< Joshua 24 >

1 Și Iosua a adunat toate triburile lui Israel la Sihem și a chemat pe bătrânii lui Israel și pe căpeteniile lor și pe judecătorii lor și pe ofițerii lor, iar ei s-au înfățișat înaintea lui Dumnezeu.
ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​အ​ပေါင်း တို့​ကို​ရှေ​ခင်​မြို့​တွင်​စု​ရုံး​စေ​၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ကြီး​အ​ကဲ​များ၊ ခေါင်း​ဆောင်​များ၊ တ​ရား​သူ​ကြီး​များ၊ အ​ရာ ရှိ​များ​ကို​ဆင့်​ခေါ်​သ​ဖြင့်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​မှောက်​သို့​ရောက်​ရှိ​လာ​ကြ လေ​သည်။-
2 Și Iosua a spus întregului popor: Astfel spune DOMNUL Dumnezeul lui Israel: Părinții voștri, Terah, tatăl lui Avraam și tatăl lui Nahor, au locuit în vechime dincolo de râu și au servit altor dumnezei.
ထို​အ​ခါ​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​က​ဤ​သို့​မိန့်​တော်​မူ​သည်။ `ရှေး​အ​ခါ​က သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော​တေ​ရ၊ သူ​၏​သား​အာ​ဗြ​ဟံ​နှင့်​နာ​ခေါ်​တို့​သည် ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​တွင်​နေ​ထိုင်​၍​အ​ခြား သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​ကြ​၏။-
3 Și am luat pe tatăl vostru Avraam de dincolo de râu și l-am condus prin toată țara Canaanului și i-am înmulțit sămânța și i-am dat pe Isaac.
ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။-
4 Și lui Isaac i-am dat pe Iacov și pe Esau; și lui Esau i-am dat muntele Seir, pentru a-l stăpâni; dar Iacov și fiii săi au coborât în Egipt.
ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။-
5 Și am trimis pe Moise și pe Aaron și am lovit Egiptul cu plăgile pe care le-am făcut în mijlocul lor; și după aceea v-am scos de acolo.
ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-
6 Și am scos pe părinții voștri din Egipt și ați venit la mare; și egiptenii au urmărit pe părinții voștri cu care și călăreți, până la Marea Roșie.
ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊-
7 Și când au strigat către DOMNUL, el a pus întuneric între voi și egipteni și a adus marea asupra lor și i-a acoperit; și ochii voștri au văzut ce am făcut în Egipt; și ați locuit în pustiu multe zile.
ငါ့​ထံ​သို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခံ ကြ​သည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​နှင့်​အီ​ဂျစ် တပ်​သား​များ​အ​ကြား​တွင်​အ​မှောင်​ထု​ကို ကျ​စေ​၏။ ရန်​သူ​များ​အ​ပေါ်​သို့​ပင်​လယ်​ရေ လွှမ်း​စေ​သ​ဖြင့် သူ​တို့​သည်​ရေ​နစ်​သေ​ဆုံး ကြ​ကုန်​၏။ ငါ​သည်​အီ​ဂျစ်​ပြည်​အား​မည်​ကဲ့ သို့​ဆုံး​မ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။ ```သင်​တို့​သည်​တော​ကန္တာရ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ရ​ကြ​၏။-
8 Și v-am adus în țara amoriților, care locuiesc dincolo de Iordan, și ei s-au luptat cu voi și i-am dat în mâna voastră ca să le stăpâniți țara și i-am nimicit dinaintea voastră.
ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။-
9 Atunci Balac, fiul lui Țipor, împăratul Moabului, s-a ridicat și s-a luptat împotriva lui Israel și a trimis și a chemat pe Balaam, fiul lui Beor, să vă blesteme.
ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-
10 Dar am refuzat să dau ascultare lui Balaam; de aceea el totuși v-a binecuvântat; așa v-am scăpat din mâna lui.
၁၀သို့​ရာ​တွင်​ငါ​သည်​ဗာ​လမ်​၏​လျှောက်​ဆို​ချက် ကို​လက်​မ​ခံ​သ​ဖြင့် သူ​သည်​သင်​တို့​ကို​ကောင်း ချီး​ပေး​လေ​သည်။ ဤ​နည်း​အား​ဖြင့်​ငါ​သည် သင်​တို့​အား​ဗာ​လက်​၏​လက်​မှ​ကယ်​တင်​ခဲ့ သည်။-
11 Și ați trecut Iordanul și ați venit la Ierihon. Și bărbații Ierihonului, amoriții și fereziții și canaaniții și hetiții și ghirgasiții și heviții și iebusiții au luptat împotriva voastră; și eu i-am dat în mâna voastră.
၁၁ထို​နောက်​သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍ ယေ​ရိ​ခေါ​မြို့​သို့​ရောက်​ရှိ​ကြ​သည်။ ယေ​ရိ​ခေါ မြို့​သား၊ အာ​မော​ရိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား​နှင့်​ယေ ဗု​သိ​အ​မျိုး​သား​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သည်။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​အား​သူ တို့​အ​ပေါင်း​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​စေ သည်။-
12 Și am trimis viespea înaintea voastră și i-a alungat dinaintea voastră, chiar pe cei doi împărați ai amoriților, nu cu sabia ta, nici cu arcul tău.
၁၂သင်​တို့​ချီ​တက်​လာ​စဉ်​ငါ​သည်​သူ​တို့​ကို က​စဥ့်​က​လျား​ဖြစ်​စေ​ပြီး​လျှင် အာ​မော​ရိ ဘု​ရင်​နှစ်​ပါး​ကို​နှင်​ထုတ်​ခဲ့​၏။ သင်​တို့​၏​ဋ္ဌား နှင့်​လေး​လက်​နက်​တို့​ဖြင့်​အ​နိုင်​ရ​ကြ​သည် မ​ဟုတ်။-
13 Și v-am dat o țară pentru care nu voi v-ați ostenit și cetăți pe care nu voi le-ați zidit și totuși locuiți în ele; voi mâncați din vii și din măslini, pe care nu i-ați sădit.
၁၃သင်​တို့​မ​ထွန်​ယက်၊ မ​လုပ်​ကိုင်​ခဲ့​ဘူး​သော​လယ် ယာ​နှင့်​မ​တည်​ခဲ့​ဘူး​သော​မြို့​များ​ကို​သင်​တို့ အား​ငါ​ပေး​ခဲ့​၏။ ယ​ခု​အ​ခါ​သင်​တို့​သည်​ထို မြေ​ပေါ်​တွင်​နေ​ထိုင်​၍ သင်​တို့​မ​စိုက်​သော​စပျစ် ခြံ​နှင့်​သံလွင်​ခြံ​တို့​မှ​အ​သီး​ကို​စား​သုံး​ရ ကြ​၏' ဟု​ဆို​၏။
14 De aceea acum, temeți-vă de DOMNUL și serviți-i cu sinceritate și în adevăr, și îndepărtați dumnezeii cărora le-au servit părinții voștri dincolo de râu și în Egipt și serviți DOMNULUI.
၁၄ယော​ရှု​က​ဆက်​လက်​၍``ယ​ခု​သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​၍ ကိုယ် တော်​၏​အ​မှု​တော်​ကို​စိတ်​ထက်​သန်​စွာ​သစ္စာ ဖြင့်​ဆောင်​ရွက်​ကြ​လော့။ မက်​ဆို​ပို​တေး​မီး​ယား ပြည်​နှင့်​အီ​ဂျစ်​ပြည်​တွင်​သင်​တို့​၏​ဘိုး​ဘေး များ​ကိုး​ကွယ်​ခဲ့​သော​ဘု​ရား​များ​ကို​စွန့်​ပယ် ၍​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ကိုး​ကွယ်​ကြ​လော့။-
15 Și dacă vi se pare rău să serviți DOMNULUI, alegeți astăzi cui voiți să serviți: sau dumnezeilor cărora le-au servit părinții voștri care erau dincolo de râu, sau dumnezeilor amoriților în a căror țară locuiți. Dar cât despre mine, eu și casa mea vom servi DOMNULUI.
