< Ezechiel 2 >

1 Și el mi-a spus: Fiu al omului, stai pe picioarele tale și eu voi vorbi cu tine.
``အ​ချင်း​လူ​သား​ထ​လော့။ သင့်​အား​ငါ​မြွက် ဆို​မည်'' ဟု​မိန့်​တော်​မူ​၏။-
2 Și duhul a intrat în mine când el a vorbit cu mine și m-a pus pe picioare încât l-am auzit pe cel ce îmi vorbea.
ယင်း​အ​သံ​မြွက်​ဆို​နေ​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏​အ​တွင်း​သို့ ဝင်​၍ ငါ့​အား​ကူ​မ​တော်​မူ​ပြီး​လျှင်​မတ်​တပ် ရပ်​စေ​တော်​မူ​၏။ ထို​နောက်​အ​သံ​တော်​က ဆက်​လက်​၍၊-
3 Și mi-a spus: Fiu al omului, te trimit la copiii lui Israel, la o națiune răzvrătită, care s-a răzvrătit împotriva mea; ei și părinții lor au încălcat [legea] împotriva mea, până în această zi.
``အ​ချင်း​လူ​သား၊ ငါ့​အား​ပုန်​ကန်​တော်​လှန် ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​ကဲ့​သို့​ယ​ခု​တိုင်​အောင်​ပုန်​ကန် လျက်​နေ​ကြ​၏။-
4 Fiindcă [ei sunt] copii nerușinați și cu inimă îndărătnică. Eu te trimit la ei și tu să le spui: Astfel spune Domnul DUMNEZEU.
သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။-
5 Și ei, fie că vor asculta, fie că se vor feri, (pentru că ei [sunt] o casă răzvrătită), totuși vor ști că a fost un profet printre ei.
သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။
6 Și tu, fiu al omului, nu te teme de ei, nici nu te teme de cuvintele lor, deși mărăcini și spini [sunt] cu tine și locuiești printre scorpioni; nu te teme de cuvintele lor, nici nu te descuraja din cauza privirilor lor, deși ei [sunt] o casă răzvrătită.
``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-
7 Și tu să le vorbești cuvintele mele, fie că vor asculta, fie că se vor feri; fiindcă ei [sunt] foarte răzvrătiți.
သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''
8 Dar tu, fiu al omului, ascultă ce eu îți spun: Nu te răzvrăti ca această casă răzvrătită; deschide-ți gura și mănâncă ce îți dau.
``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။-
9 Și când m-am uitat, iată, o mână [era] trimisă la mine; și, iată, în ea [era] un sul de carte;
ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-
10 Și el l-a desfășurat înaintea mea; și acesta [era] scris pe dinăuntru și pe dinafară; și [erau] scrise în el plângeri și jelire și vaiet.
၁၀ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။

< Ezechiel 2 >