< Бытие 10 >
1 Вот родословие сынов Ноевых: Сима, Хама и Иафета. После потопа родились у них дети.
၁ရေလွှမ်းမိုးသောနောက်၊ နောဧသား ရှေမ၊ ဟာမ၊ ယာဖက်တို့မှ ဆင်းသက်သော သားစဉ်မြေးဆက် တို့ကို ဆိုပေအံ့။
2 Сыны Иафета: Гомер, Магог, Мадай, Иаван, Елиса, Фувал, Мешех и Фирас.
၂ယာဖက်၏သားကား ဂေါမာ၊ မာဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှက်၊ ထိုက်တည်း။
3 Сыны Гомера: Аскеназ, Рифат и Фогарма.
၃ဂေါမသားကား၊ အာရှေကနတ်၊ ရိဖတ် တော်ဂမတည်း။
4 Сыны Иавана: Елиса, Фарсис, Киттим и Доданим.
၄ယာဝန်သားကား၊ ဧလိရှား၊ တာရှု၊ ကိတ္တိမ်၊ ဒေါဒနိမ်တည်း။
5 От сих населились острова народов в землях их, каждый по языку своему, по племенам своим, в народах своих.
၅ဤသူတို့သည် လူအမျိုးမျိုး တကျွန်းတနိုင်ငံ မြေနယ်တို့ကို ဘာသာအသီးအသီး၊ အမျိုးအနွယ် အသီးသီးရှိသည့်အတိုင်း၊ အချင်းချင်း ခွဲဝေကြ၏။
6 Сыны Хама: Хуш, Мицраим, Фут и Ханаан.
၆ဟာမသားကား၊ ကုရှ၊ မိဇရိမ်၊ ဇုတ၊ ခါနာန်တည်း။
7 Сыны Хуша: Сева, Хавила, Савта, Раама и Савтеха. Сыны Раамы: Шева и Дедан.
၇ကုရှသားကား၊ သေဘ၊ ဟာဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါတည်း။ ရာဂမသားကား၊ ရှေဘ၊ ဒေဒန်တည်း။
8 Хуш родил также Нимрода; сей начал быть силен на земле;
၈ကုရှသည် သားနိမ်ရောဒကိုလည်း ရသေး၏။ ထိုသားသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သော သူဖြစ်၏။
9 он был сильный зверолов пред Господом Богом, потому и говорится: сильный зверолов, как Нимрод, пред Господом Богом.
၉ထာဝရဘုရားရှေ့မှာ အားကြီးသော မုဆိုးဖြစ်၏။ ထိုကြောင့် စကားပုံ၌ကား၊ ဘုရားရှေ့နိမ်ရောဒ၊ အားကြီးမုဆိုး၊ ပြုလုပ်သည်လိုဟု စပ်ဆိုသတည်း။
10 Царство его вначале составляли: Вавилон, Эрех, Аккад и Халне в земле Сеннаар.
၁၀သူ၏ နိုင်ငံအဦးကား၊ ရှိနာပြည်၌ ဗာဗုလုန်မြို့၊ ဧရက်မြို့၊ အက္ကမြို့ကာလနေမြို့တည်း။
11 Из сей земли вышел Ассур и построил Ниневию, Реховоф-ир, Калах
၁၁ထိုပြည်မှာအာရှရိပြည်သို့သွား၍ နိနေဝမြို့၊ ရဟောဘုတ်မြို့ ကာလမြို့ကို၎င်း၊
12 и Ресен между Ниневиею и между Калахом; это город великий.
၁၂နိနေဝေမြို့နှင့်၊ ကာလမြို့စပ်ကြားမှာ ကြီးစွာသော မြို့တည်းဟူသော ရေသင်မြို့ကို၎င်း တည်ဆောက် လေ၏။
13 От Мицраима произошли Лудим, Анамим, Легавим, Нафтухим,
၁၃မိဇရိမ်သားကား၊ လုဒိမ်လူ၊ အာနမိမ်လူ၊ လဟာဗိမ်လူ၊ နတ္တုဟိမ်လူ၊
14 Патрусим, Каслухим, откуда вышли Филистимляне, и Кафторим.