၁၅အ​ကယ်​၍​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို မ​ကိုး​ကွယ်​လျှင် မက်​ဆို​ပို​တေး​မီး​ယား​ပြည် ၌​သင်​တို့​၏​ဘိုး​ဘေး​များ​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ သင်​တို့​ယ​ခု​နေ​ထိုင် ရာ​အာ​မော​ရိ​အ​မျိုး​သား​တို့​ကိုး​ကွယ်​သော ဘု​ရား​များ​မှ​ဖြစ်​စေ၊ ကိုး​ကွယ်​ရန်​ဘု​ရား ကို​ယ​နေ့​ရွေး​ချယ်​ကြ​လော့။ ငါ​နှင့်​ငါ​၏ မိ​သား​စု​တို့​မူ​ကား​ထာ​ဝ​ရ​ဘု​ရား​ကို သာ​ကိုး​ကွယ်​မည်'' ဟု​ပြော​ကြား​လေ​၏။
16 Și poporul a răspuns, zicând: Nicidecum nu vom părăsi pe DOMNUL pentru a servi altor dumnezei.
၁၆ထို​အ​ခါ​လူ​အ​ပေါင်း​တို့​က``အ​ကျွန်ုပ်​တို့​သည် မည်​သည့်​အ​ချိန်​၌​မျှ ထာ​ဝ​ရ​ဘု​ရား​ကို​စွန့် ၍​အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ်​မည် မ​ဟုတ်​ပါ။-
17 Fiindcă DOMNUL Dumnezeul nostru este cel care ne-a scos pe noi și pe părinții noștri din țara Egiptului, din casa robiei, și cel care a făcut acele semne mari înaintea ochilor noștri și ne-a păstrat pe tot drumul pe care am mers și în mijlocul tuturor popoarelor prin care am trecut.
၁၇အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် အ​ကျွန်ုပ်​တို့​၏​ဖ​ခင်​များ​နှင့်​အ​ကျွန်ုပ်​တို့ အား​ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​မှ​ကယ်​တင်​တော် မူ​ခဲ့​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ ဖွယ်​ရာ​အ​မှု​များ​ကို​အ​ကျွန်ုပ်​တို့​မြင်​ခဲ့​ရ ကြ​ပါ​ပြီ။ နိုင်​ငံ​အ​သီး​သီး​ကို​ဖြတ်​သန်း ရာ​ခ​ရီး​တစ်​လျှောက်​တွင်​ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​အား​ကာ​ကွယ်​စောင့်​ရှောက် တော်​မူ​ခဲ့​ပါ​သည်။-
18 Și DOMNUL a alungat toate popoarele dinaintea noastră, chiar pe amoriții care au locuit în țară. De aceea și noi vom servi DOMNULUI, fiindcă el este Dumnezeul nostru.
၁၈အ​ကျွန်ုပ်​တို့​သည်​ဤ​ပြည်​ထဲ​သို့​ချီ​တက် လာ​စဉ်​က ကိုယ်​တော်​သည်​ဤ​ဒေ​သ​ရှိ​အာ မော​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို​နှင်​ထုတ် တော်​မူ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ကျွန်ုပ်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ကို​သာ​ဝတ်​ပြု​ကိုး ကွယ်​ပါ​မည်။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ဖြေ​ကြား ကြ​၏။
19 Și Iosua a spus poporului: Nu veți putea servi DOMNULUI, fiindcă el este un Dumnezeu sfânt; este un Dumnezeu gelos; nu va ierta fărădelegile voastre nici păcatele voastre.
၁၉ထို​အ​ခါ​ယော​ရှု​က​လူ​တို့​အား``သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စွမ်း ရှိ​ကြ​မည်​မ​ဟုတ်။ ကိုယ်​တော်​သည်​သန့်​ရှင်း မြင့်​မြတ်​သော​ဘု​ရား​ဖြစ်​၍​သင်​တို့​၏ အပြစ်​များ​ကို​လွှတ်​တော်​မူ​မည်​မ​ဟုတ်။ ကိုယ် တော်​သည်​ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​ခံ​တော် မ​မူ။-
20 Dacă veți părăsi pe DOMNUL și veți servi unor dumnezei străini, atunci el se va întoarce și vă va face rău și vă va nimici, după ce v-a făcut bine.
