< Numerele 32 >
1 Acum, copiii lui Ruben și copiii lui Gad aveau o foarte mare mulțime de vite; și au văzut țara Iaezer și țara Galaad și, iată, locul era un loc pentru vite,
၁ရုဗင် အမျိုးသား နှင့် ဂဒ် အမျိုးသား တို့သည် အလွန် များပြားသော တိရစ္ဆာန် တို့နှင့် ကြွယ်ဝ သည်ဖြစ်၍၊ ယာဇာ ပြည် ၊ ဂိလဒ် ပြည် တို့၌ တိရစ္ဆာန် ကျက်စားစရာဘို့ ကောင်းသည်ကို မြင် ကြလျှင် ၊
2 Copiii lui Gad și copiii lui Ruben au venit și i-au spus lui Moise și preotului Eleazar și prinților adunării, spunând:
၂မောရှေ နှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ် တို့တွင် မင်း များတို့ထံသို့ လာ ၍ ၊
3 Atarot și Dibon și Iaezer și Nimra și Hesbon și Eleale și Sebam și Nebo și Beon,
၃အတရုတ် ၊ ဒိဘုန် ၊ ယာဇာ ၊ နိမရ ၊ ဟေရှဘုန် ၊ ဧလာလေ ၊ ရှေဘံ ၊ နေဗော ၊ ဗောန တည်းဟူသော၊
4 Țara pe care DOMNUL a lovit-o înaintea adunării lui Israel, este un pământ pentru vite și servitorii tăi au vite,
၄ဣသရေလ ပရိသတ် ရှေ့မှာ ထာဝရဘုရား လုပ်ကြံ တော်မူသော ဤပြည် သည် တိရစ္ဆာန် နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန် တို့၌ လည်း တိရစ္ဆာန် များပြားပါ၏။
5 Pentru aceasta, au spus ei, dacă am găsit har înaintea ochilor tăi, fie ca această țară să se dea servitorilor tăi în stăpânire, nu ne trece peste Iordan.
၅သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့ တော်၌ မျက်နှာရ လျှင် ၊ ဤ ပြည် ကို ကိုယ်တော် ကျွန် တို့အား အပိုင်ပေး တော်မူပါ။ ကျွန်တော် တို့ကို ယော်ဒန် မြစ်တဘက်သို့ ပို့ဆောင် တော်မ မူပါနှင့်ဟု လျှောက် ကြ၏။
6 Și Moise a spus copiilor lui Gad și copiilor lui Ruben: Vor merge frații voștri să se războiască, iar voi veți ședea aici?
၆မောရှေ ကလည်း ၊ သင်တို့သည် ဤ အရပ်၌ နေရစ် ၍၊ သင် တို့ညီအစ်ကို များတို့သည် စစ်တိုက် သွား ရမည်လော။
7 Și pentru ce descurajați inima copiilor lui Israel de la a intra în țara pe care DOMNUL le-a dat-o?
၇ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မကူး မသွားမည် အကြောင်း၊ သူတို့စိတ် ကို အဘယ်ကြောင့် ဖျက် ကြသနည်း။
8 Astfel au făcut părinții voștri, când i-am trimis de la Cades-Barnea să vadă țara.
၈ပြည် တော်ကို ကြည့်ရှု စေခြင်းငှါ ၊ သင် တို့အဘ တို့ကို ကာဒေရှဗာနာ အရပ်က ငါ စေလွှတ် သောအခါ ထိုသို့ ပြု ကြ၏။
9 Căci, când s-au urcat la valea Eșcol și au văzut țara, au descurajat inima copiilor lui Israel, cum că nu ar trebui să intre în țara pe care DOMNUL le-a dat-o.
၉ဧရှကောလ ချောင်း သို့ သွား ၍ ပြည် တော်ကို ကြည့် မြင်ပြီးမှ၊ ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ဣသရေလ အမျိုးသား တို့သည် မ သွား မည်အကြောင်းသူတို့စိတ် ကို ဖျက် ကြ၏။
10 Și mânia DOMNULUI s-a aprins în acel timp și el a jurat, spunând:
၁၀ထိုအခါ ထာဝရဘုရား သည် အမျက် တော်ထွက် လျက်၊ အကယ်စင်စစ်အာဗြဟံ ၊ ဣဇာတ် ၊ ယာကုပ် တို့ အား ငါကျိန်ဆို ၍ ပေးသောပြည် ကို၊ အဲဂုတ္တု ပြည်မှ ထွက်လာ သောသူတို့တွင် ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် နှင့် နုန် ၏သား ယောရှု မှတပါး ၊ အဘယ်သူမျှငါ့ နောက်သို့ လုံးလုံးမ လိုက်သောကြောင့် ၊ အသက် နှစ်ဆယ် လွန် သောသူ တစုံတယောက်မျှ မ မြင် ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရား နောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆို တော်မူ၏။
11 Negreșit niciunul dintre oamenii care s-au urcat din Egipt, de la vârsta de douăzeci de ani în sus, nu va vedea țara pe care eu am jurat-o lui Avraam, lui Isaac și lui Iacob; deoarece nu m-au urmat pe deplin,
၁၁
12 În afară de Caleb, fiul lui Iefune chenizitul, și Iosua, fiul lui Nun, pentru că ei au urmat pe deplin pe DOMNUL.
