< Matei 14 >
1 În vremea aceea, Irod tetrarhul a auzit vestea despre Isus
၁ထိုကာလ၌ဂါလိလဲပြည်ကိုအုပ်စိုးသူ ဟေရုဒ်သည်သခင်ယေရှု၏သတင်းကို ကြားလျှင်၊-
2 și a zis slujitorilor săi: “Acesta este Ioan Botezătorul. El a înviat din morți. De aceea lucrează în el aceste puteri”.
၂``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။
3 Pentru că Irod îl prinsese pe Ioan, îl legase și îl întemnițase din cauza Irodiadei, soția fratelui său Filip.
၃ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီးဟေရောဒိ နှင့်ပတ်သက်၍ယောဟန်ကိုဖမ်းဆီးချုပ်နှောင် ကာထောင်တွင်အကျဉ်းထားခဲ့၏။-
4 Căci Ioan îi spusese: “Nu-ți este îngăduit să o ai.”
၄အဘယ်ကြောင့်ဆိုသော်ယောဟန်က ``သင်သည် ညီဖြစ်သူ၏ဇနီးကိုမသိမ်းမယူအပ်'' ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။-
5 Când a vrut să-l omoare, s-a temut de mulțime, pentru că îl socotea profet.
၅ဟေရုဒ်သည်ယောဟန်ကိုသတ်လိုသော်လည်း ယုဒအမျိုးသားတို့ကိုကြောက်သဖြင့်မသတ် ရဲချေ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ယောဟန် ကိုပရောဖက်တစ်ပါးဟုမှတ်ယူနေကြသော ကြောင့်ဖြစ်၏။
6 Dar când a venit ziua de naștere a lui Irod, fiica Irodiadei a dansat printre ei și i-a plăcut lui Irod.
၆ဟေရုဒ်၏မွေးနေ့၌ဟေရောဒိ၏သမီးသည် ဧည့်သည်တော်များအားအကနှင့်ဖျော်ဖြေ လျက်ဟေရုဒ်၏စိတ်ကိုများစွာရွှင်လန်းစေ၏။-
7 De aceea a promis cu jurământ că-i va da tot ce-i va cere.
၇သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
8 Ea, fiind îndemnată de mama ei, a zis: “Dă-mi aici, pe un platou, capul lui Ioan Botezătorul”.
၈သူငယ်မသည်လည်းမိခင်၏တိုက်တွန်းချက် အရ ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကို လင်ပန်းပေါ်တွင်တင်၍အကျွန်ုပ်အားဤနေရာ တွင်ပင်ပေးတော်မူပါ'' ဟုတောင်းလျှောက်၏။
9 Împăratul s-a mâhnit, dar a poruncit să fie dat, pentru jurămintele sale și pentru cei ce stăteau la masă cu el.
၉ထိုအခါမင်းကြီးသည်များစွာစိတ်မချမ်းမသာ ဖြစ်တော်မူသော်လည်းဧည့်သည်တော်များရှေ့တွင် မိမိပေးခဲ့သည့်ကတိကိုထောက်၍ သူငယ်မ တောင်းလျှောက်သည့်အတိုင်းပေးစေရန်အမိန့် ချတော်မူ၏။-
10 A trimis și a decapitat pe Ioan în temniță.
၁၀သို့ဖြစ်၍ယောဟန်၏ဦးခေါင်းကိုထောင်ထဲတွင် ဖြတ်စေပြီးလျှင်၊-
11 Capul lui a fost adus pe un platou și dat tinerei domnișoare, iar ea l-a dus mamei sale.
၁၁လင်ပန်းပေါ်တွင်တင်၍သူငယ်မအားပေးစေ တော်မူ၏။ သူငယ်မသည်လည်းထိုဦးခေါင်းကို မိခင်ထံသို့ယူဆောင်သွား၏။-
12 Ucenicii lui au venit, au luat trupul și l-au îngropat. Apoi s-au dus și au anunțat pe Isus.
၁၂ယောဟန်၏တပည့်တို့သည်လာ၍အလောင်းကို ယူပြီးလျှင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သခင်ယေရှု ထံသို့သွား၍သတင်းပေးကြ၏။
13 Isus, când a auzit aceasta, s-a retras de acolo cu o barcă într-un loc pustiu, la o parte. Când au auzit mulțimile, l-au urmat pe jos dinspre cetăți.
