< Matei 12 >

1 În timpul acela, Isus trecea în sabat prin lan; și discipolii lui erau flămânzi și au început să smulgă spice și să le mănânce.
ထို ကာလ အခါ ယေရှု သည် ဥပုသ်နေ့ ၌ ဂျုံ စပါးလယ်ကွက်တို့ကို ရှောက်ကြွ တော်မူလျှင်၊ တပည့် တော်တို့သည် ဆာမွတ် သောကြောင့် စပါး အသီးအနှံကို ဆွတ် ၍ စား ကြ၏။
2 Dar când fariseii au văzut, i-au spus: Iată, discipolii tăi fac ce nu este legiuit să facă în sabat.
ဖာရိရှဲ တို့သည်မြင် လျှင်၊ ကိုယ်တော် ၏ တပည့် တို့သည် ဥပုသ်နေ့ ၌ မ ပြု အပ် သောအမှု ကို ပြု ကြပါသည် တကားဟု လျှောက် ကြသော်၊
3 Dar el le-a spus: Nu ați citit ce a făcut David, când a flămânzit el și cei ce erau cu el?
ကိုယ်တော် က ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
4 Cum a intrat în casa lui Dumnezeu și a mâncat pâinile punerii înainte, ceea ce nu îi era legiuit să mănânce, nici celor ce erau cu el, decât numai preoților?
ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ မိမိ မ စားအပ်၊ မိမိ အဘော် မ စား အပ်၊ ယဇ်ပုရောဟိတ် တို့သာ စား အပ်သော ရှေ့ တော်မုန့် ကို စား သည်အကြောင်းကို သင်တို့သည် မ ဘတ် ဘူးသလော။
5 Sau nu ați citit în lege, că în sabate, preoții în templu pângăresc sabatul și sunt nevinovați?
ယဇ် ပုရောဟိတ်တို့သည်လည်း ဗိမာန် တော်တွင် ဥပုသ်နေ့ ၌ ဥပုသ် ပျက်သော်လည်း ၊ မပြစ် မသင့်သည်ကို ပညတ္တိ ကျမ်း၌ မ ဘတ် ဘူးသလော။
6 Dar vă spun că aici este unul mai mare decât templul.
ငါဆို သည်ကား၊ ဤ အရပ်၌ ဗိမာန် တော်ထက် သာ၍ကြီးမြတ်သောအရာရှိ ၏။
7 Dar dacă ați fi știut ce înseamnă: Milă voiesc și nu sacrificiu, nu ați fi condamnat pe cei nevinovați.
ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည် လျှင် ၊ အပြစ် ကင်းသောသူ တို့ကို အပြစ် မ တင် မစီရင်ကြပြီ။
8 Fiindcă Fiul omului este Domn și al sabatului.
လူ သား သည် ဥပုသ်နေ့ ကို အစိုးရ သည် ဟု မိန့်တော်မူ၏။
9 Și după ce a plecat de acolo, a intrat în sinagoga lor;
ထို အရပ်မှ ကြွ ၍ တရားစရပ် သို့ ဝင် တော်မူ၏။ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ သည်ဖြစ်၍၊
10 Și iată, era un om care avea o mână uscată. Și l-au întrebat, spunând: Este legiuit a vindeca în sabate? Ca să îl acuze.
၁၀လူအချို့တို့က၊ ဥပုသ်နေ့ ၌ ရောဂါကို ငြိမ်း စေအပ် သလောဟု ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရှာ၍ မေး လျှောက် ကြ၏။
11 Iar el le-a spus: Cine este acel om dintre voi care, dacă are o oaie și ea cade într-o groapă în sabat, să nu o apuce și să o ridice?
၁၁ကိုယ်တော် ကလည်း ၊ မိမိ၌ သိုး တစ် ကောင်တည်းရှိ ၍ ထို သိုးသည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ လျှင် ၊ မ ဆွဲ မတင်ဘဲ နေမည့်သူတစ်စုံတစ်ယောက်မျှ သင် တို့တွင် ရှိ သလော။
12 Cu cât mai de preț este atunci un om decât o oaie? De aceea este legiuit a face bine în sabate.
၁၂လူ သည် သိုး ထက်အလွန် မြတ် ပေ၏။ ထို့ကြောင့် ဥပုသ်နေ့ ၌ ကျေးဇူး ပြု အပ် သည် ဟု ပြန်ပြောတော်မူပြီးမှ၊
