< 2 Regii 5 >

1 Și Naaman, căpetenia oștirii împăratului Siriei, era un om mare și demn de cinste înaintea stăpânului său, deoarece prin el DOMNUL dăduse eliberare Siriei; el era de asemenea un războinic viteaz, dar era lepros.
ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်းနေမန်သည် မိမိ သခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရ သောအခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။
2 Și sirienii ieșiseră în cete și aduseseră captivă o tinerică din țara lui Israel; și ea servea soției lui Naaman.
ရှုရိလူတို့သည် အလိုအလျောက်တပ်ဖွဲ့၍ ချီသွား စဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏မယားထံ၌ ကျွန်ခံရ၏။
3 Și ea a spus stăpânei sale: Dacă ar fi voit Dumnezeu ca domnul meu să fie cu profetul din Samaria! El l-ar vindeca de lepra sa.
ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရော ဖက်သည် သခင်၌ စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။
4 Și unul a intrat și a spus domnului său, zicând: Așa și așa a zis tânăra care este din țara lui Israel.
နေမန်သည် မိမိအရှင်ထံသို့ ဝင်၍ဣသရေလ အမျိုးမိန်းမငယ်စကားကို ပြန်လျှောက်၏။
5 Și împăratul Siriei a zis: Du-te, mergi, și eu voi trimite o scrisoare împăratului lui Israel. Și el a plecat și a luat cu el zece talanți de argint și șase mii de monede de aur și zece schimburi de haine.
ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့် တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
6 Și a adus scrisoarea împăratului lui Israel, spunând: Acum, când această scrisoare ajunge la tine, iată, am trimis pe servitorul meu Naaman la tine, ca să îl vindeci de lepra lui.
ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏စာကို သွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော် သည် ငါ့ကျွန်နေမန်၏နူနာကို ပျောက်စေခြင်းငှါ သူ့ကို ဤစာနှင့် အတူငါစေလွှတ်သည်ဟု ပါသတည်း။
7 Și s-a întâmplat, după ce împăratul lui Israel a citit scrisoarea, că și-a sfâșiat hainele și a spus: Sunt eu Dumnezeu, ca să omor sau să înviez, că acest om trimite la mine să vindec un om de lepra lui? De aceea luați aminte, vă rog, și vedeți cum caută ceartă împotriva mea.
ဣသရေလရှင်ဘုရင်သည် ထိုစာကိုကြည့်ပြီးမှ၊ မိမိအဝတ်ကို ဆုတ်၍၊ ငါသည်အသက်ပေးပိုင်၊ နှုတ်ပိုင် သော ဘုရားဖြစ်သောကြောင့်၊ ဤသူသည် လူနူကိုချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့စေလွှတ်သလော။ ကြည့်ကြလော။ ဤသူသည် ငါ့ကို အဘယ် မျှလောက်ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။
8 Și s-a întâmplat, când Elisei, omul lui Dumnezeu, a auzit că împăratul lui Israel și-a sfâșiat hainele, că a trimis la împărat, spunând: Pentru ce ți-ai sfâșiat hainele? Lasă-l să vină la mine și va cunoaște că este un profet în Israel.
ဣသရေလရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ် သည်ဟု ဘုရားသခင်၏ လူဧလိရှဲသည်ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ် သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလ ပြည်၌ ပရောဖက်ရှိသည်ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။
9 Astfel Naaman a venit cu caii săi și cu carul său și a stat în picioare la ușa casei lui Elisei.
ထိုကြောင့်၊ နေမန်သည် မြင်းရထားကို စီးသွား၍ ဧလိရှဲအိမ်ရှေ့ မှာ ရပ်နေ၏။
10 Și Elisei a trimis un mesager la el, spunând: Du-te și spală-te de șapte ori în Iordan, și carnea ta își va reveni și vei fi curat.
၁၀ဧလိရှဲက၊ သင်သည်သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင် အောင်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့်မည်ဟု လူကိုစေလွှတ် ၍ ပြောစေ၏။
11 Dar Naaman s-a înfuriat și a plecat și a zis: Iată, eu gândeam: El va ieși negreșit la mine și va sta în picioare și va chema numele DOMNULUI Dumnezeului său și își va legăna mâna asupra locului și va vindeca pe cel lepros.
၁၁နေမန်ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏နာမကို ခေါ်၍ မိမိလက်နှင့်သုံးသပ် သဖြင့် နူနာကို ပျောက်စေမည်ဟု ငါထင်၏။
12 Nu sunt Abana și Parpar, râurile Damascului, mai bune decât toate apele lui Israel? Nu aș putea să mă spăl în ele și să fiu curat? Astfel el s-a întors și a plecat în furie.
