< 1 Самуел 22 >
1 Давид а плекат де аколо ши а скэпат ын пештера Адулам. Фраций луй ши тоатэ каса татэлуй сэу ау афлат ши с-ау коборыт ла ел.
၁ဒါဝိဒ်သည်ဂါသမြို့မှထွက်ပြေးပြီးလျှင် အဒုလံမြို့အနီးရှိဂူသို့သွား၏။ ဤအကြောင်း ကိုသူ၏အစ်ကိုများနှင့်အခြားဆွေမျိုးတို့ သိကြသောအခါသူနှင့်အတူလာ၍နေ ကြ၏။-
2 Тоць чей че се афлау ын невое, каре авяу даторий сау каре ерау немулцумиць с-ау стрынс ла ел ши ел а ажунс кэпетения лор. Астфел, с-ау унит ку ел апроапе патру суте де оамень.
၂ညှင်းပန်းနှိပ်စက်ခြင်းခံရကြသူ၊ ကြွေးမြီ တင်သူ၊ စိတ်မကျေမနပ်ဖြစ်သူမှစ၍စုစု ပေါင်းလူလေးရာခန့်တို့သည် သူ၏ထံသို့ ဝင်ရောက်လာကြသဖြင့် ဒါဝိဒ်သည်သူတို့ ၏ခေါင်းဆောင်ဖြစ်လာလေသည်။
3 Де аколо, Давид с-а дус ла Мицпе, ын цара Моабулуй. Ел а зис ымпэратулуй Моабулуй: „Дэ вое, те рог, татэлуй меу ши мамей меле сэ винэ ла вой пынэ вой шти че ва фаче Думнезеу ку мине.”
၃ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။-
4 Ши й-а адус ынаинтя ымпэратулуй Моабулуй ши ау локуит ку ел ын тот тимпул кыт а стат Давид ын четэцуе.
၄သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။
5 Пророкул Гад а зис луй Давид: „Ну шедя ын четэцуе, чи ду-те ши интрэ ын цара луй Иуда.” Ши Давид а плекат ши а ажунс ла пэдуря Херет.
၅ထိုနောက်ပရောဖက်ဂဒ်သည်ဒါဝိဒ်ထံသို့ လာ၍``သင်သည်ဤအရပ်တွင်မနေနှင့်။ ယုဒပြည်သို့ချက်ချင်းထွက်၍သွားလော့'' ဟုဆို၏။ ထို့ကြောင့်ဒါဝိဒ်သည်ဟာရက် တောသို့ထွက်သွားလေသည်။
6 Саул а афлат кэ Давид ши оамений луй ау фост дескопериць. Саул шедя суб тамариск, ла Гибея, пе ынэлциме; авя сулица ын мынэ ши тоць служиторий луй стэтяу лынгэ ел.
၆တစ်နေ့သ၌ရှောလုသည်ဂိဗာမြို့သို့ရောက် ရှိလာ၏။ မင်းကြီးသည်လှံကိုကိုင်လျက်တောင် ကုန်းပေါ်ရှိအင်ကြင်းပင်အောက်တွင် အရာရှိ များခြံရံကာထိုင်လျက်နေတော်မူ၏။-
7 Ши Саул а зис служиторилор сэй де лынгэ ел: „Аскултаць, бениамиць! Вэ ва да фиул луй Исай ла тоць огоаре ши вий? Ва фаче ел дин вой тоць кэпетений песте о мие ши кэпетений песте о сутэ?
၇မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
8 Дакэ ну, де че в-аць унит тоць ымпотрива мя ши нимень ну мь-а дат де штире деспре легэмынтул фиулуй меу ку фиул луй Исай? Пентру че н-а фост нимень динтре вой пе каре сэ-л доарэ инима пентру мине ши сэ мэ ынштиинцезе кэ фиул меу а рэскулат пе робул меу ымпотрива мя, ка сэ-мь ынтиндэ курсе, кум фаче астэзь?”