၁၂
13 Și mânia DOMNULUI s-a aprins împotriva lui Israel și i-a făcut să rătăcească în pustiu patruzeci de ani, până ce toată generația care făcuse rău înaintea ochilor DOMNULUI a fost mistuită.
၁၃ထိုသို့ ထာဝရဘုရား ရှေ့ တော်၌ ဆိုး သောအမှု ကို ပြု သောလူအပေါင်း တို့သည် မ ပျက်စီး မှီတိုင်အောင်၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို အမျက် ထွက် ၍ အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် စေ တော်မူ၏။
14 Și, iată, voi v-ați ridicat în locul părinților voștri, urmași înmulțiți ai oamenilor păcătoși, ca să sporiți acum mânia înverșunată a DOMNULUI spre Israel.
၁၄ယခုမူကား၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာ အမျက် တော်ထွက်စေမည် အကြောင်း၊ သာ၍ ဆိုး သောသူတည်းဟူသောသင်တို့သည် သင် တို့အဘ များကိုယ်စား ပေါ်ထ ကြပြီတကား။
15 Căci dacă vă abateți de la a-l urma pe el, el îi va lăsa din nou în pustiu; și veți nimici tot acest popor.
၁၅သင်တို့သည် နောက် တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင် ၊ တဖန် ဣသရေလအမျိုးသားတို့ကို တော ၌ စွန့်ပစ် တော်မူသဖြင့် ၊ သင်တို့သည် ဤ လူမျိုး အပေါင်း ကို ဖျက်ဆီး ကြလိမ့်မည်ဟု ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား တို့ အား ပြန်ပြော ၏။
16 Și ei s-au apropiat de el și au spus: Vom zidi țarcuri pentru oi aici pentru vitele noastre și cetăți pentru micuții noștri,
၁၆ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ် ၍၊ ကျွန်တော်တို့သည် ကျွန်တော် တို့ တိရစ္ဆာန် များအဘို့ ဤ အရပ်၌ သိုး ခြံတို့ကို၎င်း ၊ ကျွန်တော် တို့ သူငယ် များ အဘို့ မြို့ တို့ကို၎င်းတည် ပါမည်။
17 Dar noi înșine vom merge gata înarmați înaintea copiilor lui Israel, până îi vom fi dus la locul lor; și micuții noștri vor locui în cetățile fortificate din cauza locuitorilor țării.
၁၇သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူ တို့ နေရာ အရပ်သို့ မ ပို့ မဆောင်မှီတိုင်အောင်၊ ကျွန်တော်တို့သည် လက်နက် ကိုင်လျက် သူတို့ရှေ့မှာ သွား ပါမည်။ ဤပြည် ၌ ကျန်ကြွင်း သေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ် များသည် ခိုင်ခံ့ သောမြို့ ၌ နေ ရပါမည်။
18 Nu ne vom întoarce la casele noastre până ce copiii lui Israel nu vor fi moștenit fiecare bărbat moștenirea lui.
၁၈ဣသရေလ အမျိုးသား အပေါင်းတို့သည် အမွေ ခံရသောမြေကို မ ဝင်စား မှီတိုင်အောင်ကျွန်တော်တို့သည် ကိုယ် အိမ် သို့ မ ပြန် မလာပါ။
19 Pentru că nu vom moșteni împreună cu ei dincolo de Iordan, sau mai departe; deoarece moștenirea noastră ne-a căzut de această parte a Iordanului spre est.
၁၉ကျွန်တော်တို့သည် ယော်ဒန် မြစ်တဘက် ၌ သူ တို့ နှင့်အတူ အမွေ ကို မ တောင်းမခံပါ။ ကျွန်တော် တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
20 Și Moise le-a spus: Dacă veți face acest lucru, dacă veți merge înarmați înaintea DOMNULUI la război,
၂၀မောရှေ ကလည်း ၊ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား ရှေ့ တော်၌ လက်နက် ကိုင်လျက် စစ်တိုက် သွား လျှင် ၎င်း၊
21 Și veți trece toți înarmați peste Iordan înaintea DOMNULUI, până ce el va fi scos afară pe dușmanii săi de dinaintea lui,
၂၁ထာဝရဘုရားသည် ရန်သူ တို့ကို ရှေ့ တော်မှ နှင်ထုတ် ၍ ထိုပြည် ကို အောင် တော်မ မူမှီတိုင်အောင်၊
22 Și țara va fi supusă înaintea DOMNULUI; și după aceea vă veți întoarce și veți fi fără vină înaintea DOMNULUI și înaintea lui Israel; și această țară va fi stăpânirea voastră înaintea DOMNULUI.
