< Иеремия 2 >
1 И было слово Господне ко мне:
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်၍၊ သင်သည်ယေရုရှလင်မြို့သို့ သွားပြီး လျှင်၊
2 иди и возгласи в уши дщери Иерусалима: так говорит Господь: Я вспоминаю о дружестве юности твоей, о любви твоей, когда ты была невестою, когда последовала за Мною в пустыню, в землю незасеянную.
၂အော်ဟစ်ရမည်အရာဟူမူကား၊ ထာဝရဘုရားက၊ လယ်မလုပ်သော တောအရပ်၌ သင်သည် ငါ့နောက် သို့လိုက်သောအခါ၊ အသက်အရွယ်နုငယ်၍ခံရသောကျေးဇူးကို၎င်း၊ ထိမ်းမြားပေးစားခြင်းနှင့်ယှဉ်သော ချစ်ခြင်းမေတ္တာကို၎င်း ငါအောက်မေ့၏။
3 Израиль был святынею Господа, начатком плодов Его; все поедавшие его были осуждаемы, бедствие постигало их, говорит Господь.
၃ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွားတော်အဘို့ အဦးသီးသော အသီးဖြစ်၏။ သူတို့ကို လုယူသောသူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရ သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4 Выслушайте слово Господне, дом Иаковлев и все роды дома Израилева!
၄အိုယာကုပ်အမျိုးနှင့် ဣသရေလ အမျိုးအနွယ် အပေါင်းတို့၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နား ထောင်ကြလော့။
5 Так говорит Господь: какую неправду нашли во Мне отцы ваши, что удалились от Меня и пошли за суетою, и осуетились,
၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ထံမှဝေးစွာထွက်သွား၍၊ အနတ္တလမ်း သို့လိုက်လျက်၊ အနတ္တသက်သက်ဖြစ်ရမည်အကြောင်း၊ ငါ၌ အဘယ်မည်သောအပြစ်ကို တွေ့ကြသနည်း။
6 и не сказали: “где Господь, Который вывел нас из земли Египетской, вел нас по пустыне, по земле пустой и необитаемой, по земле сухой, по земле тени смертной, по которой никто не ходил и где не обитал человек?”
၆သူတို့က၊ ငါတို့ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်၍၊ တောတရှောက်လုံး၊ လွင်ပြင်၊ မြေတွင်းနှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည်၊ ခရီးသွားသောသူ၊ နေရာကျသောသူမရှိသော ပြည်တ ရှောက်လုံးသို့ပို့ဆောင်သော ထာဝရဘုရားသည် အဘယ် မှာ ရှိတော်မူသနည်းဟု မမေးကြ။
7 И Я ввел вас в землю плодоносную, чтобы вы питались плодами ее и добром ее; а вы вошли и осквернили землю Мою, и достояние Мое сделали мерзостью.
၇ဝပြောသော ပြည်၏အသီးအနှံဆီဥဆီကြည်ကို စားစေခြင်းငှါ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေ ကို ရွံရှာဘွယ်ဖြစ်စေကြသည်တကား။
8 Священники не говорили: “где Господь?”, и учители закона не знали Меня, и пастыри отпали от Меня, и пророки пророчествовали во имя Ваала и ходили во след тех, которые не помогают.
၈ယဇ်ပုရောဟိတ်တို့က၊ ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟု မမေးကြ။ ကျမ်းတတ်တို့ သည် ငါ့ကိုမသိကြ။ သင်းအုပ်တို့သည် ငါ့ကို ပြစ်မှား ကြ၏။ ပရောဖက်တို့သည် ဗာလကို အမှီပြု၍ ဟောပြော လျက်၊ ကျေးဇူးမဲ့သောလမ်းသို့ လိုက်ကြ၏။
9 Поэтому Я еще буду судиться с вами, говорит Господь, и с сыновьями сыновей ваших буду судиться.
၉ထိုကြောင့်၊ သင်တို့နှင့် သင်တို့သားသမီးများကို ငါစစ်ကြောမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
10 Ибо пойдите на острова Хиттимские и посмотрите, и пошлите в Кидар и разведайте прилежно, и рассмотрите: было ли там что-нибудь подобное сему?
၁၀ခိတ္တိမ်ကျွန်းတို့သို့ကူး၍ ကြည့်ရှုကြလော့။ ကေဒါပြည်သို့ လူကို စေလွှတ်၍၊ ထိုသို့ဖြစ်ဘူးပြီလောဟု စေ့စေ့ကြည့်ရှုဆင်ခြင်ကြလော့။
11 переменил ли какой народ богов своих, хотя они и не боги? а Мой народ променял славу свою на то, что не помогает.