၈ယင်းသို့ထင်မှတ်သဖြင့်သင်တို့သည် ငါ့ အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်လျက် နေကြသလော။ ငါ၏သားတော်ကိုယ်တိုင် ပင်လျှင် ဒါဝိဒ်နှင့်မဟာမိတ်ဖွဲ့ထားသည့် အကြောင်းကို သင်တို့တစ်စုံတစ်ယောက်မျှ ငါ့အားမပြောကြ။ ငါ့အားကြင်နာသူ တစ်ဦးတစ်ယောက်မျှမရှိ။ ငါ၏ငယ်သား တစ်ဦးဖြစ်သူဒါဝိဒ်သည်ငါ့အားလုပ် ကြံရန်အခွင့်ကောင်းကို ယခုပင်ရှာလျက် နေကြောင်းကိုသော်လည်းကောင်း၊ သူ့အား ငါ၏သားတော်ကအားပေးအားမြှောက် ပြုခဲ့ကြောင်းကိုသော်လည်းကောင်း အဘယ် သူမျှငါ့အားမပြောကြ'' ဟုမိန့်တော် မူ၏။
9 Доег, Едомитул, каре ера ши ел принтре служиторий луй Саул, а рэспунс: „Еу ам вэзут пе фиул луй Исай венинд ла Ноб, ла Ахимелек, фиул луй Ахитуб.
၉ထိုအခါ၌ဧဒုံမြို့သားဒေါဂသည်ရှောလု ၏အရာရှိများနှင့်အတူရပ်လျက် မင်းကြီး အား``ဒါဝိဒ်သည်အဟိတုပ်၏သားအဟိ မလက်ရှိရာနောဗမြို့သို့သွားရောက်သည် ကိုအကျွန်ုပ်တွေ့မြင်ခဲ့ပါ၏။-
10 Ахимелек а ынтребат пе Домнул пентру ел, й-а дат меринде ши й-а дат сабия луй Голиат, Филистянул.”
၁၀အဟိမလက်သည်ဒါဝိဒ်အတွက်ထာဝရ ဘုရားထံတွင်စုံစမ်းလျှောက်ထားပြီးလျှင် အစားအစာကိုလည်းကောင်း၊ ဖိလိတ္တိအမျိုး သားဂေါလျတ်၏ဋ္ဌားကိုလည်းကောင်းပေး အပ်လိုက်ပါ၏'' ဟုလျှောက်လေ၏။
11 Ымпэратул а тримис дупэ Ахимелек, фиул луй Ахитуб, преотул, ши дупэ тоатэ каса татэлуй сэу, дупэ преоций каре ерау ла Ноб. Ей ау венит тоць ла ымпэрат.
၁၁သို့ဖြစ်၍ရှောလုမင်းသည်နောဗမြို့နေ ယဇ်ပုရောဟိတ်များဖြစ်သော အဟိမလက် နှင့်သူ၏ဆွေမျိုးအပေါင်းတို့အားဆင့် ခေါ်သဖြင့်သူတို့သည်အထံတော်သို့ လာကြ၏။-
12 Саул а зис: „Аскултэ, фиул луй Ахитуб!” Ел а рэспунс: „Ятэ-мэ, домнул меу!”
၁၂ရှောလုကအဟိမလက်အား``အချင်း အဟိမလက်နားထောင်လော့'' ဟုဆိုလျှင်၊ အဟိမလက်က``အမိန့်တော်ကိုနာခံလျက် ပါ'' ဟုဆို၏။
13 Саул й-а зис: „Пентру че в-аць унит ымпотрива мя, ту ши фиул луй Исай? Пентру че й-ай дат пыне ши о сабие ши ай ынтребат пе Думнезеу пентру ел, ка сэ се ридиче ымпотрива мя ши сэ-мь ынтиндэ курсе, кум фаче астэзь?”
၁၃ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
14 Ахимелек а рэспунс ымпэратулуй: „Каре динтре служиторий тэй поате фи пус алэтурь ку крединчосул Давид, ӂинереле ымпэратулуй, гата ла порунчиле луй ши ынконжурат ку чинсте ын каса та?
၁၄အဟိမလက်က``ဒါဝိဒ်သည်အရှင်၏အပေါ် တွင် သစ္စာအရှိဆုံးအရာရှိတစ်ဦးဖြစ်ပါ၏။ သူသည်အရှင့်သမက်တော်ဖြစ်သည့်အပြင် အရှင့်ကိုယ်ရံတော်တပ်မှူးလည်းဖြစ်သဖြင့် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့၏ ကြည်ညိုလေးစားမှုကိုခံရသူဖြစ်ပါ၏။-
15 Оаре де астэзь ам ынчепут еу сэ ынтреб пе Думнезеу пентру ел? Департе де мине аша чева! Сэ ну арунче ымпэратул ничо винэ асупра робулуй сэу, нич асупра нимэнуй дин каса татэлуй меу, кэч робул тэу ну штие нимик дин тоате ачестя, нич лукру мик, нич лукру маре.”
