< Faptele 9 >
1 Dar Saul, suflând amenințări și măcel împotriva discipolilor Domnului, s-a dus la marele preot,
၁ရှောလု သည်ကား၊ သခင်ဘုရား ၏ တပည့် တော်တို့တစ်ဘက်၌ ခြိမ်းချောက် ၍၊ အသေ သတ်ခြင်းငှာ ပြင်းစွာအသက်ရှူ သဖြင့်၊
2 Și a dorit scrisori de la el pentru Damasc pentru sinagogi, astfel încât dacă va găsi pe unii ai acestei căi, fiind deopotrivă bărbați sau femei, să îi aducă legați la Ierusalim.
၂ထိုဘာသာဝင်သော ယောက်ျား မိန်းမ တို့ကို တွေ့ လျှင်၊ ချည်နှောင် ၍ ယေရုရှလင် မြို့သို့ ပို့ဆောင် ရမည်အကြောင်း၊ ဒမာသက် မြို့၌ ရှိသော တရားစရပ်မှူး တို့ထံသို့ မှာစာ ကိုပေးပါဟု ယဇ်ပုရောဟိတ် မင်းထံ၌ဝင် ၍ တောင်း ပြီးမှ၊
3 Și pe când călătorea el a ajuns aproape de Damasc; și dintr-odată a strălucit în jurul lui o lumină din cer,
၃သွား ၍ ဒမာသက် မြို့အနီး သို့ရောက် သောအခါ၊ ကောင်းကင် ထဲက အလင်း သည် သူ့ ပတ်လည်၍ ရုတ်ခနဲ ထွန်းတောက် လေ၏။
4 Și a căzut la pământ și a auzit o voce, spunându-i: Saule, Saule, de ce mă persecuți?
၄ရှောလုသည် မြေ ပေါ်မှာ လဲ ၍ နေစဉ်၊ ရှောလု ၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ ကိုညှဉ်းဆဲ သနည်းဟု မိမိ အား ပြော သောစကား သံကို ကြား လျှင်၊
5 Iar el a spus: Cine ești tu, Doamne? Și Domnul a spus: Eu sunt Isus pe care tu îl persecuți; îți este greu să dai cu călcâiul în țepușe.
၅သခင် ၊ ကိုယ်တော်သည် အဘယ်သူ နည်းဟု မေးလျှောက် ၏။ သခင်ဘုရားကလည်း၊ ငါ ကား သင် ညှဉ်းဆဲ သော ယေရှု ဖြစ် သတည်း။
6 Și, tremurând și înmărmurit, a spus: Doamne, ce voiești să fac eu? Și Domnul i-a spus: Scoală-te și du-te în cetate și ți se va spune ce trebuie să faci.
၆သို့သော်လည်း ထ ၍ မြို့ သို့ ဝင် လော့။ သင် ပြု ရမည်အမှုကို ပြော လိမ့်မည်ဟုမိန့် တော်မူ၏။
7 Iar bărbații care călătoreau cu el stăteau în picioare fără cuvinte, auzind o voce, dar nevăzând pe nimeni.
၇ရှောလု နှင့်အတူသွား သောသူ တို့သည် အသံ ကိုကြား ရုံမျှသာရှိ၍၊ အဘယ်သူ ကိုမျှမမြင် ဘဲ မိန်းမော တွေဝေလျက်ရပ် နေကြ၏။
8 Iar Saul s-a ridicat de la pământ; și deși ochii îi erau deschiși, nu vedea pe nimeni; iar ei l-au condus de mână și l-au dus în Damasc.
၈ရှောလု သည်လည်းမြေ မှ ထ ၍ မျက်စိ ကိုဖွင့် သော်လည်းအဘယ်သူ ကိုမျှမမြင် နိုင်သည်ဖြစ်၍၊ သူ ၏လက်ကို ဆွဲလျက် ဒမာသက် မြို့သို့ ပို့ဆောင် ကြ၏။
9 Și trei zile a fost fără vedere și nici nu a mâncat, nici nu a băut.
၉သုံး ရက် ပတ်လုံးမျက်စိမ မြင် ၊ မ စား မ သောက် ဘဲနေ လေ၏။
10 Și era un anume discipol la Damasc, numit Anania; și Domnul i-a spus într-o viziune: Anania. Iar el a spus: Iată-mă, Doamne.
