< Esther 8 >
1 În acea zi împăratul Ahaşveroş a dat casa lui Haman, duşmanul iudeilor, împărătesei Estera. Şi Mardoheu a venit înaintea împăratului; fiindcă Estera spusese ce îi era ei.
၁ထို နေ့ခြင်းတွင် ၊ ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့် ၊ မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။
2 Şi împăratul şi-a scos inelul, pe care îl luase de la Haman şi l-a dat lui Mardoheu. Şi Estera a pus pe Mardoheu peste casa lui Haman.
၂ရှင် ဘုရင်သည်လည်း ၊ ဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် ၍ မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်း ၊ ဟာမန် အိမ် ကို မော်ဒကဲ ၌ အပ် လေ၏။
3 Şi Estera a vorbit încă o dată înaintea împăratului şi a căzut la picioarele lui şi l-a implorat cu lacrimi să îndepărteze ticăloşia lui Haman agaghitul şi planul lui pe care l-a plănuit împotriva iudeilor.
၃တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ၊ အာဂတ် အမျိုး ဟာမန် ပြုသောအပြစ် ၊ ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်း ၊ မျက်ရည် ကျလျက် တောင်းပန် လေ၏။
4 Atunci împăratul a întins sceptrul de aur spre Estera. Astfel Estera s-a ridicat şi a stat în faţa împăratului.
၄ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ထ ၍ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊
5 Şi a spus: Dacă face plăcere împăratului şi dacă am găsit favoare înaintea vederii lui şi acest lucru pare drept înaintea împăratului şi eu sunt plăcută în ochii lui, să se scrie pentru a revoca scrisorile plănuite de Haman fiul lui Hamedata agaghitul, pe care le-a scris pentru a nimici pe iudeii care sunt în toate provinciile împăratului:
၅အရှင်မင်းကြီး အလို တော်ရှိ၍ ၊ ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ၍ ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်း ၊ ထပ်၍စာရေး စေတော်မူပါ။
6 Căci cum aş putea îndura să văd răul care va veni peste poporul meu? Sau cum aş putea îndura să văd nimicirea rudeniei mele?
၆ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။
7 Atunci împăratul Ahaşveroş a spus împărătesei Estera şi iudeului Mardoheu. Iată, i-am dat Esterei casa lui Haman, şi pe el l-au spânzurat de spânzurătoare, pentru că şi-a întins mâna împotriva iudeilor.
၇ရှင်ဘုရင် အာရွှေရု ကလည်း ၊ ဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့် ၊ သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။
8 Scrieţi de asemenea în favoarea iudeilor, cum vă place, în numele împăratului şi sigilaţi-l cu inelul împăratului: căci înscrisul scris în numele împăratului şi sigilat cu inelul împăratului, nimeni nu îl poate revoca.
၈သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9 Atunci au fost chemaţi scribii împăratului în acel timp în a treia lună, care este luna Sivan, în a douăzeci şi treia zi a ei şi a fost scris conform cu tot ce a poruncit Mardoheu iudeilor şi locotenenţilor şi prefecţilor şi conducătorilor provinciilor care sunt din India până în Etiopia, o sută douăzeci şi şapte de provincii, fiecărei provincii conform scrierii ei şi fiecărui popor după limba lui şi iudeilor conform scrierii lor şi conform limbii lor.
၉ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊
10 Şi a scris în numele împăratului Ahaşveroş şi l-a sigilat cu inelul împăratului şi a trimis scrisori prin alergători călări, şi călăreţi pe catâri, cămile şi dromaderi tineri:
၁၀ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှ ၊ မြင်း၊ လား ၊ ကုလားအုပ် ၊ မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။
11 Prin care împăratul a dat iudeilor care erau în fiecare cetate să se adune şi să îşi apere viaţa, pentru a nimici, pentru a ucide, şi pentru a face să piară, orice putere a oamenilor şi a provinciei care i-ar asalta, deopotrivă micuţi şi femei şi să prade averile lor,
၁၁အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊
12 Într-o singură zi în toate provinciile împăratului Ahaşveroş, adică, în a treisprezecea zi a lunii a douăsprezecea, care este luna Adar.
၁၂မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူ ၊ စစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။
13 Copia înscrisului poruncii dată fiecărei provincii a fost publicată tuturor popoarelor ca iudeii să fie gata în acea zi să se răzbune pe duşmanii lor.
၁၃ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါ ၊ အတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။
14 Astfel alergătorii care au călărit pe catâri şi cămile au ieşit, fiind grăbiţi şi presaţi de porunca împăratului. Şi hotărârea a fost dată la palatul Susa.
၁၄ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ၌ ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။
15 Şi Mardoheu a ieşit din prezenţa împăratului în veştmânt împărătesc albastru şi alb, şi cu o mare coroană din aur, şi cu o haină de in subţire şi purpură: şi cetatea Susa s-a bucurat şi s-a veselit.
၁၅မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊
16 Iudeii au avut strălucire şi veselie şi bucurie şi onoare.
၁၆ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။
17 Şi în fiecare provincie şi în fiecare cetate, oriunde au ajuns porunca împăratului şi hotărârea lui, iudeii au avut bucurie şi veselie, ospăţ şi zi bună. Şi mulţi dintre oamenii ţării au devenit iudei; fiindcă teama de iudei a căzut asupra lor.
၁၇ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ ၊ ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။