< Псалмул 68 >
1 Думнезеу Се скоалэ, врэжмаший Луй се рисипеск ши потривничий Луй фуг динаинтя Фецей Луй.
၁ဘုရားသခင်သည်ထတော်မူ၍ကိုယ်တော်၏ ရန်သူများကိုကွဲလွင့်စေတော်မူ၏။ ကိုယ်တော်ကိုမုန်းသောသူတို့သည်အရေးနိမ့်၍ ထွက်ပြေးကြ၏။
2 Кум се рисипеште фумул, аша-й рисипешть Ту; кум се топеште чара ла фок, аша пер чей рэй динаинтя луй Думнезеу.
၂ကိုယ်တော်သည်သူတို့အားလေတွင်လွင့်ပါ သွားသော မီးခိုးကဲ့သို့လွင့်စင်သွားစေတော်မူ၏။ ဖယောင်းသည်မီးရှေ့တွင်အရည်ပျော်သကဲ့သို့ လူယုတ်မာတို့သည်ဘုရားသခင်၏ရှေ့တွင် သေကျေပျက်စီးကြ၏။
3 Дар чей неприхэниць се букурэ, салтэ де букурие ынаинтя луй Думнезеу ши ну май пот де веселие.
၃သူတော်ကောင်းတို့မူကားကိုယ်တော်၏ရှေ့တော်တွင် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်အလွန်ပင်ပျော်ရွှင်ကြ၍ ဝမ်းမြောက်စွာကြွေးကြော်ကြ၏။
4 Кынтаць луй Думнезеу, лэудаць Нумеле Луй! Фачець друм Челуй че ынаинтязэ прин кымпий! Домнул есте Нумеле Луй: букураци-вэ ынаинтя Луй!
၄ဘုရားသခင်အားသီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်အားထောမနာ သီချင်းဆိုကြလော့။ မိုးတိမ်ကိုစီးတော်မူသောအရှင်၏အတွက် လမ်းခရီးကိုပြင်ဆင်ကြလော့။ ထိုအရှင်၏နာမတော်ကားထာဝရဘုရား ဖြစ်သတည်း။ ကိုယ်တော်၏ရှေ့တော်တွင်ဝမ်းမြောက်ကြလော့။
5 Ел есте Татэл орфанилор, Апэрэторул вэдувелор, Ел, Думнезеу, каре локуеште ын Локашул Луй чел Сфынт.
၅သန့်ရှင်းမြင့်မြတ်သည့်ဗိမာန်တော်တွင် ကိန်းဝပ်တော်မူသောဘုရားသခင်သည် မိဘမဲ့သူများကိုစောင့်ရှောက်၍မုဆိုးမ များကို ကာကွယ်တော်မူ၏။
6 Думнезеу дэ о фамилие челор пэрэсиць, Ел избэвеште пе принший де рэзбой ши-й фаче феричиць; нумай чей рэзврэтиць локуеск ын локурь ускате.
၆ကိုယ်တော်သည်အဖော်မဲ့သူတို့အားအိမ် ထောင်နှင့် နေထိုင်ခွင့်ကိုပေးတော်မူ၍ အကျဉ်းခံရသူတို့ကိုအနှောင်အဖွဲ့မှ လွတ်မြောက်စေတော်မူ၏။ သို့ရာတွင်ကိုယ်တော်အားပုန်ကန်ကြသူတို့ သည်ကား သွေ့ခြောက်သည့်အရပ်တွင်နေထိုင်ကြရလိမ့်မည်။
7 Думнезеуле, кынд ай ешит Ту ын фрунтя попорулуй ши кынд мерӂяй ын пустиу,
၇အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား လမ်းပြပို့ဆောင်ကာတောကန္တာရကိုဖြတ်၍ ချီတက်တော်မူသောအခါ၌
8 с-а кутремурат пэмынтул, с-ау топит черуриле динаинтя луй Думнезеу, с-а згудуит Синаюл динаинтя луй Думнезеу, Думнезеул луй Исраел.
၈မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။
9 Ай дат о плоае бинефэкэтоаре, Думнезеуле, ши ай ынтэрит моштениря Та, слеитэ де путерь.