၂၀သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ဝတ်​ပြု​လျှင် သင်​တို့​ကို​ကျေး​ဇူး​ပြု​တော်​မူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ရန်​ဘက် ပြု​၍​သေ​ကြေ​ပျက်​စီး​ရန်​ဒဏ်​ခတ်​တော် မူ​လိမ့်​မည်'' ဟု​ပြော​ကြား​လေ​သည်။
21 Și poporul i-a spus lui Iosua: Nu, ci vom servi DOMNULUI.
၂၁လူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​ကိုး​ကွယ်​ပါ​မည်'' ဟု​ယော​ရှု အား​ပြန်​၍​လျှောက်​ထား​ကြ​၏။
22 Și Iosua a spus poporului: Sunteți martori împotriva voastră înșivă că v-ați ales pe DOMNUL ca să îi serviți. Și ei au zis: Suntem martori.
၂၂ယော​ရှု​က​လည်း``သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ကို​သာ​ဝတ်​ပြု​မည်​ဟု​ထွက်​ဆို​ရာ​၌​သင်​တို့ ကိုယ်​တိုင်​သက်​သေ​ဖြစ်​ကြ​၏'' ဟု​ဆို​၏။ ထို​အ​ခါ​သူ​တို့​က``အ​ကျွန်ုပ်​တို့​ကိုယ်​တိုင် သက်​သေ​ဖြစ်​ကြောင်း​ဝန်​ခံ​ပါ​၏'' ဟု​ပြန် လျှောက်​ကြ​၏။
23 Și Iosua a spus: De aceea acum, îndepărtați dumnezeii străini care sunt în mijlocul vostru și plecați-vă inima spre DOMNUL Dumnezeul lui Israel.
၂၃ယော​ရှု​က``သို့​ဖြစ်​လျှင်​သင်​တို့​တွင်​ရှိ​သော အ​ခြား​ဘု​ရား​များ​ကို​စွန့်​ပယ်​၍ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ​လော့'' ဟု​ဆို​လေ​၏။
24 Și poporul i-a spus lui Iosua: Vom servi DOMNULUI Dumnezeul nostru și vom asculta de vocea sa.
၂၄ထို​အ​ခါ​လူ​တို့​က​ယော​ရှု​အား``အ​ကျွန်ုပ်​တို့ သည်​အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ ကိုယ်​တော်​၏ စကား​တော်​ကို​နား​ထောင်​ပါ​မည်'' ဟု​က​တိ ပေး​ကြ​၏။
25 Astfel în ziua aceea Iosua a făcut legământ cu poporul și i-a dat un statut și o rânduială în Sihem.
၂၅ထို့​ကြောင့်​ယော​ရှု​သည်​ထို​နေ့​၌​လူ​တို့​နှင့် ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင် ရှေ​ခင်​မြို့​တွင်​သူ​တို့ လိုက်​နာ​ရ​မည့်​ပညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး လေ​သည်။-
26 Și Iosua a scris aceste cuvinte în cartea legii lui Dumnezeu și a luat o piatră mare și a pus-o acolo sub stejarul de lângă sanctuarul DOMNULUI.
၂၆ယော​ရှု​သည်​ဤ​ပ​ညတ်​များ​ကို​ဘု​ရား​သ​ခင်​၏ ပ​ညတ်​ကျမ်း​စာ​တွင်​ရေး​ထား​လေ​၏။ ထို​နောက်​သူ သည်​ကျောက်​တုံး​ကြီး​တစ်​တုံး​ကို​ထာ​ဝ​ရ​ဘု​ရား ၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ရှိ​ဝက်​သစ်​ချ​ပင် အောက်​တွင်​စိုက်​ထူ​လေ​သည်။-
27 Și Iosua a spus către tot poporul: Iată, această piatră ne va fi martoră, fiindcă a auzit toate cuvintele DOMNULUI, pe care ni le-a spus; și vă va fi martoră, ca nu cumva să negați pe Dumnezeul vostru.
