< Рындоря 5 >
1 Екх мурш, савэс акхарэнас Анания и лэстири ромни Сапфира битиндэ хулаимос.
၁အာနနိဆိုသူနှင့်သူ၏ဇနီးရှဖိရေတို့ သည် မိမိတို့၏မြေကိုရောင်းချကြ၏။-
2 Саво-то котор битинимастар вов тховдя кай пэрнэ апостолонэнди. Ай авэр котор гарадя пэсти. Лэстири ромни жанэлас пала кода.
၂သို့သော်အာနနိသည်ရောင်းရသောငွေအချို့ အဝက်ကို ဇနီးသည်၏သဘောတူညီချက် အရ မိမိအဖို့ဖယ်ထားပြီးမှကျန်ငွေကို တမန်တော်တို့အားပေးအပ်လေသည်။-
3 Пэтро пхэндя: — Анания! Пэр со ту дян Сатанасти тэ пхэрдярэл тиро води, кай ту пхэндян найчячимос Свэнтонэ Духости, и гаравдян андай цэмин пхувьятири?
၃ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
4 Кода, со ту битиндян, сас тиро, ай ловэ, со ту прилян, сас тирэ. Пэр со ту тховдян андо тиро води тэ тирэс кадя? Ту пхэндян найчячимос на манушэнди, а Дэвлэсти.
၄သင်သည်ထိုလယ်ကိုမရောင်းချမီကပိုင်ဆိုင် သည်မဟုတ်လော။ ရောင်းချပြီးသောအခါ ၌လည်း မြေဖိုးငွေကိုပိုင်သည်မဟုတ်လော။ သို့ ပါလျက်အဘယ်ကြောင့်ဤသို့သောအကြံ အစည်ကိုပြုပါသနည်း။ သင်သည်လူကို လှည့်စားသည်မဟုတ်။ ဘုရားသခင်ကိုလှည့် စားလေပြီ'' ဟုဆို၏။-
5 Кала Анания ашундя кала лава, вов пэля и муля. Бари дар авиля пэ всаворэн, ко ашундэ када.
၅ထိုစကားကိုကြားသည်နှင့်တစ်ပြိုင်နက် အာနနိသည်လဲကျသေဆုံးလေသည်။ ဤ အဖြစ်အပျက်အကြောင်းကိုကြားကြသူ အပေါင်းသည် လွန်စွာကြောက်လန့်ကြ၏။-
6 И тунчи тэрнэ мануша вщиле, гытосардэ тэ гаравэн, выандярдэ тай гаравдэ.
၆လူငယ်လူရွယ်များသည်လာ၍ အာနနိ၏ ရုပ်အလောင်းကိုအဝတ်နှင့်ပတ်ပြီးနောက် အပြင်သို့ထုတ်ယူသင်္ဂြိုဟ်ကြ၏။
7 Ай кала прожыля трин чясоря, авиля и ромни лэстири. Вой на жанэлас, со тердяпэ.
၇သုံးနာရီခန့်ကြာသောအခါ အာနနိ၏ ဇနီးရောက်လာ၏။ သို့ရာတွင်သူသည်ဖြစ် ပျက်ခဲ့သည့်အချင်းအရာကိုမသိ။-
8 Пэтро пушля латар: — Пхэн манди, палай кацави цэмин тумэ битиндэ э пхув? — Агэ, — пхэндя вой, — палай кацави.
၈ပေတရုက``သင်တို့သည်လယ်ကိုအဖိုး ဤမျှဖြင့်ရောင်းပါသလော'' ဟုမေး၏။ ထိုအမျိုးသမီးက ``မှန်ပါ၏။ ဤမျှဖြင့် ပင်ရောင်းပါသည်'' ဟုဆို၏။-
9 Нэ Пэтро пхэндя лати: — Со када тумэ допхэндэпэ тэ зумавэн Духос Раестирэс? Акэ, зажан андэ удар кола, савэ гаравдэ тирэ ромэс. Онэ и тут выандярэна.
