< 2 Cronici 18 >

1 Și Iosafat a avut bogății și onoare din abundență și s-a încuscrit cu Ahab.
ယောရှဖတ် မင်းသည် ဂုဏ် အသရေနှင့် စည်းစိမ် ဥစ္စာများ ၍ ၊ အာဟပ် မင်းနှင့် အမျိုး ဆက်လေ၏။
2 Și după un anumit număr de ani, a coborât la Ahab, în Samaria. Și Ahab a înjunghiat oi și boi din abundență pentru el și pentru poporul care era cu el și l-a convins să se urce cu el la Ramot-Galaad.
နောက်တဖန် ရှမာရိ မြို့၊ အာဟပ် မင်းထံသို့ ကိုယ်တိုင်သွား၍၊ ဣသရေလ ရှင်ဘုရင် အာဟပ် သည် ယုဒ ရှင်ဘုရင် ယောရှဖတ် နှင့် ၊ သူ၏လူ တို့အဘို့ များစွာ သော သိုး နွား တို့ကိုစီရင်၍၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ လိုက် စေခြင်းငှါ၊
3 Și Ahab, împăratul lui Israel, i-a spus lui Iosafat, împăratul lui Iuda: Voiești să mergi cu mine la Ramot-Galaad? Și el i-a răspuns: Eu sunt precum ești tu și poporul meu ca poporul tău; și vom fi cu tine în război.
ဂိလဒ် ပြည်ရာမုတ်မြို့သို့ ငါ နှင့်အတူ လိုက် မည် လော ဟုမေး လျှင်၊ ယောရှဖတ်က၊ ငါ သည် မင်းကြီး ကဲ့သို့ ၎င်း ၊ ငါ လူ တို့သည် မင်းကြီး ၏လူ ကဲ့သို့ ၎င်းဖြစ်လျက်၊ မင်းကြီး နှင့် ဝိုင်း၍ စစ်တိုက် မည်ဟု ပြန်ပြော ၏။
4 Și Iosafat i-a spus împăratului lui Israel: Cercetează, te rog, din cuvântul DOMNULUI astăzi.
တဖန် ယောရှဖတ် က၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ယနေ့ မေးမြန်း ပါလော့ဟု ဣသရေလ ရှင်ဘုရင် အား ဆို သော်၊
5 De aceea împăratul lui Israel a adunat patru sute dintre profeți și le-a spus: Să mergem la Ramot-Galaad în bătălie, sau să îl las în pace? Iar ei au spus: Urcă-te, fiindcă Dumnezeu îl va da în mâna împăratului.
ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး သော် ၊ သူတို့က ချီတော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
6 Dar Iosafat a spus: Nu este aici un alt profet al DOMNULUI, ca să cercetăm de la el?
ယောရှဖတ် ကလည်း၊ ငါတို့မေးမြန်း စရာ ထာဝရဘုရား ၏ ပရောဖက် တစုံတပါးမျှမရှိသလောဟု မေးသော်၊
7 Și împăratul lui Israel i-a spus lui Iosafat: Mai este un om, prin care am putea cerceta de la DOMNUL, dar îl urăsc, fiindcă niciodată nu îmi profețește bine, ci întotdeauna rău: acesta este Micaia, fiul lui Imla. Și Iosafat a spus: Să nu spună împăratul astfel.
ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ၊ ဣမလ သား မိက္ခါ ရှိသေး၏။ သို့ရာတွင်။ထိုသူ ကိုငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ အစဉ် ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က၊ ထိုသို့မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
8 Și împăratul lui Israel a chemat pe unul dintre ofițerii lui și a spus: Adu repede pe Micaia, fiul lui Imla.
ထိုအခါ ဣသရေလ ရှင် ဘုရင်သည် အရာရှိ တယောက် ကို ခေါ် ၍ ၊ ဣမလ သား မိက္ခါ ကို အလျင်အမြန် ခေါ်ခဲ့ဟု မိန့် တော်မူ၏။
9 Și împăratul lui Israel și Iosafat, împăratul lui Iuda, au șezut fiecare pe tronul lui, îmbrăcați în robele lor, și au șezut într-un loc deschis, la intrarea porții Samariei; și toți profeții profețeau înaintea lor.
ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည် မင်းမြောက် တန်ဆာကို ဝတ်ဆင် လျက် ၊ ရှမာရိ မြို့တံခါးဝ ရှေ့၊ ဟင်းလင်း သောအရပ်၌ ရာဇ ပလ္လင် တို့အပေါ် မှာ ထိုင် ၍ ၊ ပရောဖက် အပေါင်း တို့သည် ရှေ့ တော်၌ ဟောပြော ကြ၏။
10 Și Zedechia, fiul lui Chenaana, își făcuse coarne de fier și spunea: Astfel spune DOMNUL: Cu acestea tu vei împunge Siria până vor fi nimiciți.
