< Joshua 1 >

1 Și s-a întâmplat, după moartea lui Moise, servitorul DOMNULUI, că DOMNUL i-a vorbit lui Iosua, fiul lui Nun, servitorul lui Moise, spunând:
ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ အ​နိစ္စ ရောက်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ ၏​လက်​ထောက်၊ နုန်​၏​သား​ယော​ရှု​အား၊-
2 Moise, servitorul meu, a murit; de aceea ridică-te acum și treci Iordanul acesta, tu și tot acest popor, până în țara pe care le-o dau copiilor lui Israel.
``ငါ​၏​အ​စေ​ခံ​မော​ရှေ​အနိစ္စ​ရောက်​ပြီ။ သင် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ ငါ​ပေး​သ​နား​တော် မူ​မည့်​ပြည်​တွင်း​သို့​ဝင်​ရောက်​ရန်​ယ​ခု​အ​သင့် ပြင်​ဆင်​လော့။-
3 Orice loc, pe care îl va călca talpa piciorului vostru, vi l-am dat; așa cum i-am spus lui Moise.
မော​ရှေ​အား​ငါ​က​တိ​ထား​တော်​မူ​ခဲ့​သည် အ​တိုင်း သင်​တို့​ချီ​တက်​သိမ်း​ယူ​မည့်​နယ် မြေ​အား​လုံး​ကို​သင်​တို့​အား​ငါ​ပေး မည်။-
4 De la pustie și Libanul acesta până la râul cel mare, râul Eufrat, tot pământul hitiților și până la marea cea mare spre apusul soarelui, va fi ținutul vostru.
သင်​တို့​၏​ပြည်​သည်​တောင်​ဘက်​သဲ​ကန္တာ​ရ မှ မြောက်​ဘက်​လေ​ဗ​နုန်​တောင်​အ​ထိ​လည်း ကောင်း၊ အ​ရှေ့​ဘက်​ဥ​ဖ​ရတ်​မြစ်​မှ​ဟိတ္တိ ပြည်​ကို​ဖြတ်​၍ အ​နောက်​ဘက်​မြေ​ထဲ ပင်​လယ်​အ​ထိ​လည်း​ကောင်း​ကျယ်​ပြန့်​မည်။-
5 Niciun om nu va fi în stare să stea în picioare înaintea ta toate zilele vieții tale; precum am fost cu Moise, astfel voi fi cu tine; nu te voi lăsa, nici nu te voi părăsi.
ယော​ရှု၊ သင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး မည်​သူ​မျှ​သင့်​အား​ခု​ခံ​နိုင်​လိမ့်​မည်​မ​ဟုတ်။ ငါ​သည်​မော​ရှေ​နှင့်​အ​တူ​ရှိ​တော်​မူ​သည့်​နည်း တူ​ပင် သင်​နှင့်​လည်း​အ​တူ​ရှိ​မည်။ သင့်​ကို​မည် သည့်​အ​ခါ​မျှ​စွန့်​ပစ်​ထား​မည်​မ​ဟုတ်။ သင် နှင့်​အ​တူ​အ​စဉ်​ရှိ​တော်​မူ​မည်။-
6 Fii tare și curajos; fiindcă acestui popor tu îi vei împărți ca moștenire țara, pe care am jurat-o părinților lor că le-o voi da.
သင်​သည်​အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ သင်​သည်​ဤ​သူ​တို့​ကို​ခေါင်း​ဆောင်​၍​သူ​တို့ ၏​ဘိုး​ဘေး​တို့​အား ငါ​ပေး​မည်​ဟု​က​တိ ထား​သော​ပြည်​ကို​ဝင်​ရောက်​သိမ်း​ယူ​ရ မည်။-
7 Numai fii tare și foarte curajos, ca să iei seama să faci conform cu toată legea pe care ți-a poruncit-o servitorul meu, Moise; nu te abate de la ea nici la dreapta, nici la stânga, ca să prosperi oriunde vei merge.
အား​မာန်​တင်း​၍​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​၏ အ​စေ​ခံ​မော​ရှေ​ပေး​သော​ပ​ညတ်​အား​လုံး ကို​တစ်​သ​ဝေ​မ​တိမ်း​စောင့်​ထိန်း​လော့။ ပ​ညတ် ရှိ​သ​မျှ​ကို​တစ်​ခု​မ​ကျန်​စောင့်​ထိန်း​လျှင် သင်​သည်​ကြံ​တိုင်း​အောင်​လိမ့်​မည်။-
8 Această carte a legii să nu se depărteze de gura ta, ci cugetă asupra ei zi și noapte, ca să iei seama să faci conform cu tot ce este scris în ea; fiindcă atunci vei face calea ta prosperă și atunci vei avea mult succes.
ဘု​ရား​ဝတ်​ပြု​ရာ​၌​ပ​ညတ်​တ​ရား​ရေး ထား​သော​ကျမ်း​စာ​အုပ်​ကို အ​မြဲ​ဖတ်​ရ​မည်။ ထို​ကျမ်း​စာ​အုပ်​ကို​နေ့​ည​မ​ပြတ်​လေ့​လာ​၍ ပါ​ရှိ​သ​မျှ​သော​ပ​ညတ်​တို့​ကို​စောင့်​ထိန်း ရ​မည်။ သို့​ပြု​လျှင်​သင်​သည်​ကြီး​ပွား​အောင် မြင်​လိမ့်​မည်။-
9 Nu ți-am poruncit eu? Fii tare și curajos; nu te teme, nici nu te descuraja, fiindcă DOMNUL Dumnezeul tău este cu tine oriunde mergi.