၁၁အခြားတပါးသော လူမျိုးကိုးကွယ်သော ဘုရား သည် ဘုရားမဟုတ်သော်လည်း၊ ပြောင်းလဲဘူးပြီလော။ ငါ၏လူမျိုးသည် ကျေးဇူးမပြုနိုင်သောအရာဘို့ မိမိတို့ ဘုန်းကို ပြောင်းလဲကြပြီတကား။
12 Подивитесь сему, небеса, и содрогнитесь, и ужаснитесь, говорит Господь.
၁၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို မိုဃ်း ကောင်းကင်တို့၊ ထိုအမှုကို မိန်းမောတွေဝေ၍၊ ကြက်သီး မွေးညှင်းထသည်တိုင်အောင် ထိတ်လန့်လျက် နေကြ လော့။
13 Ибо два зла сделал народ Мой: Меня, источник воды живой, оставили, и высекли себе водоемы разбитые, которые не могут держать воды.
၁၃ငါ၏ လူတို့သည် အသက်စမ်းရေတွင်းတည်း ဟူသော၊ ငါ့ကိုစွန့်ပစ်၍၊ ရေမလုံ၊ ပဲ့ပျက်သောရေကျင်း တို့ကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြုကြပြီ။
14 Разве Израиль раб? или он домочадец? почему он сделался добычею?
၁၄ဣသရေလသည် ကျွန်ဖြစ်သလော။ ကျွန်သား ပေါက် ဖြစ်သလော။ အဘယ်ကြောင့် လုယူခြင်းကို ခံရသနည်း။
15 Зарыкали на него молодые львы, подали голос свой и сделали землю его пустынею; города его сожжены, без жителей.
၁၅ခြင်္သေ့တို့သည် သူ့ကိုဟောက်၍ အသံမြည်ကြ ပြီ။ သူ၏ပြည်ကို ဖျက်ဆီးကြပြီ။ သူ၏မြို့တို့သည် မီးလောင်သောကြောင့်၊ အဘယ်သူမျှ မနေရ။
16 И сыновья Мемфиса и Тафны объели темя твое.
၁၆နောဖမြို့သားနှင့် တာပနက်မြို့သားတို့သည် သင်၏ဦးထိပ်ကို စားကြပြီ။
17 Не причинил ли ты себе это тем, что оставил Господа Бога твоего в то время, когда Он путеводил тебя?
၁၇သင့်ကိုပို့ဆောင်တော်မူသော သင်၏ဘုရား သခင် ထာဝရဘုရားကို သင်သည်စွန့်သောကြောင့်၊ ထိုသို့သော အပြစ်ရောက်သည် မဟုတ်လော။
18 И ныне для чего тебе путь в Египет, чтобы пить воду из Нила? и для чего тебе путь в Ассирию, чтобы пить воду из реки ее?
၁၈ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။
19 Накажет тебя нечестие твое, и отступничество твое обличит тебя; итак познай и размысли, как худо и горько то, что ты оставил Господа Бога твоего и страха Моего нет в тебе, говорит Господь Бог Саваоф.
၁၉သင်၏ ဒုစရိုက်သည် သင့်ကိုဆုံးမမည်။ သင်၏ ဖောက်ပြန်ခြင်းသည် သင့်ကို အပြစ်ပေးမည်။ သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရားကို စွန့်ပစ်သောအမှု၊ ငါ့ကိုမကြောက်ဘဲ နေသောအမှုသည်၊ မကောင်းသော အမှု၊ ခါးသောအမှုဖြစ်သည်ကို သိမြင်ရမည်ဟု ကောင်း ကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
20 Ибо издавна Я сокрушил ярмо твое, разорвал узы твои, и ты говорил: “не буду служить идолам”, а между тем на всяком высоком холме и под всяким ветвистым деревом ты блудодействовал.
၂၀ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးချွတ်၍ သင်က၊ အကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု ဂတိထား သော်လည်း၊ မြင့်သောတောင်ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသောသစ်ပင်ရှိသမျှအောက်၌၎င်း၊ ကိုယ်ကိုချ၍ ပြည်တန်ဆာလုပ်လေ၏။
21 Я насадил тебя как благородную лозу, - самое чистое семя; как же ты превратилась у Меня в дикую отрасль чужой лозы?
