< 2-я Паралипоменон 19 >
1 И возвращался Иосафат, царь Иудейский, в мире в дом свой в Иерусалим.
၁ယောရှဖတ်မင်းသည်ယေရုရှလင်မြို့နန်း တော်သို့ ကောင်းမွန်ချောမောစွာပြန်လည်ရောက်ရှိ တော်မူ၏။-
2 И выступил навстречу ему Ииуй, сын Анании, прозорливец, и сказал царю Иосафату: следовало ли тебе помогать нечестивцу и любить ненавидящих Господа? За это на тебя гнев от лица Господня.
၂ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
3 Впрочем и доброе найдено в тебе, потому что ты истребил кумиры в земле Иудейской и расположил сердце свое к тому, чтобы взыскать Бога.
၃သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
4 И жил Иосафат в Иерусалиме. И опять стал он обходить народ свой от Вирсавии до горы Ефремовой, и обращал их к Господу, Богу отцов их.
၄ယောရှဖတ်သည်ယေရုရှလင်မြို့တွင်နန်းစံ တော်မူသော်လည်း တောင်ဘက်ရှိဗေရရှေဘ မြို့မှသည်မြောက်ဘက်တောင်ပေါများသည့် ဧဖရိမ်နယ်စပ်တိုင်အောင် အမြဲတစေလှည့် လည်၍ပြည်သူတို့အားမိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားထံ တော်သို့ပြန်စေတော်မူ၏။-
5 И поставил судей на земле по всем укрепленным городам Иудеи в каждом городе,
၅သူသည်ယုဒပြည်ခံတပ်မြို့တိုင်းတွင်တရား သူကြီးများကိုခန့်ထားပြီးလျှင်၊-
6 и сказал судьям: смотрите, что вы делаете, вы творите не суд человеческий, но суд Господа; и Он с вами в деле суда.
၆သူတို့အား``သတိထား၍တရားစီရင်ကြ လော့။ သင်တို့သည်လူပေးအပ်သည့်အခွင့်အာ ဏာအရမဟုတ်၊ ထာဝရဘုရားပေးတော် မူသည့်အခွင့်အာဏာအရဆောင်ရွက်ရကြ ခြင်းဖြစ်သည်။ သင်တို့စီရင်ချက်ချမှတ်ချိန် ၌ကိုယ်တော်သည်သင်တို့နှင့်အတူရှိတော် မူ၏။-
7 Итак да будет страх Господень на вас: действуйте осмотрительно, ибо нет у Господа Бога нашего неправды, ни лицеприятия, ни мздоимства.
၇ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍သတိ နှင့်ဆောင်ရွက်ကြလော့။ အဘယ်ကြောင့်ဆိုသော် ငါတို့ဘုရားသခင်ထာဝရဘုရားသည် လိမ်လည်ကောက်ကျစ်မှု၊ လူမျက်နှာကိုထောက် မှု၊ တံစိုးလက်ဆောင်စားမှုတို့ကိုခွင့်ပြုတော် မမူသောကြောင့်ဖြစ်၏'' ဟုမိန့်တော်မူ၏။
8 И в Иерусалиме приставил Иосафат некоторых из левитов и священников и глав поколений у Израиля - к суду Господню и к тяжбам. И возвратились в Иерусалим.
၈ယောရှဖတ်သည်မြို့သူမြို့သားအချင်းချင်း တရားတွေ့မှုများနှင့်ထာဝရဘုရား၏ပညတ် တော်ကိုချိုးဖောက်မှုများကိုစီရင်ရန်အတွက် လေဝိအနွယ်ဝင်များနှင့်မြို့မိမြို့ဖများအား တရားသူကြီးများအဖြစ်ခန့်ထားတော်မူ၏။-
9 И дал им повеление, говоря: так действуйте в страхе Господнем, с верностью и с чистым сердцем:
၉မင်းကြီးကထိုသူတို့အား``သင်တို့သည်ထာဝရ ဘုရားအားကြောက်ရွံ့ရိုသေသောစိတ်နှင့် မိမိတို့ ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ကြရမည်။ ရိုးသားဖြောင့်မတ်ရကြမည်။ ဘက်မလိုက်ကြရ။-
10 во всяком деле спорном, какое поступит к вам от братьев ваших, живущих в городах своих, о кровопролитии ли, или о законе, заповеди, уставах и обрядах, наставляйте их, чтобы они не провинились пред Господом, и не было бы гнева Его на вас и на братьев ваших; так действуйте, - и вы не погрешите.
၁၀အခြားမြို့များတွင်နေထိုင်သောအမျိုးသား ချင်းတို့သည်လူသတ်မှုကိုဖြစ်စေ၊ တရား ဥပဒေသို့မဟုတ်ပညတ်တော်ကိုလွန်ကူး မှုကိုဖြစ်စေသင်တို့ထံသို့ယူဆောင်လာသည့် အခါတိုင်း သူတို့သည်တရားစီရင်ရာတွင် ထာဝရဘုရားအားမပြစ်မှားမိစေရန်သင် တို့ကသေချာစွာညွှန်ကြားရကြမည်။ ယင်း သို့မပြုပါမူသင်တို့နှင့်သူတို့၏အပေါ်သို့ ထာဝရဘုရား၏အမျက်တော်သက်ရောက် လိမ့်မည်။ သို့ရာတွင်သင်တို့သည်မိမိတို့ တာဝန်ရှိသည်အတိုင်းဆောင်ရွက်ကြလျှင် မူကားအပြစ်လွှတ်ကြလိမ့်မည်။-
11 И вот Амария первосвященник, над вами во всяком деле Господнем, а Зевадия, сын Исмаилов, князь дома Иудина, во всяком деле царя, и надзиратели левиты пред вами. Будьте тверды и действуйте, и будет Господь с добрым.
၁၁ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။