< Daniel 6 >

1 I-a plăcut lui Darius să pună peste împărăție o sută douăzeci de prinți, care să fie peste întreaga împărăție;
ဒါရိ မင်းကြီးသည် နိုင်ငံ တော် အမှုအရေးအလုံးစုံ တို့ကို စီရင်ရသောမြို့ဝန် တရာ နှစ် ဆယ်တို့ကို ၎င်း၊
2 Și peste aceștia, trei președinți, dintre care Daniel [era] primul; ca prinții să le dea socoteală, iar împăratul să nu aibă pagubă.
အကျိုး တော်ကို မ ယုတ်မလျော့စေခြင်းငှါ၊ ထိုမြို့ဝန် အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီး သုံး ပါးကို၎င်းအလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင်ဒံယေလ သည် ဝန်ကြီးအရာကို ရသည်သာမက၊
3 Atunci acest Daniel a fost preferat peste președinți și prinți, deoarece un duh ales [era] în el; și împăratul s-a gândit să îl pună peste întreg domeniul.
ထူးဆန်း သော ဉာဏ် နှင့်ပြည့်စုံ၍ မြို့ဝန် တကာ၊ ဝန်ကြီး တကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံ တော် တ နိုင်ငံလုံးကို သူ ၌ အပ်နှင်း မည် ဟုရှင် ဘုရင်သည် အကြံ ရှိတော်မူ၏။
4 Atunci președinții și prinții au căutat să găsească ocazie împotriva lui Daniel referitor la împărăție; dar nu au putut afla nici ocazie, nici vină; întrucât [era] credincios, nu s-a aflat în el nici eroare nici greșeală.
ထိုအခါ ဝန်ကြီး နှင့် မြို့ဝန် တို့သည် ဒံယေလ ၌ အပြစ်တင်ခွင့် ကို ရှာ၍၊ နိုင်ငံ တော်အမှုအရေးများကို စစ်ကြော ကြ၏။ ဒံယေလသည် သစ္စာ နှင့် ပြည့်စုံ၍ အပြစ် တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့် ကို ရှာ ၍မ တွေ့ကြသည်ရှိသော်၊
5 Atunci acești oameni au spus: Nu vom găsi vreo ocazie împotriva acestui Daniel, decât dacă [o] găsim împotriva lui referitor la legea Dumnezeului său.
ဘုရား သခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ ၌ အပြစ်တင်ခွင့် ကိုငါတို့ မ တွေ့ နိုင် ကြဟု တိုင်ပင်ပြောဆို ပြီးမှ၊
6 Atunci acești președinți și prinți s-au adunat la împărat și i-au spus astfel: Împărate Darius, să trăiești veșnic.
အထံတော်သို့ လာရောက်စည်းဝေး ကြ၍ ၊ အရှင် မင်းကြီးဒါရိ ၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
7 Toți președinții împărăției, guvernatorii și prinții, sfătuitorii și căpeteniile, s-au sfătuit împreună pentru a întemeia un edict împărătesc și pentru a face o hotărâre fermă, ca oricine va face o cerere vreunui Dumnezeu sau om, pentru treizeci de zile, altuia decât ție, împărate, să fie aruncat în groapa leilor.
ကိုယ်တော် မြတ်မှတပါး အခြား သော လူ ကို ဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သော တွင်း ထဲသို့ ချ ပစ်ရမည်ဟုမ ဖေါက်ပြန်နိုင်သော အမိန့် တော် မြတ်ကို ထုတ် စေခြင်းငှါ နိုင်ငံ တော်ဝန်ကြီး ၊ မြို့ဝန် ၊ စော်ဘွား ၊ တိုင်ပင် မှူးမတ်၊ စစ်ကဲ အပေါင်း တို့သည် အညီအညွတ် တိုင်ပင် ကြပါပြီ။
8 Acum împărate, întemeiază hotărârea și semnează înscrisul, ca să nu fie schimbat, conform legii mezilor și perșilor, care nu se schimbă.