၁၅သူ၏အတွက်ထာဝရဘုရားထံတော်သို့ အကျွန်ုပ်လျှောက်ထားပေးသည်မှာမှန်ပါ၏။ သို့ရာတွင်ယခင်ကလည်းဤသို့လျှောက်ထား ပေးခဲ့ဖူးပါသည်။ အရှင်အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုနှင့်ပတ်သက်၍မူကား အရှင်မင်းကြီးသည်အကျွန်ုပ်ကိုသော်လည်း ကောင်း၊ အကျွန်ုပ်၏အိမ်ထောင်စုသားတစ်ဦး တစ်ယောက်ကိုသော်လည်းစွပ်စွဲတော်မမူ ပါနှင့်။ ဤကိစ္စကိုအကျွန်ုပ်အလျှင်းမသိပါ'' ဟုပြန်၍လျှောက်ထား၏။
16 Ымпэратул а зис: „Требуе сэ морь, Ахимелек, ту ши тоатэ каса татэлуй тэу.”
၁၆မင်းကြီးသည်``အဟိမလက်၊ သင်နှင့်သင်၏ ဆွေမျိုးအပေါင်းတို့သည်သေရကြမည်'' ဟုဆိုပြီးလျှင်၊-
17 Ши ымпэратул а зис алергэторилор каре стэтяу лынгэ ел: „Ынтоарчеци-вэ ши оморыць пе преоций Домнулуй, кэч с-ау ынвоит ку Давид: ау штиут бине кэ фуӂе, ши ну мь-ау дат де весте.” Дар служиторий ымпэратулуй н-ау воит сэ ынтиндэ мына ка сэ ловяскэ пе преоций Домнулуй.
၁၇မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။
18 Атунч, ымпэратул а зис луй Доег: „Ынтоарче-те ши ловеште пе преоць.” Ши Доег, Едомитул, с-а ынторс ши а ловит пе преоць; а оморыт ын зиуа ачея оптзечь ши чинч де оамень каре пуртау ефодул де ин.
၁၈ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
19 Саул а май трекут прин аскуцишул сабией четатя преоцяскэ Ноб; бэрбаць ши фемей, копий ши прунчь, бой, мэгарь ши ой: тоць ау кэзут суб аскуцишул сабией.
၁၉ရှောလုသည်ယဇ်ပုရောဟိတ်မြို့တည်းဟူ သောနောဗမြို့တွင်နေထိုင်သည့် ယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့အရွယ်မှစ၍လူအပေါင်း တို့ကိုလည်းကောင်း၊ နွား၊ မြည်း၊ သိုးတို့ကိုလည်း ကောင်းသတ်စေတော်မူ၏။
20 Ун фиу ал луй Ахимелек, фиул луй Ахитуб, а скэпат. Нумеле луй ера Абиатар. А фуӂит ла Давид
၂၀သို့ရာတွင်အဟိမလက်၏သားတစ်ဦးဖြစ် သူအဗျာသာသည် ထွက်ပြေးလွတ်မြောက် သွားကာဒါဝိဒ်ထံသို့ရောက်ရှိလာ၏။-
21 ши й-а спус кэ Саул а учис пе преоций Домнулуй.
၂၁သူသည်ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့အား ရှောလုသတ်ဖြတ်ပုံကိုဒါဝိဒ်အား ပြောပြလေသည်။-
22 Давид а зис луй Абиатар: „М-ам гындит кяр ын зиуа ачея кэ Доег, Едомитул, фиинд аколо, ну се путя сэ ну спунэ луй Саул. Еу сунт причина морций тутурор суфлетелор дин каса татэлуй тэу.
၂၂ဒါဝိဒ်က``ဒေါဂသည်ရှောလုအားဤသို့ပြန် ကြားမည်ကို သူ့အားထိုအရပ်တွင်တွေ့ရသည့် နေ့ကပင်လျှင်ငါသိ၏။ သို့ဖြစ်၍သင်၏ဆွေ မျိုးသားချင်းအပေါင်းသေရကြသည်မှာ ငါ့ကြောင့်ပါတကား။ သင်သည်ငါနှင့်အတူ နေလော့။ မကြောက်နှင့်။-
23 Рэмый ку мине, ну те теме де нимик, кэч чел че каутэ сэ я вяца мя каутэ с-о я ши пе а та; лынгэ мине вей фи бине пэзит.”
၂၃သင်၏အသက်အန္တရာယ်ကိုရှာကြံသောသူ သည် ငါ၏အသက်အန္တရာယ်ကိုလည်းရှာကြံ ၏။ သို့ရာတွင်သင်သည်ငါနှင့်အတူနေလျှင် လုံခြုံလိမ့်မည်'' ဟုဆို၏။