< 1 Самуел 28 >
1 Пе время ачея, филистений шь-ау стрынс табереле ши ау фэкут о оштире ка сэ порняскэ рэзбой ымпотрива луй Исраел. Акиш а зис луй Давид: „Сэ штий кэ вей вени ку мине ла оштире, ту ши оамений тэй.”
၁ကာလအနည်းငယ်ကြာသောအခါဖိလိတ္တိ အမျိုးသားတို့သည် ဣသရေလပြည်ကို တိုက်ခိုက်ရန်စစ်သည်များကိုစုရုံးကြ၏။ ထိုအခါအာခိတ်သည်ဒါဝိဒ်အား``သင်တို့ လူစုသည်ငါ၏ဘက်မှနေ၍တိုက်ရကြ မည်'' ဟုဆိုလျှင်၊
2 Давид а рэспунс луй Акиш: „Ей бине, вей ведя че ва фаче робул тэу.” Ши Акиш а зис луй Давид: „Де ачея те вой пуне пэзиторул капулуй меу ын тот тимпул.”
၂ဒါဝိဒ်က``မှန်လှပါ။ အကျွန်ုပ်သည်အရှင်၏ အစေခံဖြစ်ပါ၏။ အကျွန်ုပ်အဘယ်သို့စွမ်း ဆောင်နိုင်သည်ကိုကိုယ်တော်တွေ့မြင်ရပါ လိမ့်မည်'' ဟုလျှောက်၏။ အာခိတ်ကလည်း``ကောင်းပြီ။ သင့်အားငါ ၏အမြဲတမ်းသက်တော်စောင့်အဖြစ်ခန့် ထားမည်'' ဟုဆို၏။
3 Самуел мурисе. Тот Исраелул ыл плынсесе ши-л ынгропасе ла Рама, ын четатя луй. Саул ындепэртасе дин царэ пе чей че кемау морций ши пе чей че гичяу.
၃ရှမွေလကွယ်လွန်ရာဣသရေလအမျိုး သားတစ်ရပ်လုံးသည်ငိုကြွေးမြည်တမ်းလျက် သူ၏နေရင်းဌာနရာမမြို့တွင်သူ၏အလောင်း ကိုသင်္ဂြိုဟ်ကြ၏။ ရှောလုသည်ဗေဒင်ဆရာနှင့် နတ်ဝင်သည်အပေါင်းတို့အားဣသရေလ ပြည်မှနှင်ထုတ် ထားတော်မူခဲ့၏။
4 Филистений с-ау стрынс ши ау венит де ау тэбэрыт ла Сунем. Саул а стрынс пе тот Исраелул ши ау тэбэрыт ла Гилбоа.
၄ဖိလိတ္တိအမျိုးသားစစ်သည်များသည်ရှုနင် မြို့အနီးတွင်စုရုံး၍တပ်စခန်းချလျက်နေ ကြ၏။ ရှောလုမူကားဣသရေလအမျိုး သားတို့ကိုစုရုံးပြီးလျှင် ဂိလဗောတောင် ထိပ်တွင်တပ်စခန်းချလျက်နေ၏။-
5 Ла ведеря таберей филистенилор, Саул а фост купринс де фрикэ ши ун тремур путерник й-а апукат инима.
၅ဖိလိတ္တိတပ်မတော်ကိုမြင်သောအခါရှောလု သည်ထိတ်လန့်လျက်၊-
6 Саул а ынтребат пе Домнул, ши Домнул ну й-а рэспунс нич прин висе, нич прин Урим, нич прин пророчь.
၆မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-
7 Атунч, Саул а зис служиторилор луй: „Кэутаци-мь о фемее каре сэ кеме морций, ка сэ мэ дук с-о ынтреб.” Служиторий луй й-ау зис: „Ятэ кэ ын Ен-Дор есте о фемее каре кямэ морций.”
၇ထိုအခါရှောလုသည်မိမိ၏တပ်မှူးတို့ အား``နတ်ဝင်သည်တစ်ဦးကိုရှာကြလော့။ သူ၏ထံသို့သွား၍ငါစုံစမ်းမေးမြန်း မည်'' ဟုဆို၏။ ထိုသူတို့က``အင်္ဒေါရမြို့တွင်နတ်ဝင်သည်မ တစ်ယောက်ရှိပါသည်'' ဟုလျှောက်ထားကြ၏။
8 Атунч, Саул с-а скимбат, а луат алте хайне ши а плекат ку дой оамень. Ау ажунс ла фемея ачея ноаптя. Саул й-а зис: „Спуне-мь вииторул кемынд ун морт ши скоалэ-мь пе чине-ць вой спуне.”