၉ကိုယ်တော်ရှင်သည်မိုးကိုသည်းထန်စွာရွာစေ သဖြင့် ပင်ပန်းနွမ်းနယ်လျက်နေသည့်ပြည်တော်ကို ပြန်လည်၍လန်းဆန်းစေတော်မူပါ၏။
10 Попорул Тэу шь-а ашезат локуинца ын цара пе каре, прин бунэтатя Та, Думнезеуле, о прегэтисешь пентру чей ненорочиць.
၁၀ကိုယ်တော်ရှင်၏လူစုတော်သည်ထိုအရပ်တွင် နေထိုင်ကြ၏။ ဆင်းရဲနွမ်းပါးသူတို့သည်ကိုယ်တော်ရှင်၏ ကောင်းမြတ်တော်မူခြင်းကြောင့်ဖူလုံလျက်ရှိ ကြပါ၏။
11 Ун кувынт спуне Домнул, ши фемеиле адукэтоаре де вешть буне сунт о маре оштире:
၁၁ဘုရားရှင်အမိန့်တော်ရှိ၍အမျိုးသမီး အမြောက်အမြားသည် ``ရှင်ဘုရင်များနှင့်သူတို့၏စစ်သည်ဗိုလ်ခြေ တို့သည် ဆုတ်ပြေးကြလေပြီ'' ဟုသတင်းလွှင့်ကြ၏။ အမျိုးသမီးတို့သည်မိမိတို့အိမ်များတွင် လက်ရပစ္စည်းများကိုခွဲဝေကြ၏။
12 ымпэраций оштирилор фуг, фуг, ши чя каре рэмыне акасэ ымпарте прада.
၁၂
13 Пе кынд вой вэ одихниць ын мижлокул стаулелор, арипиле порумбелулуй сунт акоперите де арӂинт ши пенеле луй сунт де ун галбен ауриу.
၁၃ယင်းပစ္စည်းများမှာရွှေရောင်ပြောင်လက်သော အမွေးအတောင်များရှိသည့် ငွေဖြင့်ဖုံးအုပ်သောချိုးငှက်ရုပ်များဖြစ်သည်။ (သင်တို့အချို့သည်စစ်ပွဲဝင်သောနေ့တွင် အဘယ်ကြောင့်သိုးခြံများ၌နေခဲ့သနည်း။)
14 Кынд а ымпрэштият Чел Атотпутерник пе ымпэраць ын царэ, паркэ нинӂя ын Цалмон.
၁၄အနန္တတန်ခိုးရှင်ဘုရားသခင်သည် ဇာလမုန်တောင်ပေါ်တွင်ဘုရင်မင်းတို့ကို ကွဲလွင့်စေတော်မူသောအခါထိုတောင်ပေါ် တွင် မိုးပွင့်များကျစေတော်မူ၏။
15 Мунций луй Думнезеу, мунций Басанулуй, мунць ку мулте пискурь, мунций Басанулуй,
၁၅ဗာရှန်တောင်သည်လွန်စွာကြီးမားလှပါပေသည်။ တောင်ထိပ်များစွာရှိသည့်တောင်ဖြစ်ပါသည် တကား။
16 пентру че, мунць ку мулте пискурь, пуртаць пизмэ пе мунтеле пе каре л-а алес Думнезеу ка локаш ымпэрэтеск? Ку тоате ачестя, Домнул ва локуи ын ел ын вечь.
၁၆ကြီးမားသည့်တောင်ထိပ်များမှသင်သည် အဘယ်ကြောင့်ဘုရားသခင်ကိန်းဝပ်တော် မူရန် ရွေးချယ်ထားသည့်တောင်တော်ကိုမထီလေးစား စိတ်ဖြင့်ကြည့်ပါသနည်း။ ထာဝရဘုရားသည်ထိုတောင်ပေါ်တွင်ထာဝစဉ် ကိန်းဝပ်တော်မူမည်။
17 Кареле Домнулуй се нумэрэ ку доуэзечиле де мий, ку мий ши мий; Домнул есте ын мижлокул лор, венинд дин Синай ын Локашул Сэу чел Сфынт.
၁၇ထာဝရဘုရားသည်အင်အားကြီးမားသည့် စစ်ရထားထောင်ပေါင်းများစွာနှင့် သိနာတောင်မှသန့်ရှင်းမြင့်မြတ်သည့် အရပ်သို့ ကြွလာတော်မူ၏။
18 Те-ай суит пе ынэлциме, ай луат приншь де рэзбой, ай луат ын дар оамень; чей рэзврэтиць вор локуи ши ей лынгэ Домнул Думнезеу.