၁၀ထိုအခါ အာနနိ အမည် ရှိသော တပည့် တော်တစ်ယောက်သည် ဒမာသက် မြို့၌ ရှိ ၏။ ထိုသူ ကို သခင် ဘုရားသည် ဗျာဒိတ် တော်အားဖြင့် ၊ အာနနိ ဟူ၍ခေါ် တော်မူလျှင်၊ အာနနိက၊ သခင် ဘုရား အကျွန်ုပ် ရှိ ပါသည်ဟုလျှောက် ၏။
11 Și Domnul i-a spus: Scoală-te și du-te în strada care se cheamă Dreaptă și întreabă în casa lui Iuda de numitul Saul din Tars; căci iată, se roagă,
၁၁သခင် ဘုရားကလည်း ၊ သင်သည်ထ ၍ လမ်း ဖြောင့် အမည် ရှိသော လမ်း သို့ သွား လော့။ ရှောလု အမည် ရှိသောတာရှု မြို့သားကို ယုဒ ၏ အိမ် ၌ ရှာဖွေ လော့။ အကြောင်းမူကား ၊ ထိုသူသည် ဆုတောင်း လျက်နေ၏။
12 Și a văzut într-o viziune un bărbat numit Anania intrând și punând o mână peste el, ca să-și primească vederea.
၁၂မိမိမျက်စိကို မြင်ပြန်စေခြင်းငှာအာနနိ အမည် ရှိ သော သူ သည် ဝင် ၍ ၊ မိမိ အပေါ်၌ လက် တင် သည်ကို ဗျာဒိတ် တော်အားဖြင့် မြင် လေပြီ ဟုမိန့်တော်မူ၏။
13 Atunci Anania a răspuns: Doamne, am auzit de la mulți despre acest bărbat, câte rele a făcut sfinților tăi la Ierusalim;
၁၃အာနနိ ကလည်း ၊ သခင် ဘုရား၊ ထို သူ သည် ယေရုရှလင် မြို့၌ ကိုယ်တော် ၏ သန့်ရှင်း သူ တို့ကို အဘယ်မျှလောက် ပင် ညှဉ်းဆဲ သည်ကို လူများ ပြော၍ အကျွန်ုပ်ကြား ရပါပြီ။
14 Și aici are autoritate de la preoții de seamă să-i lege pe toți care cheamă numele tău.
၁၄ဤအရပ် ၌လည်းကိုယ်တော် ကို ပဌနာ ပြုသော သူ ရှိသမျှ တို့ကို ချည်နှောင် ရမည်အခွင့် ကို ယဇ်ပုရောဟိတ် အကြီးတို့ထံ၌ ရ ပါသည်ဟု ပြန်လျှောက် ၏။
15 Dar Domnul i-a spus: Du-te; fiindcă el este un vas ales pentru mine, să poarte numele meu înaintea neamurilor și a împăraților și a fiilor lui Israel.
၁၅သခင် ဘုရားကလည်း ၊ ထို သူကားတစ်ပါး အမျိုးသားတို့နှင့် ရှင်ဘုရင် တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသား တို့ရှိရာ သို့၎င်း၊ ငါ ၏နာမ ကို ပို့ဆောင် စေခြင်းငှာငါ ရွေးကောက် သော တန်ဆာ ဖြစ် ၏။
16 Fiindcă eu îi voi arăta ce lucruri mari trebuie să sufere pentru numele meu.
၁၆အကြောင်းမူကား ၊ ထိုသူ သည်ငါ ၏နာမ ကြောင့် အဘယ်မျှလောက် ပင် ဆင်းရဲ ခံရမည်ကို ငါ သည် သူ့ အားပြ မည်။ ထိုကြောင့်သင်သွား လော့ဟု အာနနိ အား မိန့် တော်မူ၏။
17 Și Anania a plecat și a intrat în casă; și, punând mâinile peste el, a spus: Frate Saul, Domnul m-a trimis, Isus, care ți-a apărut pe calea pe care veneai, ca să primești vedere și să fii umplut cu Duhul Sfânt.
