< Плач Иеремии 3 >
1 Я человек, испытавший горе от жезла гнева Его.
၁ငါသည်ဘုရားသခင်၏အပြစ်ဒဏ်ခတ်ခြင်း ဆိုသည်မှာ ဘယ်သို့ဖြစ်သည်ကိုသိရသောသူဖြစ်ပါ၏။
2 Он повел меня и ввел во тьму, а не во свет.
၂ကိုယ်တော်သည်ငါ့ကိုပို၍ပို၍မှောင်မိုက်သော နေရာထဲသို့ရောက်ရှိစေတော်မူလျက်၊
3 Так, Он обратился на меня и весь день обращает руку Свою;
၃သနားကရုဏာကင်းမဲ့စွာအကြိမ်ကြိမ် အဖန်ဖန်ရိုက်နှက်တော်မူပါ၏။
4 измождил плоть мою и кожу мою, сокрушил кости мои;
၄ကိုယ်တော်သည်ငါ၏အသားကိုကွဲပြဲစေကာ အရိုးတို့ကိုချိုး၍ထားတော်မူပါ၏။
5 огородил меня и обложил горечью и тяготою;
၅ငါ့အားစိတ်ဆင်းရဲမှုပူဆွေးဒုက္ခရောက်မှုတို့ဖြင့် ချုပ်နှောင်ထားတော်မူပါ၏။
6 посадил меня в темное место, как давно умерших;
၆ကိုယ်တော်သည်ငါ့ကိုကြာရှည်စွာဒုက္ခ မှောင်မိုက်တွင်နေစေတော်မူပါ၏။
7 окружил меня стеною, чтобы я не вышел, отяготил оковы мои,
၇ငါ့ကိုသံကြိုးများနှင့်ချည်နှောင်ထားတော်မူ ပါ၏။ ငါသည်အကျဉ်းသားဖြစ်၍ ငါလွတ်မြောက်ရန်လမ်းမရှိ။
8 и когда я взывал и вопиял, задерживал молитву мою;
၈ကူမတော်မူရန်ငါဟစ်အော်ပါသော်လည်း ဘုရားသခင်သည်နားထောင်တော်မမူ။
9 каменьями преградил дороги мои, извратил стези мои.
၉ငါသည်လမ်းလျှောက်သောအခါ ယိမ်းယိုင်လျက်နေပါ၏။ ငါလှည့်လိုက်သည့်အခါတိုင်း၌ ကျောက်နံရံများပိတ်လျက်ရှိပါ၏။
10 Он стал для меня как бы медведь в засаде, как бы лев в скрытном месте;
၁၀ကိုယ်တော်သည်ဝက်ဝံသဖွယ်ငါ့အားချောင်း မြောင်းကာ ခြင်္သေ့ကဲ့သို့ခုန်အုပ်တော်မူပါ၏။
11 извратил пути мои и растерзал меня, привел меня в ничто;
၁၁လမ်းနံဘေးတွင်ငါ့ကိုလိုက်လံဖမ်းဆီးပြီးလျှင် အပိုင်းပိုင်းဆွဲဖြတ်ကာစွန့်ပစ်ထားတော်မူပါ၏။
12 натянул лук Свой и поставил меня как бы целью для стрел;
၁၂ကိုယ်တော်သည်လေးတော်ကိုတင်၍ငါ့အား ပစ်မှတ်အဖြစ်အသုံးပြုတော်မူပါ၏။
13 послал в почки мои стрелы из колчана Своего.
၁၃ကိုယ်တော်သည်မြားတော်တို့ကိုငါ၏ ကိုယ်ခန္ဓာအတွင်းသို့ပစ်လွှတ်တော်မူပါ၏။
14 Я стал посмешищем для всего народа моего, вседневною песнью их.
၁၄လူတို့သည်တစ်နေကုန်တစ်နေခန်းငါ့ကို ပြက်ရယ်ပြုကြပါ၏။ ငါသည်လူများအတွက်ရယ်စရာဖြစ်၍ နေတော့၏။
15 Он пресытил меня горечью, напоил меня полынью.
၁၅ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
16 Сокрушил камнями зубы мои, покрыл меня пеплом.
၁၆ကိုယ်တော်သည်ငါ၏မျက်နှာကိုမြေပြင်နှင့် ပွတ်တိုက်တော်မူ၍ ငါ၏သွားတို့ကိုကျောက်ပေါ်တွင်ချိုးတော်မူပါ၏။
17 И удалился мир от души моей; я забыл о благоденствии,
၁၇ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
18 и сказал я: погибла сила моя и надежда моя на Господа.
