< Obadias 1 >
1 A visão de Obadiah. Isto é o que o Senhor Javé diz sobre Edom. Ouvimos notícias de Javé, e um embaixador é enviado entre as nações, dizendo: “Levantem-se, e vamos nos levantar contra ela em batalha”.
၁အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ ထာဝရဘုရား ကြွေးကြော် တော်မူ သံကို ငါတို့သည် ကြား ကြ၏။ သင်တို့ထ ၍ ဧဒုံ ပြည်ကို တိုက် ခြင်းငှါ စစ်ချီ ကြလော့ဟု၊ တပါးအမျိုးသား တို့ထံ သို့ သံတမန် ကို စေလွှတ် တော်မူပြီ။
2 Eis que eu vos fiz pequenos entre as nações. Vocês são muito desprezados.
၂သင့် ကို တပါးအမျိုးသား တို့တွင် ယုတ်မာ စေခြင်းငှါ ငါစီရင် သဖြင့်၊ သင် ၏အသရေသည် အလွန် ရှုတ်ချ ခြင်း ရှိလိမ့်မည်။
3 O orgulho de vosso coração vos enganou, vós que habitais nas fendas da rocha, cuja habitação é alta, que diz em seu coração: 'Quem me fará descer ao chão?
၃ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။
4 Ainda que subais ao alto como a águia, e ainda que vosso ninho esteja colocado entre as estrelas, eu vos farei descer dali”, diz Yahweh.
၄သင်သည် ရွှေလင်းတ ကဲ့သို့ ကိုယ်ကို ချီးမြှောက် ၍ ၊ ကြယ် တို့တွင် အသိုက် ကို လုပ် သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
5 “Se os ladrões viessem até você, se os ladrões à noite - oh, que desastre espera por você - eles não roubariam apenas até terem o suficiente? Se os vindimadores viessem até você, não deixariam algumas uvas para respigar?
၅ညဉ့် အခါ သူခိုး ထားပြ တို့သည် သင် ရှိရာသို့ လာ လျှင် ၊ စိတ်ပြေလောက်အောင်သာ ခိုး ယူကြလိမ့်မည်မ ဟုတ်လော။ စပျစ်သီး ကို ဆွတ်သောသူတို့သည် လာ လျှင် ၊ သူတပါး လိုက်၍ ဆွတ် စရာဘို့ ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။
6 Como Esaú será saqueado! Como seus tesouros escondidos são procurados!
၆သင်သည် အလွန်ပျက်စီး ပြီတကား။ ဧသော သည် အလွန် အစစ်ခံရပြီတကား။ သူ ဝှက် ထားသော ဥစ္စာ ကို အလွန်ရှာဖွေ ကြသည်တကား။
7 Todos os homens de sua aliança o trouxeram em seu caminho, mesmo até a fronteira. Os homens que estavam em paz com você o enganaram, e prevaleceram contra você. Os amigos que comem seu pão colocam um laço sob você. Não há nele nenhum entendimento”.
၇သင် နှင့်မိဿဟာယ ဖွဲ့သော သူ အပေါင်း တို့ သည် ပြည် စွန်းသို့ နှင် ကြပြီ။ အဆွေ လုပ်သောသူ တို့ သည် သင့် ကို လှည့်စား ၍ နိုင် ကြပြီ။ သင် နှင့်အတူစားသောက် သော သူတို့သည် သင့် အောက် ၌ ကျော့ကွင်း ကို ထောင် ထားကြပြီ။ သင် ၏ ဉာဏ် ပညာ ကုန် ပြီ။
8 “Será que naquele dia”, diz Yahweh, “destruirei os sábios de Edom, e o entendimento da montanha de Esaú?
၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ ၌ ဧဒုံ ပြည်မှ ပညာရှိ တို့ကို၎င်း ၊ ဧသော ၏တောင် မှ ဉာဏ် ကောင်းသော သူတို့ ကို၎င်းငါပယ်ရှား မည်။
9 Seus poderosos homens, Teman, ficarão consternados, até o fim de que todos possam ser cortados da montanha de Esaú pelo abate.
၉အိုတေမန် မြို့၊ ဧသော ၏တောင် မှ ခပ်သိမ်း သောသူတို့ ကို ပယ်ဖြတ် မည်အကြောင်း ၊ သင် ၏ သူရဲ တို့သည် ကြောက် ကြလိမ့်မည်။
10 Pela violência feita a seu irmão Jacob, a vergonha o cobrirá, e você será cortado para sempre.
၁၀သင် သည် ညီ ယာကုပ် ကို အသေသတ်ခြင်း၊ အနိုင် အထက် ပြုခြင်းအပြစ်ကြောင့် ကိုယ်တိုင် အရှက်ကွဲ ၍ ၊ အကုန်အစင် ပယ်ဖြတ် ခြင်းကိုခံရလိမ့်မည်။
11 No dia em que você ficou do outro lado, no dia em que estranhos levaram sua substância e os estrangeiros entraram em seus portões e lançaram sortes para Jerusalém, até mesmo você era como um deles.
၁၁သင် သည် တဘက် ၌ နေ သောနေ့ ၊ တကျွန်း တနိုင်ငံသား တို့သည် သူ ၏အမှုထမ်း များကို သိမ်း သွားသောနေ့ ၊ တပါး အမျိုးသားတို့သည် သူ ၏မြို့တံခါး ထဲသို့ ဝင် ၍ ယေရုရှလင် မြို့ကို စာရေးတံ ချ သောနေ့၌ သင် သည် လက်ခံသောသူဖြစ်၏။
12 Mas não despreze seu irmão no dia do seu desastre, e não se alegre com os filhos de Judá no dia de sua destruição. Não fale orgulhosamente no dia do desastre.