၁၃ဤသတင်းကိုသခင်ယေရှုကြားတော်မူလျှင် ထိုအရပ်မှတစ်ကိုယ်တည်းဆိတ်ကွယ်ရာအရပ် သို့လှေဖြင့်ကြွတော်မူ၏။ အမြို့မြို့မှလူပရိ သတ်တို့သည်လည်းကိုယ်တော်ထွက်ကြွတော်မူ ကြောင်းကြားကြလျှင်နောက်တော်သို့ကုန်းကြောင်း ဖြင့်လိုက်ကြ၏။-
14 Isus a ieșit afară și a văzut o mulțime mare. I s-a făcut milă de ei și le-a vindecat bolnavii.
၁၄ကိုယ်တော်သည်လှေပေါ်မှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူလျှင်သူတို့ကိုသနား တော်မူသဖြင့်ဖျားနာသူများကိုကျန်းမာစေ တော်မူ၏။
15 Când s-a făcut seară, ucenicii Lui au venit la El și I-au zis: “Locul acesta este pustiu și ora este deja târzie. Trimiteți mulțimea să plece, ca să se ducă în sate și să-și cumpere de mâncare.”
၁၅ညချမ်းအချိန်ရောက်သောအခါတပည့်တော်တို့ သည်အထံတော်သို့လာ၍ ``ဤအရပ်သည်လူသူ မရှိသည့်အရပ်ဖြစ်ပါ၏။ နေ့အချိန်လည်းကုန်ပါ ပြီ။ လူတို့အားကျေးရွာများသို့သွား၍အစား အစာဝယ်ယူနိုင်ရန်စေလွှတ်တော်မူပါ'' ဟု လျှောက်ထားကြ၏။
16 Dar Isus le-a zis: “Nu este nevoie să plece. Dați-le voi ceva de mâncare”.
၁၆သခင်ယေရှုက ``ထိုသူတို့သွားကြရန်မလိုပါ။ သင်တို့ပင်လျှင်သူတို့အားစားစရာပေးကြ လော့'' ဟုမိန်တော်မူ၏။
17 Ei I-au spus: “Avem aici numai cinci pâini și doi pești.”
၁၇တပည့်တော်တို့က ``အကျွန်ုပ်တို့မှာမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိပါသည်'' ဟုလျှောက်ထားကြ လျှင်၊
18 El a zis: “Adu-i aici la Mine”.
၁၈ကိုယ်တော်က ``ထိုမုန့်နှင့်ငါးကိုငါ့ထံသို့ယူခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
19 A poruncit mulțimilor să se așeze pe iarbă; apoi a luat cele cinci pâini și cei doi pești și, privind spre cer, a binecuvântat, a frânt și a dat pâinile ucenicilor, iar ucenicii au dat mulțimilor.
၁၉ကိုယ်တော်သည်လူပရိသတ်တို့ကိုမြက်ခင်းပေါ် တွင်ထိုင်စေတော်မူ၏။ ထိုနောက်မုန့်ငါးလုံးနှင့်ငါး နှစ်ကောင်ကိုယူ၍ကောင်းကင်သို့မျှော်ကြည့်လျက် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းတော်မူ ပြီးလျှင် မုန့်များကိုဖဲ့၍တပည့်တော်တို့အားပေး တော်မူ၏။ တပည့်တော်တို့သည်လည်းလူတို့အား ဝေပေးကြ၏။-
20 Toți au mâncat și s-au săturat. Au luat douăsprezece coșuri pline cu ceea ce rămăsese de la bucățile sparte.
၂၀လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
21 Cei care au mâncat erau cam cinci mii de bărbați, pe lângă femei și copii.
၂၁အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
22 Îndată Isus a pus pe ucenici să se urce în corabie și să meargă înaintea Lui, în cealaltă parte, în timp ce El gonea mulțimea.