၁၂ဒမာသက်ပြည်၌အာဗနမြစ်၊ ဖာဖာမြစ်တို့သည် ဣသရေလမြစ်အလုံးစုံထက်သာ၍ ကောင်းသည် မဟုတ် လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်းရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။
13 Și servitorii lui s-au apropiat și i-au vorbit și au spus: Tatăl meu, dacă profetul ți-ar fi cerut să faci vreun lucru mare, nu l-ai fi făcut? Cu cât mai mult atunci, când îți spune: Spală-te și fii curat?
၁၃ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှု ကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည် မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက် လော့ဟု စီရင်လျှင် အဘယ်မျှလောက်သာ၍ ပြုတော်မူ သင့်ပါသည်တကားဟု လျှောက်ကြသော်၊
14 Atunci el a coborât și s-a scufundat de șapte ori în Iordan, conform spusei omului lui Dumnezeu; și carnea lui s-a făcut din nou precum este carnea unui copilaș, și el a fost curat.
၁၄နေမန်သည် သွား၍ ဘုရားသခင်၏ လူစီရင် သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ်နှစ် သဖြင့်၊ သူ၏အသားသည် သူငယ်၏အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။
15 Și s-a întors la omul lui Dumnezeu, el și toată ceata lui, și a venit și a stat în picioare înaintea lui și a zis: Iată acum cunosc că nu este Dumnezeu pe tot pământul, decât în Israel; și acum, te rog, primește un dar de la servitorul tău.
၁၅သို့ပြီးမှ လိုက်သော သူအပေါင်းတို့နှင့်တကွ ဘုရားသခင်၏ လူထံသို့ပြန်လာ၍ သူ့ရှေ့၌ရပ်လျက်၊ ဣသရေလပြည်မှတပါး အဘယ်ပြည်၌မျှ ဘုရားသခင် မရှိသည်ကို ယခုအကျွန်ုပ်သိပါ၏။ သို့ဖြစ်၍ ကိုယ်တော် ၏ကျွန်လှူသော အလှူလက်ဆောင်ကို ခံယူတော်မူပါဟု တောင်းလျှောက်လေ၏။
16 Dar el a spus: Precum DOMNUL trăiește înaintea căruia stau în picioare, nu voi primi. Iar el l-a constrâns să ia; dar Elisei a refuzat.
၁၆ဧလိရှဲကလည်း၊ ငါကိုးကွယ်သော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း မခံမယူရဟုဆိုလျှင်၊ ခံယူစေခြင်းငှါ တဖန် တိုက်တွန်းသော်လည်း ငြင်းပယ် လျက်နေ၏။
17 Și Naaman a spus: Să nu se dea atunci, te rog, servitorului tău din pământul acesta povara a doi catâri? Pentru că servitorul tău nu va mai oferi de acum înainte nici ofrandă arsă, nici sacrificiu altor dumnezei, ci DOMNULUI.
၁၇နေမန်ကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်ကျွန် သည် မြည်းနှစ်စီးနှင့် တင်၍မြေအနည်းငယ်ကို ယူပါရ စေ။ ကိုယ်တော်ကျွန်သည် မီးရှို့ရာ ယဇ်အစရှိသော အဘယ်ယဇ်ကိုမျှ ထာဝရဘုရားမှ တပါးအခြားသော ဘုရားအား နောက်တဖန် မပူဇော်ပါ။
18 În acest lucru DOMNUL să ierte pe servitorul tău: că atunci când stăpânul meu intră în casa lui Rimon să se închine acolo și se sprijină de mâna mea și eu mă prosternez în casa lui Rimon: când mă prosternez eu însumi în casa lui Rimon, DOMNUL să ierte pe servitorul tău în acest lucru.
၁၈သို့သော်လည်း အကျွန်ုပ်သခင်သည် ကိုးကွယ် အံ့ဟု ရိမ္မုန်ဘုရား၏ကျောင်းသို့သွား၍ အကျွန်ုပ်ကို မှီလျက်ရိမ္မုန်ကျောင်း၌ ကိုယ်ကို ညွှတ်သောအခါ၊ အကျွန်ုပ်ကိုယ်သည်လည်းညွတ်လျှင်၊ ထာဝရဘုရားသည် ကိုယ်တော်ကျွန်ကို အပြစ်လွှတ်တော်မူပါစေသောဟု ဆိုလျှင်၊
19 Iar el i-a spus: Du-te în pace. Astfel a plecat de la el o bucată de cale.
၁၉ဧလိရှဲက၊ ငြိမ်ဝပ်စွာသွားလော့ဟု ဆို၏။ နေမန် သည် သွား၍ အဝေးသို့မရောက်မှီ၊
20 Dar Ghehazi, servitorul lui Elisei, omul lui Dumnezeu, a spus: Iată, stăpânul meu a cruțat pe Naaman, acest sirian, neprimind din mâinile lui ceea ce a adus; precum DOMNUL trăiește, voi alerga după el și voi lua ceva de la el.
