< 2 Samuel 7 >
1 Și s-a întâmplat, când împăratul a șezut în casa lui și DOMNUL i-a dat odihnă de toți dușmanii lui de jur împrejur,
၁ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
2 Că împăratul a spus profetului Natan: Vezi acum, eu locuiesc într-o casă de cedru, dar chivotul lui Dumnezeu locuiește înăuntrul covoarelor.
၂ပရောဖက်နာသန်အား`ကြည့်လော့။ ငါသည် သစ်ကတိုးသားနန်းတော်နှင့်နေထိုင်ရသော် လည်း ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်မူကားတဲတော်၌သာကျိန်းဝပ်တော် မူရပါသည်တကား'' ဟုဆို၏။
3 Și Natan a spus împăratului: Du-te, fă tot ce este în inima ta, fiindcă DOMNUL este cu tine.
၃နာသန်က`ဘုရားသခင်သည်အရှင်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ အရှင်အလိုရှိသည့် အတိုင်းပြုတော်မူပါ'' ဟုလျှောက်၏။-
4 Și s-a întâmplat că, în acea noapte cuvântul DOMNULUI a venit la Natan, spunând:
၄သို့ရာတွင်ထိုညဥ့်၌ထာဝရဘုရားသည် နာသန်အား၊-
5 Du-te și spune servitorului meu David: Astfel spune DOMNUL: Îmi vei zidi tu o casă ca să locuiesc în ea?
၅``ငါ၏အစေခံဒါဝိဒ်ထံသို့သွား၍သူ့ အား`သင်သည်ငါကျိန်းဝပ်ရန်ဗိမာန်တော်ကို တည်ဆောက်ရမည်မဟုတ်။-
6 Pentru că eu nu am locuit în vreo casă de când am scos pe copiii lui Israel din Egipt, chiar până în această zi, ci am umblat într-un cort și într-un tabernacol.
၆ဣသရေလအမျိုးသားတို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်လာချိန်မှ ယနေ့တိုင်အောင်ငါသည် ဗိမာန်တော်တွင်ကျိန်းဝပ်တော်မမူခဲ့။ တဲတော် ၌သာကျိန်းဝပ်လျက်ဒေသစာရီလှည့်လည် တော်မူခဲ့၏။-
7 În toate locurile în care am umblat cu toți copiii lui Israel, am vorbit eu un cuvânt vreunuia din triburile lui Israel, căruia i-am poruncit să pască pe poporul meu Israel, spunând: De ce nu îmi zidiți o casă de cedru?
၇ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
8 De aceea acum, astfel să îi spui servitorului meu David: Astfel spune DOMNUL oștirilor: Te-am luat de la staulul oilor, de la a urma oile, pentru a fi conducător peste poporul meu, peste Israel;
၈သို့ဖြစ်၍အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်မိမိ၏အစေခံဒါဝိဒ်အား`ငါသည်သင့် ကိုငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့၏ဘုရင်ဖြစ်စိမ့်သောငှာသိုးကျောင်းရာ ကွင်းထဲမှခေါ်ယူခဲ့၏။-
9 Și am fost cu tine oriunde ai mers și am stârpit pe toți dușmanii tăi dinaintea ochilor tăi și ți-am făcut un nume mare, ca numele oamenilor mari care sunt pe pământ.
၉သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
10 Mai mult, voi rândui un loc pentru poporul meu Israel și îl voi sădi, ca ei să locuiască într-un loc al lor și să nu se mai mute; iar copiii stricăciunii nu îl vor mai chinui ca înainte,
၁၀ငါ၏လူမျိုးတော်ဣသရေလအမျိုးသား တို့အတွက်နေရာအရပ်ကိုရွေးချယ်၍ နောက် တစ်ဖန်ညှင်းဆဲခြင်းကိုမခံရတော့ဘဲ အတည်တကျနေထိုင်စေပြီ။ ဤပြည် သို့ဝင်ရောက်လာချိန်မှအစပြု၍ သူတို့ သည်အကြမ်းဖက်သူလူစုတို့၏တိုက်ခိုက် မှုကိုခံခဲ့ရကြသော်လည်းနောက်တစ်ဖန် ခံရကြတော့မည်မဟုတ်။ သင့်အားရန်သူ အပေါင်းတို့၏ဘေးမှလုံခြုံစေ၍ သား မြေးများဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ငါထာဝရဘုရားမြွက်ဆို၏။-
11 Ca atunci când am poruncit judecătorilor să fie peste poporul meu Israel și te-am făcut să te odihnești de toți dușmanii tăi. De asemenea DOMNUL îți spune că îți va face o casă.
