< Ieremia 13 >

1 Astfel îmi spune DOMNUL: Du-te și ia-ți un brâu de in și pune-l pe coapsele tale, dar să nu îl pui în apă.
ထာ​ဝ​ရ​ဘု​ရား​သည် ပိတ်​ခါး​ဝတ်​ကို​သွား ရောက်​ဝယ်​ယူ​ဝတ်​ဆင်​ရန်​ငါ့​အား​မိန့်​တော်​မူ ပြီး​လျှင် ထို​ခါး​ဝတ်​ကို​ရေ​မ​စွတ်​စို​စေ​ရန် လည်း​မှာ​ကြား​တော်​မူ​ပါ​၏။-
2 Astfel, am luat un brâu conform cuvântului DOMNULUI, și l-am pus pe coapsele mele.
သို့​ဖြစ်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​အ​တိုင်း​ပိတ်​ခါး​ဝတ်​ကို​ဝယ်​ယူ​ဝတ် ဆင်​၏။-
3 Și cuvântul DOMNULUI a venit la mine a doua oară, spunând:
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား တစ်​ဖန်​ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။-
4 Ia brâul pe care l-ai luat, care este pe coapsele tale, și ridică-te, du-te la Eufrat și ascunde-l acolo în crăpătura stâncii.
``ကိုယ်​တော်​က​ဥ​ဖ​ရတ်​မြစ်​သို့​သွား​လော့။ သင် ဝတ်​ဆင်​ထား​သည့်​ခါး​ဝတ်​ကို​ချွတ်​၍​ကျောက် တွင်း​၌​ဝှက်​ထား​လော့'' ဟု​မိန့်​တော်​မူ​၏။-
5 Astfel, am mers și l-am ascuns lângă Eufrat, precum DOMNUL mi-a poruncit.
သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​အ​နီး​သို့ သွား​၍ ထို​ခါး​ဝတ်​ကို​ဝှက်​ထား​လိုက်​၏။-
6 Și s-a întâmplat după multe zile, că DOMNUL mi-a spus: Ridică-te, du-te la Eufrat și ia de acolo brâul, despre care ți-am poruncit să îl ascunzi acolo.
ထို​နောက်​ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဥ​ဖ​ရတ်​မြစ် အ​နီး​သို့​ပြန်​သွား​ပြီး​လျှင် ခါး​ဝတ်​ကို​ထုတ် ယူ​ရန်​မိန့်​မှာ​တော်​မူ​၏။-
7 Atunci am mers la Eufrat și am săpat și am luat brâul din locul în care l-am ascuns; și, iată, brâul era stricat, nu era bun de nimic.
သို့​ဖြစ်​၍​ငါ​သည်​ဥ​ဖ​ရတ်​မြစ်​သို့​သွား ပြီး​လျှင် ငါ​ဝှက်​ထား​ရာ​အ​ရပ်​ကို​ရှာ​ဖွေ​ရာ ခါး​ဝတ်​ကို​တွေ့​ရှိ​ရ​သော် ယင်း​တို့​သည်​ဆွေး မြေ့​လျက်​နေ​သ​ဖြင့်​အ​သုံး​မ​ဝင်​တော့​ချေ။
8 Atunci cuvântul DOMNULUI a venit la mine, spunând:
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ကိုယ်​တော်​က၊-
9 Astfel spune DOMNUL: În felul acesta voi strica mândria lui Iuda și mândria cea mare a Ierusalimului.
``ဤ​နည်း​အ​တိုင်း​ပင်​ငါ​သည်​ယု​ဒ​ပြည် ၏​စိတ်​နေ​မြင့်​မှု​နှင့်​ယေ​ရု​ရှ​လင်​မြို့​၏ မာန်​မာ​န​ထောင်​လွှား​မှု​ကို​ချိုး​နှိမ်​မည်။-
10 Acest popor rău, care refuză să asculte cuvintele mele, care umblă după închipuirea inimii lor și umblă după alți dumnezei, pentru a le servi și pentru a li se închina, va fi ca acest brâu, care nu este bun de nimic.