၉ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
10 Андэ кадья ж вряма вой пэля пашай пэрнэ лэстирэ тай муля. Тэрнэ мануша зажыле и аракхле ла муляса. Онэ выандярдэ тай гаравдэ ла паша лако ром.
၁၀ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။-
11 И бари дар авиля пэ всавори кхандири и пэ всаворэ, ко ашундя када.
၁၁အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။
12 Апостолоря пэстирэ вастэнца терэнас бут шпэры и диворя машкар мануша. Всаворэ патикунэ екхэтанэ стидэнаспэ андэ Соломоностирэ тиндэ.
၁၂တမန်တော်တို့သည်လူတို့ရှေ့တွင်အံ့သြဖွယ် ရာအမှုအရာများနှင့် နိမိတ်လက္ခဏာများ ကိုပြကြ၏။ ယုံကြည်သူအပေါင်းတို့သည် ရှောလမုန်မုခ်တွင်စုဝေးကြ၏။-
13 Авэр мануша даранас тэ приашэн лэндэ, ай народо лашарэлас лэн.
၁၃လူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။-
14 Майбут мануша авэлас кав патявимос андо Рай, и мурша и жувля.
၁၄သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။-
15 Мануша выандярэнас лэ насвалэн пэ гасы и тховэнас пэ паторя тай пэ паринда, кай и лэ Пэтростири тень, кала вов прожалас, тэ пэрэл пэ варикастэ андар лэндэ.
၁၅လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
16 Андо Иерусалимо андай пашутнэ фороря зжанаспэ бут мануша. Онэ анэнас насвалэн и колэн, андэр кастэ сас найжужэ духоря, и всаворэ састярэнаспэ.
၁၆ထို့ပြင်ယေရုရှလင်မြို့ပတ်ဝန်းကျင်မြို့ရွာ များမှ လူပရိသတ်တို့သည်ဖျားနာသူများ၊ နတ်မိစ္ဆာပူးဝင်နေသူများကိုခေါ်ဆောင်လာ ကြ၏။ ထိုသူနာအပေါင်းသည်ရောဂါပျောက် ကင်းသွားကြ၏။
17 Баро рашай и всаворэ, ко сас пэ лэстири риг, андав стидимос садукеёско, пхэрдярэпэ холяса пэ лэн,
၁၇ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
18 и схутилдэ лэ Апостолонэн и запхандадэ андо фороско баруно.
၁၈သူတို့သည်တမန်တော်တို့ကိုဖမ်းဆီးပြီး လျှင် ထောင်တွင်အကျဉ်းချထားကြ၏။-
19 Нэ ангело Раеско и рят отпхэрнадя удара андав бар, выандярдя лэн тай пхэндя:
၁၉သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
20 — Жантэ, тэрдён андо храмо и пхэнэн всаворэ кала лава жувимастирэ лэ манушэнди.
၂၀``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
21 Онэ кангле тай жыле дэнзор андо храмо и сытярэнас. Андэ кодья вряма барэ рашая и кола, савэ сас лэнца, авиле и стидэ Синедрионо, акхардэ всаворэн пхурэдэрэн андай шавэ Израилёстирэ и бишалдэ андо баруно бутярнэн тэ анэн лэ апостолонэн.
၂၁တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
22 Нэ бутярнэ, сар авиле, на аракхле лэн андо баруно и рисайле тай допхэндэ:
၂၂ထိုသူတို့သည်အကျဉ်းထောင်သို့ရောက်သော အခါ တမန်တော်တို့ကိုမတွေ့ရကြ။ သို့ဖြစ် ၍တရားလွှတ်တော်အဖွဲ့ဝင်တို့ထံသို့ပြန် လာပြီးလျှင်၊-
23 — Амэ дикхле, со барунэстирэ удара мишто затердэ и пашай лэндэ тэрдён халавдэ, нэ кала отпхэрнадэ удара, андрэ никас на аракхле.