၂၀ဘုရားသခင်၏လူဧလိရှဲ၏ကျွန်ဂေဟာဇိက၊ ဤရှုရိလူနေမန်ဆောင်ခဲ့သော ဥစ္စာကို ငါ့သခင်သည် မခံမယူ။ သူ့ကို အလွန်သနားပြီ။ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း၊ သူ့နောက်သို့ ငါလိုက်၍ တစုံတခုကို ယူမည်ဟု အကြံရှိလျက်၊
21 Astfel Ghehazi l-a urmat pe Naaman. Și, când Naaman l-a văzut alergând după el, a coborât din car să îl întâlnească și a spus: Este totul bine?
၂၁နေမန်နောက်သို့ လိုက်လေ၏။ လိုက်ကြောင်း ကို နေမန်သည် မြင်လျှင်၊ ကြိုဆိုအံ့သောငှါ ရထားမှ ဆင်း၍၊ ရှိသမျှကောင်းသလောဟုမေးသော်၊
22 Iar el a zis: Totul este bine. Stăpânul meu m-a trimis, spunând: Iată, chiar acum au venit la mine din muntele Efraim, doi tineri dintre fiii profeților; dă-le, te rog, un talant de argint și două schimburi de haine.
၂၂ဂေဟာဇိကကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တဆယ်နှင့်အဝတ်နှစ်စုံကို သူတို့အဘို့ပေးပါလော့ဟု တောင်းစေခြင်းငှါ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊
23 Și Naaman a spus: Binevoiește și ia doi talanți. Și l-a constrâns și a legat doi talanți de argint în doi saci, cu două schimburi de haine și le-a pus pe doi dintre servitorii săi; și ei le-au purtat înaintea lui.
၂၃နေမန်က၊ အခွက်နှစ်ဆယ်ကို မငြင်းယူပါလော့ ဟု တိုက်တွန်းလျက်၊ ငွေအခွက်နှစ်ဆယ်ကို အိတ်နှစ်လုံး၌ အဝတ်နှစ်စုံနှင့်တကွ စည်း၍ မိမိကျွန်နှစ်ယောက်အပေါ် မှာ တင်သဖြင့်၊ သူတို့သည်ဂေဟာဇိရှေ့၌ ထမ်းသွားရ၏။
24 Și când a ajuns la turn, el le-a luat din mâna lor și le-a pus în casă; și a dat drumul oamenilor și ei au plecat.
၂၄မြို့ရိုးသို့ ရောက်သောအခါ၊ ထိုဥစ္စာကို ဂေဟာဇိ သည် ယူ၍ အိမ်၌သိုထားသဖြင့်၊ ထမ်းသောသူတို့ကို လွှတ်လိုက်ပြီးမှ၊
25 Dar el a intrat și a stat în picioare înaintea stăpânului său. Și Elisei i-a spus: De unde vii tu, Ghehazi? Iar el a zis: Servitorul tău nu a mers nicăieri.
၂၅ကိုယ်တိုင်ဝင်၍ မိမိသခင့်ရှေ့၌ ရပ်နေ၏။ဧလိရှဲကလည်း၊ ဂေဟာဇိ၊ အဘယ်အရပ်သို့ သွားဘိ သနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်သည် အဘယ်အရပ် ကိုမျှ မသွားပါဟုပြန်ပြောသော်၊
26 Iar el i-a spus: Nu a mers inima mea cu tine, când omul s-a întors din carul său să te întâlnească? Este un timp de primit argint și de primit haine, și măslini și vii, și oi și boi, și robi și roabe?
၂၆ဧလိရှဲက၊ ထိုလူသည်သင့်ကို ကြိုဆိုအံ့သောငှါ၊ ရထားပေါ်မှ လှည့်သောအခါ၊ ငါ့စိတ်ဝိညာဉ်သည် သင်နှင့်အတူ မလိုက်သလော။ ငွေကိုခံယူချိန်ရှိသလော။ အဝတ်၊ သံလွင်ဥယျာဉ်၊ စပျစ်ဥယျာဉ်၊ သိုးနွား၊ ကျွန် ယောက်ျား၊ ကျွန်မိန်းမကို သိမ်းယူချိန်ရှိသလော။
27 De aceea lepra lui Naaman se va lipi de tine și de sămânța ta pentru totdeauna. Iar el a ieșit lepros din prezența lui, alb ca zăpada.
၂၇သို့ဖြစ်၍နေမန်၏ နူနာသည်သင်၌၎င်း၊ သင်၏ သားမြေး၌၎င်း၊ အစဉ်အမြဲစွဲစေဟု ဆိုသည်အတိုင်း၊ ဂေဟာဇိသည် နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ဖြူလျက်၊ သခင်ထံ မှ ထွက်သွား၏။

< 2 Regii 5 >