၁၀ခေနာနာ သား ဇေဒကိ သည် သံ ဦးချို တို့ကို လုပ် ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ်တော်သည် ရှုရိ ပြည်ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဤဦးချိုတို့နှင့် တိုးရမည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
11 Și toți profeții au profețit astfel, spunând: Urcă-te la Ramot-Galaad și prosperă, fiindcă DOMNUL îl va da în mâna împăratului.
၁၁ပရောဖက် အပေါင်း တို့ကလည်း ၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ ၍ အောင် တော်မူပါ၊ ထာဝရဘုရား သည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူ မည်ဟု ပရောဖက် ပြု၍ ဟောကြ၏။
12 Și mesagerul care a mers să cheme pe Micaia i-a spus, zicând: Iată, cuvintele profeților vestesc bine împăratului o singură înțelegere; să fie cuvântul tău de aceea, te rog, ca al unuia dintre ei și vorbește de bine.
၁၂မိက္ခါ ကို ခေါ် သောတမန် က၊ ပရောဖက် အပေါင်းတို့သည် မင်္ဂလာ စကား ကိုသာ ရှင်ဘုရင် အား တညီတညွတ် တည်းဟော ကြ၏။ ကိုယ်တော် လည်း သူ တို့ဟော ကြသည်နည်းတူ ၊ မင်္ဂလာ စကားကိုသာ ဟော တော်မူပါဟုဆိုလျှင်၊
13 Și Micaia a spus: Precum DOMNUL trăiește, ceea ce îmi spune Dumnezeul meu, voi vorbi aceea, negreșit.
၁၃မိက္ခါ က၊ ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ ငါ ၏ဘုရားသခင် မိန့် တော်မူသော စကားကိုသာ ငါပြန်ပြော ရမည်ဟုဆို ၏။
14 Și când a venit la împărat, împăratul i-a spus: Micaia, să mergem la Ramot-Galaad la bătălie, sau să aștept? Și el a spus: Urcați-vă și prosperați și ei vor fi dați în mâna voastră.
၁၄ရှင်ဘုရင် ထံသို့ ရောက် သောအခါ ၊ ရှင် ဘုရင်က၊ အချင်းမိက္ခါ ၊ ငါတို့သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကောင်း သလော။မချီဘဲနေကောင်း သလောဟုမေး လျှင် ၊ မိက္ခါကစစ်ချီ ၍ အောင် တော်မူပါ။ ရန်သူတို့ကို လက် တော်သို့ အပ် တော်မူမည်ဟု ပြန်လျှောက် ၏။
15 Și împăratul i-a spus: De câte ori să te conjur să îmi spui doar adevărul în numele DOMNULUI?
၁၅ရှင်ဘုရင် ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့် နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည်ဘယ်နှစ်ကြိမ် တိုင်အောင် သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊
16 Atunci el a spus: Am văzut tot Israelul împrăștiat pe munți, ca oi care nu au păstor, și DOMNUL a spus: Aceștia nu au stăpân; să se întoarcă fiecare om la casa lui în pace.
၁၆မိက္ခါက၊ ဣသရေလ အမျိုးသားအပေါင်း တို့ သည် သိုးထိန်း မ ရှိသော သိုး ကဲ့သို့ တောင် များအပေါ် မှာ အရပ်ရပ်ကွဲပြား လျက်ရှိကြသည်ကို ငါမြင် ပြီ။ ထာဝရဘုရား ကလည်း ၊ ဤ သူအပေါင်းတို့သည် အရှင် မ ရှိသောကြောင့်၊ အသီးအသီး ကိုယ် နေရာ သို့ ပြန် ကြပါလေစေဟု မိန့်တော်မူကြောင်းကို လျှောက်ဆို၏။
17 Și împăratul lui Israel i-a spus lui Iosafat: Nu ți-am spus că nu îmi va profeți bine, ci rău?
၁၇ဣသရေလ ရှင်ဘုရင် ကလည်း ၊ သူသည်ငါ ၌ မင်္ဂလာ စကားကိုမ ဟော ၊ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟုမင်းကြီး အား ငါမ ပြော သလော ဟု ယောရှဖတ် အား ဆို ၏။
18 Din nou el a spus: De aceea ascultă cuvântul DOMNULUI: Am văzut pe DOMNUL șezând pe tronul lui și toată oștirea cerului stând în picioare la dreapta lui și la stânga lui.
