< 2 Cronici 25 >

1 Amația era în vârstă de douăzeci și cinci de ani când a început să domnească; și a domnit douăzeci și nouă de ani în Ierusalim. Și numele mamei lui era Ioadan, din Ierusalim.
အာမဇိ သည် အသက် နှစ်ဆယ် ငါး နှစ်ရှိသော်နန်းထိုင် ၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား ၊ ယေရုရှလင် မြို့သူယုဒ္ဒန် အမည် ရှိ၏။
2 Și el a făcut ce era drept înaintea ochilor DOMNULUI, dar nu cu o inimă desăvârșită.
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု သော်လည်း ၊ စိတ်နှလုံး မ စုံလင်။
3 Și s-a întâmplat, când împărăția i-a fost întemeiată, că a ucis pe servitorii care l-au ucis pe tatăl lui, împăratul.
အာမဇိ သည်မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သောကျွန် တို့ကိုသတ် လေ၏။
4 Dar nu a ucis pe copiii lor, ci a făcut precum este scris în lege, în cartea lui Moise, unde DOMNUL a poruncit, spunând: Părinții să nu moară pentru copii, nici copiii să nu moară pentru părinți, ci fiecare om să moară pentru propriul lui păcat.
သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သား သည်အသေ မ ခံရ။ လူ တိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟုမောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသော ထာဝရဘုရား ၏ပညတ် တော်ကိုစောင့်ရှောက်၍၊ ထိုကျွန်တို့၏သား များကိုမ သတ် ဘဲနေ၏။
5 Mai mult, Amația a adunat pe Iuda la un loc și i-a făcut căpetenii peste mii și căpetenii peste sute, conform cu casele părinților lor, prin tot Iuda și Beniamin; și i-a numărat de la douăzeci de ani în sus și i-a găsit trei sute de mii de bărbați aleși, în stare să meargă la război, care să poată mânui suliță și scut.
အာမဇိ မင်းသည် ယုဒ လူတို့ကိုစုဝေး စေ၍ ယုဒ လူနှင့် ဗင်္ယာမိန် လူတို့တွင်၊ အဆွေ အမျိုးအလိုက် လူ တထောင် အုပ်၊ တရာ အုပ် တို့ကို ခန့်ထား ၏။ အသက် နှစ်ဆယ် လွန်၍၊ လှံ နှင့် ဒိုင်း ကို ကိုင် တတ်သောစစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံး သိန်းရှိ ကြ ၏။
6 A angajat de asemenea o sută de mii de războinici viteji din Israel pentru o sută de talanți de argint.
ခွန်အား ကြီးသော ဣသရေလ သူရဲ တသိန်း ကိုလည်း ငွေ အခွက် တထောင် နှင့် ငှါး ၏။
7 Dar a venit un om al lui Dumnezeu la el, spunând: Împărate, nu lăsa armata lui Israel să meargă cu tine, fiindcă DOMNUL nu este cu Israel, și, cu atât mai puțin cu toți copiii lui Efraim.
သို့ရာတွင် ဘုရားသခင် ၏လူ တယောက်သည် လာ ၍ အိုမင်းကြီး ၊ ဣသရေလ တပ် ကိုမ လိုက် စေနှင့်။ ထာဝရဘုရား သည် ဣသရေလ လူတည်းဟူသောဧဖရိမ် အမျိုးသား အပေါင်း တို့နှင့်အတူ ရှိတော်မ မူ။
8 Dar dacă vei merge, fă-o, fii tare pentru bătălie; Dumnezeu te va face să cazi înaintea dușmanului, fiindcă Dumnezeu are putere să ajute și să doboare.
မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက် ခြင်းငှါ ခိုင်ခံ့ သော်လည်း ၊ ရန်သူ ရှေ့ မှာ ဘုရားသခင် ရှုံး စေတော်မူမည်။ ဘုရားသခင် သည် မစ ခြင်းငှါ ၎င်း၊ နှိမ့်ချခြင်းငှါ၎င်း တတ်နိုင်တော်မူ၏ဟု ပြောဆိုလျှင်၊
9 Și Amația a spus omului lui Dumnezeu: Dar ce să facem pentru cei o sută de talanți pe care i-am dat armatei lui Israel? Și omul lui Dumnezeu a răspuns: DOMNUL este în stare să îți dea mult mai mult decât aceasta.
အာမဇိ က၊ ဣသရေလ တပ် ကိုငှါး၍ ငွေအခွက် တထောင် ကိုပေး မိသောကြောင့် ၊ အဘယ်သို့ ပြု ရမည်နည်းဟု ဘုရားသခင် ၏လူ ကို မေးမြန်း သော် ၊ ဘုရားသခင် ၏လူ က၊ ထိုမျှမက ထာဝရဘုရား သည် သာ၍ပေး နိုင်တော်မူသည်ဟု ပြန်ပြော ၏။
10 Atunci Amația i-a pus deoparte, adică, armata care a venit la el din Efraim, să meargă înapoi acasă; de aceea mânia lor s-a aprins foarte tare împotriva lui Iuda și s-au întors acasă, arzând de mânie.
၁၀ထိုအခါ အာမဇိ သည် ဧဖရိမ် ပြည်မှ ရောက် လာသော စစ်သူရဲ တို့ ကိုခွဲထား ၍၊ မိမိ တို့နေရာ သို့ ပြန်သွား စေခြင်းငှါ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန် အမျက်ထွက်၍ ယုဒ ပြည်သားတို့၌ အငြိုးထားလျက်၊ မိမိ တို့ နေရာ သို့ပြန် သွားကြ၏။
11 Și Amația s-a întărit și a condus poporul său și a mers în valea sării și a lovit dintre copiii lui Seir, zece mii.
၁၁အာမဇိ သည်လည်း ကိုယ်ကိုခိုင်ခံ့ စေ၍ ဆား ချိုင့် ကို တပ်ချီ သဖြင့် ၊ စိရ တောင်သား တသောင်း ကို လုပ်ကြံ လေ၏။
12 Și pe alți zece mii rămași în viață i-au dus în captivitate copiii lui Iuda și i-au adus pe vârful stâncii și i-au aruncat jos de pe vârful stâncii, încât toți au fost sfărâmați în bucăți.
၁၂ယုဒ အမျိုးသား တို့သည် လူတသောင်း ကို အရှင် ဘမ်း ပြီးလျှင် ၊ ကျောက် တောင်ထိပ် သို့ ဆောင် သွား၍ ၊ ကျိုးပဲ့ စေခြင်းငှါအောက် သို့ တွန်းချ ကြ၏။
13 Dar soldații armatei pe care Amația i-a trimis înapoi, ca să nu meargă cu el la bătălie, au căzut peste cetățile lui Iuda, de la Samaria chiar până la Bet-Horon, și au lovit trei mii dintre ei și au luat multă pradă.
၁၃ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိ မပေး၊ လွှတ် လိုက်သော စစ်သူရဲ တို့မူကား ၊ ရှမာရိ မြို့မှစ၍ ဗေသောရုန် မြို့တိုင်အောင် ၊ ယုဒ မြို့ တို့ကို တိုက် သဖြင့် ၊ လူသုံး ထောင် ကိုသတ် ၍ ၊ လက်ရ ဥစ္စာအများ ကို သိမ်းသွား ကြ၏။
14 Și s-a întâmplat, după ce Amația a venit de la măcelul edomiților, că a adus dumnezeii copiilor lui Seir și i-a pus să fie dumnezeii lui și s-a prosternat înaintea lor și le-a ars tămâie.
