< Iov 12 >

1 Și Iov a răspuns și a zis:
ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
2 Fără îndoială că voi sunteți poporul și înțelepciunea va muri odată cu voi.
သင် တို့သာလျှင် လူ ဖြစ်၍ ၊ သင် တို့နှင့်အတူ ဉာဏ် ပညာသေ လိမ့်မည်ဟု ယုံမှား စရာမရှိရ။
3 Dar eu am înțelegere la fel ca voi; nu vă sunt inferior; da, cine nu știe lucruri ca acestea?
သို့သော်လည်း ငါ သည် သင် တို့ကဲ့သို့ ဉာဏ်ရှိ၏။ သင် တို့ထက် ငါ ယုတ်ညံ့ သည်မ ဟုတ်။ ဤ ကဲ့သို့ သော အရာများကို အဘယ် သူသည် နားမလည်ဘဲနေသနည်း။
4 Sunt ca unul batjocorit de aproapele său, care cheamă pe Dumnezeu și el îi răspunde, cel drept și integru este de râs în batjocură.
ငါသည် ဘုရား သခင်၏ကျေးဇူးတော်ကိုခံရအံ့သောငှါဆုတောင်း ပဌနာပြု စဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ် ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ် မရှိ ဖြောင့်မတ် သောသူသည် ပြက်ယယ် ပြုခြင်းကိုခံရပါသည် တကား။
5 Cel ce este gata să alunece cu picioarele sale este ca o lampă disprețuită în gândul celui ce este în tihnă.
ချော်လဲ လုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ကောင်းစားသောသူသည် မှတ် တတ်၏။
6 Corturile jefuitorilor prosperă și cei ce provoacă pe Dumnezeu sunt în siguranță, în a căror mână Dumnezeu aduce din abundență.
ထားပြ လုပ်သောသူတို့၏နေရာ သည် ကောင်းစား တတ်၏။ ဘုရား သခင်၏ အာဏာ တော်ကိုဆန်သောသူတို့ သည် လုံခြုံ စွာနေ၍ ၊ ဘုရား သခင်ပေး တော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
7 Dar întreabă acum fiarele și ele te vor învăța; și păsările cerului și ele îți vor spune;
သားမျိုး နှင့် မိုဃ်းကောင်းကင်ငှက် တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြော သွန်သင် ကြလိမ့်မည်။
8 Sau vorbește pământului și el te va învăța, și peștii mării îți vor istorisi.
မြေကြီး နှင့် ပင်လယ် ငါး တို့ကို မေးမြန်း လော့။ သူတို့သည် ပြသ ၍ ဥပဒေသ ပေးကြလိမ့်မည်။
9 Cine nu știe în toate acestea că mâna DOMNULUI a lucrat aceasta?
ဤ အမှုတို့ကို ထာဝရဘုရား စီရင် တော်မူကြောင်း ကို၊ ထိုတိရစ္ဆာန်တကောင် မျှ မ သိ ဘဲနေသလော။
10 În a cărui mână este sufletul fiecărei viețuitoare și suflarea întregii omeniri.
၁၀အသက် ရှင်သောသတ္တဝါအပေါင်း တို့၏ ဇိဝ အသက်နှင့် လူ သတ္တဝါခပ်သိမ်း တို့၏ ထွက်သက် ဝင်သက်သည် ဘုရား သခင့်လက် တော်၌ ရှိ၏။
11 Nu încearcă urechea cuvintele? Și nu gustă gura mâncarea sa?
၁၁ခံတွင်း သည်အစာ ကိုမြည်းစမ်း သကဲ့သို့ ၊ နား သည် စကား ကို စုံစမ်း သည် မ ဟုတ်လော။
12 Înțelepciune este la cei foarte bătrâni; și înțelegere în lungimea zilelor.