၂၃``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
24 Кала пхурэдэр халавдэнго андо храмо и барэ рашая ашундэ кала лава, фартэ дивосайле и на жанэнас, сар тэ полэн кода, со тердяпэ.
၂၄ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
25 Авиля варико и допхэндя лэнди: — Акэ мурша, савэн тумэ запхандадэ андо баруно, тэрдён андо храмо и сытярэн лэ манушэн.
၂၅ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
26 Тунчи халавдэнго пхурэдэр жыля лэ бутярнэнца и андя лэн най зораса, колэсти со даранас лэ манушэндар, кай тэ на помарэн лэн барэнца.
၂၆ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
27 Кала андэ лэн и тховдэ андо Синедрионо, баро рашай пушля лэн:
၂၇ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
28 — Чи на запхэндэ амэ тумэнди тэ сытярэн палав кадва алав? Ай тумэ пав всаворо Иерусалимо розандярдэ тумаро сытяримос и камэн тэ ужылисарэн амэн пала миримос Калэстирэс Манушэс.
၂၈သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
29 Пэтро и апостолоря пхэндэ пэ када: — Трэбуй тэ кандас фэдэр Дэвлэс, сар лэ манушэс.
၂၉ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
30 Дэл амарэ дадэндиро жундярдя андай мулэ Исусос, Савэс тумэ тховдэ по каштуно трушул тай умардэ.
၃၀ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင် တို့လက်ဝါးကပ်တိုင်ပေါ်မှာတင်၍သတ်ခဲ့ သောသခင်ယေရှုအား ရှင်ပြန်ထမြောက်စေ တော်မူပြီ။-
31 О Дэл вазгля Лэс правонэ вастэса и тердя Пхурэдэрэса и Фэрисаримареса, кай тэ дэл Израилёсти каисаримос и эртисаримос лэ бэзэхэндар.
၃၁ဣသရေလအမျိုးသားတို့သည်နောင်တရ ၍ မိမိတို့အပြစ်များမှပြေလွတ်စိမ့်သောငှာ ဘုရားသခင်သည်ထိုသခင်အားမိမိ၏ လက်ယာတော်ဘက်တွင်စံပယ်စေ၍ ဦးစီး ခေါင်းဆောင်အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ချီးမြှင့်တော်မူ၏။-
32 Допхэнимаря калэсти амэ и Свэнто Духо, Савэс о Дэл дя колэнди, ко кандэл Лэс.
၃၂ဤအမှုအရာများနှင့်ပတ်သက်၍ ငါတို့ သည်အသိသက်သေဖြစ်ကြ၏။ ဘုရားသခင် ၏အမိန့်ကိုနာခံသူတို့အားချပေးတော်မူ သည့်ဆုကျေးဇူးတည်းဟူသော ဝိညာဉ်တော် သည်လည်းအသိသက်သေဖြစ်တော်မူ၏'' ဟု ပြန်၍ပြောကြားကြ၏။
33 Кола, савэ сас котэ, кала ашундэ када, росшынэнаспэ холятар и камэнас тэ умарэн лэн.
၃၃ဤစကားကိုကြားကြသောအခါတရား လွှတ်တော်အဖွဲ့ဝင်တို့သည် ပြင်းစွာအမျက် ထွက်ကြသဖြင့် တမန်တော်တို့အားသေဒဏ် ပေးရန်တိုင်ပင်ကြ၏။-
34 Тунчи вщиля андо Синедрионо екх фарисеё, савэс акхарэнас Гамалиило, сытяримари Законоско, пативало англай всаворэ мануша. Вов припхэндя тэ выандярэн апостолонэн пэ найбари вряма,
၃၄သို့ရာတွင်ဂါမလျေလနာမည်ရှိသော ဖာရိရှဲသည် တရားလွှတ်တော်တွင်ထိုင်ရာ မှထ၍ တမန်တော်တို့အားအပြင်သို့ခေတ္တ ခေါ်ထုတ်သွားရန်အမိန့်ပေး၏။ သူသည်လူ အပေါင်းတို့ရိုသေလေးစားသည့်ကျမ်းတတ် ဆရာတစ်ဦးဖြစ်၏။-
35 и пхэндя манушэнди андав Синедрионо: — Мурша Израилёстирэ! Погындон машкар пэстэ палай кала мануша, со лэнца тэ терэн.