13 Atunci i-a spus omului: Întinde-ți mâna. Iar el a întins-o și a fost refăcută complet, ca cealaltă.
၁၃ထို သူအား ၊ သင် ၏လက် ကိုဆန့် လော့ ဟု မိန့် တော်မူ၍ ၊ သူသည် မိမိလက်ကိုဆန့် လျှင် ထိုလက်သည် လက်တစ်ဘက် ကဲ့သို့ ပကတိ ဖြစ်လေ၏။
14 Atunci fariseii ieșind, au ținut sfat împotriva lui, cum să îl nimicească pe Isus.
၁၄ထိုအခါ ဖာရိရှဲ တို့သည် ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ဖျက်ဆီး ရအံ့နည်းဟု တိုင်ပင် ကြ၏။
15 Dar Isus știind aceasta, a plecat de acolo; și mulțimi mari l-au urmat și i-a vindecat pe toți.
၁၅ယေရှု သည်သိ တော်မူလျှင် ၊ အခြား သို့ပြောင်း ကြွ၍ များစွာ သောလူ အပေါင်းတို့သည် နောက် တော်သို့ လိုက်ကြသဖြင့် ၊ သူ တို့၏ အနာ ရောဂါရှိသမျှ တို့ကို ငြိမ်းစေတော်မူ၏။
16 Și le-a poruncit să nu îl facă cunoscut;
၁၆ထိုသူ တို့သည် သိတင်းတော်ကို မ ဖွင့် ရ မည်အကြောင်း ပညတ် တော်မူ၏။
17 Ca să se împlinească ce fusese spus prin Isaia, profetul, care zice:
၁၇ထိုအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။ နှုတ်ထွက် အချက်ဟူမူကား၊
18 Iată, servitorul meu, pe care l-am ales; preaiubitul meu în care sufletul meu își găsește toată plăcerea; voi pune duhul meu peste el și va arăta judecată neamurilor.
၁၈ငါရွေးချယ် သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုး သောသူ ကိုကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
19 Nu se va certa, nici nu va striga; nici nu îi va auzi nimeni vocea pe străzi.
၁၉ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။
20 Nu va rupe o trestie frântă și nu va stinge un fitil fumegând, până ce va trimite judecată pentru victorie.
၂၀နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
21 Și în numele lui se vor încrede neamurile.
၂၁သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။
22 Atunci i-a fost adus unul posedat de un drac, orb și mut; și Isus l-a vindecat, așa că cel orb și mut, deopotrivă vorbea și vedea.
၂၂ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် ၍ စကားပြော နိုင်အောင်ကယ်မ တော်မူ၏။
23 Și toți oamenii erau uimiți și spuneau: Nu este acesta fiul lui David?
၂၃လူအစုအဝေး အပေါင်း တို့သည်မိန်းမော တွေဝေ၍ ဤသူ သည် ဒါဝိဒ် ၏သား တော်ဖြစ် လိမ့်မည်လော ဟု ပြောဆို ကြ၏။
24 Dar fariseii auzind, au spus: Acesta nu scoate draci decât cu Beelzebub, prințul dracilor.
၂၄ဖာရိရှဲ တို့သည်ကြား လျှင် ၊ ဤသူ သည် နတ်ဆိုး မင်း ဗေလဇေဗုလ ကိုအမှီပြု ၍သာ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟုဆို ကြ၏။
25 Și Isus, știind gândurile lor, le-a spus: Fiecare împărăție dezbinată împotriva ei însăși este pustiită; și fiecare cetate sau casă dezbinată împotriva ei însăși nu va sta în picioare.
၂၅ယေရှုသည် ထိုသူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍၊ တိုင်း နိုင်ငံမည်သည်ကား ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်။ မြို့ ရွာဖြစ်စေ ၊ အိမ် ဖြစ်စေ၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင်ရာ။
26 Și dacă Satan scoate pe Satan, este dezbinat împotriva lui însuși; cum va sta așadar împărăția lui în picioare?
၂၆စာတန် သည်လည်း စာတန် ကိုနှင်ထုတ် သည်မှန်လျှင် ၊ သူသည်မိမိ နှင့်ကွဲပြား ၏။ သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
27 Și dacă eu prin Beelzebub scot draci, copiii voștri prin cine îi scot? Din această cauză ei vor fi judecătorii voștri.
