< Иезекииль 39 >
1 Ты же, сын человеческий, изреки пророчество на Гога и скажи: так говорит Господь Бог: вот, Я - на тебя, Гог, князь Роша, Мешеха и Фувала!
၁သို့ဖြစ်၍၊ အချင်းလူသား၊ ဂေါဂတဘက်၌ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ရောရှ၊ မေရှက်၊ တုဗလပြည်တို့ကို အစိုးရသောအိုဂေါဂမင်း၊ ငါသည်သင့်တဘက်၌ နေ၏။
2 И поверну тебя, и поведу тебя, и выведу тебя от краев севера, и приведу тебя на горы Израилевы.
၂သင့်ကို ငါလှည့်၍ သွေးဆောင်မည်။ မြောက် မျက်နှာမှ ချီလာ၍ ဣသရေလတောင်တို့အပေါ်သို့ ရောက်စေမည်။
3 И выбью лук твой из левой руки твоей, и выброшу стрелы твои из правой руки твоей.
၃ထိုအခါ သင့်လက်ဝဲလက်မှ လေးကို၎င်း။ လက်ျာလက်မှ မြှားတို့ကို၎င်း၊ ငါရိုက်၍ကျစေမည်။
4 Падешь ты на горах Израилевых, ты и все полки твои, и народы, которые с тобою; отдам тебя на съедение всякого рода хищным птицам и зверям полевым.
၄သင်နှင့်သင်၌ပါသော တပ်သား အပေါင်းတို့ သည် ဣသရေလတောင်တို့အပေါ်မှာ လဲ၍သေကြလိမ့် မည်။ သင့်ကို အမျိုးမျိုးသော ငှက်ရဲ၊ သားရဲတို့ကိုက်စား စရာဘို့ ငါအပ်မည်။
5 На открытом поле падешь; ибо Я сказал это, говорит Господь Бог.
၅သင်သည် လွင်ပြင်၌ လဲ၍သေလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
6 И пошлю огонь на землю Магог и на жителей островов, живущих беспечно, и узнают, что Я Господь.
၆မာဂေါဂပြည်နှင့် ပင်လယ်ကမ်းနားမှာ ငြိမ်ဝပ် စွာနေသော သူတို့အပေါ်သို့ မီးကိုငါလွှတ်လိုက်၍၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
7 И явлю святое имя Мое среди народа Моего, Израиля, и не дам вперед бесславить святого имени Моего, и узнают народы, что Я Господь, Святый в Израиле.
၇ထိုသို့ငါ၏ နာမမြတ်ကိုငါ၏ လူဣသရေလ အမျိုးသားတို့တွင် ထင်ရှားစေမည်။ နောက်တဖန်သူတို့ သည် ငါ၏နာမမြတ်ကိုမရှုတ်ချရကြ။ ငါသည်ဣသရေလ အမျိုး၏ သန့်ရှင်းသောဘုရား၊ ထာဝရဘုရားဖြစ်ကြောင်း ကို တပါးအမျိုးသားတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
8 Вот, это придет и сбудется, говорит Господь Бог, это тот день, о котором Я сказал.
၈တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အမှုရောက်လေပြီ။ ပြည့်စုံလေပြီ။ ယခုနေ့ရက် သည် ငါမိန့်မြွက်နှင့်ပြီးသော နေ့ရက်ဖြစ်၏။
9 Тогда жители городов Израилевых выйдут, и разведут огонь, и будут сожигать оружие, щиты и латы, луки и стрелы и булавы и копья; семь лет буду жечь их.
၉ဣသရေလမြို့တို့၌ နေသောသူတို့သည် ထွက် သွား၍၊ စစ်တိုက်လက်နက်၊ ဒိုင်း၊ လွှား၊ လေး၊ မြှား၊ တုတ်၊ လှံများကို ခုနစ်နှစ်ပတ်လုံး မီးရှို့ကြလိမ့်မည်။
10 И не будут носить дров с поля, ни рубить из лесов, но будут жечь только оружие; и ограбят грабителей своих, и оберут обирателей своих, говорит Господь Бог.
၁၀ထိုကာတွင် ဥယျာဉ်တော်၌ထင်းမခွေ၊ တော၌ ထင်းမခုတ်မလှဲ၊ စစ်တိုက်လက်နက်တို့နှင့် မီးမွေးကြလိမ့် မည်။ ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးကြလိမ့်မည်။ လုယူသောသူတို့၏ ဥစ္စာကိုလည်းလုယူကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11 И будет в тот день: дам Гогу место для могилы в Израиле, долину прохожих на восток от моря, и она будет задерживать прохожих; и похоронят там Гога и все полчище его, и будут называть ее долиною полчища Гогова.