၁၇အာနနိ သည်လည်း သွား ၍ အိမ် သို့ ရောက် လျှင်၊ ရှောလု အပေါ် ၌မိမိလက် ကိုတင် ၍၊ ညီ ရှောလု ၊ သင်လာ သောလမ်း ၌ သင့် အား ထင်ရှား တော်မူသော သခင်ယေရှု သည် သင်၏မျက်စိမြင် ပြန်စေခြင်းငှာ ၎င်း ၊ သင့်ကိုသန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် စေခြင်းငှာ၎င်း ငါ ကို စေခန့် တော်မူသည်ဟုပြောဆို ၏။
18 Și îndată, de pe ochii lui au căzut ca niște solzi; și a primit îndată vedere și s-a sculat și a fost botezat.
၁၈ထိုခဏ ၌ ရှောလု ၏ မျက်စိ မှ ငါး ကြေးကွာ ကျ သကဲ့သို့ ဖြစ်၍ ၊ မျက်စိမြင် ပြန်သဖြင့်ထ ၍ ဗတ္တိဇံ ကိုခံပြီးလျှင် ၊ အစာ အာဟာရကို သုံးဆောင် ၍ အားဖြည့် လေ၏။
19 Și după ce a primit mâncare, s-a întărit. Atunci Saul a fost câteva zile cu discipolii care erau în Damasc.
၁၉ထိုနောက်ရှောလုသည် ဒမာသက် မြို့၌ရှိသော တပည့် တော်တို့ နှင့်အတူ ကာလ အတန် အရာနေ ၍၊
20 Și îndată a predicat în sinagogi pe Cristos, că el este Fiul lui Dumnezeu.
၂၀ယေရှု သည် ဘုရားသခင် ၏ သား တော်ဖြစ် ကြောင်း ကို တရားစရပ် တို့၌ မဆိုင်းမလင့် ဟော လေ၏။
21 Și toți care auzeau erau uimiți și spuneau: Nu este acesta cel care făcea ravagii printre cei care chemau în Ierusalim acest nume; și a venit aici cu acel scop, ca să îi aducă legați la preoții de seamă?
၂၁ကြား သောသူအပေါင်း တို့သည် အံ့ဩ ၍ ၊ သူ ကား၊ ထို သခင် ကို ပဌနာ ပြုသောသူ တို့ကို ယေရုရှလင် မြို့၌ ဖျက်ဆီး သည် သာမက၊ ထိုသူ များကိုချည်နှောင် ၍ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ ပို့ဆောင် ခြင်းငှာ ဤအရပ် သို့ လာ သောသူဖြစ်သည် မ ဟုတ် လောဟု ဆို ကြ၏။
22 Dar Saul se întărea tot mai mult în putere și punea în încurcătură pe iudeii care locuiau în Damasc, dovedind că acesta este Cristosul.
၂၂ရှောလု သည်လည်း အားတိုးပွား သဖြင့် ဒမာသက် မြို့၌ နေ သော ယုဒ လူတို့သည် ပြောသမျှသော စကားကိုချေ၍၊ ယေရှု သည် ခရစ်တော် ဖြစ် ကြောင်း ကို ထင်ရှား စွာပြ၏။
23 Și după ce s-au împlinit multe zile, iudeii s-au sfătuit să îl ucidă.
၂၃ကာလ ကြာမြင့် ပြီးမှ၊ ရှောလု ကိုသတ် အံ့သောငှာ၊ ယုဒ လူတို့ သည်အချင်းချင်းတိုင်ပင် ကြ၏။
24 Dar complotul lor a fost cunoscut de Saul. Și pândeau la porți zi și noapte să îl ucidă.
၂၄ထို အကြံအစည်ကို ရှောလု သည်သိ ၏။ သူ့ ကို သတ် အံ့သောငှာ မြို့တံခါး တို့ကို နေ့ ညဉ့် မပြတ်စောင့် ကြ သောကြောင့်၊
25 Atunci discipolii l-au luat noaptea și l-au coborât pe lângă zid, într-un coș.
၂၅တပည့် တော်တို့သည် ညဉ့် အခါသူ့ ကိုယူ၍ တောင်း ၌ ထည့်ပြီးလျှင်မြို့ရိုး ပေါ်က လျှောချ ကြ၏။
26 Și Saul, ajungând la Ierusalim, a încercat să se alăture discipolilor; dar tuturor le era teamă de el și nu credeau că era discipol.
