< Numerele 6 >
1 Și DOMNUL i-a vorbit lui Moise, spunând:
၁တဖန် မောရှေ အား ထာဝရဘုရား က၊
2 Vorbește copiilor lui Israel și spune-le: Când, fie un bărbat, fie o femeie, se vor separa ca să facă o promisiune de nazireu, să se separe DOMNULUI,
၂သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ ထာဝရဘုရား အဘို့ မိမိကိုခြားနား စေ၍ နာဇရိ သစ္စာ ပြုခြင်းငှါ ၊ မိမိကို မိမိခွဲထားသောအခါ၊
3 El să se separe de vin și băutură tare și să nu bea deloc oțet din vin, sau oțet din băutură tare, nici să nu bea vreo licoare din struguri, nici să nu mănânce struguri proaspeți sau uscați.
၃စပျစ်ရည် နှင့် ယစ် မျိုးကို ရှောင် ရမည်။ စပျစ်ရည် ချဉ် နှင့် ယစ် မျိုးချဉ် ကိုလည်း မ သောက် ရ။ စပျစ်သီး ဖြင့် လုပ်သောအရည် ကိုအလျှင်း မ သောက် ရ။ စပျစ်သီး အစိမ်း အခြောက် ကိုလည်း မ စား ရ။
4 În toate zilele separării sale să nu mănânce nimic din ceea ce este făcut din vița de vie, de la sâmburi până la pieliță.
၄ခြားနား လျက်နေသောကာလ ပတ်လုံး ၊ စပျစ်သီးအဆန် ၊ စပျစ်သီးအခွံ မှစ၍စပျစ်ပင် က ဖြစ် သမျှ ကို မ စား ရ။
5 În toate zilele promisiunii lui de separare, briciul să nu treacă peste capul lui, până ce se vor împlini zilele, în care el s-a separat pentru DOMNUL, va fi sfânt și să lase șuvițele părului capului său să crească.
၅ခြားနား ခြင်းသစ္စာ စောင့်သော ကာလ ပတ်လုံး ဦးဆံ ကို မ ရိတ် ရ။ ထာဝရဘုရား အဘို့ မိမိကို ခြားနား စေ သော ကာလ မ စေ့ မှီတိုင်အောင်၊ သူသည် သန့်ရှင်း ရ သဖြင့်၊ မိမိ ဆံပင် ကို အလိုအလျောက်တိုးပွား စေမည်။
6 În toate zilele cât este el separat pentru DOMNUL, să nu vină la niciun trup mort.
၆ထာဝရဘုရား အဘို့ မိမိ ကိုခြားနား စေသော ကာလ ပတ်လုံး ၊ အသေကောင် ကို မ ချဉ်း မကပ်ရ။
7 El să nu se facă necurat nici pentru tatăl său, nici pentru mama sa, nici pentru fratele său, nici pentru sora sa, când ei mor, deoarece consacrarea Dumnezeului său este asupra capului său.
၇သူ ၏ဘုရားသခင် အဘို့ သူ ၏ခေါင်း ကို ခြားနား စေသောကြောင့် ၊ မိ ဘ ၊ ညီအစ်ကို ၊ နှမ သေ သော်လည်း ၊ ညစ်ညူး ခြင်းကိုမ ခံရ။
8 În toate zilele separării sale el este sfânt pentru DOMNUL.
၈ခြားနား လျက်နေသောကာလ ပတ်လုံး ၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
9 Și dacă vreun om moare dintr-odată lângă el, iar el și-a pângărit capul consacrării sale, atunci să își radă capul în ziua curățirii sale; în ziua a șaptea să și-l radă.