၁၁ထိုကာလတွင် ဣသရေလပြည်၊ အိုင်အရှေ့၊ ခရီးသွားရာချိုင့်၌ ထင်ရှားသော သင်္ချိုင်းကိုဂေါဂအား ငါပေးမည်။ ခရီသွားသော သူတို့သည် နှာခေါင်းကို ပိတ်ရ ကြလိမ့်မည်။ ထိုအရပ်၌ ဂေါဂ နှင့်သူ၏လူ အလုံးအရင်းရှိသမျှကိုမြေ၌ မြှုပ်၍၊ ထိုချိုင့်သည် ဟာမုန်ဂေါဂ ချိုင့်အမည်ဖြင့် တွင်လိမ့်မည်။
12 И дом Израилев семь месяцев будет хоронить их, чтобы очистить землю.
၁၂ဣသရေလ အမျိုးသားတို့သည် ပြည်ကို သန့်ရှင်းစေခြင်းငှါ ခုနစ်နှစ်ပတ်လုံး မြေ၌မြှုပ်ကြ လိမ့်မည်။
13 И весь народ земли будет хоронить их, и знаменит будет у них день, в который Я прославлю Себя, говорит Господь Бог.
၁၃ပြည်သားအပေါင်းတို့သည် ဝိုင်း၍မြေ၌မြှုပ်သဖြင့်၊ ငါ၏ဘုန်းပွင့်သော ထိုနေ့ရက်၌ သူတို့သည်လည်း ကျော်စောခြင်းသို့ ရောက်ကြလိမ့်မည် ဟုအရှင်ထာဝရ ဘုရား မိန့်တော်မူ၏။
14 И назначат людей, которые постоянно обходили бы землю и с помощью прохожих погребали бы оставшихся на поверхности земли, для очищения ее; по прошествии семи месяцев они начнут делать поиски;
၁၄အရပ်ရပ်လှည့်လည်၍ အခြားသောခရီးသည် တို့နှင့် ဝိုင်းလျက်၊ မြေပေါ်၌ကြွင်းသေးသော အသေ ကောင်တို့ကို မြှုပ်၍၊ ထိုပြည်ကို သန့်ရှင်းစေခြင်းငှါ အစဉ်အမှုစောင့်သော သူတို့ကိုရွေးကောက်၍ ခန့်ထား ရကြလိမ့်မည်။ ထိုသူတို့သည် ခုနစ်လမက ရှာဖွေ ကြစဉ်တွင်၊
15 и когда кто из обходящих землю увидит кость человеческую, то поставит возле нее знак, доколе погребатели не похоронят ее в долине полчища Гогова.
၁၅လှည့်လည်၍ ခရီးသွားသောသူတို့သည် အသေ ကောင်၏ အရိုးကိုတွေ့မြင်လျှင်၊ မြေ၌မြှုပ်သော သူတို့သည် ဟာမုန်ဂေါဂချိုင့်၌ မမြှုပ်မှီတိုင်အောင်၊ အရိုး၏အနားမှာမှတ်တိုင်ကို စိုက်ရကြမည်။
16 И будет имя городу: Гамона полчище. И так очистят они землю.
၁၆ထိုအရပ်၌ တည်သောမြို့သည်လည်း ဟာမုန် မြို့ဟူ၍တွင်သဖြင့်၊ ထိုသို့ပြည်တော်ကို သန့်ရှင်းစေကြ လိမ့်မည်။
17 Ты же, сын человеческий, так говорит Господь Бог, скажи всякого рода птицам и всем зверям полевым: собирайтесь и идите, со всех сторон сходитесь к жертве Моей, которую Я заколю для вас, к великой жертве на горах Израилевых; и будете есть мясо и пить кровь.
၁၇အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ငှက်အမျိုးမျိုးတို့နှင့် မြေတိရစ္ဆာန်ခပ်သိမ်တို့အား၊ ဆင့်ဆိုရမည်မှာ၊ စည်ဝေး၍လာကြလော့။ ဣသရေလ တောင်တို့အပေါ်၌ သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲကြီး သို့ အရပ်ရပ်တို့က စည်းဝေး၍၊ အသားအသွေးကို သောက်စားခြင်းငှါ လာကြလော့။
18 Мясо мужей сильных будете есть, и будете пить кровь князей земли, баранов, ягнят, козлов и тельцов, всех откормленных на Васане;
၁၈သင်တို့သည် အားကြီးသောသူတို့၏ အသား၊ လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေး သော သိုးထီး၊ ဆိတ်ထီး၊ နွားလားဥဿဘတို့၏ အသား အသွေးကို သောက်စားရကြလိမ့်မည်။
19 и будете есть жир до сытости и пить кровь до опьянения от жертвы Моей, которую Я заколю для вас.
၁၉သင်တို့အဘို့ ငါစီရင်သော ယဇ်ပွဲ၌ ဆီဥကိုဝစွာ စားရကြလိမ့်မည်။ အသွေးနှင့်ယစ်မူးသည်တိုင်အောင် သောက်ရကြလိမ့်မည်။
20 И насытитесь за столом Моим конями и всадниками, мужами сильными и всякими людьми военными, говорит Господь Бог.