၂၁အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ် ဖြစ်သော သင့်ကို ငါစိုက်ပျိုးသော်လည်း၊ သင်သည် ငါ့ရှေ့ မှာ အဘယ်မျှလောက် ဖောက်ပြန်၍၊ အမျိုးမစစ်သော စပျစ်နွယ်ပင်ဖြစ်ပါသည်တကား။
22 Посему, хотя бы ты умылся мылом и много употребил на себя щелоку, нечестие твое отмечено предо Мною, говорит Господь Бог.
၂၂သင်သည် ပေါက်ဆပ်ပြာနှင့် ရေချိုး၍၊ ချက် သော ဆပ်ပြာအများကို သုံးသော်လည်း၊ သင်၏အပြစ် သည် ငါ့ရှေ့မှာထင်ရှားသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
23 Как можешь ты сказать: “я не осквернил себя, я не ходил во след Ваала?” Посмотри на поведение твое в долине, познай, что делала ты, резвая верблюдица, рыщущая по путям твоим?
၂၃သင်ကလည်း၊ ငါသည် ညစ်ညူးခြင်းမရှိ၊ ဗာလ ဘုရားတို့ နောက်သို့မလိုက်ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ချိုင့်၌ သင်လိုက်သော လမ်းကိုကြည့်ရှုလော့။ သင်ပြု သော အမှုတို့ကို ဝန်ခံလော့။ လျင်မြန်စွာ ပြေး၍ လှည့် လည်တတ်သော ကုလားအုပ်မပါတကား။
24 Привыкшую к пустыне дикую ослицу, в страсти души своей глотающую воздух, кто может удержать? Все, ищущие ее, не утомятся: в ее месяце они найдут ее.
၂၄တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။
25 Не давай ногам твоим истаптывать обувь и гортани твоей - томиться жаждою. Но ты сказал: “не надейся, нет! ибо люблю чужих и буду ходить во след их”.
၂၅သင်၏ခြေနင်းကို မပျက်စေနှင့်။ ရေငတ်ခြင်း အကြောင်းကို မပြုနှင့်ဟုဆိုသော်လည်း၊ သင်ကမြော်လင့် စရာမရှိ၊ အလျှင်းမရှိ။ သူတပါးတို့ကို ငါချစ်၍၊ သူတို့ နောက်သို့ လိုက်မည်ဟု ပြန်ပြော၏။
26 Как вор, когда поймают его, бывает осрамлен, так осрамил себя дом Израилев: они, цари их, князья их, и священники их, и пророки их, -
၂၆ဘမ်းမိသောသူခိုးသည် ရှက်သကဲ့သို့၊ ဣသ ရေလအမျိုး၏ ရှင်ဘုရင်၊ မင်းသား၊ ယဇ်ပုရောဟိတ်၊ ပရောဖက်နှင့်တကွ အမျိုးသားများတို့သည် ရှက်ကြ၏။
27 говоря дереву: “ты мой отец”, и камню: “ты родил меня”; ибо они оборотили ко Мне спину, а не лице; а во время бедствия своего будут говорить: “встань и спаси нас!”
၂၇သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘ ဖြစ်တော်မူ၏ဟူ၍၎င်း၊ ကျောက်အားလည်း၊ ကိုယ်တော် သည် အကျွန်ုပ် ကို ဘွားမြင်တော်မူပြီဟူ၍၎င်း ဆိုလျက်၊ စင်စစ်ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှု ရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မ တော်မူပါဟု လျှောက်တတ်ကြ၏။
28 Где же боги твои, которых ты сделал себе? - пусть они встанут, если могут спасти тебя во время бедствия твоего; ибо сколько у тебя городов, столько и богов у тебя, Иуда.
၂၈ကိုယ်အဘို့ သင်လုပ်သော ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ အမှုရောက်သောအခါ သူတို့ သည် တတ်နိုင်လျှင်ထ၍ ကယ်ကြပါလေစေ။ အိုယုဒ ပြည်၊ သင်သည် မြို့များ အရေအတွက်ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။
29 Для чего вам состязаться со Мною? - все вы нечестиво поступали и согрешали против Меня, говорит Господь.
၂၉ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် အဘယ်အကျိုးအလိုငှါ ငါနှင့်တရားတွေ့ကြမည် နည်း။ သင်တို့ရှိသမျှသည် ငါ့ကို ပြစ်မှားကြပြီ။
30 Вотще поражал Я детей ваших: они не приняли вразумления; пророков ваших поядал меч ваш, как истребляющий лев, и вы не убоялись.