၁၁
12 Și când zilele tale se vor fi împlinit și vei adormi cu părinții tăi, voi așeza sămânța ta după tine, care va ieși din adâncurile tale și îi voi întemeia împărăția.
၁၂သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
13 El va zidi o casă pentru numele meu și eu voi întări tronul împărăției lui pentru totdeauna.
၁၃သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
14 Eu îi voi fi tată și el îmi va fi fiu. Dacă va face nelegiuire, îl voi mustra cu nuiaua oamenilor și cu loviturile copiilor oamenilor;
၁၄ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
15 Dar mila mea nu se va depărta de la el, precum am luat-o de la Saul, pe care l-am îndepărtat dinaintea ta.
၁၅သင့်အားထီးနန်းအပ်နှင်းနိုင်ရန်ငါဖယ်ရှား လိုက်သည့်ရှောလု၏ထံမှ ငါ၏ထောက်ခံမှု ကိုရုပ်သိမ်းသကဲ့သို့သင်၏ထံမှရုပ်သိမ်း မည်မဟုတ်။-
16 Și casa ta și împărăția ta vor fi întemeiate pentru totdeauna înaintea ta; tronul tău va fi întemeiat pentru totdeauna.
၁၆သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
17 Conform tuturor acestor cuvinte și conform acestei întregi viziuni, astfel i-a vorbit Natan lui David.
၁၇နာသန်သည်မိမိအားဘုရားသခင်မိန့် ကြားတော်မူသမျှတို့ကို ဒါဝိဒ်အားဆင့် ဆိုလေ၏။
18 Atunci împăratul David a intrat și a șezut înaintea DOMNULUI și a spus: Cine sunt eu, Doamne DUMNEZEULE? Și ce este casa mea, că m-ai adus până aici?
၁၈ဒါဝိဒ်မင်းသည်တဲတော်သို့ဝင်ပြီးလျှင်ထိုင် ၍``အို အရှင်ထာဝရဘုရား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏မိသားစုသည်အကျွန်ုပ်အတွက် ကိုယ်တော်ရှင်ပြုတော်မူသောကျေးဇူး တော်နှင့်မထိုက်မတန်ပါ။-
19 Și acesta încă a fost un lucru mic înaintea ochilor tăi, DOAMNE DUMNEZEULE; dar tu ai vorbit de asemenea despre casa servitorului tău pentru mult timp înainte. Și este aceasta felul omului, Doamne DUMNEZEULE?
၁၉အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
20 Și ce poate David să îți mai spună? Pentru că tu DOAMNE DUMNEZEULE, cunoști pe servitorul tău.
၂၀အကျွန်ုပ်သည်အဘယ်သို့ကိုယ်တော်ရှင်အား ထပ်မံလျှောက်ထားနိုင်ပါမည်နည်း။ ကိုယ်တော် ရှင်၏အစေခံအကျွန်ုပ်အကြောင်းကိုကိုယ် တော်ရှင်သိတော်မူပါ၏။-
21 De dragul cuvântului tău și conform inimii tale, ai făcut toate aceste lucruri mărețe, pentru a le face cunoscute servitorului tău.
၂၁ကိုယ်တော်ရှင်သည်မိမိ၏အလိုတော်နှင့် အကြံအစည်တော်အရ ဤသို့ပြုတော်မူ ခြင်းဖြစ်ပါ၏။ အကျွန်ုပ်အားသွန်သင်စေရန် ဤကြီးမြတ်သည့်အမှုအရာများကိုပြု တော်မူပါပြီ။-
22 De aceea tu ești mare, DOAMNE Dumnezeule, pentru că nu este nimeni ca tine, nici nu este vreun Dumnezeu în afară de tine, conform cu toate câte am auzit cu urechile noastre.