သို့​ဖြစ်​၍​ငါ​မိန့်​မှာ​သည့်​အ​တိုင်း​ရဲ​ရင့်​ခြင်း ရှိ​လော့။ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ စိတ်​မ​ပျက်​နှင့်။ သင်​၏​ဘု​ရား​သ​ခင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ရှိ​တော် မူ​၏'' ဟု​မိန့်​တော်​မူ​၏။
10 Atunci Iosua le-a poruncit ofițerilor poporului, spunând:
၁၀ထို​အ​ခါ​ယော​ရှု​သည်​ခေါင်း​ဆောင်​များ ကို​ဆင့်​ခေါ်​၍၊
11 Treceți prin oștire și porunciți poporului, spunând: Pregătiți-vă merinde, fiindcă în trei zile veți trece Iordanul acesta, ca să intrați să stăpâniți țara, pe care DOMNUL Dumnezeul vostru v-o dă ca să o stăpâniți.
၁၁စ​ခန်း​တစ်​ခု​လုံး​ရှိ​လူ​တို့​ထံ​သို့​သွား​စေ​ပြီး လျှင်``သုံး​ရက်​အ​တွင်း​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည် ကို​သိမ်း​ယူ​ရန် ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ရ မည်​ဖြစ်​၍​လို​အပ်​သော​ရိက္ခာ​ကို​စု​ဆောင်း ထား​ကြ​လော့'' ဟူ​၍​ကြေ​ညာ​စေ​၏။
12 Și Iosua le-a vorbit rubeniților și gadiților și jumătății tribului lui Manase, spunând:
၁၂ထို​နောက်​ယော​ရှု​သည်​ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ် နှင့်​မ​နာ​ရှေ​အ​နွယ်​တစ်​ဝက်​တို့​အား၊-
13 Amintiți-vă de cuvântul pe care vi l-a poruncit Moise, servitorul DOMNULUI, spunând: DOMNUL Dumnezeul vostru v-a dat odihnă și v-a dat această țară.
၁၃``ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​သင် တို့​နေ​ထိုင်​ရန်​အ​တွက် သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား ၏​အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်​ကို​သ​တိ ရ​ကြ​လော့။-
14 Soțiile voastre, micuții voștri și vitele voastre, să rămână în țara pe care v-a dat-o Moise de această parte a Iordanului; dar voi să treceți înarmați înaintea fraților voștri, toți bărbații puternici de valoare și să îi ajutați,
၁၄သင်​တို့​၏​သား​မယား၊ သိုး၊ နွား၊ ဆိတ်​စ​သော တိ​ရစ္ဆာန်​များ​သည်​ဤ​အ​ရပ်​တွင်​နေ​ရစ်​၍၊ သူ တို့​အ​နက်​လက်​နက်​ကိုင်​နိုင်​သူ​အ​မျိုး​သား မှန်​သ​မျှ​သည် အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​၏​တပ်​ဦး​အ​ဖြစ်​မြစ်​ကို အ​လျင်​အ​မြန်​ဖြတ်​ကူး​ရ​မည်။-
15 Până când DOMNUL va da odihnă fraților voștri, precum v-a dat și vouă și ei de asemenea vor fi luat în stăpânire țara pe care le-o dă DOMNUL Dumnezeul vostru; atunci vă veți întoarce în țara stăpânirii voastre și vă veți bucura de ea, de partea aceasta a Iordanului spre răsăritul soarelui, pe care v-a dat-o Moise, servitorul DOMNULUI.
၁၅သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ယော်​ဒန်​မြစ်​အ​နောက်​ဘက် ရှိ​ပြည်​ကို​သိမ်း​ပိုက်​နိုင်​သည်​အ​ထိ သူ​တို့ အား​ကူ​ညီ​တိုက်​ခိုက်​ရ​မည်။ ဣ​သ​ရေ​လ​အ​နွယ် တို့​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​သော​အ​ခါ​၌ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မောရှေ​ပေး သော​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ​ပြည်​သို့​ပြန် နိုင်​သည်'' ဟု​ဆို​၏။
16 Și i-au răspuns lui Iosua, spunând: Vom face tot ce ne poruncești și vom merge oriunde ne trimiți.
၁၆ထို​သူ​တို့​က``အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် မှာ​ကြား​သ​မျှ​ကို​လိုက်​နာ​၍ ကိုယ်​တော် စေ​လွှတ်​ရာ​အ​ရပ်​သို့​သွား​ပါ​မည်။-
17 Precum am dat ascultare lui Moise în toate, astfel îți vom da ascultare ție; numai DOMNUL Dumnezeul tău să fie cu tine, precum a fost cu Moise.
၁၇မော​ရှေ​၏​စ​ကား​ကို​နား​ထောင်​သ​ကဲ့​သို့ ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​ပါ​မည်။ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည်​မော​ရှေ နှင့်​အ​တူ​ရှိ​သ​ကဲ့​သို့ ကိုယ်​တော်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော။-
18 Oricine se va răzvrăti împotriva poruncii tale și nu va da ascultare cuvintelor tale în tot ce îi poruncești, să fie dat morții; numai fii tare și curajos!
၁၈ကိုယ်​တော်​၏​အာ​ဏာ​ကို​ဖီ​ဆန်​၍​အ​မိန့် ကို​မ​နာ​ခံ​သော​သူ​အား သေ​ဒဏ်​ခံ​စေ ပါ​မည်။ သို့​ဖြစ်​၍​အား​မာန်​တင်း​၍ ရဲ​ရင့် ခြင်း​ရှိ​တော်​မူ​ပါ'' ဟု ဖြေ​ကြား​ကြ​၏။

< Joshua 1 >