၂၀ထိုသို့စားပွဲ၌မြင်း၊ မြင်းစီးသူရဲ၊ ခွန်အားကြီး သောသူ၊ စစ်တိုက်သောသူ အမျိုးမျိုးတို့ကို ဝစွာစားရကြ လိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21 И явлю славу Мою между народами, и все народы увидят суд Мой, который Я произведу, и руку Мою, которую Я наложу на них.
၂၁ငါ့ဘုန်းကိုလည်း တပါးအမျိုးသားတို့တွင် ငါထင်ရှားစေ၍၊ ငါစီဂရင်သောတရားမှုနှင့်၊ သူတို့၌ ငါတင်သောလက်ကို တပါးအမျိုးသားအပေါင်းတို့သည် မြင်ရကြလိမ့်မည်။
22 И будет знать дом Израилев, что Я Господь Бог их, от сего дня и далее.
၂၂ငါသည်သူတို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို ဣသရေလအမျိုးသားတို့သည် ထိုနေ့မှ စ၍ သိရကြလိမ့်မည်။
23 И узнают народы, что дом Израилев был переселен за неправду свою; за то, что они поступали вероломно предо Мною, Я сокрыл от них лице Мое и отдал их в руки врагов их, и все они пали от меча.
၂၃ဣသရေလအမျိုးသားတို့သည် မိမိအမျိုးတို့ အပြစ်ကြောင့် သိမ်းသွားခြင်းခံရကြောင်းကို တပါး အမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါ့ကိုပြစ်မှားသော ကြောင့်၊ ငါသည် မျက်နှာလွှဲ၍ ရန်သူတို့လက်သို့ အပ် သဖြင့်၊ ထိုသူအပေါင်းတို့သည် ထားဖြင့် လဲ၍ သေရ ကြပြီ။
24 За нечистоты их и за их беззаконие Я сделал это с ними, и сокрыл от них лице Мое.
၂၄သူတို့ညစ်ညူးသောအမှု၊ လွန်ကျူးခြင်းအမှုတို့ အတိုင်း ငါသည် ပြု၍ မျက်နှာကိုလွှဲပြီ။
25 Посему так говорит Господь Бог: ныне возвращу плен Иакова, и помилую весь дом Израиля, и возревную по святом имени Моем.
၂၅ဤအမှုတွင် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သိမ်းသွားခြင်းကို ခံရသောယာကုပ် အမျိုးကို ငါတဖန်ဆောင်ခဲ့၍၊ ဣသရေလအမျိုးသားအပေါင်းတို့ကို ကယ်မသနားသဖြင့်၊ ငါ၏နာမမြတ်အဘို့ အလိုငှါ စိတ်အားကြီးမည်။
26 И почувствуют они бесчестие свое и все беззакония свои, какие делали предо Мною, когда будут жить на земле своей безопасно, и никто не будет устрашать их,
၂၆သူတို့ကို လူအမျိုးမျိုးထဲက ငါခေါ်ခဲ့၍၊
27 когда Я возвращу их из народов, и соберу их из земель врагов их, и явлю в них святость Мою пред глазами многих народов.
၂၇ရန်သူနေရာပြည်တို့မှ စုဝေးစေလျက်၊ သူတို့ အားဖြင့်များစွားသော လူမျိုးတို့ရှေ့မှာ ငါသည်ချီးမြှောက် ခြင်းသို့ရောက်သောအခါ၊ သူတို့သည် ကြောက်စေသော သူမရှိ၊ ငြိမ်ဝပ်စွာနေကြစဉ်တွင် ခံရဘူးသောအရှက်ကွဲ ခြင်းနှင့်၊ ငါအားပြစ်မှားခြင်းအပြစ်များကို အောက်မေ့ကြ ရလိမ့်မည်။
28 И узнают, что Я Господь Бог их, когда, рассеяв их между народами, опять соберу их в землю их и не оставлю уже там ни одного из них;
၂၈ငါသည်သူတို့ကို တပါးအမျိုးသားတို့၏ သိမ်း သွားခြင်းကို ခံစေသောကြောင့်၎င်း၊ နောက်တဖန် နေရင်းပြည်၌ စုဝေးစေ၍ နေရာချသောကြောင့်၎င်း၊ သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြ လိမ့်မည်။
29 и не буду уже скрывать от них лица Моего, потому что Я изолью дух Мой на дом Израилев, говорит Господь Бог.
၂၉ငါသည် ကိုယ်ဝိညာဉ်ကို ဣသရေလအမျိုးသား အပေါ်သို့ သွန်းလောင်းသောအခါ၊ သူတို့တွင် တယောက် ကိုမျှ နောက်တဖန်ငါမစွန့်ပစ်၊ ငါ့မျက်နှာကိုလည်းမလွှဲဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။