၃၀ငါသည်သင်တို့ သားများကို အချည်းနှီးဒဏ်ပေး ပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ ထား သည် လုယူဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့၊ သင်တို့၏ ပရောဖက်များကို ဖျက်ဆီးလေပြီ။
31 О, род! внемлите вы слову Господню: был ли Я пустынею для Израиля? был ли Я страною мрака? Зачем же народ Мой говорит: “мы сами себе господа; мы уже не придем к Тебе”?
၃၁ယခုဖြစ်သော အမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို ဆင်ခြင်ကြလော့။ ငါသည် ဣသရေလ အမျိုး၌ တောကဲ့သို့၎င်း၊ မှောင်မိုက်နိုင်ငံကဲ့သို့၎င်း ဖြစ်ဘူး သလော။ ငါ၏လူတို့က၊ ငါတို့သည် အရပ်ရပ်သို့ လည် မည်။ ကိုယ်တော်ထံသို့ နောက်တဖန်မချဉ်းကပ်ဟု အဘယ်ကြောင့် ဆိုကြသနည်း။
32 Забывает ли девица украшение свое и невеста - наряд свой? а народ Мой забыл Меня, - нет числа дням.
၃၂အပျိုမသည် မိမိ၌ဆင်သောတန်ဆာကို၎င်း၊ မင်္ဂလာဆောင် သတို့သမီးသည် မိမိခါးပန်းကို၎င်း မေ့လျော့နိုင်သလော။ သို့သော်လည်း၊ ငါ၏လူတို့သည် မရေတွက်နိုင်အောင် များစွာသောကာလပတ်လုံး ငါ့ကို မေ့လျော့ကြပြီ။
33 Как искусно направляешь ты пути твои, чтобы снискать любовь! и для того даже к преступлениям приспособляла ты пути твои.
၃၃သင်သည် ရည်းစားကို ရှာခြင်းငှါ သင်တို့ ဘာသာဓလေ့တို့ကို အဘယ်ကြောင့်ပြုပြင်သနည်း။ သင်၏အသိအကျွမ်းတို့ကို သွေးဆောင်လေပြီတကား။
34 Даже на полах одежды твоей находится кровь людей бедных, невинных, которых ты не застала при взломе, и, несмотря на все это,
၃၄ထိုမှတပါး၊ အနိုင်အထက်ပြုသည်ကို သင် မတွေ့။ အပြစ်မရှိသော ဆင်းရဲသားတို့ကို အသေသတ်၍၊ သွန်းသော အသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား ၏။
35 говоришь: “так как я невинна, то верно гнев Его отвратится от меня”. Вот, Я буду судиться с тобою за то, что говоришь: “я не согрешила”.
၃၅ထိုသို့သော အပြစ်များရှိသော်လည်း သင်က၊ ငါ၌အပြစ်မရှိသောကြောင့်၊ ဘုရားသခင်၏ အမျက် တော်သည် ငါမှလွှဲသွားလိမ့်မည်ဟု ဆိုပါသည်တကား။ ငါ၌အပြစ်မရှိဟုဆိုသောကြောင့်၊ သင့်ကို ငါစစ်ကြော စီရင်မည်။
36 Зачем ты так много бродишь, меняя путь твой? Ты так же будешь посрамлена и Египтом, как была посрамлена Ассириею;
၃၆သင်သည် အရပ်ရပ်သို့ ပြောင်းလဲခြင်းငှါ၊ အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သနည်း။ အာရှုရိပြည်ကို ရှက်ကြောက်သည်နည်းတူ၊ အဲဂုတ္တုပြည် ကို ရှက်ကြောက်လိမ့်မည်။
37 и от него ты выйдешь, положив руки на голову, потому что отверг Господь надежды твои, и не будешь иметь с ними успеха.
၃၇သင်သည် မိမိလက်ကို မိမိခေါင်းပေါ်မှာ တင်လျက်၊ ထိုပြည်မှ အမှန်ထွက်သွားရလိမ့်မည်။ အကြောင်းမူကား၊ သင်ခိုလှုံသောအရာတို့ကို ထာဝရ ဘုရားသည် ပယ်တော်မူသောကြောင့်၊ ခိုလှုံ၍ အကျိုးကို မရနိုင်ရာ။