သို့ဖြစ်၍၊ အရှင် မင်းကြီး၊ အမိန့် ရှိတော်မူပါ။ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း အမိန့်တော်တည် စေခြင်းငှါ၊ တံဆိပ် ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
9 Astfel împăratul Darius a semnat scrierea și hotărârea.
ဒါရိ မင်းကြီး သည် အမိန့် တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။
10 Și când Daniel a cunoscut că înscrisul a fost semnat, a intrat în casa lui; și ferestrele lui fiind deschise în camera lui spre Ierusalim, a îngenuncheat pe genunchii săi de trei ori pe zi și s-a rugat și a adus mulțumiri înaintea Dumnezeului său, cum a făcut mai înainte.
၁၀အမိန့် တော်ထုတ်၍ တံဆိပ် ခတ်ကြောင်းကို ဒံယေလ သည် ကြား သိသော်လည်း၊ မိမိ အိမ် သို့ သွား ၍ ယေရုရှလင် မြို့သို့ မျက်နှာပြုရာ အထက်ခန်း ပြတင်းပေါက် ပွင့် လျက်ပင်၊ အထက် ပြု လေ့ရှိ သည်အတိုင်း ၊ တနေ့ သုံး ကြိမ် ဒူး ထောက်လျက် ဘုရား သခင်ကို ဆုတောင်း ၍ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
11 Atunci acești bărbați s-au adunat și l-au găsit pe Daniel rugându-se și făcând cerere înaintea Dumnezeului său.
၁၁ထိုသို့ဘုရား သခင်ကို ဆုတောင်း ပဌနာပြုလျက် နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး ၍ တွေ့မြင် ကြလျှင်၊
12 Atunci s-au apropiat și au vorbit înaintea împăratului referitor la hotărârea împăratului: Nu ai semnat o hotărâre, ca fiecare om care va face [o cerere] vreunui Dumnezeu sau om timp de treizeci de zile, altuia decât ție, împărate, va fi aruncat în groapa leilor? Împăratul a răspuns și a zis: Lucrul [este] adevărat, conform legii mezilor și perșilor, care nu se schimbă.
၁၂အထံ တော်သို့ဝင် ၍ ၊ အရှင် မင်းကြီး၊ ကိုယ်တော် မြတ်မှတပါး အခြား သောလူ ကိုဖြစ်စေ၊ ဘုရား ကို ဖြစ်စေ၊ အရက် သုံး ဆယ်အတွင်း တွင် ဆုတောင်း သော သူမည်သည်ကို ခြင်္သေ့ လှောင် သောတွင်းထဲသို့ ချ ပစ်စေဟု အမိန့် တော်ကို တံဆိပ် ခတ်တော်မူလျက် ရှိပါသည်မ ဟုတ် လောဟု အမိန့် တော်အကြောင်း ကို မေးလျှောက်ကြ၏။ ရှင် ဘုရင်ကလည်း၊ မ ပြောင်းလဲ တတ်သော မေဒိ ၊ ပေရသိ ဓမ္မသတ် အတိုင်း မှန် ပေသည်ဟု မိန့် တော်မူ၏။
13 Iar ei au răspuns și au zis înaintea împăratului: Acel Daniel, [care] este dintre copiii captivității lui Iuda, nu te ia în considerare, împărate, nici hotărârea pe care ai semnat-o, ci își face cererea de trei ori pe zi.
၁၃မှူးမတ်အရာရှိတို့ကလည်း၊ အရှင် မင်းကြီး၊ ယုဒ ပြည်က သိမ်းယူ ခဲ့ သော ယုဒလူမျိုးဒံယေလ သည် အာဏာတော်ကို ပမာဏ မ ပြု၊ တံဆိပ် ခတ်တော်မူသော အမိန့် တော်ကို ဆန့်ကျင်လျက်၊ တနေ့ သုံး ကြိမ် တိုင်အောင်ဆုတောင်း ၍ နေပါသည်ဟု လျှောက်ထား ကြ၏။
14 Atunci împăratul, când a auzit [aceste] cuvinte, a fost foarte nemulțumit de el însuși și [și]-a îndreptat inima spre Daniel pentru a-l elibera; și a ostenit până la apusul soarelui să îl elibereze.
