< Osea 5 >
1 Ascultaţi aceasta, voi preoţilor; şi daţi ascultare, voi casă a lui Israel, şi deschide urechea, casă a împăratului; fiindcă judecată este către voi, pentru că aţi fost o capcană la Miţpa şi o plasă întinsă asupra Taborului.
၁အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။
2 Şi răzvrătiţii sunt profunzi pentru a face măcel, deşi eu i-am mustrat pe toţi.
၂ယဇ်ကောင် တို့ကိုသတ် သောအားဖြင့် မိမိတို့အပြစ် ကို များပြားစေကြ၏။ ထိုကြောင့် ၊ ငါ သည် ထိုသူ အပေါင်း တို့၌ အပြစ် ဒဏ်ပေးမည်။
3 Eu cunosc pe Efraim şi Israel nu este ascuns de mine; fiindcă acum, Efraime, tu curveşti şi Israel se întinează.
၃ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။
4 Ei nu îşi vor pregăti faptele pentru a se întoarce la Dumnezeul lor, pentru că duhul curviilor este în mijlocul lor şi nu au cunoscut pe DOMNUL.
၄သူ တို့သည်ပြုမြဲပြုသောကြောင့်၊ သူ တို့၏ဘုရား သခင့်ထံ တော်သို့ပြန် ၍ မ လာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရား ကိုမ သိ ကြ။
5 Şi mândria lui Israel mărturiseşte înaintea feţei lui; de aceea Israel şi Efraim vor cădea în nelegiuirea lor; Iuda de asemenea va cădea cu ei.
၅ဣသရေလ အမျိုး၏ မာန သည်သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ ဣသရေလ နှင့် ဧဖရိမ် သည် မိမိ တို့ အပြစ် ၌ လဲ ၍ ၊ သူ တို့နှင့်အတူ ယုဒ အမျိုးသည်လည်း လဲ လိမ့်မည်။
6 Ei vor merge cu turmele lor şi cu cirezile lor să caute pe DOMNUL; dar nu îl vor găsi; el s-a retras de la ei.
၆သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။
7 S-au purtat perfid împotriva DOMNULUI; fiindcă au născut copii străini; încă o lună îi va mistui împreună cu porţiile lor.
၇သူတို့သည်ထာဝရဘုရား ထံတော်၌ ခံသောသစ္စာ ကို ဖျက်ကြပြီ။ အကြောင်း မူကား၊ တပါး အမျိုးသားတို့ကို ဘွားမြင် ကြပြီ။ လဆန်း နေ့ရောက်မှ သူ တို့နှင့် သူ တို့ဥစ္စာ သည်ပျက်စီး လိမ့်မည်။
8 Sunaţi cornul în Ghibea şi trâmbiţa în Rama; strigaţi tare la Bet-Aven, înapoia ta, Beniamine.
၈ဂိဗာ မြို့၌ နှဲ ခရာကို၎င်း ၊ ရာမ မြို့၌ တံပိုး ကို၎င်းမှုတ် ကြလော့။ ဗေသဝင် မြို့၌ ကြွေးကြော် ကြလော့။ အိုဗင်္ယာမိန် အမျိုး၊ နောက် သို့ ကြည့်ကြလော့။
9 Efraim va fi pustiit în ziua mustrării; printre triburile lui Israel am făcut cunoscut ceea ce cu siguranţă va fi.
၉ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။
10 Prinţii lui Iuda au fost asemenea celor ce mută graniţa; de aceea îmi voi turna furia mea asupra lor, ca apa.
၁၀ယုဒ မင်း တို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ သော သူကဲ့သို့ ဖြစ် ကြ၏။ ငါသည်သူ တို့အပေါ် သို့ ငါ့ အမျက် ကို ရေ ကဲ့သို့ သွန်းလောင်း မည်။
11 Efraim este oprimat şi zdrobit în judecată, pentru că de bunăvoie a umblat după poruncă.
၁၁ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။
12 De aceea voi fi pentru Efraim ca molia şi pentru casa lui Iuda ca putrezirea.
၁၂ထိုကြောင့် ၊ ငါ သည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုး ကောင်၊ ယုဒ အမျိုး ၌ စား တတ်သော အနာကဲ့သို့ ဖြစ်မည်။
13 Când Efraim şi-a văzut boala şi Iuda şi-a văzut rana, atunci Efraim a mers la asirian şi a trimis la împăratul Iareb; totuşi el nu a putut să vă vindece, nici să vă lecuiască rana.
၁၃ဧဖရိမ် သည် မိမိ အပေါက် တို့ကို၎င်း ၊ ယုဒ သည် မိမိ အနာ ကို၎င်း မြင် သောအခါ ၊ ဧဖရိမ် သည် အာရှုရိ မင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင် ယာရက် ထံသို့ စေလွှတ် သော်လည်း ၊ ထိုမင်းတို့သည် သင် တို့အပေါက်ကို မ ဖါ နိုင် ၊ အနာ ကိုလည်း မ ပျောက် စေနိုင်ကြ။
14 Fiindcă voi fi pentru Efraim ca un leu şi ca un leu tânăr pentru casa lui Iuda; eu, chiar eu, voi sfâşia şi voi pleca; voi lua şi nimeni nu îl va salva.
၁၄အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။
15 Voi merge şi mă voi întoarce la locul meu, până ei îşi vor recunoaşte poticnirea şi vor căuta faţa mea; în nenorocirea lor mă vor căuta devreme.
၁၅သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။