၁၂အသက် အရွယ်ကြီးသောသူတို့ သည် ဉာဏ် ပညာနှင့်ပြည့်စုံကြ၏။
13 La el este înțelepciune și tărie, el are sfat și înțelegere.
၁၃ဘုရား သခင်မူကား၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့်ပြည့်စုံတော်မူ၏။ ပညာ သတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
14 Iată, el dărâmă și nu poate fi construit din nou; el închide un om și nu poate fi deschidere.
၁၄ဖြိုဖျက် တော်မူလျှင် အဘယ်သူမျှတည်ဆောက် ရသောအခွင့်မ ရှိ။ လူ ကို ချုပ်ထား တော်မူလျှင် အဘယ်သူမျှလွှတ် ရသောအခွင့်မ ရှိ။
15 Iată, el reține apele și ele seacă; de asemenea le trimite și ele răstoarnă pământul.
၁၅ရေ များကို ဆီးတား ပိတ်ပင်တော်မူလျှင် ခန်းခြောက် ရ၏။ တဖန် လွှတ် တော်မူ၍ မြေကြီး ကို လွှမ်းမိုး ကြ၏။
16 La el este tărie și înțelepciune; cel înșelat și înșelătorul sunt ai lui.
၁၆တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။
17 El duce pe sfătuitori ca pradă și face pe judecători nebuni.
၁၇တိုင်ပင် မှူးမတ်တို့ကို ဘမ်းဆီးသိမ်း သွားတော်မူ၏။ တရား သူကြီးတို့ကို ရူးသွပ် စေတော်မူ၏။
18 El dezleagă legătura împăraților și încinge coapsele lor cu un brâu.
၁၈ရှင်ဘုရင် တို့ကို အရာမှချ၍ ခါးကြိုး နှင့် ချည် တော်မူ၏။
19 El duce pe prinți ca pradă și răstoarnă pe cel puternic.
၁၉ယဇ် ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်း သွား၍၊ သူရဲ တို့ကိုလည်း ရှုံး စေတော်မူ၏။
20 El îndepărtează vorbirea celor de încredere și ia înțelegerea celor bătrâni.
၂၀နှုတ်သတ္တိရှိသောသူတို့ ကို စကား အ စေ၍၊ အသက် ကြီးသောသူတို့ မှပညာ ကို နှုတ် တော်မူ၏။
21 El varsă dispreț peste prinți și slăbește tăria celor puternici.
၂၁မင်းသား တို့ကို အရှက် ခွဲ၍၊ အားကြီး သောသူတို့ ကို ရှုတ်ချ တော်မူ၏။
22 El descoperă lucruri adânci din întuneric și scoate la lumină umbra morții.
၂၂မှောင်မိုက် ထဲ ၌နက်နဲ သောအရာတို့ကို ထင်ရှား စေ၍၊ သေခြင်း အရိပ်ကိုအလင်း ထဲ သို့ ထုတ် ဘော်တော်မူ ၏။
23 El mărește națiunile și le distruge; el lărgește națiunile și le strâmtorează din nou.
၂၃တိုင်း နိုင်ငံတို့ကို ချီးမြှောက် ၍ တဖန် ဖျက်ဆီး တော်မူ၏။ တိုင်း နိုင်ငံတို့ကို ကျယ် စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း ပြု တော်မူ၏။
24 El ia inima mai marilor popoarelor pământului și îi face să rătăcească într-o pustie fără drum.
၂၄မြေ သား တို့တွင် အကြီး လုပ်သောသူတို့မှ ဉာဏ် ကိုနှုတ် ၍၊ လမ်း မ ရှိသော တော ၌ လှည့်လည် စေတော်မူ ၏။
25 Ei bâjbâie fără lumină în întuneric și el îi face să șovăie ca un om beat.
၂၅သူတို့သည်အလင်း မ ရှိ။ မှောင်မိုက် ၌ စမ်းသပ် လျက်သွားရကြ၏။ ယစ်မူး သောသူကဲ့သို့ တိမ်းယိမ်း လျက် သွားစေတော်မူ၏။

< Iov 12 >