< Деутерономул 29 >
1 Ятэ кувинтеле легэмынтулуй пе каре а порунчит луй Мойсе Домнул сэ-л ынкее ку копиий луй Исраел ын цара Моабулуй, афарэ де легэмынтул пе каре-л ынкеясе ку ей ла Хореб.
၁ဤရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလအမျိုးနှင့် ပြုတော်မူသော ပဋိညာဉ်မှ တပါး၊ မောဘပြည်၌ မောရှေသည် ထိုလူမျိုးနှင့် ပဋိညာဉ် ပြုစေခြင်းငှာ၊ ထာဝရဘုရား မှာထားတော်မူသော ပဋိညာဉ်စကားတော် ဖြစ်သတည်း။
2 Мойсе а кемат пе тот Исраелул ши ле-а зис: „Аць вэзут тот че а фэкут Домнул суб окий воштри, ын цара Еӂиптулуй, луй Фараон, тутурор супушилор луй ши ынтреӂий луй цэрь:
၂တဖန် မောရှေသည် ဣသရေလအမျိုးသား အပေါင်းတို့ကို ခေါ်၍၊ ထာဝရဘုရားသည် အဲဂုတ္တုပြည် မှာ ဖာရောဘုရင်၌၎င်း၊ သူ၏ကျွန်အပေါင်းတို့၌၎င်း၊ သူ၏ပြည် တရှောက်လုံး၌၎င်း၊ သင်တို့မျက်မှောက်တွင် ပြုတော်မူသမျှတည်းဟူသော၊
3 мариле ынчеркэрь пе каре ци ле-ау вэзут окий, минуниле ши семнеле ачеля марь.
၃ကိုယ်မျက်စိနှင့်မြင်သော အလွန်ကြီးစွာသော စုံစမ်းခြင်းအမှု၊ အလွန်ကြီးသော နိမိတ်လက္ခဏာ၊ ထူး ဆန်းသော တန်ခိုးများကို သင်တို့သည် မြင်ရကြပြီ။
4 Дар Домнул ну в-а дат минте сэ причепець, нич окь сэ ведець, нич урекь сэ аузиць пынэ ын зиуа де азь.
၄သို့သော်လည်း နားလည်နိုင်သောနှလုံး၊ မြင်နိုင်သော မျက်စိ၊ ကြားနိုင်သော နားတို့ကို ယနေ့တိုင်အောင် ထာဝရဘုရားသည် ပေးတော်မမူသေး။
5 Тотушь Ел зиче: ‘Еу в-ам кэлэузит патрузечь де ань ын пустиу; хайнеле ну ви с-ау ынвекит пе вой ши ынкэлцэминтя ну ви с-а ынвекит ын пичор;
၅အနှစ်လေးဆယ်ပတ်လုံး သင်တို့ကို တော၌ ငါပို့ ဆောင်တော်မူပြီ။ သင်တို့ အဝတ်သည် မဟောင်းမနွမ်း။ သင်တို့စီးသော ခြေနင်းလည်း မပျက်။
6 пыне н-аць мынкат ши н-аць бэут нич вин, нич бэутурэ таре, ка сэ куноаштець кэ Еу сунт Домнул Думнезеул востру.’
၆သင်တို့သည် မုန့်ကိုမစား။ စပျစ်ရည်နှင့် သေ ရည် သေရက်ကို မသောက်ဘဲ နေသောကြောင့်၊ ထာဝရ ဘုရားသည် သင်တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိရ၏။
7 Аць ажунс ын локул ачеста; Сихон, ымпэратул Хесбонулуй, ши Ог, ымпэратул Басанулуй, не-ау ешит ынаинте, ка сэ не батэ, ши й-ам бэтут.
၇သင်တို့သည် ဤအရပ်သို့ ရောက်သောအခါ၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ ဗာရှန်ရှင်ဘုရင်ဩဃတို့သည် ငါတို့ကို စစ်တိုက်ခြင်းငှာ ထွက်လာသဖြင့်၊ ငါတို့သည် သူတို့ကို လုပ်ကြံ၍၊
8 Ле-ам луат цара ши ам дат-о ын стэпынире рубеницилор, гадицилор ши ла жумэтате дин семинция манасицилор.
၈သူတို့ပြည်ကို သိမ်းယူပြီးမှ၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်၌ ပေးလေ၏။
9 Сэ пэзиць дар кувинтеле легэмынтулуй ачестуя ши сэ ле ымплиниць, ка сэ избутиць ын тот че вець фаче.
၉သို့ဖြစ်၍ သင်တို့ ပြုလေရာရာ၌ အောင်နိုင်မည် အကြောင်း ဤပဋိညာဉ် စကားတို့ကို စောင့်ရှောက်၍ ကျင့်ကြလော့။
10 Астэзь стаць ынаинтя Домнулуй Думнезеулуй востру вой тоць, кэпетенииле семинциилор воастре, бэтрыний воштри, май-марий оштирий воастре, тоць бэрбаций дин Исраел,
၁၀သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူသော သစ္စာကို သင်သည်ခံ၍၊ သင်၏ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်း ငှာ၎င်း၊ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ ခန့် ထားတော်မူစေခြင်းငှာ၎င်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆို တော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေ ခြင်းငှာ၎င်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
11 копиий воштри, невестеле воастре ши стрэинул каре есте ын мижлокул таберей тале, де ла чел че-ць тае лемне пынэ ла чел че-ць скоате апэ.
၁၁
12 Стай ка сэ интри ын легэмынт ку Домнул Думнезеул тэу, ын легэмынтул ачеста ынкеят ку журэмынт ши пе каре Домнул Думнезеул тэу ыл ынкее ку тине ын зиуа ачаста,
၁၂
13 ка сэ те факэ азь попорул Луй ши Ел сэ фие Думнезеул тэу, кум ць-а спус ши кум а журат пэринцилор тэй Авраам, Исаак ши Иаков.