၁၀ဤ​ဆိုး​ညစ်​သူ​တို့​သည်​ငါ့​စ​ကား​ကို နား​မ​ထောင်၊ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်၊ အ​ခြား​ဘု​ရား​တို့​အား​ဝတ်​ပြု​ကိုး​ကွယ်​၍ အ​စေ​ခံ​လျက်​နေ​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ ထို​သူ​တို့​သည်​အ​သုံး​မ​ဝင်​တော့​သည့် ခါး​ဝတ်​ကဲ့​သို့​ဖြစ်​ကြ​လိမ့်​မည်။-
11 Căci precum brâul se lipește de coapsele unui om, astfel am lipit de mine toată casa lui Israel și toată casa lui Iuda, spune DOMNUL; ca să îmi fie popor și nume și ca laudă și glorie; dar ei au refuzat să asculte.
၁၁ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည်​သား​အ​ပေါင်း တို့​သည်​ငါ​၏​လူ​မျိုး​တော်​ဖြစ်​လာ​ကြ လျက် ငါ​၏​နာ​မ​တော်​ကို​ချီး​မွမ်း​ထော မ​နာ​ပြု​ကြ​စိမ့်​သော​ငှာ ငါ​သည်​သူ​တို့ အား​လူ​၏​ခါး​၌​တင်း​ကျပ်​စွာ​ကပ်​လျက် နေ​သည့်​ခါး​ဝတ်​ကဲ့​သို့ ငါ​နှင့်​နီး​နီး​ကပ် ကပ်​ရှိ​နေ​စေ​လို​သည်။ သို့​သော်​သူ​တို့ သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ကြ။
12 De aceea tu să le vorbești acest cuvânt: Astfel spune DOMNUL Dumnezeul lui Israel: Fiecare burduf va fi umplut cu vin; și ei îți vor spune: Nu știm noi, fără îndoială, că fiecare burduf va fi umplut cu vin?
၁၂ဣ​သ​ရေ​လ​လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ယေ​ရ​မိ၊ စ​ပျစ် ရည်​အိုး​မှန်​သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​ကြ မည်​ဟု ဣ​သ​ရေ​လ​ပြည်​သား​တို့​အား​ပြော ကြား​ရ​မည်။ သူ​တို့​က​စ​ပျစ်​ရည်​အိုး​ရှိ သ​မျှ​ကို​စ​ပျစ်​ရည်​ဖြည့်​ရ​မည်​ဖြစ်​ကြောင်း မိ​မိ​တို့​သိ​ပါ​သည်​ဟု​ပြန်​ပြော​ကြ​လိမ့် မည်။-
13 Atunci tu să le spui: Astfel spune DOMNUL: Iată, voi umple pe toți locuitorii acestei țări, chiar pe împărații care șed pe tronul lui David și pe preoți și pe profeți și pe toți locuitorii Ierusalimului, cu beție.
၁၃ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ် အ​နွယ်​ဝင်​ဘု​ရင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား များ​မှ​စ​၍ ယေ​ရု​ရှ​လင်​မြို့​ရှိ​ပြည်​သူ ပြည်​သား​အ​ပေါင်း​မူး​ယစ်​စေ​ရန် စ​ပျစ် ရည်​တိုက်​မည်​ဟု​သူ​တို့​အား​ပြော​ကြား လော့။-
14 Și îi voi zdrobi pe unul de altul, chiar pe părinți și pe fii împreună, spune DOMNUL; nu mă voi îndura, nici nu voi cruța, nici nu voi avea milă, ci îi voi nimici.
၁၄ထို​နောက်​ငါ​သည်​အိုး​များ​ကို​တစ်​ခု​နှင့် တစ်​ခု​ထိ​ခိုက်​၍​ကွဲ​စေ​သ​ကဲ့​သို့ သူ​တို့ အား​ကြီး​ငယ်​မ​ရွေး​ဖျက်​ဆီး​မည်။ အ​ဘယ် သ​နား​ကြင်​နာ၊ က​ရု​ဏာ​စိတ်​က​မျှ​ငါ့ ကို​သူ​တို့​အား​သတ်​ဖြတ်​မှု​မှ​ဆီး​တား လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
15 Ascultați și aplecați urechea, nu fiți mândri, pentru că DOMNUL a vorbit.
၁၅ဣ​သ​ရေ​လ​ပြည်​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ရှိ​တော်​မူ​ပြီ။ စိတ်​နှိမ့်​ချ​လျက်​နား​ထောင်​ကြ​လော့။
16 Dați glorie DOMNULUI Dumnezeului vostru, înainte ca el să aducă întunericul și înainte ca picioarele voastre să se poticnească de munții întunecați, și, în timp ce căutați lumină, el o schimbă în umbra morții și o face întuneric gros.
