< Evrei 3 >
1 De aceea, frați sfinți, părtași ai chemării cerești, luați aminte la Apostolul și Marele Preot al mărturisirii noastre, Cristos Isus,
၁ထိုသို့ဖြစ်လျှင် ၊ ကောင်းကင် ဘုံနှင့်စပ်ဆိုင် သော ခေါ်ဘိတ်တော်မူခြင်းကျေးဇူးကို ခံရသောသူ၊ သန့်ရှင်း သော ညီအစ်ကို တို့၊ ငါ တို့ဝန်ခံ သောတမန်တော် နှင့် ယဇ်ပုရောဟိတ် မင်းတည်းဟူသောယေရှု ၏ အကြောင်းကို စေ့စေ့ဆင်ခြင် ကြလော့
2 Care a fost credincios celui ce l-a rânduit, așa cum și Moise a fost credincios în toată casa lui.
၂မောရှေ သည် ဘုရားသခင် ၏ အိမ် တော်တစ် အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့ ၊ ယေရှုသည် မိမိ ကိုခန့်ထား တော်မူသောသူ ၏ အမှုတော်၌ သစ္စာစောင့် တော်မူ၏
3 Fiindcă acesta a fost considerat demn de mai multă glorie decât Moise, întrucât cel ce a zidit casa are o mai mare onoare decât casa.
၃အိမ် ကိုဆောက် သောသူ သည် အိမ် ထက် သာ၍ကြီးသောအသရေ ရှိ သကဲ့သို့ ၊ ယေရှု သည် မောရှေ ထက် သာ၍ ကြီးသော အသရေ ကိုခံထိုက် သောသူဖြစ်သည်ဟု ထင်မှတ်စရာအကြောင်း ရှိ၏
4 Căci fiecare casă este zidită de cineva, dar cel ce zidește toate este Dumnezeu.
၄အိမ် မည်သည်ကား၊ တစ်စုံတစ်ယောက် သောသူ ဆောက် သောကြောင့် ဖြစ်၏။ အလုံးစုံ တို့ကို တည်ဆောက် သောသူ ကား ၊ ဘုရားသခင် ပေတည်း
5 Și Moise, într-adevăr, a fost credincios în toată casa lui ca servitor, pentru mărturia acelor lucruri ce urmau să fie vorbite după aceea;
၅မောရှေ သည်၊ နောက်ဟောပြော လတံ့သော အရာ တို့ကို သက်သေခံ ခြင်းအလိုငှာ ၊ အစေခံ ကဲ့သို့ အိမ် တော်တစ်အိမ်လုံး ၌ သစ္စာစောင့် ၏
6 Dar Cristos ca fiu peste propria lui casă; a cărui casă suntem noi, dacă neclintit ținem strâns cutezanța și bucuria speranței, până la sfârșit.
၆ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
7 De aceea, (așa cum spune Duhul Sfânt: Astăzi, dacă veți auzi vocea lui,
၇ထိုကြောင့် ၊ သန့်ရှင်း သောဝိညာဉ် တော် မိန့် တော်မူသည်ကား၊ ယနေ့ တွင် သင်တို့သည် ဗျာဒိတ် တော်အသံ ကို ကြား လျက်ရှိသည် ဖြစ်၍၊
8 Nu vă împietriți inimile, ca în răzvrătire, în ziua ispitirii în pustie,
၈ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်။ သင် တို့အဘ များသည် အနှစ် လေးဆယ် ပတ်လုံးငါ့ ကို အနည်းနည်းစုံစမ်း ၍ ၊
9 Când părinții voștri m-au ispitit, m-au încercat și au văzut faptele mele patruzeci de ani.
၉ငါ ၏အမှု တို့ကို မြင် ရသော တော တွင် ငါ့ကိုဆန့်ကျင်ဘက် ပြု၍ စုံစမ်း ရာကာလ ၌ ရှိသကဲ့သို့ မရှိစေကြနှင့်
10 De aceea m-am mâhnit pe această generație și am spus: Ei totdeauna se rătăcesc în inima lor și nu au cunoscut căile mele.