၂၇ငါ သည် ဗေလဇေဗုလ ကိုအမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍နှင်ထုတ် ကြသနည်း။ ထိုကြောင့် သူ တို့သည်သင် တို့အား တရား စီရင်သောသူဖြစ် ကြလိမ့်မည်။
28 Dar dacă eu scot draci prin Duhul lui Dumnezeu, atunci împărăția lui Dumnezeu a ajuns la voi.
၂၈ငါ သည် ဘုရားသခင် ၏ဝိညာဉ် တော်ကိုအမှီပြု ၍နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏ နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
29 Sau cum poate cineva să intre în casa celui tare și să îi jefuiască bunurile, decât dacă întâi îl leagă pe cel tare? Și după aceea îi va jefui casa.
၂၉သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ အဘယ်သူ သည်သူရဲ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို လုယူ နိုင် အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။
30 Cel ce nu este cu mine, este împotriva mea; și cel ce nu adună cu mine, risipește.
၃၀ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
31 Din această cauză vă spun: Orice păcat și orice blasfemie vor fi iertate oamenilor; dar blasfemia împotriva Duhului Sfânt nu va fi iertată oamenilor.
၃၁ထိုကြောင့် ငါဆို သည်ကား၊ ပြစ်မှားသောအပြစ် ၊ ဘုရားကိုကဲ့ရဲ့ သောအပြစ်အမျိုးမျိုး တို့နှင့် လွတ် စေ ခြင်းအခွင့်ကို လူ တို့သည် ရနိုင်ကြ၏။ ဝိညာဉ် တော်ကို ကဲ့ရဲ့ သောအပြစ်နှင့်လွတ် စေခြင်းအခွင့်ကို လူတို့သည် မ ရနိုင်ကြ။
32 Și oricui vorbește un cuvânt împotriva Fiului omului, îi va fi iertat; dar oricui vorbește împotriva Duhului Sfânt, nu îi va fi iertat nici în această lume, nici în cea care vine. (aiōn g165)
၃၂လူ သား ကို နှုတ် ဖြင့်ပြစ်မှား သောသူ ၏အပြစ်ကိုလည်းလွှတ် နိုင်၏။ သန့်ရှင်း သောဝိညာဉ် တော်ကို နှုတ်ဖြင့် ပြစ်မှား သောသူ ၏အပြစ်ကို ယခု ဘဝ နောင် ဘဝ၌ မ လွှတ် နိုင်။ (aiōn g165)
33 Ori faceți pomul bun și rodul lui bun, ori faceți pomul stricat și rodul lui stricat; fiindcă pomul se cunoaște după rodul lui.
၃၃အသီး အားဖြင့် အပင် ၏သဘောထင်ရှား သည်ဖြစ်၍ ၊ အသီး ကောင်း လျှင် အပင် ကောင်း သည်ဟု ဆို ကြလော့။ အသီး မကောင်း လျှင် အပင် မကောင်း ဟု ဆို ကြလော့။
34 Pui de vipere, cum puteți spune lucruri bune, fiind răi? Fiindcă din abundența inimii vorbește gura.
၃၄အချင်းမြွေဆိုး အမျိုး တို့၊ အဆိုး ဖြစ် လျက် ကောင်း သောစကားကို အဘယ်သို့ ပြော နိုင် မည်နည်း။ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွက် တတ်၏။
35 Omul bun, din tezaurul bun al inimii scoate lucruri bune; iar omul rău, din tezaurul rău scoate lucruri rele.
၃၅ကောင်း သောသူ သည် ကောင်း သောစိတ်နှလုံးဘဏ္ဍာတိုက် ထဲက ကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောဘဏ္ဍာတိုက် ထဲက မကောင်း သောအရာတို့ကို ထုတ်ဘော် တတ်၏။
36 Dar vă spun că: De fiecare cuvânt nefolositor pe care oamenii îl vor vorbi, vor da socoteală în ziua judecății.
၃၆ငါ ဆိုသည်ကား ၊ လူ တို့သည် အကျိုးမဲ့ သောစကား ကို ပြော သမျှ အတွက် ၊ တရား ဆုံးဖြတ်သောနေ့ ၌ စစ်ကြောခြင်းကို ခံရ ကြလတံ့။ သင့် စကား များအားဖြင့် သင်သည်အပြစ် လွတ်လိမ့်မည်။
37 Fiindcă prin cuvintele tale vei fi declarat drept și prin cuvintele tale vei fi condamnat.
၃၇သို့မဟုတ် သင့် စကား များအားဖြင့် အပြစ် စီရင်ခြင်းကိုခံရလိမ့်မည် ဟု မိန့်တော်မူ၏။