၂၆ယေရုရှလင် မြို့သို့ ရောက် သောအခါ ၊ တပည့် တော်တို့နှင့် ပေါင်းဘော် မည်ပြု သော်၊ သူ သည် တပည့် တော်ဖြစ် ကြောင်းကိုတပည့်တော် အပေါင်းတို့ သည် မ ယုံ သဖြင့် သူ့ ကိုကြောက်ရွံ့ ကြ၏။
27 Dar Barnaba l-a luat și l-a adus la apostoli și le-a povestit cum văzuse pe Domnul pe cale și că îi vorbise, și cum la Damasc predicase cutezător în numele lui Isus.
၂၇ထိုအခါ ဗာနဗ သည် သူ့ ကိုခေါ် ၍ တမန်တော် များထံသို့ ပို့ဆောင် ပြီးလျှင်၊ အထက်ကရှောလုသည် လမ်း ခရီး၌ သခင် ဘုရားကို မြင် သည်ဟူ၍၎င်း၊ သူ့ အားမိန့် တော်မူသည်ဟူ၍၎င်း၊ ဒမာသက် မြို့၌ ယေရှု ၏နာမ တော်ကိုအမှီပြု လျက်၊ ရဲရင့် စွာဟောသည်ဟူ၍၎င်းပြော လေ၏။
28 Și a fost cu ei în Ierusalim, venind și plecând din el.
၂၈ထိုနောက်မှ ရှောလုသည် ယေရုရှလင် မြို့၌ တမန်တော် တို့နှင့် ပေါင်းဖော်၍၊ သခင် ယေရှု၏ နာမ တော်ကိုအမှီပြု ၍ရဲရင့် စွာ ဟောလျက် နေ၏။
29 Și vorbea cutezător în numele Domnului Isus și deopotrivă vorbea și se contrazicea cu grecii; dar ei încercau să îl ucidă.
၂၉ဟေလေနစ် လူတို့နှင့် နှီးနှော ပြောဆို သဖြင့်၊ ထိုသူတို့သည် ရှောလု ကိုသတ် မည်ဟု အားထုတ် ကြ၏။
30 Când au aflat frații, l-au coborât la Cezareea și l-au trimis mai departe la Tars.
၃၀ထိုအကြောင်းကို ညီအစ်ကို တို့သည် ကြားသိ လျှင် ၊ ရှောလု ကို ကဲသရိ မြို့သို့ ပို့ ၍ တာရှု မြို့တိုင်အောင် စေလွှတ် ကြ၏။
31 Atunci au avut pace bisericile din toată Iudeea și Galileea și Samaria și au fost edificate; și, umblând în teama de Domnul și în mângâierea Duhului Sfânt, s-au înmulțit.
၃၁ထိုအခါ ယုဒ ပြည်၊ ဂါလိလဲ ပြည်၊ ရှမာရိ ပြည် အရပ်ရပ် တို့တွင် အသင်းတော် တို့သည် ငြိမ်သက် ၍ တည်ဆောက် ခြင်းရှိကြ၏။ သခင် ဘုရားကို ကြောက်ရွံ့ ခြင်း၌၎င်း ၊ သန့်ရှင်း သောဝိညာဉ် တော်၏ အဆုံးအမ ၌ ၎င်း၊ မွေ့လျော် သောအားဖြင့်ပွားများ ကြ၏။
32 Și s-a întâmplat că, trecând Petru prin toate ținuturile, a coborât și la sfinții care locuiau în Lida.
၃၂ပေတရု သည် အရပ်ရပ် တို့ကို လှည့်လည် သည် တွင် သန့်ရှင်း သူ တို့ရှိ ရာလုဒ္ဒ မြို့သို့ ရောက် လေ၏။
33 Și acolo a găsit un anumit om chemat Enea, care zăcea la pat de opt ani și care era paralizat.
၃၃ထို အရပ်၌ အဲနေ အမည် ရှိသောတုံးလုံး နေ သော သူ တစ် ယောက်ကိုတွေ့ လျှင် ၊ အဲနေ ၊ ယေရှု ခရစ် သည် သင့် အားချမ်းသာ ပေးတော်မူ၏။
34 Și Petru i-a spus: Enea, Isus Cristos te vindecă; scoală-te și fă-ți patul. Iar el s-a sculat îndată.
၃၄ထ ၍ အိပ်ရာကိုပြင် လော့ဟု ပေတရု ဆို သော်၊ ထိုသူသည် ချက်ခြင်း ထ ၏။
35 Și toți cei ce locuiau în Lida și Saron l-au văzut și s-au întors la Domnul.
