< Isaia 31 >

1 Vai celor ce coboară în Egipt pentru ajutor şi se sprijină pe cai şi se încred în care, pentru că sunt multe, şi în călăreţi, pentru că sunt foarte tari, dar nu privesc la Cel Sfânt al lui Israel, nici nu caută pe DOMNUL!
စစ်ကူ တောင်းအံ့သောငှါ အဲဂုတ္တု ပြည် သို့ သွား ၍၊ မြင်း တို့ကို အမှီပြု လျက် များ စွာသော ရထား တို့ကို၎င်း၊ အားကြီး သော မြင်းစီး သူရဲတို့ကို ၎င်း ခိုလှုံလျက်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကို မ မြော်လင့် ၊ ထာဝရဘုရား ကို မ ရှာ ဘဲ နေသော သူတို့သည် အမင်္ဂလာ ရှိကြ၏။
2 Şi totuşi el este înţelept şi va aduce răul şi nu îşi va retrage cuvintele, ci se va ridica împotriva casei făcătorilor de rău şi împotriva ajutorului celor ce lucrează nelegiuire.
ထိုဘုရားသည် ဉာဏ် တော်ကျယ်၍ ၊ သူတို့အပေါ် မှာ ဘေး ကိုသက်ရောက် စေတော်မူမည်။ စကား တော်မ ပျက် ဘဲ၊ ဆိုး သောလူမျိုး ကို၎င်း၊ မတရား သဖြင့် ပြု သောသူတို့ဘက်မှာ နေ သောသူတို့ကို၎င်းတဘက်၌ ထ တော်မူမည်။
3 Dar egiptenii sunt oameni şi nu Dumnezeu; şi caii lor carne şi nu duh. Când DOMNUL îşi va întinde mâna, deopotrivă cel care ajută va cădea şi cel care este ajutat se va poticni şi toţi vor pieri împreună.
အဲဂုတ္တု ပြည်သားတို့သည် ဘုရား မ ဖြစ်၊ လူ သက်သက်ဖြစ်ကြ၏။ သူ တို့မြင်း သည်လည်း ဝိညာဉ် မ ဖြစ်၊ အသား သက်သက်ဖြစ်၏။ ထာဝရဘုရား သည် လက် တော်ကို ဆန့် တော်မူသောအခါ၊ မစ တတ်သောသူသည် လဲ လိမ့်မည်။ မစ အပ်သောသူလည်း ဆုံး လိမ့်မည်။ အလုံးစုံ တို့သည် အတူ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
4 Fiindcă astfel mi-a vorbit DOMNUL: Ca leul şi leul tânăr ce răcneşte la prada sa, când o mulţime de păstori este chemată împotriva lui, nu îi va fi teamă de vocea lor, nici nu se va înjosi din cauza zgomotului lor, astfel DOMNUL oştirilor va coborî să lupte pentru muntele Sion şi pentru dealul acestuia.
ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ ခြင်္သေ့ နှင့် ခြင်္သေ့ သငယ်သည် လုယူရာ အကောင် ပေါ် မှာနေသောအခါ၊ သိုးထိန်း အလုံး အရင်း၏ ဆီးတားအော်ဟစ် ခြင်းကို မ ကြောက် ၊ သူ တို့ပြုသောအသံ ဗလံအားဖြင့် အရှုံး မ ခံသကဲ့သို့၊ ထိုနည်းတူ ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် မိမိ တောင် တည်းဟူသောဇိအုန် တောင် တော်ဘက် မှာ စစ်တိုက် ခြင်းငှါ ဆင်းသက် တော်မူလိမ့်မည်။
5 Precum păsările care zboară, astfel va apăra DOMNUL oştirilor Ierusalimul; apărându-l, de asemenea îl va elibera; şi, trecând pe deasupra, îl va păstra.
ငှက် သည် သားငယ်ကို အုပ် တတ်သကဲ့သို့ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ယေရှုရှလင် မြို့ကို ကွယ်ကာ တော်မူမည်။ ကွယ်ကာ စောင့်မ၍ အပြစ် မပေး၊ ကယ်တင် တော်မူမည်။
6 Întoarceţi-vă către cel împotriva căruia copiii lui Israel s-au răzvrătit atât de mult.
အိုဣသရေလ အမျိုးသား တို့၊ သင်တို့သည် အလွန် လွှဲ ရှောင်ပယ်ထားသော ဘုရား ထံ တော်သို့ ပြန် လာ ကြလော့။
7 Fiindcă în acea zi fiecare om îşi va arunca idolii din argint şi idolii lui din aur, pe care propriile voastre mâini vi i-au făcut pentru păcat.
အကယ်စင်စစ်လူ အပေါင်းတို့သည် မိမိ လက် ဖြင့် အသီးအသီးလုပ် သော ငွေ ရုပ်တု ၊ ရွှေ ရုပ်တု တည်း ဟူသော၊ ပြစ်မှား ရာအရာများကို ထို ကာလ ၌ ပစ် လိုက် ကြလိမ့်မည်။
8 Atunci va cădea asirianul prin sabie, nu printr-un viteaz; şi sabia îl va mânca, dar nu a unui om rău; şi el va fugi de sabie şi tinerii lui vor fi învinşi.
အာရှုရိ လူသည်လည်း ၊ ကြီးမြတ် သောသူ၏ ထား မဟုတ် သော ထား ဖြင့် ဆုံး လိမ့်မည်။ ယုတ် သောသူ၏ထား မဟုတ် သော ထားသည် သူ့ ကိုဖျက်ဆီး လိမ့်မည်။ သူသည် လည်း ထား ဘေးမှ ပြေး ၍ ၊ သူရဲ တို့သည် ကျွန် ခံ ရကြ လိမ့်မည်။
9 Şi de frică va trece spre întăritura lui şi prinţii lui se vor teme de însemn, spune DOMNUL, a cărui foc este în Sion şi al cărui cuptor în Ierusalim.
သူသည်လည်း ကြောက်လန့် သဖြင့် ၊ မိမိ ခိုင်ခံ့ သော မြို့ကိုလွန် သွား၍ ၊ သူ ၏ မှုးမတ် တို့သည် နိမိတ် ကို မြင်လျှင် စိတ်ပျက် ကြလိမ့်မည်ဟု ဇိအုန် တောင်ပေါ် မှာမီးလျှံ ၊ ယေရှုရှင် မြို့၌ မီးဖို ရှိသော ထာဝရဘုရား မိန့် တော်မူသတည်း။

< Isaia 31 >