၁၈မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက်၊ လက်ဝဲ တော်ဘက် ၌ရပ် နေကြသည်ကို၎င်း ၊ ငါမြင် ပြီ။
19 Și DOMNUL a spus: Cine va ademeni pe Ahab, împăratul lui Israel, ca să se urce și să cadă la Ramot-Galaad? Și unul a vorbit spunând în acest fel și un altul spunând altfel.
၁၉ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ ၊ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင်၊ အခြံအရံတော်တို့သည် တယောက် တနည်းစီပြန်လျှောက် ကြ၏။
20 Atunci a ieșit un duh și a stat în picioare înaintea DOMNULUI și a spus: Eu îl voi ademeni. Și DOMNUL i-a spus: Cu ce?
၂၀တဖန် ဝိညာဉ် တပါးသည်လာ ၍ ထာဝရဘုရား ရှေ့ တော်၌ ရပ် လျက် ၊ အကျွန်ုပ် သွေးဆောင် ပါမည်ဟု လျှောက် လျှင်၊
21 Și el a spus: Voi ieși și voi fi un duh mincinos în gura tuturor profeților lui. Și DOMNUL a spus: Tu îl vei ademeni și vei învinge de asemenea; ieși și fă astfel.
၂၁ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့ သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
22 Și acum, iată, DOMNUL a pus un duh mincinos în gura acestor profeți ai tăi și DOMNUL a vorbit rău împotriva ta.
၂၂သို့ဖြစ်၍ ထာဝရဘုရား သည် မုသာ စကားကို ပြောတတ်သောစိတ်ဝိညာဉ် ကို မင်းကြီး ၏ပရောဖက် အပေါင်းတို့၌ သွင်း တော်မူပြီ။ မင်းကြီး ၏အမှုမှာ အမင်္ဂလာ စကားကို ပြော တော်မူပြီဟု ဟော လေ၏။
23 Atunci Zedechia, fiul lui Chenaana, s-a apropiat și a lovit pe Micaia peste obraz și a spus: Pe ce cale a ieșit Duhul DOMNULUI de la mine pentru a-ți vorbi ție?
၂၃ထိုအခါ ခေနာနာ သား ဇေဒကိ သည် ချဉ်းလာ ၍ မိက္ခါ ၏ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ ၊ အဘယ် လမ်း ဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
24 Și Micaia a spus: Iată, vei vedea în acea zi când vei intra în camera dinăuntru să te ascunzi.
၂၄မိက္ခါ က၊ သင်သည်ပုန်းရှောင် ၍နေခြင်းငှါ ၊ အတွင်း ခန်း ထဲသို့ ဝင် သော နေ့ ၌ သင် မြင် လိမ့်မည်ဟု ဆို ၏။
25 Atunci împăratul lui Israel a spus: Luați-l pe Micaia și duceți-l înapoi la Amon, guvernatorul cetății, și la Ioas, fiul împăratului;
၂၅ဣသရေလ ရှင်ဘုရင် က၊ မိက္ခါ ကို မြို့ ဝန်မင်း အာမုန် ထံ ၊ သား တော်ယောရှ ထံသို့ ယူသွား ၍၊
26 Și spuneți: Astfel spune împăratul: Puneți pe acesta în închisoare și hrăniți-l cu pâinea chinuirii și cu apa chinuirii, până când mă voi întoarce în pace.
၂၆ဤ သူကို ထောင် ထဲမှာလှောင်ထား ကြ။ ငါ သည် ငြိမ်ဝပ် စွာပြန် ၍ မ လာမှီတိုင်အောင်၊ ဆင်းရဲ စွာ စားသောက် စေဟုအမိန့် တော်ရှိကြောင်းကို ဆင့်ဆို လော့ ဟု စီရင် ၏။
27 Și Micaia a spus: Dacă te vei întoarce negreșit în pace, atunci DOMNUL nu a vorbit prin mine. Și a spus: Dați ascultare, voi, tot poporul.