၁၄အာမဇိ သည် ဧဒုံ အမျိုးသားတို့ကို လုပ်ကြံ ရာမှ ပြန်လာ သောအခါ ၊ စိရ တောင်သား ကိုးကွယ်သော ဘုရား တို့ကိုဆောင် ခဲ့၍ ၊ ကိုယ်တိုင် ကိုးကွယ်ရာဘုရား ဖြစ်စေ ခြင်းငှါ၊ တည်ထောင် လျက် သူ တို့ရှေ့ မှာ ဦးညွှတ် ချ၍ နံ့သာပေါင်းကို မီးရှို့ လေ၏။
15 De aceea mânia DOMNULUI s-a aprins împotriva lui Amația și a trimis la el un profet, care i-a spus: De ce ai căutat după dumnezeii poporului, care nu pot elibera pe propriul lor popor din mâna ta?
၁၅ထာဝရဘုရား သည် အာမဇိ ကို အမျက် ထွက် ၍ ၊ ပရောဖက် ကို စေလွှတ် တော်မူသည်ကား ၊ မိမိ လူ တို့ကို ရန်သူ လက် မှ မ ကယ်နိုင် သော တပါး အမျိုးသားဘုရား တို့ကို အဘယ်ကြောင့် ဆည်းကပ် သနည်းဟုပြောဆို လျှင်၊
16 Și s-a întâmplat, precum vorbea cu el, că împăratul i-a spus: Ești tu rânduit pentru a sfătui pe împărat? Lasă-mă! De ce să fii lovit? Atunci profetul l-a lăsat și a spus: Știu că Dumnezeu a hotărât să te nimicească, pentru că ai făcut aceasta, nedând ascultare sfatului meu.
၁၆ရှင် ဘုရင်က၊ သင်သည်တိုင်ပင် မှုးမတ်ဖြစ် သလော ။တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟုဆိုသော်၊ ပရောဖက် က၊ မင်းကြီးသည် ငါ ပေးသောသတိ စကားကို နား မ ထောင်၊ ဤ အမှုကို ပြု မိသောကြောင့် ၊ ဘုရားသခင် သည် မင်းကြီး ကို ဖျက်ဆီး မည် ကြံ တော်မူသည် ကို ငါသိ မြင်သည်ဟု ပြောဆို ပြီးလျှင် တိတ်ဆိတ်စွာ နေလေ၏။
17 Atunci Amația, împăratul lui Iuda, a făcut sfat și a trimis la Ioas, fiul lui Ioahaz, fiul lui Iehu, împăratul lui Israel, spunând: Vino, să ne vedem unul pe altul la față.
၁၇ထိုနောက် ၊ အာမဇိ သည်တိုင်ပင် ပြီးမှ၊ ဣသရေလ ရှင်ဘုရင် ယေဟု သား ဖြစ်သော ယောခတ် ၏သား ယဟောရှ ထံ သို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာချင်း ဆိုင်မိ ကြကုန်အံ့ဟု မှာ လိုက်လျှင်၊
18 Și Ioas, împăratul lui Israel, a trimis la Amația, împăratul lui Iuda, spunând: Ciulinul care era în Liban a trimis la cedrul care era în Liban, spunând: Dă pe fiica ta de soție fiului meu; și a trecut o fiară a câmpului, care era în Liban, și a călcat în picioare ciulinul.
၁၈ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ပင်ထံသို့ စေလွှတ် ၍၊ သင့် သမီး ကို ငါ့ သား နှင့်ပေးစားပါဟု ဆို စဉ်တွင်၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ၏။
19 Tu spui: Iată, am lovit pe edomiți; și inima ta te-a înălțat la fălire; rămâi acum acasă; de ce să te amesteci spre vătămarea ta, ca să cazi tu și Iuda cu tine?