၁၄ထိုစကား ကို ကြား လျှင် ၊ ရှင် ဘုရင်သည် အလွန် နောင်တ ရ၍ ဒံယေလ ကို လွှတ် ခြင်းငှါ စိတ် အားကြီးသဖြင့်၊ လွှတ် ရသောအခွင့်ကို နေ ဝင် သည်တိုင်အောင် ကြိုးစား ၍ ရှာတော်မူ၏။
15 Atunci acești oameni s-au adunat la împărat și au spus împăratului: Să știi, împărate, că legea mezilor și perșilor [este]: Că nicio hotărâre sau edict pe care împăratul îl întemeiază nu poate fi schimbat.
၁၅တဖန်မှူးမတ်အရာရှိတို့သည် အထံ တော်သို့ စည်းဝေး ၍ ၊ အရှင် မင်းကြီး၊ တခါထုတ် ပြီးသော အမိန့် တော်မ ပျက် နိုင်ရာဟု မေဒိ ၊ ပေရသိ ဓမ္မသတ် ၌ ပါကြောင်းကို သတိ ထားတော်မူပါဟု လျှောက် ကြပြန် လျှင်၊
16 Atunci împăratul a poruncit și l-au adus pe Daniel și [l-]au aruncat în groapa leilor. Împăratul a vorbit și i-a spus lui Daniel: Dumnezeul tău pe care îl servești continuu, el te va elibera.
၁၆တဖန် ရှင် ဘုရင်မိန့် တော်မူသည်အတိုင်း၊ ဒံယေလ ကို ခေါ် ၍ ခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြ၏။ ရှင် ဘုရင်ကလည်း၊ သင် မ ပြတ်ကိုးကွယ် သော ဘုရား သခင် သည် သင့် ကိုကယ်လွှတ် ပါစေဟု ဒံယေလ ကို မိန့် တော်မူ၏။
17 Și o piatră a fost adusă și așezată pe gura gropii; și împăratul a sigilat-o cu propriul sigiliu și cu sigiliul domnilor lui; ca hotărârea, referitoare la Daniel, să nu fie schimbată.
၁၇ကျောက် ပြားကိုလည်း ယူ ခဲ့၍ တွင်း ဝ ကို ပိတ် ပြီးလျှင်၊ ဒံယေလ အမှု၌ စီရင်ချက်ကို မ တိုး မလျော့စေခြင်းငှါ၊ ရှင် ဘုရင်တံဆိပ် နှင့် မှူးမတ် တို့တံဆိပ် ကို ခတ်တော်မူ၏။
18 Atunci împăratul s-a întors la palatul său și a petrecut noaptea postind, nici nu au fost aduse instrumente de muzică înaintea lui și somnul i-a fugit.
၁၈ထိုနောက် ၊ ရှင် ဘုရင်သည် နန်းတော် သို့ ပြန် ၍ တညဉ့်လုံး စား တော်မခေါ်၊ အငြိမ့် တန်ဆာကို အထံ တော် သို့ မ သွင်း စေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
19 Atunci împăratul s-a sculat dimineața foarte devreme și a mers în grabă la groapa leilor.
၁၉နံနက် စောစောထ ၍ ခြင်္သေ့ တွင်း သို့ အလျင်အမြန် သွား တော်မူ၏။
20 Și când s-a apropiat de groapă, a strigat la Daniel cu voce plângătoare [și] împăratul a vorbit și i-a spus lui Daniel: Daniele, servitor al Dumnezeului cel viu, a fost Dumnezeul tău, pe care îl servești continuu, în stare să te scape de lei?
၂၀ရောက်လျှင်၊ ငိုကြွေး သော အသံ နှင့် ဒံယေလ ကို ခေါ်၍၊ အသက် ရှင်တော်မူသောဘုရား သခင်၏ ကျွန် ဒံယေလ ၊ သင် မ ပြတ် ကိုးကွယ် သော ဘုရား သခင်သည် သင့် ကို ခြင်္သေ့ ဘေးမှ ကယ်လွှတ် နိုင် သလောဟုမေး တော်မူ၏။
21 Atunci Daniel a spus împăratului: Împărate, să trăiești veșnic.
၂၁ဒံယေလ က၊ အရှင် မင်းကြီး၊ အသက် တော် အစဉ် အမြဲရှင်ပါစေ။
22 Dumnezeul meu a trimis pe îngerul său și a închis gurile leilor ca să nu mă vatăme, întrucât s-a găsit nevinovăție în mine înaintea lui; și de asemenea înaintea ta, împărate, nu am făcut vătămare.