၁၈ငါသည်ကြာကြာအသက်ရှင်ရတော့မည် မဟုတ်ပါ။ ထာဝရဘုရားထံတော်မှငါမျှော်လင့်စရာလည်း မရှိတော့ပါ။
19 Помысли о моем страдании и бедствии моем, о полыни и желчи.
၁၉ငါခံရသည့်ဝေဒနာနှင့်ငါအိုးမဲ့အိမ်မဲ့ ဖြစ်ရမှုကို စဉ်းစားဆင်ခြင်ရသည်မှာ ဆိုးရွားသည့်အဆိပ်ကိုမျိုရသည်နှင့် တူတော့၏။
20 Твердо помнит это душа моя и падает во мне.
၂၀ယင်းသို့အခါတလဲလဲဆင်ခြင်၍ ငါ၏စိတ်ကိုညှိုးငယ်စေပါ၏။
21 Вот что я отвечаю сердцу моему и потому уповаю:
၂၁သို့ရာတွင်မျှော်လင့်ချက်ကိုပြန်လည်ရရှိစေသည့် အချက်မှာအောက်ပါတို့ကိုသတိရခြင်းဖြစ်သည်။
22 по милости Господа мы не исчезли, ибо милосердие Его не истощилось.
၂၂ထာဝရဘုရား၏မကုန်ဆုံးနိုင်သောမေတ္တာ တော်နှင့် ကရုဏာတော်သည် မိုးသောက်ချိန်ကဲ့သို့လန်းဆန်းလျက်၊ နေထွက်ချိန် ကဲ့သို့ဧကန်မုချတည်မြဲ၍နေတော်မူသေးသည်။
23 Оно обновляется каждое утро; велика верность Твоя!
၂၃
24 Господь часть моя, говорит душа моя, итак буду надеяться на Него.
၂၄ထာဝရဘုရားသည်ငါ့အဖို့ဖြစ်သဖြင့် ငါသည်ကိုယ်တော်ကိုမျှော်ကိုးပါ၏။
25 Благ Господь к надеющимся на Него, к душе, ищущей Его.
၂၅ထာဝရဘုရားသည်မိမိအားယုံကြည်ကိုးစား သူမှန်သမျှကိုကျေးဇူးပြုတော်မူတတ်၏။
26 Благо тому, кто терпеливо ожидает спасения от Господа.
၂၆သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
27 Благо человеку, когда он несет иго в юности своей;
၂၇ယင်းသို့သည်းခံစောင့်မျှော်မှုကို အသက်ပျိုရွယ်စဉ်အခါကလေ့ကျက် ခြင်းသည် အကောင်းဆုံးပင်ဖြစ်ပါ၏။
28 сидит уединенно и молчит, ибо Он наложил его на него;
၂၈ငါတို့ဒုက္ခရောက်ချိန်၌သည်းခံလျက် တိတ်ဆိတ်စွာတစ်ကိုယ်တည်းထိုင်နေရကြမည်။
29 полагает уста свои в прах, помышляя: “может быть, еще есть надежда”;
၂၉မျှော်လင့်ဖွယ်ရှိကောင်းရှိဦးမည်ဖြစ်၍ငါတို့သည် ဝန်ခံလျက်မြေသို့ခေါင်းငုံ့သင့်ကြ၏။
30 подставляет ланиту свою биющему его, пресыщается поношением,
၃၀ရိုက်နှက်စော်ကားမှုကိုခံရသော်လည်း နားလည်လက်ခံသင့်ကြ၏။
31 ибо не навек оставляет Господь.
၃၁ထာဝရဘုရားသည်သနားတတ်သော ကြောင့် ငါတို့အားထာဝစဉ်ပင်ပစ်ပယ်တော်မူလိမ့် မည်မဟုတ်။
32 Но послал горе, и помилует по великой благости Своей.
၃၂ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲခြင်းကို ပေးသော်လည်း ငါတို့အပေါ်၌ကိုယ်တော်ထားရှိတော်မူသော သနားညှာတာမှုနှင့်မေတ္တာတော်ကား ကြီးမားတော်မူပါပေသည်။
33 Ибо Он не по изволению сердца Своего наказывает и огорчает сынов человеческих.