၁၆သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် မိုး​ချုပ်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​တောင်​ပေါ်​တွင်၊ခြေ​ချော်​၍ မ​လဲ​မီ​အ​ခါ​၌​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သင်​တို့​စောင့်​မျှော်​ရာ​အ​လင်း ကို မှောင်​မိုက်​အ​ဖြစ်​သို့၊ ပြောင်း​လဲ​စေ​တော်​မ​မူ​မီ​အ​ခါ​၌​လည်း ကောင်း သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။
17 Dar dacă nu veți asculta aceasta, sufletul meu va plânge în locuri tainice pentru mândria voastră; și ochiul meu va plânge amar și îi vor curge lacrimi, pentru că turma DOMNULUI este dusă în captivitate.
၁၇အ​ကယ်​၍​သင်​တို့​နား​မ​ထောင်​ကြ​ပါ​မူ ငါ​သည်​သင်​တို့​၏​မာန်​မာ​န​ထောင်​လွှား​မှု အ​တွက် ကြိတ်​၍​ငို​ကြွေး​မည်။ ငါ​သည်​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​သိုး​စု​တော်​သည်​ဖမ်း​ဆီး ခေါ်​ဆောင် သွား​ခြင်း​ကို​ခံ​ရ​ပြီ​ဖြစ်​၍​ငါ့​မျက်​ရည်​စီး ကျ​မည်။
18 Spune împăratului și împărătesei: Umiliți-vă, așezați-vă, pentru că principatele voastre vor cădea, coroana gloriei voastre.
၁၈ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား``ဘု​ရင်​နှင့်​သူ့ မယ်​တော်​၏​လှ​ပ​သော​သ​ရ​ဖူ​များ​သည် မိ​မိ တို့​ဦး​ခေါင်း​မှ​ပြုတ်​ကျ​ပြီ​ဖြစ်​၍ သူ​တို့ အား​မိ​မိ​တို့​၏​ရာ​ဇ​ပလ္လင်​များ​မှ​ဆင်း ကြ​ရန်​ပြော​ကြား​လော့။-
19 Cetățile sudului vor fi închise și nimeni nu le va deschide; Iuda va fi dus captiv cu totul, va fi dus captiv în întregime.
၁၉တောင်​ဘက်​ယု​ဒ​မြို့​တို့​သည်​အ​ဝိုင်း​ခံ​လျက် ရှိ​၏။ ယင်း​တို့​ထံ​သို့​အ​ဘယ်​သူ​မျှ​မ​သွား နိုင်။ ယု​ဒ​ပြည်​သား​အ​ပေါင်း​တို့​သည်​အ​ဖမ်း ခံ​ရ​ကြ​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​ပြည်​နှင် ဒဏ်​သင့်​ကြ​လေ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
20 Ridicați-vă ochii și priviți la cei care vin din nord; unde este turma care ți-a fost dată, frumoasa ta turmă?
၂၀ယေ​ရု​ရှ​လင်​မြို့၊ ကြည့်​လော့။ သင်​၏​ရန်​သူ များ​သည်​မြောက်​အ​ရပ်​မှ​လာ​လျက်​ရှိ​၏။ ကြည့်​ရှု​စောင့်​ရှောက်​ရန် သင့်​အား​ငါ​ပေး အပ်​ထား​သည့်​လူ​များ၊ သင်​တို့​ဂုဏ်​ယူ သည့်​လူ​မျိုး​တို့​ကား​အ​ဘယ်​မှာ​နည်း။-
21 Ce vei spune când el te va pedepsi? Pentru că i-ai învățat să fie căpetenii și ca mai mari peste tine; nu te vor cuprinde întristări, ca pe o femeie în durerile nașterii?
၂၁မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-
22 Și dacă tu spui în inima ta: Pentru ce au venit aceste lucruri asupra mea? Pentru mărimea nelegiuirii tale au fost descoperite poalele tale și călcâiele tale au fost dezgolite.
