< Псалмул 52 >
1 Пентру че те фэлешть ку рэутатя та, асуприторуле? Бунэтатя луй Думнезеу цине ын вечь.
၁တန်ခိုးကြီးသောအချင်းလူ၊အဘယ်ကြောင့် မိမိ၏ဆိုးညစ်မှုကိုကြွားဝါသနည်း။ ဘုရားသခင်၏သစ္စာတော်သည်အစဉ်အမြဲတည်၏။
2 Лимба та ну нэскочеште декыт рэутате, ка ун брич аскуцит, виклян че ешть!
၂သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။ သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။ သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
3 Ту юбешть май деграбэ рэул декыт бинеле, май деграбэ минчуна декыт адевэрул.
၃သင်သည်အကောင်းထက်အဆိုးကိုလည်းကောင်း၊ သစ္စာစကားထက်မုသားစကားကိုလည်းကောင်း ပို၍နှစ်သက်တတ်၏။
4 Ту юбешть нумай кувинте нимичитоаре, лимбэ ыншелэтоаре!
၄အချင်းလူလိမ်၊သင်သည်မိမိ၏နှုတ်အားဖြင့် လူတို့အားထိခိုက်နစ်နာအောင်ပြောဆိုရန် နှစ်သက်ပါသည်တကား။
5 Де ачея ши Думнезеу те ва доборы пе вечие, те ва апука ши те ва ридика дин кортул тэу ши те ва дезрэдэчина дин пэмынтул челор вий.
၅သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
6 Чей фэрэ приханэ вор ведя лукрул ачеста, се вор теме ши вор рыде де ел, зикынд:
၆သူတော်ကောင်းတို့သည်ဤအခြင်းအရာကို မြင်လျှင် ကြောက်လန့်ကြလိမ့်မည်။ သူတို့သည်သင့်အားကြည့်၍ပြုံးရယ်ကြလျက်
7 „Ятэ омул каре ну луа ка окротитор пе Думнезеу, чи се ынкредя ын богэцииле луй челе марь ши се бизуя пе рэутатя луй.”
၇``မိမိ၏လုံခြုံမှုအတွက်ထာဝရဘုရားကို အားကိုးမည့်အစားမိမိ၏စည်းစိမ်ချမ်းသာ ကို အားကိုးသူကိုကြည့်ကြလော့။ သူသည်ယုတ်မာမှုအားဖြင့်မိမိ၏လုံခြုံမှုကို ရှာသူဖြစ်၏'' ဟုဆိုကြလိမ့်မည်။
8 Дар еу сунт ын Каса луй Думнезеу ка ун мэслин верде, мэ ынкред ын бунэтатя луй Думнезеу ын вечь де вечь.
၈ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။
9 Те вой лэуда тотдяуна пентру кэ ай лукрат ши, ын фаца копиилор Тэй, вой нэдэждуи ын Нумеле Тэу, кэч есте биневоитор.
၉အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက် ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။