၂၂ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
23 După ce a alungat mulțimile, s-a urcat singur pe munte ca să se roage. Când a venit seara, era acolo singur.
၂၃လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
24 Dar corabia se afla acum în mijlocul mării, tulburată de valuri, căci vântul era împotrivă.
၂၄တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။
25 În a patra veghe a nopții, Isus a venit la ei, mergând pe mare.
၂၅မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။-
26 Când discipolii l-au văzut umblând pe mare, s-au tulburat și au zis: “Este o fantomă!” și au strigat de frică.
၂၆ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။
27 Dar îndată Isus le-a vorbit și le-a zis: “Înveseliți-vă! Eu sunt! Nu vă temeți!”.
၂၇ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
28 Petru I-a răspuns: “Doamne, dacă ești Tu, poruncește-mi să vin la Tine pe ape.”
၂၈ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
29 El a zis: “Vino!” Petru a coborât din barcă și a mers pe ape pentru a veni la Isus.
၂၉ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-
30 Dar, văzând că vântul era puternic, s-a temut și, începând să se scufunde, a strigat: “Doamne, salvează-mă!”.
၃၀သို့ရာတွင်သူသည်လေအဟုန်ပြင်းသည်ကို မြင်သောအခါကြောက်လန့်၍လာသဖြင့်ရေ နစ်စပြုသည်နှင့် ``သခင်ဘုရား၊ အကျွန်ုပ် အားကယ်တော်မူပါ'' ဟုဟစ်အော်လေ၏။
31 Îndată Isus a întins mâna, l-a apucat și i-a zis: “Tu, cel cu puțină credință, de ce te-ai îndoit?”
၃၁ထိုအခါသခင်ယေရှုသည်လက်တော်ကိုဆန့်၍ ပေတရုကိုဆွဲကိုင်တော်မူပြီးလျှင် ``ယုံကြည်ခြင်း နည်းလှပါတကား။ အဘယ်ကြောင့်ယုံမှားသနည်း'' ဟုမိန့်တော်မူ၏။
32 Când s-au urcat în barcă, vântul a încetat.
၃၂ကိုယ်တော်နှင့်ပေတရုတို့လှေပေါ်သို့ရောက် ကြသောအခါလေသည်ငြိမ်သွားလေ၏။-
33 Cei care erau în barcă au venit și i s-au închinat, spunând: “Cu adevărat ești Fiul lui Dumnezeu!”
၃၃လှေထဲရှိတပည့်တော်တို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးလျက် ``အရှင်ကားအကယ်ပင် ထာဝရဘုရား၏သားတော်ဖြစ်ပါ၏'' ဟု လျှောက်ထားကြ၏။
34 După ce au trecut dincolo, au ajuns în ținutul Ghenaretului.
၃၄ကိုယ်တော်နှင့်တပည့်တော်တို့သည်အိုင်တစ်ဖက်ကမ်း သို့ကူးပြီးနောက်ဂင်နေသရက်မြို့တွင်လှေကို ဆိုက်ကြ၏။-
35 Când oamenii din acel loc l-au recunoscut, au trimis în toată regiunea din jur și i-au adus pe toți cei bolnavi;
၃၅ထိုမြို့သားတို့သည်ကိုယ်တော်ကိုမှတ်မိကြသဖြင့် ပတ်ဝန်းကျင်အရပ်ရပ်သို့လူများစေလွှတ်၍ ဖျား နာသူတို့ကိုအထံတော်သို့ခေါ်ဆောင်လာကြ၏။-
36 și l-au rugat să atingă doar franjurii hainei lui. Toți cei care o atingeau se vindecau.
၃၆ထိုနောက်ဖျားနာသူတို့အားကိုယ်တော်၏အဝတ် တော်အမြိတ်ကိုမျှတို့ထိနိုင်ခွင့်ပြုရန်တောင်းပန် ကြ၏။ ဤသို့တို့ထိရသူအပေါင်းတို့သည်လည်း ကျန်းမာသွားကြ၏။