< Екзодул 40 >
1 Домнул а ворбит луй Мойсе ши а зис:
၁ထာဝရဘုရားကမောရှေအား၊
2 „Ын зиуа ынтый а луний ынтый, сэ ынтинзь локашул кортулуй ынтылнирий.
၂``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
3 Сэ пуй ын ел кивотул мэртурией ши, ынаинтя кивотулуй, сэ атырнь пердяуа динэунтру.
၃တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
4 Апой сэ адучь маса ши сэ пуй пе еа челе рындуите. Дупэ ачея, сэ адучь сфешникул ши сэ-й ашезь канделеле.
၄တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
5 Алтарул дин аур пентру тэмые сэ-л ашезь ынаинтя кивотулуй мэртурией ши сэ атырнь пердяуа ла уша кортулуй.
၅နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
6 Сэ ашезь алтарул пентру ардериле-де-тот ынаинтя уший локашулуй кортулуй ынтылнирий.
၆ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-
7 Лигянул сэ-л ашезь ынтре кортул ынтылнирий ши алтар ши сэ пуй апэ ын ел.
၇အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။-
8 Сэ ашезь куртя де жур ымпрежур ши сэ пуй пердяуа ла поарта курций.
၈တဲတော်ပတ်လည်တွင်ဝင်းကာ၍၊ ဝင်း တံခါးဝ၌ ကန့်လန့်ကာကိုတပ်ဆင်လော့။
9 Сэ ей унтделемнул пентру унӂере, сэ унӂь ку ел кортул ши тот че купринде ел ши сэ-л сфинцешть, ку тоате унелтеле луй, ши ва фи сфынт.
၉``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။-
10 Сэ унӂь алтарул пентру ардериле-де-тот ши тоате унелтеле луй ши сэ сфинцешть алтарул, ши алтарул ва фи прясфынт.
၁၀ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။-
11 Сэ унӂь лигянул ку пичорул луй ши сэ-л сфинцешть.
၁၁ထိုနည်းအတိုင်းအင်တုံနှင့်အောက်ခံခုံများ ကိုဆက်ကပ်လော့။
12 Апой сэ адучь пе Аарон ши пе фиий луй ла уша кортулуй ынтылнирий ши сэ-й спель ку апэ.
၁၂``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
13 Сэ ымбрачь пе Аарон ку вешминтеле сфинте, сэ-л унӂь ши сэ-л сфинцешть, ка сэ-Мь факэ служба де преот.
၁၃အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။-
14 Сэ кемь ши пе фиий луй, сэ-й ымбрачь ку туничиле
၁၄သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။-
15 ши сэ-й унӂь кум ай унс пе татэл лор, ка сэ-Мь факэ служба де преоць. Ын путеря ачестей унӂерь, ей вор авя пуруря дрептул преоцией принтре урмаший лор.”
၁၅ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
16 Мойсе а фэкут ынтокмай кум ый порунчисе Домнул; аша а фэкут.
၁၆မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
17 Ын зиуа ынтый а луний ынтый а анулуй ал дойля, кортул ера ашезат.
၁၇သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
18 Мойсе а ашезат кортул; й-а пус пичоареле, а ашезат скындуриле ши вериӂиле ши а ридикат стылпий.
၁၈မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။-
19 А ынтинс ынвелитоаря каре служя де акопериш дясупра кортулуй ши пе дясупра а пус ынвелитоаря акоперишулуй кортулуй, кум порунчисе луй Мойсе Домнул.
၁၉ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။-
20 Апой а луат мэртурия ши а пус-о ын кивот; а пус друӂий ла кивот ши а ашезат капакул испэширий дясупра кивотулуй.
၂၀ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
21 А адус кивотул ын корт; а атырнат пердяуа деспэрцитоаре ынаинтя луй ши а акоперит астфел кивотул мэртурией, кум порунчисе луй Мойсе Домнул.
၂၁ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။-
22 А ашезат маса ын кортул ынтылнирий, ын партя де мязэноапте а кортулуй, динкоаче де пердяуа динэунтру;
၂၂သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊-
23 ши а пус пе еа пыниле ынаинтя Домнулуй, кум порунчисе луй Мойсе Домнул.
၂၃ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
24 Апой а ашезат сфешникул ын кортул ынтылнирий, ын фаца месей, ын партя де мязэзи а кортулуй;
၂၄သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။-
25 ши й-а ашезат канделеле ынаинтя Домнулуй, кум порунчисе луй Мойсе Домнул.
၂၅ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
26 Апой а ашезат алтарул де аур ын кортул ынтылнирий ын фаца перделей динэунтру,
၂၆ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။-
27 а арс пе ел тэмые мироситоаре, кум порунчисе луй Мойсе Домнул.
၂၇ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။-
28 А ашезат пердяуа ла уша кортулуй.
၂၈သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-
29 А ашезат алтарул пентру ардериле-де-тот ла уша локашулуй кортулуй ынтылнирий ши а адус пе ел ардеря-де-тот ши жертфа де мынкаре, кум порунчисе луй Мойсе Домнул.
၂၉ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
30 А ашезат лигянул ынтре кортул ынтылнирий ши алтар ши а пус ын ел апэ пентру спэлат.
၃၀သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
31 Мойсе, Аарон ши фиий луй шь-ау спэлат мыниле ши пичоареле ын ел;
၃၁ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။-
32 кынд интрау ын кортул ынтылнирий ши се апропияу де алтар, се спэлау, кум порунчисе луй Мойсе Домнул.
၃၂
33 Апой а ридикат куртя ымпрежурул кортулуй ши алтарулуй ши а пус пердяуа ла поарта курций. Астфел а испрэвит Мойсе лукраря.
၃၃ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။
34 Атунч, норул а акоперит кортул ынтылнирий ши слава Домнулуй а умплут кортул.
၃၄ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
35 Мойсе ну путя сэ интре ын кортул ынтылнирий, пентру кэ норул стэтя дясупра луй ши слава Домнулуй умпля кортул.
၃၅ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-
36 Кыт ау цинут кэлэторииле лор, копиий луй Исраел порняу нумай кынд се ридика норул дясупра кортулуй.
၃၆ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
37 Ши кынд ну се ридика норул, ну порняу пынэ че ну се ридика.
၃၇တဲတော်ကိုမိုးတိမ်တိုက်လွှမ်းလျက်နေသည့် ကာလပတ်လုံး သူတို့သည်ခရီးမထွက် ကြချေ။-
38 Норул Домнулуй ера дясупра кортулуй зиуа, яр ноаптя ера ун фок ынаинтя ынтреӂий касе а луй Исраел, ын тимпул тутурор кэлэториилор лор.
၃၈ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။