၁၄ပါသရူသိမ်လူ၊ ကာသလုဟိမ်လူ၊ ကတ္တောရိမ် လူတည်း။ ကာသလုဟိမ်အမျိုးထဲက ဖိလိတ္တိလူဖြစ် သတည်း။
15 От Ханаана родились: Сидон, первенец его, Хет,
၁၅ခါနာန်သား အကြီးကား၊ ဇိဒုန်။ ထိုနောက် ဟေသ။
16 Иевусей, Аморрей, Гергесей,
၁၆ထိုနောက် ယေဗုသိလူ၊ အာမောရိလူ။ ဂိရဂါရှိ လူ၊
၁၇ဟိဝိ လူ၊ အာကိလူ၊ သိနိလူ၊
18 Арвадей, Цемарей и Химафей. Впоследствии племена Ханаанские рассеялись,
၁၈အာဝဒိ လူ၊ ဇေမရိလူ၊ ဟာမသိ လူတည်း။ ထိုနောက်ခါနာန် အမျိုးသားအသီးသီးတို့သည် နှံ့ပြားကြ လေ၏။
19 и были пределы Хананеев от Сидона к Герару до Газы, отсюда к Содому, Гоморре, Адме и Цевоиму до Лаши.
၁၉ခါနာန်အမျိုးသား နေရာပြည်နယ်သည် ဇိဒုန်မြို့မှဂေရာမြို့၊ ဂါဇမြို့တိုင်အောင်၎င်း တဖန်သောဒုမြို့၊ ဂေါမာရမြို့၊ အာဒမာမြို့ ဇောဘိုင်မြို့ကိုလွန်၍ လာရှမြို့ တိုင်အောင်၎င်း ရှိသတည်း။
20 Это сыны Хамовы, по племенам их, по языкам их, в землях их, в народах их.
၂၀ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်အပြည် အတိုင်းတိုင်း၌ နေသော ဟာမသားများ ဖြစ်သတည်း။
21 Были дети и у Сима, отца всех сынов Еверовых, старшего брата Иафетова.
၂၁ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘ၊ ရှေမသည်လည်း သားများကိုမြင်လေ၏။
22 Сыны Сима: Елам, Ассур, Арфаксад, Луд, Арам и Каинан.
၂၂ရှေမသားကား၊ ဧလံ၊ အာရှရ၊ အာဖါဇဒ်၊ လုဒ၊ အာရံတည်း။
23 Сыны Арама: Уц, Хул, Гефер и Маш.
၂၃အာရံသားကား၊ ဥဇ၊ ဟုလ၊ ဂေသာ၊ မာရှတည်း။
24 Арфаксад родил Каинана, Каинан родил Салу, Сала родил Евера.
၂၄အာဖာဇ်သားရှာလ၊ ရှာလသားဟေဗာတည်း။
25 У Евера родились два сына; имя одному: Фалек, потому что во дни его земля разделена; имя брату его: Иоктан.
၂၅ဟေဗာသည်လည်း သားနှစ်ယောက်ကို မြင်လေ၏။ သားတယောက်ကား၊ ဖာလက်အမည်ရှိ၏။ အကြောင်းမူကား၊ သူ့လက်ထက်၌ မြေကြီးကို ခွဲဝေကြ၏။ သူ၏ညီကား၊ ယုတ္တန် အမည်ရှိ၏။
26 Иоктан родил Алмодада, Шалефа, Хацармавефа, Иераха,
၂၆ယုတ္တန်သားကား၊ အာလမောဒဒ်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊
27 Гадорама, Узала, Диклу,
၂၇ဟဒေါရံ၊ ဥဇလ၊ ဒိကာလ၊
28 Овала, Авимаила, Шеву,
၂၈ဩဗလအဘိမေလ၊ ရှေဘ၊
29 Офира, Хавилу и Иовава. Все эти сыновья Иоктана.
၂၉ဩဖိရဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့ သည် ယုတ္တန်သားဖြစ်သတည်း။
30 Поселения их были от Меши до Сефара, горы восточной.
၃၀သူတို့နေရာမူကား၊ မေရှမြို့မှသည် အရှေ့ မျက်နှာ၌သေဖာတောင်တိုင်အောင် ရှိသတည်း။
31 Это сыновья Симовы по племенам их, по языкам их, в землях их, по народам их.
၃၁ဤသူတို့သည် သီးခြားသော အမျိုးအနွယ်၊ သီးခြားသော ဘာသာအလိုက်၊ အပြည်ပြည်အတိုင်းတိုင်း တို့၌နေသော ရှေမသားများဖြစ်သတည်း။
32 Вот племена сынов Ноевых, по родословию их, в народах их. От них распространились народы на земле после потопа
၃၂ဤရွှေ့ကား မိမိတို့အမျိုးအနွယ် အသီးသီး အလိုက်မှတ်သားထားသော နောဧသား ဆွေစဉ် မျိုးဆက်စာရင်းပေးသတည်း။ ထိုသူတို့သည် ရေလွှမ်းမိုးသောနောက်၊ မြေကြီးပေါ်မှာ သီးခြားသော တိုင်းပြည် တို့ကိုတည်ထောင်ကြလေ၏။