၃၅လုဒ္ဒ မြို့နှင့် ရှာရုန် မြို့၌ နေ သောသူ အပေါင်း တို့သည် ထိုသူ ကို မြင် ၍ သခင် ဘုရားထံတော်သို့ ပြောင်းလဲ ကြ၏။
36 Și în Iafo era o anume discipolă numită Tabita, care tradus se spune Dorca; femeia aceasta era plină de fapte bune și de milosteniile pe care ea le făcea.
၃၆ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊
37 Și s-a întâmplat în acele zile că era bolnavă și a murit, și după ce au scăldat-o, au pus-o într-o cameră de sus.
၃၇ထို အခါ ၌ နာ ၍သေ လေ၏။ အလောင်းကို ရေချိုးပြီးလျှင်အထက် ခန်း၌ တင် ထားကြ၏။
38 Și fiindcă Lida era aproape de Iafo și discipolii auziseră că Petru era acolo, au trimis la el doi bărbați, dorind să nu întârzie să vină la ei.
၃၈လုဒ္ဒ မြို့သည် ယုပွေ မြို့နှင့် နီး သည်ဖြစ် ၍ ထိုမြို့ ၌ ပေတရု ရှိ ကြောင်း ကို တပည့် တော်တို့သည်ကြား လျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာ ပါမည် အကြောင်း လူ နှစ် ယောက်ကို စေလွှတ် ၍ တောင်းပန် ကြ၏။
39 Atunci Petru s-a sculat și a mers cu ei. Când a ajuns, l-au dus în camera de sus; și toate văduvele stăteau în picioare lângă el, plângând și arătând cămășile și hainele pe care Dorca le-a făcut când era cu ele.
၃၉ပေတရု သည် ထ ၍ ထိုသူ တို့နှင့်အတူလိုက် လေ ၏။ ရောက် လျှင် အထက် ခန်းသို့ ခေါ်ပင့် ၍ မုတ်ဆိုးမ များ တို့သည် ငိုကြွေး လျက် ၊ သူ တို့နှင့်အတူ ဒေါ်ကာ ရှိ စဉ်အခါလုပ် ခဲ့သော အင်္ကျီ နှင့် အဝတ် များကို ပြ လျက် ရှိကြ၏။
40 Dar Petru i-a scos afară pe toți și s-a pus pe genunchi și s-a rugat; și, întorcându-se spre trup, a spus: Tabita, scoală-te. Iar ea și-a deschis ochii; și când l-a văzut pe Petru, s-a ridicat în șezut.
၄၀ပေတရု သည် ထိုသူအပေါင်း တို့ကို ပြင် သို့ထွက် စေသည်နောက် ၊ ကိုယ်တိုင်ဒူး ထောက် ၍ ဆုတောင်း ပဌနာပြုပြီးလျှင် ၊ ထိုအလောင်း သို့ မျက်နှာလှည့် ၍၊ တဗိသ ၊ ထ လော့ဟုဆို လေ၏။ ထိုမိန်းမ သည် မျက်စိ ကိုဖွင့် ၍ ပေတရု ကိုမြင် လျှင် ထ၍ထိုင် ၏။
41 Iar el i-a dat mâna și a sculat-o; și după ce a chemat sfinții și văduvele, le-a înfățișat-o în viață.
၄၁ပေတရုသည် မိမိလက် ကို သူ့ အားပေး ၍ ချီကြွ ပြီးမှ ၊ သန့်ရှင်း သူ တို့နှင့် မုတ်ဆိုးမ တို့ကိုခေါ် ၍ အသက် ရှင်လျက်ရှိသော ထိုမိန်းမ ကိုပြ လေ၏။
42 Și aceasta a fost cunoscută prin întreaga Iafo; și mulți au crezut în Domnul.
၄၂ထိုအကြောင်းကို ယုပွေ မြို့၌ အနှံ့အပြားသိ ကြ ၍၊ လူများ တို့သည် သခင် ဘုရားကိုယုံကြည် ခြင်းသို့ ရောက်ကြ၏။
43 Și s-a întâmplat că a rămas multe zile la Iafo cu un anume Simon, un tăbăcar.
၄၃ပေတရုသည် ယုပွေ မြို့၌ ရှိမုန် အမည်ရှိသော သားရေ လုပ်သမားနှင့်အတူ ကြာမြင့် စွာနေ ၏။