< Neemia 4 >

1 Dar s-a întâmplat că, atunci când Sanbalat a auzit că noi am construit zidul, s-a înfuriat și s-a aprins mult și a batjocorit pe iudei.
မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-
2 Și a vorbit înaintea fraților săi și a armatei Samariei și a spus: Ce fac acești iudei slabi? Se vor întări ei? Vor sacrifica ei? Vor termina ei într-o zi? Vor reînvia ei pietrele din grămezile de moloz care sunt arse?
သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။
3 Și Tobia amonitul era lângă el și a spus: Ceea ce ei construiesc dacă doar o vulpe s-ar urca, ar dărâma zidul lor de piatră.
သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။
4 Auzi, Dumnezeul nostru, pentru că suntem disprețuiți; și întoarce ocara lor asupra capului lor și dă-i ca pradă în țara captivității;
ငါ​က``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​အား ထို​သူ​တို့​အ​ဘယ်​သို့​ပြက်​ရယ်​ပြု​ကြ​သည် ကို​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ တို့​ကဲ့​ရဲ့​ပြော​ဆို​သည့်​စ​ကား​ဖြင့်​တန်​ပြန် ထိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မိ​မိ​တို့​တွင် ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​အ​လု အ​ယက်​ခံ​ရ​လျက် နိုင်​ငံ​ရပ်​ခြား​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ သော။-
5 Și nu acoperi nelegiuirea lor și să nu fie șters păcatul lor dinaintea ta, pentru că ei te-au provocat la mânie înaintea celor care construiesc.
မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။
6 Astfel am construit noi zidul; și tot zidul a fost îmbinat până la jumătatea lui, pentru că poporul avea inimă să muncească.
သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။
7 Dar s-a întâmplat, când au auzit Sanbalat și Tobia și arabii și amoniții și asdodiții că zidurile Ierusalimului erau ridicate și că spărturile începeau să fie astupate, că s-au înfuriat foarte tare,
သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-
8 Și au uneltit toți împreună să vină și să lupte împotriva Ierusalimului și să îl împiedice.
သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။-
9 Totuși noi ne-am făcut rugăciunea către Dumnezeul nostru și am pus o gardă împotriva lor zi și noapte, din cauza lor.
သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက် ရန်​သူ တို့​၏​ဘေး​မှ​ကာ​ကွယ်​ရန်​နေ့​ရော​ညဥ့်​ပါ ကင်း​စောင့်​ထား​ကြ​၏။
10 Și Iuda a spus: Puterea purtătorilor de poveri este slăbită și este mult moloz; astfel încât nu suntem în stare să construim zidul.
၁၀ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။ သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း'' ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။
11 Și potrivnicii noștri au spus: Nu vor ști, nici nu vor vedea, până vom ajunge în mijlocul lor și îi vom ucide și vom face ca lucrarea să înceteze.
၁၁ငါ​တို့​၏​ရန်​သူ​များ​သည်​ငါ​တို့​မ​မြင် မ​သိ​နိုင်​မီ ငါ​တို့​အား​ဝင်​ရောက်​သတ်​ဖြတ် ကာ​မြို့​ရိုး​တည်​ဆောက်​မှု​ကို​ရပ်​စဲ​စေ​ရန် ကြံ​စည်​ကြ​၏။-
12 Și s-a întâmplat că, atunci când iudeii, care locuiau lângă ei, au venit, ne-au spus de zece ori: Oriunde vă veți întoarce, ei vor fi peste voi.
၁၂ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။-
13 De aceea am pus în locurile mai de jos în spatele zidului și în locurile mai înalte, chiar eu am așezat poporul după familiile lor cu săbiile lor, cu sulițele lor și cu arcurile lor.
၁၃သို့​ဖြစ်​၍​ငါ​သည်​ပြည်​သူ​တို့​အား ဋ္ဌား၊ လှံ၊ လေး​လက်​နက်​များ​ကို​စွဲ​ကိုင်​စေ​ကာ​တည် ဆောက်​၍​မ​ပြီး​သေး​သည့်​မြို့​ရိုး​များ​၏ နောက်​တွင်​သား​ချင်း​စု​အ​လိုက်​နေ​ရာ ယူ​စေ​၏။
14 Și m-am uitat și m-am ridicat și am spus nobililor și conducătorilor și restului poporului: Nu vă temeți de ei; amintiți-vă de DOMNUL, care este mare și înfricoșător, și luptați pentru frații voștri, fiii voștri și fiicele voastre, soțiile voastre și casele voastre.