၃၃ကိုယ်တော်သည်ငါတို့အားဝမ်းနည်းကြေကွဲစေ၍ ဝေဒနာခံစားစေသော်လည်းနှစ်မြို့တော်မမူပါ။
34 Но, когда попирают ногами своими всех узников земли,
၃၄ငါတို့သည်ထောင်ထဲတွင်အကျဉ်းခံရ၍ စိတ်ကျိုးပဲ့ကြေမွလျက်ရှိသောအခါ ကိုယ်တော်သိတော်မူပါ၏။
35 когда неправедно судят человека пред лицoм Всевышнего,
၃၅ကိုယ်တော်သည်မိမိပေးထားသည့်ရပိုင်ခွင့် များကို ငါတို့ဆုံးရှုံးရကြသောအခါ၌လည်း သိတော်မူပါ၏။
36 когда притесняют человека в деле его: разве не видит Господь?
၃၆ရုံးတော်တွင်တရားစီရင်မှုဖောက်လွဲဖောက် ပြန် ဖြစ်သောအခါလည်း ကိုယ်တော်သိတော်မူပါ၏။
37 Кто это говорит: “и то бывает, чему Господь не повелел быть”?
၃၇ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
38 Не от уст ли Всевышнего происходит бедствие и благополучие?
၃၈အကောင်းနှင့်အဆိုးသည်ကိုယ်တော်၏ အမိန့်တော်အရဖြစ်ပျက်ရပါ၏။
39 Зачем сетует человек живущий? всякий сетуй на грехи свои.
၃၉ငါတို့သည်မိမိတို့အပြစ်အတွက် ဒဏ်ခတ်ခြင်းခံရကြသောအခါ အဘယ်ကြောင့်ညည်းတွားရကြပါမည်နည်း။
40 Испытаем и исследуем пути свои, и обратимся к Господу.
၄၀ငါတို့သည်မိမိတို့လမ်းစဉ်ကိုစစ်ဆေးကာ ထာဝရဘုရားထံတော်သို့ပြန်လာကြ ကုန်အံ့။
41 Вознесем сердце наше и руки к Богу, сущему на небесах:
၄၁ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင် အား ငါတို့စိတ်နှလုံးကိုဖွင့်လျက် အောက်ပါပတ္ထနာကိုပြုကြကုန်အံ့။
42 мы отпали и упорствовали; Ты не пощадил.
၄၂``ကျွန်တော်မျိုးတို့သည်အပြစ်ကူးခဲ့ကြ ပါပြီ။ ပုန်ကန်ခဲ့ကြပါပြီ။ အို ထာဝရဘုရားကိုယ်တော်ရှင်သည်လည်း ကျွန်တော်မျိုးတို့၏အပြစ်များကို ဖြေလွှတ်တော်မမူခဲ့ပါ။
43 Ты покрыл Себя гневом и преследовал нас, умерщвлял, не щадил;
၄၃``ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား လိုက်လံဖမ်းဆီး၍ကွပ်မျက်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဆုတောင်းပတ္ထနာများ သည် ထူထပ်သောအမျက်တော်တိမ်တိုက်ကို တိုး၍မပေါက်နိုင်ပါ။
44 Ты закрыл Себя облаком, чтобы не доходила молитва наша;
၄၄
45 сором и мерзостью Ты сделал нас среди народов.
၄၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကမ္ဘာ့အလယ်တွင်အညစ်အကြေးအမှိုက်ပုံ ဖြစ်စေတော်မူပါပြီ။
46 Разинули на нас пасть свою все враги наши.
၄၆``ကျွန်တော်မျိုးတို့သည်ရန်သူများ၏စော်ကား ပြောင်လှောင်မှုကိုခံရကြပါ၏။
47 Ужас и яма, опустошение и разорение - доля наша.
၄၇ပျက်စီးယိုးယွင်းမှုနှင့်ကြုံတွေ့ခဲ့ရကြပါပြီ။ ကျွန်တော်မျိုးတို့သည်အဆီးအတားနှင့် ကြောက်ရွံ့မှုတို့ဖြင့်အသက်ရှင်ရပါ၏။
48 Потоки вод изливает око мое о гибели дщери народа моего.
၄၈ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
49 Око мое изливается и не перестает, ибо нет облегчения,
၄၉``ထာဝရဘုရားသည်ကောင်းကင်ဘုံမှငါ တို့အား ကြည့်တော်မူ၍မြင်တော်မူသည်တိုင်အောင် ငါ၏မျက်ရည်များသည်မရပ်မနားစီးလျက် နေပါလိမ့်မည်။
50 доколе не призрит и не увидит Господь с небес.
