< 1-я Царств 31 >

1 Филистимляне же воевали с Израильтянами, и побежали мужи Израильские от Филистимлян и пали пораженные на горе Гелвуе.
ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာ ပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
2 И догнали Филистимляне Саула и сыновей его, и убили Филистимляне Ионафана, и Аминадава, и Малхисуа, сыновей Саула.
ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကို ပြင်းထန်စွာ လိုက်၍၊ ရှောလု၏သား ယုနသန်၊ အဘိနဒပ်၊ မေလခိရွှ တို့ကို သတ်ကြ၏။
3 И битва против Саула сделалась жестокая, и стрелки из луков поражали его, и он очень изранен был стрелками.
စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ ပစ်သော မြှားမှန်၍ အလွန်နာသောကြောင့်၊
4 И сказал Саул оруженосцу своему: обнажи твой меч и заколи меня им, чтобы не пришли эти необрезанные и не убили меня и не издевались надо мною. Но оруженосец не хотел, ибо очень боялся. Тогда Саул взял меч свой и пал на него.
လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ထားကို ထုတ်၍ ငါ့ကို ထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကို ယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍ သေလေ၏။
5 Оруженосец его, увидев, что Саул умер, и сам пал на свой меч и умер с ним.
ရှောလု သေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုထားကိုထောင်၍ ရှောလုနှင့်အတူ ထားဖျားပေါ်မှာ လှဲ၍ သေ၏။
6 Так умер в тот день Саул и три сына его, и оруженосец его, а также и все люди его вместе.
ထိုသို့ရှောလုမှစ၍ သူ၏ သားသုံးယောက်၊ သူ၏ လက်နက်ဆောင်လုလင်၊ သူ၏ လူအပေါင်းတို့သည် ထိုနေ့ခြင်းတွင် အတူသေကြ၏။
7 Израильтяне, жившие на стороне долины и за Иорданом, видя, что люди Израильские побежали и что умер Саул и сыновья его, оставили города свои и бежали, а Филистимляне пришли и засели в них.
ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တဘက်၊ ယော်ဒန်မြစ်တဘက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍ နေကြ၏။
8 На другой день Филистимляне пришли грабить убитых, и нашли Саула и трех сыновей его, павших на горе Гелвуйской.
နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှါလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက် ရှိသည်ကို တွေ့မြင်ကြ၏။
9 И отсекли ему голову, и сняли с него оружие и послали по всей земле Филистимской, чтобы возвестить о сем в капищах идолов своих и народу;
ရှောလု၏ ခေါင်းကို ဖြတ်၍ လက်နက်တော်ကို ချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌၎င်း၊ လူများတို့၌၎င်း၊ သိတင်းကျော်စောစေခြင်းငှါ ဖိလိတ္တိပြည် အရပ်ရပ်သို့ ပေးလိုက်ကြ၏။
10 и положили оружие его в капище Астарты, а тело его повесили на стене Беф-Сана.
၁၀လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
11 И услышали жители Иависа Галаадского о том, как поступили Филистимляне с Саулом,
၁၁ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
12 и поднялись все люди сильные, и шли всю ночь, и взяли тело Саула и тела сыновей его со стены Беф-Сана, и пришли в Иавис, и сожгли их там;
၁၂သူရဲအပေါင်းတို့သည် ညဉ့်အခါ ထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှ ချပြီး လျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
13 и взяли кости их, и погребли под дубом в Иависе, и постились семь дней.
၁၃အရိုးတို့ကို လည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်

< 1-я Царств 31 >