၂၇ယော​ရှု​က​လူ​အ​ပေါင်း​တို့​အား``ဤ​ကျောက်​တုံး သည်​ငါ​တို့​အ​တွက်​သက်​သေ​ဖြစ်​စေ​မည်။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သ​မျှ​ကို​ဤ ကျောက်​တုံး​သည်​ကြား​ရ​ပြီ။ သို့​ဖြစ်​၍​သင်​တို့ သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ကို​ပုန်​ကန်​လျှင် ဤ​ကျောက်​တုံး​သည်​သက်​သေ​ဖြစ်​ကြ​လိမ့် မည်'' ဟု​မိန့်​ကြား​လေ​၏။-
28 Și Iosua a dat drumul poporului, fiecăruia la moștenirea sa.
၂၈ထို​နောက်​ယော​ရှု​သည်​လူ​အ​ပေါင်း​တို့​ကို ပြန်​ခွင့်​ပြု​သ​ဖြင့်​သူ​တို့​သည် မိ​မိ​တို့​၏ နေ​ရပ်​သို့​ပြန်​သွား​ကြ​လေ​သည်။
29 Și s-a întâmplat, după aceste lucruri, că Iosua, fiul lui Nun, servitorul DOMNULUI, a murit, având o sută zece ani.
၂၉ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ၊ နုန်​၏ သား​ယော​ရှု​သည်​အ​သက်​တစ်​ရာ့​တစ်​ဆယ် ရှိ​သော်​အ​နိစ္စ​ရောက်​လေ​သည်။-
30 Și l-au înmormântat în ținutul moștenirii sale, în Timnat-Serah, care este în muntele lui Efraim, în partea de nord a muntelui Gaaș.
၃၀သူ​တို့​သည်​ဂါ​ရှ​တောင်​မြောက်​ဘက်၊ ဧ​ဖ​ရိမ် တောင်​ကုန်း​ပေါ်​ရှိ​တိ​မ​န​ဿေ​ရ​မြို့​ရှိ​သူ ပိုင်​သော​မြေ​ကွက်​တွင်​သူ့​အ​လောင်း​ကို​သင်္ဂြိုဟ် ကြ​လေ​သည်။
31 Și Israel a servit DOMNULUI în toate zilele lui Iosua și în toate zilele bătrânilor ale căror zile s-au lungit după Iosua și care cunoscuseră toate lucrările DOMNULUI, pe care le făcuse pentru Israel.
၃၁ယော​ရှု​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ ယော​ရှု အ​နိစ္စ​ရောက်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ သ​မျှ​ကို​တွေ့​မြင်​ခဲ့​သည့်​ခေါင်း​ဆောင်​များ အ​သက်​ရှင်​နေ​သေး​သ​မျှ​ကာ​လ​ပတ်​လုံး ၌​လည်း သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။
32 Și au înmormântat la Sihem oasele lui Iosif, pe care copiii lui Israel le-au adus din Egipt, în partea câmpului pe care-l cumpărase Iacov de la fiii lui Hamor, tatăl lui Sihem, cu o sută de arginți, care a ajuns moștenirea copiilor lui Iosif.
၃၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။
33 Și Eleazar, fiul lui Aaron, a murit; și l-au înmormântat pe un deal care aparținea lui Fineas, fiul său, care i se dăduse în muntele lui Efraim.
၃၃အာ​ရုန်​၏​သား​ဧ​လာ​ဇာ​သည်​လည်း​အ​နိစ္စ ရောက်​သ​ဖြင့် သူ​၏​အ​လောင်း​ကို​သူ​၏​သား ဖိ​န​ဟတ်​အား​ပေး​ထား​သော​ဧ​ဖ​ရိမ်​တောင် ကုန်း​ဒေ​သ​ရှိ​ဂစ်​ဗီ​အာ​မြို့​တွင်​သင်္ဂြိုဟ်​ကြ လေ​သည်။ ယော​ရှု​မှတ်​စာ​ပြီး​၏။

< Joshua 24 >