၉သူ့ အနား မှာ တစုံတယောက်သောသူသည် ချက်ခြင်း သေ ၍ ၊ သူသည် ခြားနား စေသောခေါင်း ကို ညစ်ညူး စေလျှင် ၊ စင်ကြယ် စေသောနေ့ တည်းဟူသောသတ္တမ နေ့ ၌ ဦးဆံ ကိုရိတ် ရမည်။
10 Și în ziua a opta să aducă două turturele, sau doi porumbei tineri, la preot, la ușa tabernacolului întâlnirii;
၁၀အဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့ ၊ ယဇ်ပုရောဟိတ် ထံသို့ ဆောင် ခဲ့ရမည်။
11 Și preotul să ofere pe una ca ofrandă pentru păcat și pe cealaltă ca ofrandă arsă și să facă ispășire pentru el, pentru că a păcătuit prin mort și capul să și-l sfințească în aceeași zi.
၁၁ယဇ်ပုရောဟိတ် သည်လည်း ၊ အပြစ် ဖြေရာယဇ် ဘို့ တ ကောင်၊ မီးရှို့ ရာယဇ်ဘို့ တ ကောင်ကို ပူဇော် ၍ ၊ ထိုသူ ၌ အသေကောင် အားဖြင့် ရောက်သော အပြစ် ဖြေခြင်းကို ပြုပြီးမှ ၊ ထိုနေ့ခြင်း တွင် သူ ၏ခေါင်း ကို သန့်ရှင်း စေ ရမည်။
12 Și să consacre DOMNULUI zilele separării sale și să aducă un miel de un an ca ofrandă pentru fărădelege, dar zilele care au fost mai înainte vor fi pierdute, deoarece separarea lui a fost pângărită.
၁၂အရင်ခြားနား စေသော ကာလ ကို ထာဝရဘုရား အဘို့ တဖန် ခြားနား စေ၍၊ အခါမလည် သော သိုးသငယ် တကောင်ကို ဒုစရိုက် ဖြေရာ ယဇ်ပြု၍ ပူဇော် ရမည်။ အရင်ခြားနား ခြင်းပျက် သောကြောင့် ၊ လွန် သောကာလ ပျောက် ရမည်။
13 Și aceasta este legea nazireului, când zilele separării sale vor fi împlinite, să fie adus la ușa tabernacolului întâlnirii,
၁၃ခြားနား ၍ နေသောကာလ စေ့ ပြီးမှ၊ နာဇရိ လူ စောင့်ရသောတရား ဟူမူကား ၊ သူသည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ လာ ၍ ၊
14 Și să aducă darul său DOMNULUI, un miel de un an, fără cusur, ca ofrandă arsă și o mielușea de un an, fără cusur, ca ofrandă pentru păcat, și un berbec, fără cusur, ca ofrande de pace.
၁၄မီးရှို့ ရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အထီးတ ကောင်၊ အပြစ် ဖြေရာယဇ်ဘို့ အခါမလည် ၊ အပြစ် မပါသော သိုးသငယ် အမတ ကောင်၊ မိဿဟာယ ယဇ်ဘို့ အပြစ် မပါသောဆိတ် တ ကောင်၊
15 Și un coș de azime, turte din floarea făinii, amestecate cu untdelemn, și lipii din azime, unse cu untdelemn, și darul lor de mâncare și darurile lor de băutură.
၁၅ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့ မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ဆက် ရမည်။
16 Și preotul să le aducă înaintea DOMNULUI și să aducă ofranda lui pentru păcat și ofranda lui arsă.
၁၆ထိုပူဇော်သက္ကာများကို၊ ယဇ်ပုရောဟိတ် သည် ထာဝရဘုရား ထံ တော်သို့သွင်း ၍ ၊ အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်ကို ပူဇော် ရမည်။
17 Și să aducă DOMNULUI berbecul ca sacrificiu al ofrandelor de pace, cu coșul de azime; preotul să aducă de asemenea și darul lui de mâncare și darul lui de băutură.
၁၇တဆေးမဲ့ မုန့်တတောင်း နှင့်တကွ ၊ မိဿဟာယ ယဇ်ဆိတ် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရား အား ပူဇော် ရမည်။
18 Și nazireul să își radă capul separării sale la ușa tabernacolului întâlnirii și să ia părul de pe capul separării sale și să îl pună în focul care este sub sacrificiul ofrandelor de pace.