၁၈ကိုယ်တော်သည်သုံ့ပန်းများကိုခေါ်ဆောင်၍ မြင့်သောအရပ်သို့တက်ကြွတော်မူ၏။ ကိုယ်တော်သည်ပုန်ကန်သူတို့၏ထံမှ လက်ဆောင်ပဏ္ဏာများကိုခံယူတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည်ထိုအရပ် တွင် ကိန်းဝပ်တော်မူမည်။
19 Бинекувынтат сэ фие Домнул, каре зилник не поартэ повара, Думнезеу, мынтуиря ноастрэ!
၁၉ငါတို့၏ဝန်ထုပ်များကိုနေ့စဉ်နေ့တိုင်း သယ်ဆောင်တော်မူသောထာဝရဘုရားအား ထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့ကိုကယ်တော်မူသော ဘုရားဖြစ်တော်မူ၏။
20 Думнезеу есте пентру ной Думнезеул избэвирилор ши Домнул Думнезеу не поате скэпа де моарте.
၂၀ငါတို့၏ဘုရားသည်ကယ်တော်မူသောဘုရား ဖြစ်တော်မူ၏။ ကိုယ်တော်ကားထာဝရဘုရား၊ ငါတို့အားသေဘေးမှကယ်ဆယ်တော် မူသော ငါတို့၏ဘုရားရှင်ဖြစ်တော်မူ၏။
21 Да, Думнезеу ва здроби капул врэжмашилор Луй, крештетул капулуй челор че трэеск ын пэкат.
၂၁ထာဝရဘုရားသည်မိမိ၏ရန်သူများနှင့် အပြစ်ပြုမြဲပြုနေသူများ၏ဦးခေါင်းကို ဧကန်အမှန်ခုတ်ဖြတ်တော်မူလိမ့်မည်။
22 Домнул зиче: „Ый вой адуче ынапой дин Басан, ый вой адуче ынапой дин фундул мэрий,
၂၂ဘုရားသခင်က``သင်တို့သည်ရန်သူများ၏ သွေးအိုင်တွင်လျှောက်သွားနိုင်ကြစေရန်နှင့် သင်တို့၏ခွေးများသည်သူတို့၏သွေးကို အလိုရှိသမျှလျက်သောက်နိုင်ကြစေရန် သူတို့အားဗာရှန်ပြည်မှငါပြန်လည်ခေါ်ဆောင် ခဲ့မည်။ သမုဒ္ဒရာရေနက်ကြီးထဲမှပြန်လည်ခေါ်ဆောင် ခဲ့မည်'' ဟုမိန့်တော်မူ၏။
23 ка сэ-ць куфунзь пичорул ын сынӂе ши лимба кынилор тэй сэ-шь капете партя дин врэжмаший тэй.”
၂၃
24 Ей вэд интраря Та, Думнезеуле, интраря Думнезеулуй меу, Ымпэратулуй меу, ын Локашул чел Сфынт.
၂၄အို ဘုရားသခင်၊ ကိုယ်တော်ရှင်အောင်စစ်ချီတော်မူခြင်း၊ ကျွန်တော်မျိုး၏အရှင်ဘုရားသခင်သည် သန့်ရှင်းရာဌာနတော်သို့ကြွဝင်တော်မူခြင်းကို လူပေါင်းတို့တွေ့မြင်ကြပါ၏။
25 Ын фрунте мерг кынтэреций, апой чей че кынтэ дин инструменте, ын мижлокул фетелор каре сунэ дин тимпане.
၂၅သီချင်းသီဆိုသူများသည်ရှေ့မှလိုက်၍ တူရိယာတီးမှုတ်သူများကနောက်မှလိုက် ကြပါ၏။ ပတ်သာတီးမှုတ်သူအမျိုးသမီးငယ်များကမူ အလယ်မှလိုက်ပါကြပါ၏။
26 Бинекувынтаць пе Думнезеу ын адунэрь, бинекувынтаць пе Домнул, чей че вэ коборыць дин Исраел!
၂၆ကိုယ်တော်၏လူစုတော်အစည်းအဝေးတွင် ဘုရားသခင်အားထောမနာပြုလော့။ ယာကုပ်၏သားမြေးအပေါင်းတို့၊ထာဝရ ဘုရားအားထောမနာပြုကြလော့။
27 Ятэ тынэрул Бениамин, каре стэпынеште песте ей, кэпетенииле луй Иуда ши чата лор, кэпетенииле луй Забулон, кэпетенииле луй Нефтали.