၁၀ထို လူမျိုး ကို ငါရွံ သည်ဖြစ်၍ ၊ သူတို့သည် အစဉ် စိတ် သဘော မှားယွင်း တတ်ကြ၏။ ငါ ၏ အလေ့အလာ တို့ကို နား မ လည်ကြဟု ငါဆို ရ၏
11 Așa că am jurat în furia mea: Nu vor intra în odihna mea).
၁၁ထိုကြောင့်၊ သူတို့သည် ငါ ၏ချမ်းသာ ထဲသို့ မဝင်ရ ကြဟု အမျက်ထွက် ၍ ငါကျိန်ဆို သည်ဟု မိန့်တော်မူချက်ရှိသည်နှင့်အညီ
12 Luați seama, fraților, ca nu cumva să fie în vreunul dintre voi o inimă rea a necredinței, pentru a se îndepărta de Dumnezeul cel viu.
၁၂ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့
13 Ci îndemnați-vă zilnic unii pe alții, cât timp se spune: Astăzi, ca nu cumva să fie vreunul dintre voi împietrit prin înșelătoria păcatului.
၁၃ဒုစရိုက် ၏ လှည့်ဖြား ခြင်းအားဖြင့်သင် တို့ စိတ်နှလုံးမ ခိုင်မာ စေခြင်းငှာ ၊ ယနေ့ ဟူ၍ခေါ်ဝေါ် သော အချိန်၊ နေ့ တိုင်း အစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်း နှိုးဆော်ကြလော့
14 Fiindcă suntem făcuți părtași ai lui Cristos, dacă ținem strâns începutul încrederii noastre neclintit până la sfârșit;
၁၄ငါတို့သည် စိတ်စွဲလမ်း ခြင်းကို အစ ပြုသကဲ့သို့အဆုံး တိုင်အောင် တည်ကြည် လျှင် ၊ ခရစ်တော် နှင့် ဆက်ဆံ သောသူ ဖြစ်ကြ၏
15 Deoarece se spune: Astăzi, dacă veți auzi vocea lui, nu vă împietriți inimile ca în răzvrătire.
၁၅ယနေ့ တွင် သင်တို့သည် ဗျာဒိတ်တော်အသံ ကို ကြား လျက် ရှိသည်ဖြစ်၍ ၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ ရှိသကဲ့သို့ ၊ ခိုင်မာ သော စိတ် နှလုံးမ ရှိကြနှင့်ဟု ကျမ်းစာလာသည်အရာမှာ
16 Fiindcă unii, după ce au auzit, s-au răzvrătit; însă nu toți care au ieșit din Egipt, prin Moise.
၁၆ကြား ပြီးမှဆန့်ကျင်ဘက် ပြုသော သူတို့ကား၊ အဘယ်သူ နည်း၊ မောရှေ နောက်သို့လိုက်၍ အဲဂုတ္တု ပြည်မှ ထွက်လာ သော သူ အပေါင်း တို့သည် ထိုသို့ပြုကြသည် မ ဟုတ်လော
17 Dar pe cine s-a mâhnit el patruzeci de ani? Nu pe cei ce au păcătuit, ale căror trupuri moarte au căzut în pustie?
၁၇အနှစ် လေးဆယ် ပတ်လုံးနှစ်သက် တော်မမူသော သူတို့ကား၊ အဘယ်သူ နည်း။ ဒုစရိုက် အပြစ်ကို ပြုသောကြောင့် တော ၌ လဲ ၍ သေ သောသူ ပင် မ ဟုတ်လော
18 Și cui a jurat el că nu vor intra în odihna lui, dacă nu celor ce nu au crezut?
၁၈သင်တို့သည် ငါ၏ချမ်းသာ ထဲသို့ မ ဝင် ရကြဟု ကျိန်ဆို တော်မူသော သူ တို့ကား၊ မယုံကြည် သော သူ မှတစ်ပါး အဘယ်သူနည်း
19 Așadar, vedem că nu au putut să intre din cauza necredinței.
၁၉သို့ဖြစ်၍ ၊ သူတို့သည် မယုံကြည် သောကြောင့် သာ မ ဝင် နိုင် သည်ကို ငါတို့သိမြင် ကြ၏။