၁၈နာဇရိ လူသည်၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ၊ မိမိ ခြားနား သော ဦးဆံ ကိုရိတ် ၍ ၊ ထိုဆံ ကို မိဿဟာယ ယဇ်အောက် ၌ရှိသောမီး ထဲမှာ ထည့် ရမည်။
19 Și preotul să ia spata fiartă a berbecului și o turtă nedospită din coș și o lipie nedospită și să le pună pe mâinile nazireului, după ce părul separării sale a fost ras.
၁၉ခြားနား သော ဦးဆံကိုရိတ် ပြီးမှ ၊ ယဇ်ပုရောဟိတ် သည် ပြုတ် သော ဆိတ် ပခုံး တဘက်၊ တောင်း ထဲက တဆေးမဲ့ မုန့်ပြား တ ပြား၊ တဆေးမဲ့ မုန့်ကြွပ် တ ချပ်ကို ယူ ၍၊ နာဇရိ လူလက် ၌ ထည့် ပြီးလျှင် ၊
20 Și preotul să le legene ca ofrandă legănată înaintea DOMNULUI, acesta este sfânt pentru preot, cu pieptul legănat și cu spata săltată și după aceea nazireul poate bea vin.
၂၀ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။
21 Aceasta este legea nazireului, care a jurat, și a darului său către DOMNUL, pentru separarea sa, în afară de ceea ce îi va da mâna, conform cu jurământul, pe care l-a jurat, astfel trebuie să facă după legea separării sale.
၂၁ဤရွေ့ကား ၊ သစ္စာ ပြုသော နာဇရိ လူသည်၊ အလိုအလျောက်တတ်နိုင် သမျှ မှတပါး၊ မိမိ ခြားနား ခြင်းအတွက် ၊ ထာဝရဘုရား အား ဆက်ရသောပူဇော်သက္ကာ နှင့် ဆိုင် သော တရား ပေတည်း။ သစ္စာ ပြုသည်အတိုင်း ၊ ခြားနား ခြင်းတရား နှင့်အညီ ပြု ရမည်ဟု မိန့်တော်မူ၏။
22 Și DOMNUL i-a vorbit lui Moise, spunând:
၂၂တဖန် မောရှေ အား ထာဝရဘုရား က၊
23 Vorbește lui Aaron și fiilor săi, spunând: Astfel să binecuvântați pe copiii lui Israel, spunându-le:
၂၃သင်သည် အာရုန် နှင့် သူ ၏သား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည်၊ ဣသရေလ အမျိုးသား တို့အား ကောင်းကြီး ပေး၍ မြွက် ရသောစကားဟူမူကား ၊
24 DOMNUL să te binecuvânteze și să te țină;
၂၄ထာဝရဘုရား သည်၊ သင့် ကို ကောင်းကြီး ပေး၍ စောင့်မ တော်မူပါစေသော။
25 Să facă DOMNUL să strălucească fața sa peste tine și să aibă har fața de tine;
၂၅ထာဝရဘုရား သည်သင် ၌ မျက်နှာ တော်အလင်း ကို လွှတ်၍ ကရုဏာ ကျေးဇူးပြုတော်မူပါစေသော၊
26 Să înalțe DOMNUL înfățișarea sa peste tine și să îți dea pacea.
၂၆ထာဝရဘုရား သည် သင့် ကို မြော်ကြည့် ၍ ချမ်းသာ ပေး တော်မူပါစေသောဟု၊
27 Și ei să pună numele meu peste copiii lui Israel, iar eu îi voi binecuvânta.
၂၇ဣသရေလ အမျိုးသား တို့ အပေါ် မှာ ငါ့ နာမ ကို မြွက်ဆို၍ တင် လျှင် ၊ ငါ သည်ထိုသူ တို့ကို ကောင်းကြီး မင်္ဂလာပေးမည်ဟု မိန့် တော်မူ၏။