၈ထို့ကြောင့်ရှောလုသည်ရုပ်ဖျက်ပြီးလျှင် အဝတ်အစားများကိုလည်း ပြောင်းလဲဝတ်ဆင် ကာညဥ့်အချိန်ကျသောအခါငယ်သားနှစ် ယောက်နှင့်အတူနတ်ဝင်သည်မထံသို့သွား လေ၏။ သူသည်ထိုအမျိုးသမီးအား``ငါ၏ ကံကြမ္မာကိုနတ်တို့အားငါ၏ကိုယ်စားစုံ စမ်းမေးမြန်းပေးပါ။ ငါနာမည်ထုတ်ဖော်သူ ၏ဝိညာဉ်ကိုခေါ်ပေးပါ'' ဟုဆို၏။
9 Фемея й-а рэспунс: „Штий че а фэкут Саул, кум а нимичит дин царэ пе чей че кямэ морций ши пе чей че гическ вииторул, пентру че дар ынтинзь о курсэ веций меле, ка сэ мэ оморь?”
၉ထိုအမျိုးသမီးက``ရှောလုမင်းသည်ဗေဒင် ဆရာနှင့်နတ်ဝင်သည်တို့အား ဣသရေလ ပြည်မှအဘယ်သို့နှင်ထုတ်တော်မူခဲ့သည် ကိုသင်အမှန်ပင်သိပါလျက် ကျွန်မအသတ် ခံရလေအောင်အဘယ်ကြောင့်ဤသို့ကျွန်မ အားကျော့ကွင်းထောင်၍ဖမ်းပါသနည်း'' ဟု ဆို၏။
10 Саул й-а журат пе Домнул ши а зис: „Виу есте Домнул кэ ну ци се ва ынтымпла ничун рэу пентру ачаста.”
၁၀ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊
11 Фемея а зис: „Пе чине врей сэ-ць скол?” Ши ел а рэспунс: „Скоалэ-мь пе Самуел.”
၁၁နတ်ဝင်သည်မက``သင့်အတွက်အဘယ်သူ ကိုခေါ်ပေးရပါမည်နည်း'' ဟုမေး၏။ ရှောလု က``ရှမွေလ'' ဟုဆို၏။
12 Кынд а вэзут фемея пе Самуел, а скос ун ципэт маре ши а зис луй Саул: „Пентру че м-ай ыншелат? Ту ешть Саул!”
၁၂နတ်ဝင်သည်မသည်ရှမွေလကိုမြင်လျှင် အသံကုန်အော်၍ရှောလုအား``အဘယ်ကြောင့် ကျွန်မအားလိမ်လည်လှည့်စားတော်မူပါ သနည်း။ အရှင်ကားရှောလုဘုရင်ပင်ဖြစ် ပါသည်တကား'' ဟုဆို၏။
13 Ымпэратул й-а зис: „Ну те теме де нимик. Дар че везь?” Фемея а зис луй Саул: „Вэд о фиинцэ думнезеяскэ скулынду-се дин пэмынт.”
၁၃မင်းကြီးကလည်း``မကြောက်နှင့်။ သင်မြင်သည့် အရာကိုငါ့အားဖော်ပြလော့'' ဟုမိန့်တော် မူ၏။ ထိုအမျိုးသမီးက``မြေထဲမှနတ်တစ်ပါး ပေါ်ထွက်လာသည်ကိုကျွန်မမြင်ပါ၏'' ဟု ဆိုလျှင်၊
14 Ел й-а зис: „Кум е ла кип?” Ши еа а рэспунс: „Есте ун бэтрын каре се скоалэ ши есте ынвелит ку о мантие.” Саул а ынцелес кэ ера Самуел ши с-а плекат ку фаца ла пэмынт ши с-а ынкинат.
၁၄ရှောလုက``ထိုသူသည်အဘယ်သို့အဆင်း သဏ္ဌာန်ရှိပါသနည်း'' ဟုမေးတော်မူ၏။ အမျိုးသမီးက``ထိုသူသည်အိုမင်းသူတစ် ဦးဖြစ်၍ဝတ်လုံကိုခြုံထားပါ၏'' ဟုဖြေ ကြား၏။ ထိုအခါရှောလုသည်ရှမွေလ ဖြစ်ကြောင်းကိုသိသဖြင့် ရိုသေစွာမြေသို့ ဦးညွှတ်လျက်နေ၏။
15 Самуел а зис луй Саул: „Пентру че м-ай тулбурат кемынду-мэ?” Саул а рэспунс: „Сунт ынтр-о маре стрымтораре: филистений ымь фак рэзбой, ши Думнезеу С-а депэртат де ла мине; ну мь-а рэспунс нич прин пророчь, нич прин висе. Ши те-ам кемат сэ-мь арэць че сэ фак.”
၁၅ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
16 Самуел а зис: „Пентру че мэ ынтребь пе мине, кынд Домнул С-а депэртат де тине ши С-а фэкут врэжмашул тэу?
၁၆ရှမွေလက``ထာဝရဘုရားသည်သင့်ကို စွန့်တော်မူ၍ရန်ဘက်ဖြစ်ပါလျက် သင် သည်အဘယ်ကြောင့်ငါ့ကိုခေါ်ယူပါ သနည်း။-
17 Домнул ыць фаче аша кум ыць вестисем дин партя Луй; Домнул а рупт ымпэрэция дин мыниле тале ши а дат-о алтуя, луй Давид.
၁၇ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
18 Н-ай аскултат де гласул Домнулуй ши н-ай фэкут пе Амалек сэ симтэ априндеря мынией Луй, де ачея ыць фаче Домнул аша астэзь.