၅၀
51 Око мое опечаливает душу мою ради всех дщерей моего города.
၅၁မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
52 Всячески усиливались уловить меня, как птичку, враги мои, без всякой причины;
၅၂ကျွန်တော်မျိုးကိုမုန်းရန်အကြောင်းမရှိပါ ဘဲလျက် ရန်သူများသည်ကျွန်တော်မျိုးအားငှက်သဖွယ် ကျော့ကွင်းထောင်ကြပါ၏။
53 повергли жизнь мою в яму и закидали меня камнями.
၅၃သူတို့သည်ကျွန်တော်မျိုးအားအရှင်လတ်လတ် တွင်းထဲသို့ပစ်ချကာကျောက်တုံးနှင့် တွင်းဝကိုပိတ်ကြပါ၏။
54 Воды поднялись до головы моей; я сказал: “погиб я”.
၅၄မိမိ၏အပေါ်သို့ရေများဖုံးလွှမ်းလာသဖြင့် ကျွန်တော်မျိုးသည်သေရပေတော့အံ့ဟု ထင်မှတ်မိပါ၏။
55 Я призывал имя Твое, Господи, из ямы глубокой.
၅၅``အို ထာဝရဘုရားတွင်းထဲမှနေ၍ ကျွန်တော်မျိုးသည် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။
56 Ты слышал голос мой; не закрой уха Твоего от воздыхания моего, от вопля моего.
၅၆ဤသို့ဟစ်ခေါ်သံကိုနားထောင်တော်မူရန် ကျွန်တော်မျိုးပန်ကြားလျှောက်ထားသောအခါ ကိုယ်တော်ရှင်ကြားတော်မူသည်ဖြစ်၍
57 Ты приближался, когда я взывал к Тебе, и говорил: “не бойся”.
၅၇ကျွန်တော်မျိုးအား`မကြောက်နှင့်' ဟုပြန်လည် ဖြေကြားတော်မူပါ၏။
58 Ты защищал, Господи, дело души моей; искуплял жизнь мою.
၅၈အို ထာဝရဘုရားကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားကူမရန်ကြွလာတော်မူ၍ ကယ်တင်တော်မူပါ၏။
59 Ты видишь, Господи, обиду мою; рассуди дело мое.
၅၉ကျွန်တော်မျိုးခံရသည့်မတရားမှုများကို ကိုယ်တော်ရှင်သိတော်မူပါ၏။ စီရင်ပေးတော်မူပါ။
60 Ты видишь всю мстительность их, все замыслы их против меня.
၆၀ရန်သူများသည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြသည်ကိုလည်းကောင်း၊ ကျွန်တော်မျိုးအားဆန့်ကျင်၍အဘယ်သို့ လျှို့ဝှက်ကြံစည်ကြသည်ကိုလည်းကောင်း ကိုယ်တော်ရှင်သိတော်မူပါ၏။
61 Ты слышишь, Господи, ругательство их, все замыслы их против меня,
၆၁``ကိုယ်တော်ရှင်သည်ထိုသူတို့ကျွန်တော်မျိုး အား စော်ကားကြသည်ကိုကြားတော်မူ၍ သူတို့၏လျှို့ဝှက်သောအကြံအစည် မှန်သမျှကိုလည်းသိတော်မူပါ၏။
62 речи восстающих на меня и их ухищрения против меня всякий день.
၆၂သူတို့သည်တစ်နေကုန်တစ်နေခန်း ကျွန်တော်မျိုး အကြောင်းကိုပြောဆိုလျက် မိမိတို့အကြံအစည်များကိုပြုလုပ်ကြပါ၏။
63 Воззри, сидят ли они, встают ли, я для них - песнь.
၆၃မိုးလင်းမှမိုးချုပ်တိုင်အောင်ကျွန်တော်မျိုးကို ပြက်ရယ်ပြုကြပါ၏။
64 Воздай им, Господи, по делам рук их;
၆၄``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
65 пошли им помрачение сердца и проклятие Твое на них;
၆၅သူတို့အားကျိန်ဆဲတော်မူ၍စိတ်ဋ္ဌာတ် ကျဆင်းစေတော်မူပါ။
66 преследуй их, Господи, гневом, и истреби их из поднебесной.
၆၆သူတို့ကိုလိုက်လံဖမ်းဆီးတော်မူ၍ ကမ္ဘာမြေပေါ်မှ အကုန်အစင်သုတ်သင်ပယ်ရှင်းတော်မူပါ။''