၂၂သင် တို့ရှိသမျှ သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ယော်ဒန် မြစ်တဘက်သို့ ကူး သွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရား ရှေ့၊ ဣသရေလ အမျိုးသားရှေ့၌အပြစ် ကင်းလွတ်လျက်၊ ဤ ပြည် သို့ ပြန်လာ ၍ ထာဝရဘုရား အခွင့်နှင့် အမွေ ခံရ ကြမည်။
23 Dar dacă nu veți face astfel, iată, ați păcătuit împotriva DOMNULUI și fiți siguri că păcatul vostru vă va găsi.
၂၃ထိုသို့မ ပြု လျှင် မူကား ၊ သင်တို့သည် ထာဝရဘုရား ကို ပြစ်မှား ခြင်းရှိသည်အတိုင်း ၊ ထိုအပြစ် သည် သင် တို့ကို လိုက် ၍ မှီလိမ့်မည်။
24 Zidiți-vă cetăți pentru micuții voștri și țarcuri pentru oile voastre și faceți ceea ce a ieșit din gura voastră.
၂၄သူငယ် များအဘို့ မြို့ တို့ကို၎င်း ၊ သိုး များအဘို့ သိုးခြံ တို့ကို၎င်း၊ တည် လုပ်ကြလော့။ ယခုပြော သမျှ အတိုင်း ပြု ကြလော့ဟုဆိုလျှင်၊
25 Și copiii lui Gad și copiii lui Ruben i-au spus lui Moise, zicând: Servitorii tăi vor face precum domnul meu poruncește.
၂၅ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုး တို့က၊ ကိုယ်တော် ကျွန် တို့သည် သခင် မိန့် တော်မူသည်အတိုင်း ပြု ပါမည်။
26 Micuții noștri, soțiile noastre, turmele noastre și toate vitele noastre vor fi acolo în cetățile lui Galaad;
၂၆ကျွန်တော် တို့ မယား သားသူငယ် များနှင့် သိုး နွား အလုံးစုံ တို့သည် ဤ အရပ်၊ ဂိလဒ် မြို့ တို့၌ နေရစ် ရပါမည်။
27 Dar servitorii tăi vor trece, fiecare bărbat înarmat de război, înaintea DOMNULUI la bătălie, precum domnul meu spune.
၂၇ကိုယ်တော် ကျွန် အပေါင်းတို့မူကား ၊ သခင် မိန့် တော်မူသည်အတိုင်း ၊ လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ စစ်တိုက် ခြင်းငှါကူး သွားပါမည်ဟု လျှောက်ထား ကြ၏။
28 Astfel, referitor la ei, Moise i-a poruncit preotului Eleazar și lui Iosua, fiul lui Nun, și mai marilor părinți ai triburilor copiilor lui Israel,
၂၈ထိုအမှုကြောင့်၊ မောရှေ သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီး များတို့ကို ခေါ် ၍ ၊
29 Și Moise le-a spus: Dacă copiii lui Gad și copiii lui Ruben vor trece împreună cu voi peste Iordan, fiecare bărbat înarmat de bătălie, înaintea DOMNULUI, și țara va fi supusă înaintea voastră, atunci să le dați țara lui Galaad în stăpânire.
၂၉ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့သည် စစ်တိုက်ခြင်းငှါအသီးအသီးလက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ သင် တို့နှင့်အတူ ယော်ဒန် မြစ်တဘက် သို့ ကူး သွား၍၊ သင်တို့သည် ထိုပြည် ကို အောင် ပြီးလျှင် ၊ ထိုအမျိုးသား တို့အား ဂိလဒ် ပြည် ကို အပိုင် ပေး ရကြမည်။
30 Dar dacă nu vor trece cu voi înarmați, atunci să aibă stăpâniri printre voi în țara lui Canaan.
၃၀သို့မဟုတ် သူတို့သည်လက်နက် ကိုင်လျက် သင် တို့နှင့်အတူ မ ကူး မသွားလျှင် ၊ ခါနာန် ပြည် ၌ သင် တို့တွင် ကိုယ်ပိုင်ရာမြေကို ခံယူ ရကြမည်ဟု မှာထား လေ၏။
31 Și copiii lui Gad și copiii lui Ruben au răspuns, zicând: Precum DOMNUL a vorbit servitorilor tăi, astfel vom face.