၁၄ငါ​သည်​ပြည်​သူ​တို့​စိုး​ရိမ်​ပူ​ပန်​လျက်​နေ ကြ​သည်​ကို​မြင်​သ​ဖြင့် သူ​တို့​နှင့်​တ​ကွ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး မှူး​များ​အား``ငါ​တို့​၏​ရန်​သူ​များ​ကို​မ ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ ဘယ်​မျှ​ကြီး​မြတ်​တော်​မူ​၍​ကြောက်​မက် ဖွယ်​ကောင်း​သည်​ကို​သ​တိ​ရ​လျက်​သင်​တို့ ၏​ညီ​အစ်​ကို​သား​မ​ယား​အိမ်​ရာ​များ အ​တွက်​တိုက်​ပွဲ​ဝင်​ကြ​လော့'' ဟု​နှိုး​ဆော်​၏။-
15 Și s-a întâmplat, când dușmanii noștri au auzit că ni s-a făcut cunoscut și că Dumnezeu făcuse sfatul lor de nimic, că noi ne-am întors cu toții la zid, fiecare la lucrarea sa.
၁၅ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။
16 Și s-a întâmplat, de atunci înainte, că jumătate din servitorii mei lucrau în lucrare și cealaltă jumătate din ei purtau deopotrivă sulițele, scuturile și arcurile și armurile; și conducătorii erau în spatele întregii case a lui Iuda.
၁၆ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-
17 Cei care construiau zidul și cei care purtau poveri, cu cei care încărcau, fiecare cu o mână lucra în lucrare și cu cealaltă ținea o armă.
၁၇ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-
18 Deoarece cei care construiau, fiecare își avea sabia lui încinsă la șold și astfel construia. Și cel care suna din trâmbiță era lângă mine.
၁၈တည်​ဆောက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ခါး​တွင်​ဋ္ဌား​ကို​ဆွဲ​လျက်​တည်​ဆောက်​ကြ​၏။ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​ရန်​တံပိုး​ခ​ရာ မှုတ်​ရ​မည့်​သူ​သည်​ငါ​၏​အ​နီး​တွင်​ရပ် လျက်​နေ​၏။-
19 Și am spus nobililor și conducătorilor și restului poporului: Lucrarea este mare și întinsă și noi suntem împrăștiați pe zid, departe unul de altul.
၁၉ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။-
20 Oriunde veți auzi sunetul trâmbiței, să vă adunați într-acolo la noi; Dumnezeul nostru va lupta pentru noi.
၂၀ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​တံ​ပိုး​ခ​ရာ​မှုတ် သံ​ကို​ကြား​လျှင် သင်​တို့​သည်​ငါ့​ထံ​သို့​လာ ရောက်​စု​ရုံး​ကြ​လော့။ ငါ​တို့​၏​ဘု​ရား​သ​ခင် သည်​ငါ​တို့​ဘက်​မှ​နေ​၍​တိုက်​ခိုက်​တော်​မူ လိမ့်​မည်'' ဟု​မှာ​ကြား​ထား​၏။-
21 Astfel noi munceam în lucrare; și jumătate din ei purtau sulițele de la ridicarea dimineții până când stelele apăreau.
၂၁သို့​ဖြစ်​၍​နေ့​စဉ်​နေ့​တိုင်း​နေ​အ​ရုဏ်​တက်​ချိန် မှ​ညဥ့်​အ​ခါ​ကြယ်​ပေါ်​ချိန်​တိုင်​အောင် ငါ​တို့ လူ​စု​တစ်​ဝက်​သည်​မြို့​ရိုး​ကို​တည်​ဆောက်​၍ အ​ခြား​တစ်​ဝက်​က​လှံ​များ​ကို​ကိုင်​ဆောင် ကာ​ကင်း​စောင့်​ကြ​လေ​သည်။
22 Tot astfel în acel timp am spus poporului: Fiecare cu servitorul său să găzduiască în Ierusalim, ca noaptea să ne fie gardă, și ziua să muncească.
၂၂ထို​အ​ခါ​၌​ငါ​က``ငါ​တို့​သည်​ညဥ့်​အ​ခါ မြို့​ကို​ကင်း​စောင့်​၍​နေ့​အ​ခါ​အ​လုပ်​လုပ် နိုင်​ကြ​စေ​ရန် သင်​တို့​နှင့်​သင်​တို့​အား​ကူ​ညီ သူ​ရှိ​သ​မျှ​တို့​သည်​ညဥ့်​အ​ခါ​ယေ​ရု ရှ​လင်​မြို့​တွင်​အိပ်​ရ​မည်'' ဟု​တာ​ဝန် ရှိ​သူ​တို့​အား​ဆို​၏။-
23 Astfel nici eu, nici frații mei, nici servitorii mei, nici bărbații de gardă care mă urmau, niciunul dintre noi nu ne-am dezbrăcat de hainele noastre, fiecare se dezbrăca doar pentru spălare.
၂၃ငါ​သည်​ညဥ့်​အ​ခါ​၌​ငါ​၏​အ​ဝတ်​များ​ကို မ​ချွတ်။ ငါ​၏​အ​ပေါင်း​အ​ဖော်​များ၊အ​စေ​ခံ များ​နှင့်​ကိုယ်​ရံ​များ​သည်​လည်း​သူ​တို့​၏ အဝတ်​များ​ကို​မ​ချွတ်​ရ​ကြ။ ငါ​တို့​အား​လုံး ပင်​မိ​မိ​တို့​၏​လက်​နက်​များ​ကို​အ​နီး​တွင် ထား​ရှိ​ရ​ကြ​၏။

< Neemia 4 >