38 Atunci unii dintre scribi și dintre farisei au răspuns, zicând: Învățătorule, voim să vedem un semn de la tine.
၃၈ထိုအခါ အချို့ သောကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ် လက္ခဏာတစ်စုံတစ်ခုကို မြင် ချင် ပါသည်ဟု လျှောက် ကြလျှင်၊
39 Dar răspunzând, le-a zis: O generație vicleană și adulteră caută un semn; și semn nu i se va da, decât semnul profetului Iona;
၃၉ကိုယ်တော်က ဆိုးညစ် ၍ မျောက်မထား သောအမျိုး သည် နိမိတ် လက္ခဏာကို တောင်း သည်မှာ၊ ပရောဖက် ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
40 Fiindcă, așa cum Iona a fost trei zile și trei nopți în pântecele balenei, tot așa Fiul omului va fi trei zile și trei nopți în inima pământului.
၄၀ယောန သည်ငါး ကြီးဝမ်း ထဲမှာ သုံး ရက်နေ ရသကဲ့သို့ ၊ လူ သား သည် မြေကြီး ထဲမှာ သုံး ရက်နေ ရလတံ့။
41 Bărbații din Ninive se vor scula la judecată cu această generație și o vor condamna, pentru că s-au pocăit la predicarea lui Iona; și iată, aici este unul mai mare decât Iona.
၄၁တရား ဆုံးဖြတ်တော်မူသောအခါ ၊ နိနေဝေ မြို့သား တို့သည် ဤ လူမျိုး တစ်ဘက်၌ ထ ၍အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမြို့သားတို့သည် ယောန ဟောပြော သောစကားကြောင့် နောင်တရ ကြ၏။ ဤ အရပ်၌ ကား၊ ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။
42 Împărăteasa sudului se va ridica la judecată cu această generație și o va condamna, pentru că a venit de la marginile pământului să audă înțelepciunea lui Solomon; și iată, aici este unul mai mare decât Solomon.
၄၂တရား ဆုံးဖြတ်တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည်၊ ဤ လူမျိုး တစ်ဘက်၌ ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ ဤ အရပ်၌ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
43 Și, când duhul necurat iese dintr-un om, umblă prin locuri uscate căutând odihnă și nu găsește.
၄၃ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌လည် ၍ ငြိမ်ဝပ် ခြင်းကို ရှာ တတ်၏။
44 Atunci spune: Mă voi întoarce în casa mea de unde am ieșit; și când vine, o găsește goală, măturată și înfrumusețată.
၄၄မ တွေ့ လျှင် ငါ သည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊ ရောက် သောအခါထိုအိမ်သည် လွတ်လပ် ၍ သုတ်သင် ပြင်ဆင်လျက်ရှိသည်ကိုတွေ့ သော်၊
45 Atunci se duce și ia cu sine alte șapte duhuri mai stricate decât el și intră și locuiesc acolo; și starea de pe urmă a acelui om devine mai rea decât cea dintâi. Chiar așa va fi și cu această generație stricată.
၄၅မိမိ ထက်သာ၍ညစ်ညူး သော နတ်ဆိုး ခုနစ် ယောက်ကိုခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍နေ ကြ၏။ ထို လူ နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက် သာ၍ဆိုး ၏။ ဆိုးညစ် သောဤ လူမျိုး ၌ ထိုနည်းတူ ဖြစ် လတံ့ ဟု မိန့် တော်မူ၏။
46 Pe când vorbea el încă oamenilor, iată, mama și frații lui stăteau afară în picioare, dorind să vorbească cu el.
၄၆ထိုသို့ ပရိသတ် တို့အား ဟော တော်မူစဉ် တွင်၊ မယ်တော် နှင့် ညီ တော်တို့သည် နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေကြ၏။
47 Atunci cineva i-a spus: Iată, mama ta și frații tăi stau afară în picioare, dorind să vorbească cu tine.
၄၇လူ တစ်ယောက်ကလည်း ၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် နှင့်နှုတ်ဆက် လို ၍ ပြင် မှာ ရပ် နေ ကြပါ၏ဟုလျှောက် လျှင်၊
48 Dar el a răspuns și a zis celui ce i-a vorbit: Cine este mama mea? Și cine sunt frații mei?
၄၈ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း ဟု မေး တော်မူ၏။
49 Și și-a întins mâna spre discipolii săi și a spus: Iată, mama mea și frații mei!
၄၉လက် တော်ကိုလည်းဆန့် ၍ တပည့် တော်တို့ကို ညွှန်လျက်၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။
50 Fiindcă oricine va face voia Tatălui meu care este în cer, acesta este fratele meu și soră și mamă.
၅၀ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

< Matei 12 >