၂၂အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အလွန်ကြီးမြတ်တော်မူပါသည်တကား။ အကျွန်ုပ်တို့ကြားသိသမျှအတိုင်းကိုယ် တော်ရှင်နှင့်တူသောဘုရား၊ ကိုယ်တော်ရှင် မှတစ်ပါးအခြားဘုရားမရှိပါ။-
23 Și ce națiune pe pământ este ca poporul tău, ca Israel, pe care Dumnezeu a mers să îl răscumpere ca popor pentru el însuși și să îi facă un nume și să facă pentru voi lucruri mari și înfricoșătoare, pentru țara ta, înaintea poporului tău, pe care ți l-ai răscumpărat din Egipt, de la națiuni și de la dumnezeii lor?
၂၃အဘယ်လူမျိုးမျှကိုယ်တော်ရှင်၏လူမျိုး တော်ဣသရေလလူမျိုးနှင့်နှိုင်းယှဉ်၍မရ ပါ။ ကိုယ်တော်ရှင်သည်မိမိ၏လူမျိုးတော် စစ်ချီလာချိန်၌အခြားလူမျိုးတို့နှင့် သူ တို့၏ဘုရားများအားနှင်ထုတ်တော်မူခဲ့ ပါ၏။ အီဂျစ်ပြည်တွင်ကျွန်ခံရာမှကယ် ဆယ်တော်မူခဲ့သောလူတို့ကိုမိမိ၏လူ မျိုးတော်ဖြစ်စေတော်မူပါ၏။-
24 Fiindcă ți-ai întărit pe poporul tău Israel să îți fie un popor pentru totdeauna; și tu, DOAMNE, ai devenit Dumnezeul lor.
၂၄ကိုယ်တော်ရှင်သည်ဣသရေလလူမျိုးအား မိမိထာဝစဉ်ပိုင်ရာလူမျိုးတော်ဖြစ်စေ တော်မူပြီ။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်လည်းသူတို့၏ဘုရားဖြစ်တော် မူပြီ။''
25 Și acum, DOAMNE Dumnezeule, cuvântul pe care l-ai spus referitor la servitorul tău și referitor la casa lui, întemeiază-l pentru totdeauna și fă precum ai spus.
၂၅``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။-
26 Și numele tău să fie mărit pentru totdeauna, spunând: DOMNUL oștirilor este Dumnezeu peste Israel; și să fie întemeiată, casa servitorului tău David înaintea ta.
၂၆ကိုယ်တော်ရှင်၏နာမတော်သည်အစဉ် အမြဲထင်ပေါ်ကျော်ကြားပါလိမ့်မည်။ လူ တို့က`အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူ၏' ဟုအစဉ်အမြဲပြောဆို ကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏အစေခံ ဒါဝိဒ်၏မင်းဆက်ကိုလည်းတည်မြဲစေ တော်မူပါ။-
27 Pentru că tu, DOAMNE al oștirilor, Dumnezeul lui Israel, i-ai revelat servitorului tău, spunând: Îți voi zidi o casă; de aceea a găsit servitorul tău în inima sa să se roage această rugăciune către tine.
၂၇ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
28 Și acum, Doamne DUMNEZEULE, tu ești acel Dumnezeu și cuvintele tale sunt adevărate și tu ai promis această bunătate servitorului tău;
၂၈``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဘုရားဖြစ်တော်မူပါ၏။ ကတိတော် တို့ကိုလည်းအစဉ်တည်မြဲစေတော်မူပါ၏။ ကိုယ်တော့်ကျွန်အားဤအံ့သြဖွယ်သော ကတိတော်ကိုပေးတော်မူပါပြီ။-
29 De aceea acum, să îți placă să binecuvântezi casa servitorului tău, ca să continue pentru totdeauna înaintea ta, pentru că tu, Doamne DUMNEZEULE, ai vorbit aceasta; și cu binecuvântarea ta să fie casa servitorului tău binecuvântată pentru totdeauna.
၂၉ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။