၂၂အ​ကယ်​၍​သင်​တို့​က``ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​ကြောင့်​ဖြစ်​ပျက်​ရ​ပါ​မည်​နည်း။ ငါ တို့​၏​အ​ဝတ်​များ​သည်​အ​ဘယ်​ကြောင့်​စုတ် ပြတ်​သွား​ရ​ပါ​သ​နည်း။ ငါ​တို့​သည်​အ​ဘယ် ကြောင့်​အ​နှောင့်​အ​ယှက်​ခံ​ရ​ကြ​ပါ​သ​နည်း'' ဟူ​၍​မေး​ပါ​မူ``သင်​တို့​၏​အ​ပြစ်​သည် ကြောက်​လန့်​ဖွယ်​ကောင်း​လှ​သော​ကြောင့် ဖြစ်​သည်'' ဟု​ဖြေ​ကြား​ရ​ပေ​မည်။-
23 Poate etiopianul să își schimbe pielea, sau leopardul petele lui? Atunci ați putea să faceți bine, și voi care sunteți obișnuiți să faceți rău.
၂၃လူ​မည်း​သည်​မိ​မိ​၏​အ​သား​အ​ရောင်​ကို ပြောင်း​လဲ​စေ​နိုင်​ပါ​သ​လော။ သို့​တည်း​မ ဟုတ်​ကျား​သစ်​သည်​မိ​မိ​၏​အ​ကွက်​များ ကို​ဖယ်​ရှား​ပစ်​နိုင်​ပါ​သ​လော။ အ​ကယ်​၍ ဤ​အ​မှု​အ​ရာ​များ​ကို​ပြု​လုပ်​နိုင်​မည် ဆို​ပါ​မူ ဒု​စ​ရိုက်​ကို​သာ​လျှင်​ပြု​ကျင့် တတ်​သူ​သင်​တို့​သည်​လည်း သု​စ​ရိုက်​သို့ ပြောင်း​လဲ​ပြု​ကျင့်​ကောင်း​ပြု​ကျင့်​နိုင်​ကြ ပေ​လိမ့်​မည်။-
24 De aceea îi voi împrăștia ca paiul care trece cu vântul pustiei.
၂၄ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သဲ​ကန္တာ​ရ မှ​လာ​သော​လေ​ပြင်း​တွင် လွင့်​ပါ​သွား​သည့် ဖွဲ​ကဲ့​သို့​ကွဲ​လွင့်​စေ​တော်​မူ​လိမ့်​မည်။-
25 Acesta este sorțul tău, partea măsurilor tale de la mine, spune DOMNUL, pentru că m-ai uitat și te-ai încrezut în falsitate.
၂၅ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-
26 De aceea îți voi descoperi eu poalele tale peste fața ta și ți se va vedea rușinea.
၂၆ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင်​ပင်​သင်​တို့ ၏​အ​ဝတ်​များ​ကို​ဆွဲ​ချွတ်​တော်​မူ​၍ သင် တို့​အား​အ​ရှက်​ကွဲ​စေ​တော်​မူ​လိမ့်​မည်။-
27 Am văzut adulterele tale și nechezăturile tale, desfrânările curviei tale și urâciunile tale pe dealuri și pe câmp. Vai ție, Ierusalime! Nu vei fi tu curățit? Când se va întâmpla?
၂၇ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​စက်​ဆုတ်​သည့် အ​မှု​များ​ကို သင်​တို့​ပြု​ကျင့်​ကြ​သည်​ကို မြင်​တော်​မူ​ပြီ။ သင်​တို့​သည်​အိမ်​နီး​ချင်း​၏ ဇ​နီး​ကို​တပ်​မက်​သူ​ကဲ့​သို့၊ မြင်း​မ​ကို​တပ် မက်​၍​ဟီ​သည့်​မြင်း​လား​ကဲ့​သို့၊ တောင်​ကုန်း များ၊ လယ်​ကွင်း​များ​တွင်​အ​ရှက်​ကင်း​မဲ့​စွာ ပြည့်​တန်​ဆာ​လုပ်​ငန်း​ကို​လုပ်​ကြ​၏။ ယေ​ရု ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ပါ​သည်​တ​ကား။ အ​ဘယ်​အ​ခါ​မှ​သင် တို့​သည်​သန့်​စင်​၍​လာ​ကြ​မည်​နည်း။

< Ieremia 13 >