၁၉သင်ကငါသည် ဧဒုံ လူတို့ကို လုပ်ကြံ ပြီဟု ဆို လျက် ၊ ဝါကြွား ချင်သောစိတ် မြင့် လှ၏။ သို့ရာတွင်ကိုယ် နေရာ ၌ နေ လော့။ သင့်ကိုယ်တိုင်နှင့် ယုဒ ပြည်သည် ဘေး ရောက် ၍ ဆုံးရှုံးစေခြင်းငှါ၊ အဘယ်ကြောင့် အမှု ရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက် လေ၏။
20 Dar Amația a refuzat să asculte, fiindcă a venit de la Dumnezeu, ca să îi dea în mâna dușmanilor lor, deoarece au căutat după dumnezeii lui Edom.
၂၀ထို စကားကို အာမဇိ သည် နား မ ထောင်။ အကြောင်း မူကား၊ ဧဒုံ ပြည်ဘုရား တို့ကို ဆည်းကပ် သောကြောင့် ၊ ရန်သူ လက် သို့ အပ် ခြင်းငှါ ၊ ဘုရားသခင် စီရင်တော်မူ၏။
21 Astfel Ioas, împăratul lui Israel, s-a urcat; și s-au văzut unul pe altul la față, deopotrivă el și Amația, împăratul lui Iuda, la Bet-Șemeș, care aparține de Iuda.
၂၁ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ၊ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည်ဗက်ရှေမက် မြို့၌ မျက်နှာချင်း ဆိုင် မိကြသဖြင့်၊
22 Și Iuda a fost pus la ce este mai rău înaintea lui Israel și au fugit fiecare bărbat la cortul său.
၂၂ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ ၊ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏။
23 Și Ioas, împăratul lui Israel, a luat pe Amația, împăratul lui Iuda, fiul lui Ioas, fiul lui Ioahaz, la Bet-Șemeș și l-a adus la Ierusalim și a dărâmat zidul Ierusalimului, de la Poarta lui Efraim la poarta colțului, patru sute de coți.
၂၃ဣသရေလ ရှင်ဘုရင် ယဟောရှ သည် ယုဒ ရှင်ဘုရင် အာခဇိသားဖြစ်သော ယောရှ ၏သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို၊ ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏။
24 Și a luat tot aurul și argintul și toate vasele care s-au găsit în casa lui Dumnezeu cu Obed-Edom și tezaurele casei împăratului, de asemenea ostaticii, și s-a întors în Samaria.
၂၄ဩဗဒေဒုံ လက်တွင်၊ ဗိမာန် တော်၌ ရှိသမျှ သော ရွှေ ငွေ မှစ၍ ၊ တန်ဆာ အလုံးစုံ နှင့် နန်းတော် ဘဏ္ဍာ အလုံးစုံကို၎င်း၊ အာမခံ သော သူ အချို့တို့ကို၎င်း ၊ ယူ၍ ရှမာရိ မြို့သို့ပြန် သွား၏။
25 Și Amația, fiul lui Ioas, împăratul lui Iuda, a trăit după moartea lui Ioas, fiul lui Ioahaz, împăratul lui Israel, cincisprezece ani.
၂၅ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သောနောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏။
26 Și restul faptelor lui Amația, cele dintâi și cele din urmă, iată, nu sunt ele scrise în cartea împăraților lui Iuda și ai lui Israel?
၂၆အာမဇိ ပြုမူသော အမှုအရာ ကြွင်း သမျှ အစ အဆုံး တို့သည်၊ ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏။
27 Și, de când Amația s-a întors de la a urma pe DOMNUL, ei au făcut o uneltire împotriva lui la Ierusalim; și el a fugit la Lachis, dar ei au trimis la Lachis, după el, și l-au ucis acolo.
၂၇အာမဇိ သည် ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှလွှဲ သွားသော နောက်၊ သူ ၏တစ်ဘက် ၊ ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူ သည်လာခိရှ မြို့သို့ ပြေး သည်တွင် ၊ ထို မြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊
28 Și l-au adus pe cai și l-au îngropat cu părinții lui, în cetatea lui Iuda.
၂၈မြင်း ပေါ် ၌ တင် လျက် ၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ်မြို့ ၌ သင်္ဂြိုဟ် ကြ၏။

< 2 Cronici 25 >