၂၇မိက္ခါ ကလည်း ၊ မင်းကြီးသည် ငြိမ်ဝပ် စွာ ပြန်လာ ရလျှင် ၊ ထာဝရဘုရား သည် ငါ့ အားဖြင့် မိန့် တော် မ မူ၊ အိုလူ များအပေါင်း တို့၊ နားထောင် ကြလော့ဟုဆို ၏။
28 Astfel împăratul lui Israel și Iosafat, împăratul lui Iuda, s-au urcat la Ramot-Galaad.
၂၈ထိုသို့ ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင် ယောရှဖတ် တို့သည်၊ ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ကြ၏။
29 Și împăratul lui Israel i-a spus lui Iosafat: Îmi voi schimba hainele ca să nu fiu recunoscut și voi merge la bătălie, dar tu îmbracă robele tale. Astfel împăratul lui Israel și-a schimbat hainele ca să nu fie recunoscut și amândoi au mers la bătălie.
၂၉ဣသရေလ ရှင်ဘုရင် က၊ ငါသည် ခြားနားသော အယောင် ကို ဆောင်၍စစ်ပွဲ ထဲသို့ ဝင် မည်။ မင်းကြီး မူကား ၊ မင်းမြောက်တန်ဆာ ကို ဝတ်ဆင် ပါလော့ဟု ယောရှဖတ် အား ဆို ပြီးမှ ၊ ဣသရေလ ရှင် ဘုရင်သည် ခြားနားသော အယောင် ကိုဆောင်လျက် စစ်ပွဲ ထဲသို့ ဝင် ၏။
30 Și împăratul Asiriei poruncise căpeteniilor carelor care erau cu el, spunând: Nu vă luptați cu mici sau mari, în afară de împăratul lui Israel.
၃၀ရှုရိ ရှင် ဘုရင်က၊ ဣသရေလ ရှင်ဘုရင် မှတပါး ၊ အခြားသော လူကြီး လူငယ် ကို မ တိုက် နှင့်ဟု ရထား စီး သူရဲ အုပ်ဗိုလ်မင်းတို့ကိုမှာ ထားနှင့် သောကြောင့်၊
31 Și s-a întâmplat, când căpeteniile carelor l-au văzut pe Iosafat, că au spus: Este împăratul lui Israel. De aceea l-au încercuit să se lupte, dar Iosafat a strigat și DOMNUL l-a ajutat; și Dumnezeu i-a ademenit să se depărteze de el.
၃၁ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ယောရှဖတ် ကိုမြင် သောအခါ ၊ ထိုသူသည် ဣသရေလ ရှင်ဘုရင် ဖြစ် လိမ့်မည်ဟုဆို လျက် ၊ သူ့ ကို တိုက် အံ့သောငှါ ဝိုင်းလာကြ ၍၊ ယောရှဖတ် လည်း ကြွေးကြော် လေ၏။ ထာဝရဘုရား လည်း မစ ၍ သူတို့ကိုလွှဲ သွားစေခြင်းငှါ ၊ ဘုရားသခင် သွေးဆောင် တော်မူ၏။
32 Fiindcă s-a întâmplat, atunci când căpeteniile carelor și-au dat seama că nu era împăratul lui Israel, că s-au întors de la a-l mai urmări.
၃၂ဣသရေလ ရှင်ဘုရင် မ ဟုတ် ကြောင်း ကို၊ ရထား စီးသူရဲ အုပ်ဗိုလ်မင်းတို့သည် ရိပ်မိ သောအခါ ၊ မလိုက်ဘဲ အခြားသို့ ရှောင် သွားကြ၏။
33 Și un anumit om a tras cu arcul la întâmplare și l-a lovit pe împăratul lui Israel între încheieturile armurii, de aceea el a spus conducătorului carului său: Întoarce-ți mâna, ca să mă scoți afară din oaste, căci sunt rănit.
၃၃လူ တယောက်သည် မ ရွယ်ဘဲလေး နှင့်ပစ် ၍၊ ဣသရေလ ရှင်ဘုရင် ကို၊ သံချပ် အင်္ကျီအဆစ် ကြား မှာ မှန် လေသော်၊ ငါ့ ကိုစစ်ပွဲ ထဲက လှည့် ၍ ထုတ် ဆောင် လော့။ ငါနာ သည်ဟု မိမိရထား တော်ထိန်းကို ဆို ၏။
34 Și bătălia a crescut în acea zi, totuși împăratul lui Israel a stat drept în carul său împotriva sirienilor până seara; iar pe la apusul soarelui a murit.
၃၄ထို နေ့ ၌ တိုး ၍ တိုက် ကြ၏။ ဣသရေလ ရှင်ဘုရင် သည် ညဦးယံ တိုင်အောင် ၊ ရှုရိ လူတဘက် တချက်၌ ရထား တော်ထဲမှာ လူကိုမှီ ၍ထိုင်နေ၏။ နေဝင် ချိန် နီး သောအခါ အသက် တော်ကုန်၏။

< 2 Cronici 18 >