၂၇ချီတက်လာသောထိုလူစုထဲတွင်ဦးစွာ အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အနွယ်ဝင်များ၊ ထိုနောက်ယုဒခေါင်းဆောင်များနှင့်အနွယ် ဝင်များ၊ သူတို့နောက်မှဇာဗုလုန်နှင့်နဿလိ ခေါင်းဆောင်များနှင့်အနွယ်ဝင်များလိုက်ပါ ကြ၏။
28 Думнезеул тэу те-а фэкут путерник. Ынтэреште, Думнезеуле, че ай фэкут пентру ной ын Темплул Тэу.
၂၈အို ဘုရားသခင်၊ ရှင်ဘုရင်များကိုယ်တော်ထံလက်ဆောင်များ ဆက်သရာယေရုရှင်လင်မြို့ရှိဗိမာန်တော်မှ ကျွန်တော်မျိုးတို့အတွက်အသုံးပြုတော်မူ ခဲ့သော တန်ခိုးတော်ကိုပြတော်မူပါ။
29 Ымпэраций Ыць вор адуче дарурь ла Иерусалим.
၂၉
30 Ынспэймынтэ фяра дин трестий, чата таурилор, ку вицеий попоарелор; калкэ ын пичоаре пе чей че ышь пун плэчеря ын арӂинт! Рисипеште попоареле кэрора ле плаче сэ се батэ!
၃၀ကူတောမှသားရဲတိရစ္ဆာန်ဖြစ်သည့်အီဂျစ် ပြည်ကို ဆုံးမတော်မူပါ။ နွားလားဥသဘများနှင့်နောက်လိုက် နွားပျိုများတည်းဟူသောလူမျိုးများ သည် ကိုယ်တော်ရှင်အားဦးညွှတ်ပျပ်ဝပ်၍ လက်ဆောင် ပဏ္ဏာဆက်သလာသည်တိုင်အောင်သူတို့အား ဆုံးမတော်မူပါ။ စစ်တိုက်ရန်နှစ်သက်သောလူမျိုးတို့ကိုကွဲလွင့် စေတော်မူပါ။
31 Чей марь вин дин Еӂипт: Етиопия аляргэ ку мыниле ынтинсе спре Думнезеу.
၃၁အီဂျစ်ပြည်မှသံတမန်များသည်အထံ တော်သို့ လာကြပါလိမ့်မည်။ ဆူဒန်ပြည်သားတို့သည်လက်အုပ်ချီ၍ ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါလိမ့်မည်။
32 Кынтаць луй Думнезеу, ымпэрэцииле пэмынтулуй, ши лэудаць пе Домнул!
၃၂လောကနိုင်ငံအပေါင်းတို့၊ဘုရားသခင်အား သီချင်းဆို၍ချီးမွမ်းကြလော့။ ရှေးမဆွကတည်ရှိနေသည့်မိုးကောင်းကင်တွင် ကြွမြန်းတော်မူသောဘုရားရှင်အား ထောမနာသီချင်းဆိုကြလော့။ ကျယ်စွာမိန့်မြွက်တော်မူသောအသံကို နားထောင်ကြလော့။
33 Кынтаць Челуй че кэлэреште пе черуриле черурилор вешниче! Ятэ кэ се ауде гласул Луй, гласул Луй чел путерник!
၃၃
34 Даць славэ луй Думнезеу, а кэруй мэрецие есте песте Исраел ши а кэруй путере есте ын черурь!
၃၄ဘုရားသခင်၏တန်ခိုးတော်ကိုထုတ်ဖော် ကြေညာကြလော့။ ကိုယ်တော်၏ဂုဏ်ကျက်သရေတော်သည် ဣသရေလအမျိုးသားတို့အပေါ်တွင်လွှမ်းမိုး၍ ကိုယ်တော်၏ဘုန်းအာနုဘော်တော်သည် မိုးကောင်းကင်၌ထင်ရှားလျက်ရှိ၏။
35 Че ынфрикошат ешть, Думнезеуле, дин локашул Тэу чел сфынт! Думнезеул луй Исраел дэ попорулуй Сэу тэрие ши маре путере. Бинекувынтат сэ фие Думнезеу!
၃၅သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။