၁၃
14 Ну нумай ку вой ынкей легэмынтул ачеста ынкеят ку журэмынт,
၁၄ထိုမှတပါး ဤပဋိညာဉ်၊ ဤသစ္စာကို သင်တို့နှင့် သာ ငါပြုသည်ထက်မက၊
15 чи атыт ку чей че сунт аич принтре ной, де фацэ, ын зиуа ачаста ынаинтя Домнулуй Думнезеулуй ностру, кыт ши ку чей че ну сунт аич принтре ной ын зиуа ачаста.
၁၅ငါတို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေသော သူတို့နှင့်၎င်း၊ ငါတို့တွင် ယနေ့မပါ သော သူတို့နှင့်၎င်း ငါပြု၏။
16 Штиць кум ам локуит ын цара Еӂиптулуй ши кум ам трекут прин мижлокул нямурилор пе каре ле-аць стрэбэтут.
၁၆သင်တို့သည် အဲဂုတ္တုပြည်၌ ပေါင်းဘော်သော သူ၊ ခရီးသွား၍ လမ်း၌တွေ့ကြုံသော လူမျိုးတို့ကို သင်တို့ သိကြ၏။
17 Аць вэзут урычуниле ши идолий лор, лемнул ши пятра, арӂинтул ши аурул, каре ерау ла еле.
၁၇သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ် သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။
18 Сэ ну фие ынтре вой нич бэрбат, нич фемее, нич фамилие ши нич семинцие а кэрор инимэ сэ се абатэ азь де ла Домнул Думнезеул ностру, ка сэ се дукэ сэ служяскэ думнезеилор нямурилор ачелора. Сэ ну фие принтре вой ничо рэдэчинэ каре сэ адукэ отравэ ши пелин.
၁၈ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သော သဘောရှိလျက်၊ ထိုလူမျိုးတို့၏ ဘုရား များထံသို့ သွား၍ ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင် ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ် သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19 Нимень, дупэ че а аузит кувинтеле легэмынтулуй ачестуя ынкеят ку журэмынт, сэ ну се лауде ын инима луй ши сэ зикэ: ‘Вой авя паче кяр дакэ аш урма дупэ порнириле инимий меле ши кяр дакэ аш адэуга беция ла сете.’
၁၉ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြား သောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ် ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20 Пе ачела Домнул ну-л ва ерта. Чи атунч мыния ши ӂелозия Домнулуй се вор апринде ымпотрива омулуй ачелуя, тоате блестемеле скрисе ын картя ачаста вор вени песте ел, ши Домнул ый ва штерӂе нумеле де суб черурь.
၂၀ထိုသူကို ထာဝရဘုရားနှမြောတော်မမူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုး ထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရ ဘုရားသည် သူ၏အမည်ကို မိုဃ်းကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
21 Домнул ыл ва деспэрци, спре пеиря луй, дин тоате семинцииле луй Исраел ши-й ва фаче дупэ тоате блестемеле легэмынтулуй скрис ын ачастэ карте а леӂий.
၂၁ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုး အနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။
22 Вырста де оамень каре вор вени, копиий воштри каре се вор наште дупэ вой ши стрэинул каре ва вени динтр-о царэ депэртатэ, ла ведеря урӂиилор ши болилор ку каре ва лови Домнул цара ачаста –
၂၂သူ့နေရာအရပ်၌ ထာဝရဘုရားဒဏ်ခတ်တော် မူသော၊
23 ла ведеря пучоасей, а сэрий ши ардерий ынтрегулуй цинут, унде ну ва фи нич сэмынцэ, нич род, нич ярбэ каре сэ кряскэ, ынтокмай ка ла сурпаря Содомей, Гоморей, Адмей ши Цебоимулуй, пе каре ле-а нимичит Домнул ын мыния ши урӂия Луй –,
၂၃အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရား သည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူ သော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့ တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီး အနှံ မသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့ နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသော အခါ၊
24 тоате нямуриле вор зиче: ‘Пентру че а фэкут Домнул астфел цэрий ачестея? Пентру че ачастэ мыние апринсэ, ачастэ маре урӂие?’
၂၄ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော် အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
25 Ши ли се ва рэспунде: ‘Пентру кэ ау пэрэсит легэмынтул ынкеят ку ей де Домнул Думнезеул пэринцилор лор, кынд й-а скос дин цара Еӂиптулуй;
၂၅သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊
26 пентру кэ с-ау дус сэ служяскэ алтор думнезей ши сэ се ынкине ынаинтя лор, думнезей пе каре ей ну-й куноштяу ши пе каре ну ли-й дэдусе Домнул.
၂၆အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာ ကိုမျှ မပေးသော အခြားတပါးသော ဘုရားတို့အား ဝတ် ပြုကိုးကွယ် ကြသောကြောင့်၎င်း၊
27 Де ачея С-а апринс Домнул де мыние ымпотрива ачестей цэрь ши а адус песте еа тоате блестемеле скрисе ын картя ачаста.
၂၇ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂ လာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝ ရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
28 Домнул й-а смулс дин цара лор ку мыние, ку урӂие, ку о маре юциме ши й-а арункат ынтр-о алтэ царэ, кум се веде азь.’
၂၈ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီး လျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင် အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
29 Лукруриле аскунсе сунт але Домнулуй Думнезеулуй ностру, яр лукруриле дескоперите сунт але ноастре ши але копиилор ноштри, пе вечие, ка сэ ымплиним тоате кувинтеле леӂий ачестея.
၂၉မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရား သခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အ ကြောင်းတည်း။