၁၈သင်သည်ထာဝရဘုရား၏အမိန့်တော်ကို လွန်ဆန်၍ အာမလက်အမျိုးသားများနှင့် သူတို့၏ပစ္စည်းဥစ္စာရှိသမျှတို့ကိုအကုန် အစင်မဖျက်ဆီးသဖြင့် ယခုထာဝရ ဘုရားသည်သင့်အားဤသို့ဒဏ်ခတ်တော် မူခြင်းဖြစ်၏။-
19 Ши кяр Домнул ва да пе Исраел ымпреунэ ку тине ын мыниле филистенилор. Мыне, ту ши фиий тэй вець фи ымпреунэ ку мине ши Домнул ва да табэра луй Исраел ын мыниле филистенилор.”
၁၉ကိုယ်တော်သည်သင်နှင့်တကွဣသရေလ နိုင်ငံကို ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်။ နက်ဖြန်ခါသင် နှင့်သင်၏သားတို့သည်ငါရှိရာအရပ်သို့ ရောက်ရှိလာကြလိမ့်မည်။ ထိုနောက်ထာဝရ ဘုရားသည်ဣသရေလတပ်မတော်ကို လည်း ဖိလိတ္တိအမျိုးသားတို့၏လက်သို့ ပေးအပ်တော်မူလိမ့်မည်'' ဟုဆို၏။
20 Ындатэ, Саул а кэзут ла пэмынт кыт ера де лунг, ши кувинтеле луй Самуел л-ау умплут де гроазэ; ну май авя ничо путере, кэч ну мынкасе тоатэ зиуа ши тоатэ ноаптя.
၂၀ရှမွေလ၏စကားကြောင့်ရှောလုသည်ထိတ် လန့်ကာရုတ်တရက်မြေပေါ်သို့လဲကျပြီး လျှင် အလျားမှောက်၍နေလေသည်။ သူသည် တစ်နေ့လုံးတစ်ညဥ့်လုံးမည်သည့်အစား အစာကိုမျှမစားသဖြင့်အားအင် ချည့်နဲ့၍နေ၏။-
21 Фемея а венит ла Саул ши, вэзынду-л фоарте ынспэймынтат, й-а зис: „Ятэ кэ роаба та ць-а аскултат гласул; мь-ам пус вяца ын примеждие аскултынд де кувинтеле пе каре ми ле-ай спус.
၂၁နတ်ဝင်သည်မသည်သူ့အားသွား၍ကြည့် ရာထိတ်လန့်လျက်နေသည်ကိုတွေ့သဖြင့် ``အရှင်၊ ကျွန်မသည်မိမိအသက်ကိုစွန့်၍ အရှင်ခိုင်းစေရာကိုပြုခဲ့ပါ၏။-
22 Аскултэ акум ши ту гласул роабей тале ши ласэ-мэ сэ-ць дау о букатэ де пыне, ка сэ мэнынчь ши сэ принзь путере ка сэ порнешть ла друм.”
၂၂ယခုကျွန်မလျှောက်ထားသည့်အတိုင်းအရှင် ပြုတော်မူပါ။ အရှင့်အားကျွန်မအစား အစာအနည်းငယ်ကိုရှေ့တော်၌တင်ပါရ စေ။ အရှင်သည်ခရီးပြုနိုင်အောင်ခွန်အား ရရှိရန်စားတော်ခေါ်ပါ'' ဟုလျှောက်၏။
23 Дар ел н-а врут ши а зис: „Ну мэнынк нимик!” Служиторий луй ши фемея ау стэруит де ел пынэ й-а аскултат. С-а скулат де ла пэмынт ши а шезут пе пат.
၂၃ရှောလုကမိမိအဘယ်အရာကိုမျှမစား လိုကြောင်းငြင်းဆန်၍နေ၏။ သို့ရာတွင်သူ၏ ငယ်သားတို့ကဝိုင်း၍တိုက်တွန်းကြသဖြင့် သူသည်နောက်ဆုံး၌အလျော့ပေးပြီးလျှင် မြေပေါ်မှထ၍ကုတင်ပေါ်တွင်ထိုင်တော် မူ၏။-
24 Фемея авя ла еа ун вицел грас, пе каре л-а тэят ын грабэ; а луат фэинэ, а фрэмынтат-о ши а копт азиме.
၂၄နတ်ဝင်သည်မလည်းမိမိဝအောင်ကျွေးထား သည့်နွားငယ်ကိုအလျင်အမြန်စီရင်၍ မုန့် ညက်အနည်းငယ်ကိုနယ်ကာတဆေးမပါ သောမုန့်ကိုဖုတ်လေ၏။-
25 Ле-а пус ынаинтя луй Саул ши ынаинтя служиторилор луй ши ау мынкат. Апой с-ау скулат ши ау плекат кяр ын ноаптя ачея.
၂၅ထိုနောက်ထိုအစားအစာကိုရှောလုနှင့် ငယ်သားတို့အားကျွေး၏။ သူတို့သည်စား သောက်ကြပြီးလျှင်ထိုညဥ့်၌ပင်ထွက် ခွာသွားကြ၏။