၂၂အကျွန်ုပ် ၏ ဘုရား သခင်သည် ကောင်းကင် တမန်ကို စေလွှတ် ၍ ခြင်္သေ့ နှုတ် ကို ပိတ် ထားတော်မူသဖြင့်၊ အကျွန်ုပ် သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်း မူကား၊ ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ် သည် အပြစ် ကင်းပါ၏။ ကိုယ်တော် မြတ်ကိုလည်း အလျှင်း မပြစ်မှားပါဟု ပြန် လျှောက်လေ၏။
23 Atunci împăratul s-a bucurat peste măsură pentru el și le-a poruncit să îl scoată pe Daniel din groapă. Astfel Daniel a fost scos din groapă și niciun fel de vătămare nu s-a găsit asupra lui, deoarece el a crezut în Dumnezeul său.
၂၃ထိုအခါ ရှင် ဘုရင်သည် အလွန် ဝမ်းမြောက် ၍ ၊ ဒံယေလ ကို တွင်း ထဲက ထုတ် ယူစေဟု အမိန့် တော်ရှိသည် အတိုင်း ဒံယေလ ကို တွင်း ထဲက ထုတ် ယူ၍ ၊ ဘုရား သခင်ကို ယုံကြည် သောကြောင့် သူ ၌ ထိခိုက် သောအနာတခုမျှ မ ရှိ ။
24 Și împăratul a poruncit și au adus pe acei oameni care l-au acuzat pe Daniel și [i-]au aruncat în groapa leilor, pe ei, pe copiii lor și pe soțiile lor; și leii i-au apucat și le-au frânt toate oasele în bucăți înainte ca ei să ajungă la fundul gropii.
၂၄ထိုနောက်၊ ဒံယေလ ၌ အပြစ်တင် သော သူတို့ ကို ရှင် ဘုရင်၏ အမိန့်တော်နှင့် ခေါ် ၍၊ သား မယား နှင့်တကွခြင်္သေ့ တွင်း ထဲသို့ ချ ပစ်ကြလျှင်၊ မြေ သို့ မ ရောက် မှီ ခြင်္သေ့ တို့သည် နိုင်၍သူ တို့ အရိုး ရှိသမျှ တို့ကို ချိုးဖဲ့ ကြ၏။
25 Atunci împăratul Darius a scris tuturor popoarelor, națiunilor și limbilor care locuiesc pe tot pământul: Pacea să vă fie înmulțită.
၂၅ထိုအခါ မြေကြီး တပြင်လုံး တွင် အရပ်ရပ်တို့၌ နေ ၍၊ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင် တို့၌ ငြိမ်ဝပ် ချမ်းသာခြင်းများပြား စေသော။
26 Eu dau o hotărâre: Ca în fiecare domnie a împărăției mele oamenii să tremure și să se teamă înaintea Dumnezeului lui Daniel; căci el [este] Dumnezeul cel viu și neclintit pentru totdeauna și împărăția sa nu va fi distrusă și domnia lui [va fi] până la sfârșit.
၂၆ငါအစိုးရသောတနိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ ၏ ဘုရား သခင်ကို ကြောက်ရွံ ရိုသေကြကုန်ဟု ငါအမိန့် တော်ရှိ၏။ အကြောင်း မူကား၊ ထို ဘုရား သခင်သည် အသက် ရှင်တော်မူသောဘုရား၊ နိစ္စ ထာဝရတည် တော်မူသောဘုရားဖြစ်တော်မူ၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်။ အာဏာစက် တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
27 El eliberează și salvează și lucrează semne și minuni în cer și pe pământ, el care a eliberat pe Daniel din puterea leilor.
၂၇မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
28 Și acest Daniel a prosperat sub domnia lui Darius și sub domnia lui Cirus persanul.
၂၈ထိုသို့ဒံယေလ သည်ဒါရိ မင်းကြီးလက်ထက်၌ ၎င်း ၊ ပေရသိ အမျိုးကုရု မင်းကြီးလက်ထက်၌ ၎င်း ကောင်းစား လျက်နေ၏။

< Daniel 6 >