будут бить по ланите судью Израилева.
၁``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
2 И ты, Вифлеем-Ефрафа, мал ли ты между тысячами Иудиными? из тебя произойдет Мне Тот, Который должен быть Владыкою в Израиле и Которого происхождение из начала, от дней вечных.
၂ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။
3 Посему Он оставит их до времени, доколе не родит имеющая родить; тогда возвратятся к сынам Израиля и оставшиеся братья их.
၃သို့ဖြစ်၍မိခင်သားဖွားသည့်အချိန်တိုင် အောင် ထာဝရဘုရားသည်မိမိ၏လူမျိုး တော်ကို ရန်သူတို့၏လက်တွင်း၌စွန့်ပစ် ထားတော်မူလိမ့်မည်။ ထိုနောက်ပြည်နှင် ဒဏ်သင့်သူတို့သည် မိမိတို့၏သားချင်း တို့နှင့်ပြန်လည်ပေါင်းစည်းရကြလိမ့် မည်။-
4 И станет Он, и будет пасти в силе Господней, в величии имени Господа Бога Своего, и они будут жить безопасно, ибо тогда Он будет великим до краев земли.
၄ထိုဘုရင်ကြွလာသောအခါသူသည် ထာဝရ ဘုရားထံတော်မှရသောအစွမ်းသတ္တိနှင့် လည်းကောင်း၊ သူ၏ဘုရားသခင်ထာဝရ ဘုရား၏ဘုန်းတန်ခိုးတော်နှင့်လည်းကောင်း မိမိ၏လူစုကိုအုပ်စိုးလိမ့်မည်။ ကမ္ဘာတစ် ဝှမ်းလုံးတွင်ရှိသောလူအပေါင်းတို့သည် သူ ၏ကြီးမြတ်တော်မူခြင်းကိုဝန်ခံကြ သဖြင့် သူ၏လူမျိုးတော်သည်လုံခြုံစွာ နေထိုင်ရကြလိမ့်မည်။-
5 И будет Он мир. Когда Ассур придет в нашу землю и вступит в наши чертоги, мы выставим против него семь пастырей и восемь князей.
၅တိုင်းပြည်သည်လည်းငြိမ်းချမ်းသာယာ လိမ့်မည်။ အာရှုရိအမျိုးသားတို့သည်ငါတို့၏နိုင်ငံ ကိုတိုက်ခိုက်၍ ငါတို့၏ခံတပ်များကိုချိုး ဖောက်ဝင်ရောက်ကြသောအခါ၊ ငါတို့တွင် ခွန်အားကြီးသောခေါင်းဆောင်များကိုစေ လွှတ်၍ ရန်သူတို့ကိုခုခံတိုက်ခိုက်မည်။-
6 И будут они пасти землю Ассура мечом и землю Немврода в самых воротах ее, и Он-то избавит от Ассура, когда тот придет в землю нашу и когда вступит в пределы наши.
၆သူတို့သည်လက်နက်အင်အားဖြင့်အာရှုရိ ပြည်၊ နိမ်ရောဋ္ဌပြည်ကိုတိုက်ခိုက်အောင်မြင် ကြလိမ့်မည်။ အာရှုရိအမျိုးသားများက ငါတို့၏နယ်မြေကိုဝင်ရောက်တိုက်ခိုက်သော အခါ ထိုခေါင်းဆောင်များသည်ငါတို့ အားရန်သူ၏လက်မှကယ်တင်လိမ့်မည်။
7 И будет остаток Иакова среди многих народов как роса от Господа, как ливень на траве, и он не будет зависеть от человека и полагаться на сынов Адамовых.
၇အသက်မသေဘဲကျန်ရစ်သောဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားကျစေ တော်မူသောနှင်းကဲ့သို့နိုင်ငံများစွာအား လန်းဆန်းစေလိမ့်မည်။ အပင်များပေါ်သို့ ရွာသွန်းသောမိုးကဲ့သို့ဖြစ်လိမ့်မည်။ ယင်း တို့သည်လူတို့၏အမိန့်ကိုမနာခံ၊ ဘုရားသခင်၏အမိန့်ကိုသာနာခံကြ၏။-
8 И будет остаток Иакова между народами, среди многих племен, как лев среди зверей лесных, как скимен среди стада овец, который, когда выступит, то попирает и терзает, и никто не спасет от него.
၈တောသားရဲများထဲသို့ရောက်ရှိနေသော ခြင်္သေ့ကဲ့သို့လည်းကောင်း၊ သိုးအုပ်ထဲသို့ရောက် ရှိနေသောခြင်္သေ့ပျိုကဲ့သို့လည်းကောင်း အသက် မသေဘဲကျန်ရစ်ခဲ့သောဣသရေလအမျိုး သားတို့သည်အခြားလူမျိုးများထဲတွင် ရောက်ရှိနေလိမ့်မည်။ ခြင်္သေ့သည်သိုးအုပ်ထဲ သို့ဝင်၍ သိုးများကိုအုပ်ဖမ်းလျက်အပိုင်း ပိုင်းကိုက်ဖြတ်မည်ဖြစ်ရာ၊ မည်သူကမျှ ကယ်နိုင်မည်မဟုတ်။-
9 Поднимется рука твоя над врагами твоими, и все неприятели твои будут истреблены.
၉ဣသရေလအမျိုးသားတို့သည်ရန်သူ များကို တိုက်ခိုက်ချေမှုန်းကြလိမ့်မည်။
10 И будет в тот день, говорит Господь: истреблю коней твоих из среды твоей и уничтожу колесницы твои,
၁၀ထာဝရဘုရားက``ထိုအချိန်တွင်ငါသည် သင်တို့၏မြင်းများကိုဖယ်ရှား၍ သင်တို့၏ စစ်ရထားများကိုဖျက်ဆီးမည်။-
11 истреблю города в земле твоей и разрушу все укрепления твои,
၁၁ငါသည်သင်တို့ပြည်တွင်ရှိသောမြို့များ ကိုဖျက်ဆီး၍ သင်တို့၏ခံတပ်များကို ဖြိုဖျက်မည်။-
12 исторгну чародеяния из руки твоей, и гадающих по облакам не будет у тебя;
၁၂ငါသည်သင်တို့ဆောင်ထားသောအင်းအိုင် လက်ဖွဲ့များကိုဖျက်ဆီးသဖြင့် သင်တို့တွင် ဗေဒင်ဟောသူမရှိစေရ။-
13 истреблю истуканов твоих и кумиров из среды твоей, и не будешь более поклоняться изделиям рук твоих.
၁၃ငါသည်သင်တို့ဝတ်ပြုသောရုပ်တုများနှင့် ကိုးကွယ်ရာကျောက်တိုင်များကိုဖျက်ဆီး မည်။ နောက်တစ်ဖန်သင်တို့သည်သင်တို့လက် ဖြင့်လုပ်သောအရာများကိုမကိုးကွယ်ရ။-
14 Искореню из среды твоей священные рощи твои и разорю города твои.
၁၄ငါသည်သင်တို့ပြည်တွင်ရှိသော အာရှရ နတ်သမီးတံခွန်တိုင်များနှင့် ရုပ်တုများ ကိုဖျက်ဆီးပစ်မည်။-
15 И совершу в гневе и негодовании мщение над народами, которые будут непослушны.
၁၅ငါ၏အမိန့်ကိုမနာခံသောအခြားနိုင်ငံ များကို ပြင်းစွာအမျက်ထွက်၍ငါဒဏ် စီရင်မည်'' ဟုမိန့်တော်မူ၏။