၃၁ဂဒ် အမျိုးသား နှင့် ရုဗင် အမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကျွန် တို့အား မိန့် တော်မူသည် အတိုင်း ၊ ကျွန်တော်တို့သည် ပြု ကြပါမည်။
32 Vom trece înarmați înaintea DOMNULUI în țara lui Canaan, pentru ca stăpânirea moștenirii noastre de această parte a Iordanului să fie a noastră.
၃၂ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ခံရပါမည်အကြောင်း၊ ကျွန်တော် တို့သည် လက်နက် ကိုင်လျက် ထာဝရဘုရား ရှေ့ တော်၌ ခါနာန် ပြည် သို့ ကူး သွားပါမည် ဟု ပြန်လျှောက် ကြ၏။
33 Și Moise le-a dat lor, adică copiilor lui Gad și copiilor lui Ruben și la jumătate din tribul lui Manase, fiul lui Iosif, împărăția lui Sihon, împăratul amoriților, și împărăția lui Og, împăratul Basanului, țara, cu cetățile ei în ținuturile ei, cetățile țării de jur împrejur.
၃၃ထိုအခါ မောရှေ သည် အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ ဆိုင်သမျှ၊ ဗာရှန် ရှင်ဘုရင် ဩဃ ၏ နိုင်ငံ ဆိုင်သမျှသောနယ်မြေ မြို့ ရွာတို့ကို ဂဒ် အမျိုးသား ၊ ရုဗင် အမျိုးသား ၊ ယောသပ် ၏သား မနာရှေမှ ဆင်းသက်သော မနာရှေ အမျိုးသား တဝက် ၌ အပ် ပေးလေ၏။
34 Și copiii lui Gad au zidit Dibonul și Atarotul și Aroerul,
၃၄ဂဒ် အမျိုးသား တို့သည် ဒိဗုန် ၊ အတရုတ် ၊ အာရော် ၊
35 Și Atrotul, Șofanul și Iaezerul și Iogbeha,
၃၅အာတရုတ် ၊ ရှောဖန်၊ ယာဇာ ၊ ယုမ္ဘေဟ ၊
36 Și Betnimra și Betharanul, cetăți fortificate; și țarcuri pentru oi.
၃၆ဗက်နိမရာ ၊ ဗေသာရန် မြို့ များကို၎င်း ၊ သိုး ခြံများ ကို၎င်းတည် လုပ်ကြ၏။
37 Și copiii lui Ruben au zidit Hesbonul și Eleale și Chiriat-Haimul,
၃၇ရုဗင် အမျိုးသား တို့သည် ဟေရှဘုန် ၊ ဧလာလေ ၊ ကိရယသိမ် ၊
38 Și Nebo și Baal-Meonul, (numele lor fiind schimbate) și Șibma; și au dat alte nume cetăților pe care le-au zidit.
၃၈နေဗော ၊ ဗာလမောန ၊ ရှိဗမ မြို့ များကို အသစ် သောအမည် ဖြင့် သမုတ် ၍ တည် ကြ၏။
39 Și copiii lui Machir, fiul lui Manase, a mers la Galaad și l-au luat și au alungat pe amoriții care erau în el.
၃၉မနာရှေ မှ ဆင်းသက်သော မာခိရ အမျိုးသား တို့သည်၊ ဂိလဒ် မြို့သို့ သွား ၍ သိမ်းယူ ပြီးလျှင် ၊ အရင် မြို့သား အာမောရိ လူတို့ကို နှင်ထုတ် ကြ၏။
40 Și Moise a dat Galaadul lui Machir, fiul lui Manase; și el a locuit în el.
၄၀မောရှေ သည် ဂိလဒ် မြို့ကို မနာရှေ ၏သား မာခိရ အမျိုးသားတို့အား ပေး ၍ သူတို့သည် နေ ကြ၏။
41 Și Iair, fiul lui Manase, a ieșit și a luat orașele mici de acolo și le-a numit Havot-Iair.
၄၁မနာရှေ အမျိုးသား ယာဣရ သည်လည်း သွား ၍ ဂိလဒ်ရွာ များကို သိမ်းယူ ပြီးမှ ၊ ဟာဝုတ် ယာဣရ အမည် ဖြင့် သမုတ် လေ၏။
42 Și Nobah a mers și a luat Chenatul și satele lui și l-a numit Nobah, după numele său.
၄၂နောဗာ သည်လည်း သွား ၍ ကေနတ် မြို့ ရွာတို့ကို သိမ်းယူ ပြီးမှ ၊ မိမိ အမည် ဖြင့် နောဗာ မြို့ဟု သမုတ် လေ၏။