၃၅ထိုသူက``ဣသရေလအမျိုးသားတို့၊ ဤ သူတို့အားသင်တို့ပြုမည့်အရာကိုသတိ နှင့်ပြုကြလော့။-
36 На фартэ дэлмут авиля Февда, саво сикавэлас пэс пала варисаво баро мануш, и лэстэ приашыле варикай штаршэл мануша. Нэ вов сас умардо, и всаворэ, ко кандэлас лэс, розжылепэ, и на ашыляпэ никас.
၃၆လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-
37 Тунчи пала лэстэ сас Иуда галилеянино. Вов авиля, кала сас запистросаримос, тай андярдя пала пэстэ бутэн манушэн. Нэ вов муля, и всаворэ, ко кандэлас лэс, розжылепэ.
၃၇ထိုနောက်သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲပြည်သားယုဒဆိုသူပေါ်ပေါက် လာကာ လူတို့ကိုဆွဲဆောင်စည်းရုံးခဲ့၏။ သူ သည်လည်းသေကျေပျက်စီးရလျက် သူ၏ နောက်လိုက်အပေါင်းသည်ကွဲလွင့်သွားကြ ကုန်၏။-
38 И икхатар пхэнав тумэнди: ашавэн калэн манушэн и отмукэн лэн. Сар када воля и рындо манушэндирэ, то онэ роспэрэнапэ,
၃၈သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
39 ай сар Дэвлэстар, тумэ нисар на роспхагэна лэн. Фэрисавэн, кай тумэ тэ на ашэн вражымаренца Дэвлэсти. Кола, савэ сас котэ, кангле лэс.
၃၉သူတို့ကြံစည်ပြုလုပ်သောအမှုကိစ္စသည် လူမှဖြစ်ခဲ့သော်ထိုအကြံအစည်အမှု ကိစ္စသည်ပျက်ရမည်။ သို့ရာတွင်ဘုရား သခင်မှဖြစ်ပါမူ ထိုသူတို့ကိုမဖျက် နိုင်သည့်ပြင်ဘုရားသခင်အားသင်တို့ ဆန့်ကျင်ရာရောက်အံ့'' ဟုဆို၏။ ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ဂါမလျေလ၏အကြံပေးချက်ကိုလက်ခံ ပြီးလျှင်၊-
40 Онэ акхардэ апостолонэн и припхэндэ тэ марэн лэн чюкнянца. Тунчи запхэндэ лэнди тэ пхэнэн палав алав Исусоско тай отмукле лэн.
၄၀တမန်တော်တို့ကိုခေါ်ယူကြ၏။ ထိုနောက်သူ တို့အားကြိမ်ဒဏ်ခတ်ကာ``ယေရှု၏နာမကို အမှီပြု၍ ဟောပြောသွန်သင်ခြင်းကိုနောက် တစ်ဖန်မပြုရ'' ဟုအမိန့်ပေးပြီးနောက် လွှတ်လိုက်ကြ၏။-
41 Онэ жыле андав Синедрионо и лошавэнас, со лэнди выпэля патив тэ прилэн лажаимос палав алав Исусоско.
၄၁တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
42 Всаворэ деса андо храмо и пай чера на пэрэашэнас тэ сытярэн и тэ пхэнэн Радосаво Лав палав Исусо Христосо.
၄၂နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်လည်းကောင်း၊ အိမ်များတွင်လည်းကောင်းသခင်ယေရှုသည် မေရှိယဖြစ်တော်မူကြောင်းကိုဆက်လက်၍ ဟောပြောသွန်သင်ကြ၏။