< Salmos 108 >
1 Uma Canção. Um Salmo de David. Meu coração está firme, Deus. Cantarei e farei música com minha alma.
၁အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချ ပါ၏။ ကျွန်တော်မျိုးသည်သီချင်းဆို၍ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။ အို ငါ့ဝိညာဉ်၊နိုးထလော့။
2 Wake para cima, harpa e lira! Vou acordar o amanhecer.
၂ငါ၏စောင်းကြီးစောင်းငယ်တို့၊နိုးထကြလော့။ ငါသည်နေကိုနိုးထစေမည်။
3 Eu lhe darei graças, Javé, entre as nações. Cantarei louvores a vocês entre os povos.
၃အို ထာဝရဘုရား၊ လူမျိုးတကာတို့အလယ်တွင်ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူမျိုးအပေါင်းတို့အလယ်တွင်ကိုယ်တော်ရှင် အား ထောမနာပြုပါမည်။
4 Pois sua amorosa gentileza é grande acima dos céus. Sua fidelidade chega até os céus.
၄ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်အထက်သို့လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်ကောင်းကင် တိုင်အောင်လည်းကောင်းရောက်ရှိပါ၏။
5 Seja exaltado, Deus, acima dos céus! Que sua glória esteja sobre toda a terra.
၅အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ကြီးမြတ်သောဂုဏ်တော်ကို မိုးကောင်းကင်၌လည်းကောင်း၊ဘုန်းအသရေ တော်ကို ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်းကောင်းပြတော်မူပါ။
6 Para que sua amada possa ser entregue, economize com sua mão direita e nos responda.
၆ကိုယ်တော်ရှင်ချစ်တော်မူသောလူစုတော်သည် အသက်ချမ်းသာကြစေရန် ဘုန်းအာနုဘော်တော်ဖြင့်ကျွန်တော်မျိုးတို့ကို ကယ်တော်မူပါ။ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပါ။
7 God falou a partir de seu santuário: “Em triunfo”, Vou dividir Shechem, e medir o vale de Succoth.
၇ဗိမာန်တော်တွင်ဘုရားသခင်က ``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။ သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။
8 Gilead é meu. Manasseh é meu. Ephraim também é meu capacete. Judah é meu ceptro.
၈ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကို လည်း ငါပိုင်၏။ ဧဖရိမ်ပြည်သည်ငါ၏သံခမောက်ဖြစ်၍ ယုဒပြည်သည်ငါ၏ရာဇလှံတံဖြစ်၏။
9 Moab é o meu pote de lavagem. Vou jogar minha sandália na Edom. Vou gritar sobre a Filístia”.
၉သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ ဧဒုံပြည်ကိုငါပိုင်ကြောင်း ငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။
10 Who vai me trazer para a cidade fortificada? Quem me levará à Edom?
၁၀ဘုရားသခင်၊ခံတပ်တည်ဆောက်ထားသည့် မြို့အတွင်းသို့အဘယ်သူသည်ကျွန်တော် မျိုးအား ပို့ဆောင်ပါမည်နည်း။ အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံ ပြည်သို့ ပို့ဆောင်ပါမည်နည်း။
11 Haven você não nos rejeitou, Deus? Você não sai, Deus, com nossos exércitos.
၁၁ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ ကျွန်တော်မျိုး၏တပ်များနှင့်အတူချီတက် တော်မမူတော့ပြီလော။
12 Give nós ajudamos contra o inimigo, pois a ajuda do homem é vaidosa.
၁၂လူတို့၏အကူအညီသည်အချည်းနှီးပင် ဖြစ်သောကြောင့်ရန်သူများကိုတိုက်ခိုက်နိုင်ရန် ကျွန်တော်မျိုးအားကူမတော်မူပါ။
13 Through Deus, nós faremos valentemente, pois é ele quem vai pisar em nossos inimigos.
၁၃ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော် မူလျှင် ငါတို့သည်အနိုင်ရကြလိမ့်မည်။ ကိုယ်တော်သည်ငါတို့၏ရန်သူများကို အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။