၁၂သင် ၏ညီ သည် တပါး အမျိုးသားဖြစ်သောနေ့ ၌ သူ၏အမှုကို သင်မ ကြည့် သင့်။ ယုဒ အမျိုးသား တို့သည် ပျက်စီး သောနေ့ ၌ မ ဝါကြွား သင့်။ ဒုက္ခ ခံရသောနေ့ ၌ စော်ကား သောစကား ကို မ ပြောသင့်။
13 Não entre no portão do meu povo no dia de sua calamidade. Não olhe para a aflição deles no dia de sua calamidade, nem se aproprie de suas riquezas no dia de sua calamidade.
၁၃ငါ ၏လူ တို့သည် ဘေး ဥပဒ်ကို ခံရသောနေ့ ၌ သူတို့ နေရာတံခါး အတွင်းသို့ မ ဝင် သင့်။ ဘေး ဥပဒ်ကို ခံရသော နေ့ ၌ သူ တို့၏ဆင်းရဲ ဒုက္ခကို မ ကြည့် မရှုသင့်။ ဘေး ဥပဒ် ကို ခံရသောနေ့ ၌ သူ တို့ဥစ္စာ ကို မ လု မယူသင့်။
14 Não fique na encruzilhada para cortar os seus que escapam. Não entregue aqueles de seus que permanecem no dia de aflição.
၁၄လွတ် သောသူတို့ကို ဆီးတား ခြင်းငှါ ဖြတ်လမ်း ၌ မ ရပ် မနေ သင့်။ အမှု ရောက်သောနေ့ ၌ ကျန် ကြွင်းသောသူတို့ ကို မ အပ် သင့်။
15 Pois o dia de Yahweh está próximo a todas as nações! Como você já fez, será feito a você. Seus atos voltarão sobre sua própria cabeça.
၁၅အကြောင်း မူကား၊ ထာဝရဘုရား ၏နေ့ ရက်သည် ခပ်သိမ်း သောလူမျိုး တို့နှင့် နီး ပြီ။ သင်ပြု သည်အတိုင်း သင် ၌ သူတပါး ပြု လိမ့်မည်။ သင် ပြုသောအမှု သည် သင့် ခေါင်း ပေါ် သို့ ရောက် ရလိမ့်မည်။
16 Pois como vocês beberam na minha montanha sagrada, assim todas as nações beberão continuamente. Sim, elas beberão, engolirão, e serão como se não o tivessem sido.
၁၆ယုဒအမျိုးသားတို့သည် သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ စားသောက် သကဲ့သို့ ၊ ပတ်လည်၌နေသောလူမျိုး အပေါင်း တို့သည် စားသောက် ရကြလိမ့်မည်။ စားသောက် ၍ မျို သဖြင့် မ ရှိ ဘူးသောသူကဲ့သို့ ဖြစ် ရကြလိမ့်မည်။
17 Mas no Monte Zion, haverá quem escape, e será santo. A casa de Jacó possuirá seus bens.
၁၇ဇိအုန် တောင် ပေါ် မှာ ဘေးလွတ် သောသူအချို့ ရှိ ကြလိမ့်မည်။ သန့်ရှင်း သောအရပ်ဖြစ် လိမ့်မည်။ ယာကုပ် အမျိုး သည် မိမိ ပိုင် ထိုက်သောမြေကို ပိုင် ရလိမ့်မည်။
18 A casa de Jacó será um fogo, a casa de José uma chama, e a casa de Esaú um restolho. Eles arderão entre eles e os devorarão. Não restará nenhum resto para a casa de Esaú”. De fato, Yahweh falou.
၁၈ယာကုပ် အမျိုး သည် မီး ၊ ယောသပ် အမျိုး သည် မီးလျှံ ၊ ဧသော အမျိုး သည် အမှိုက် ဖြစ် လျက် မီးညှိ ၍ လောင် သဖြင့် ၊ ဧသော အမျိုးသား မ ကျန် ကြွင်းရ။ ထာဝရဘုရား မိန့် တော်မူပြီ။
19 Os do Sul possuirão a montanha de Esaú, e os da planície, os filisteus. Eles possuirão o campo de Efraim, e o campo de Samaria. Os de Benjamin possuirão Gilead.
၁၉တောင် မျက်နှာသားတို့သည် ဧသော ၏တောင် ကို၎င်း ၊ မြေညီ သောအရပ်သားတို့သည် ဖိလိတ္တိ ပြည်ကို၎င်း ၊ ဧဖရိမ် လယ်ပြင် နှင့် ရှမာရိ လယ်ပြင် ကို၎င်း ၊ ဗင်္ယာမိန် အမျိုးသည် ဂိလဒ် ပြည်ကို၎င်း သိမ်းယူ ကြ လိမ့်မည်။
20 Os cativos deste exército dos filhos de Israel, que estão entre os cananeus, possuirão até mesmo a Sarepta; e os cativos de Jerusalém, que estão em Sefarade, possuirão as cidades dos Negev.
၂၀သိမ်း သွားခြင်းကို ခံရ၍၊ ခါနနိ လူတို့တွင်ရှိသော ဣသရေလ အမျိုး အလုံးအရင်း သည် ဇရတ္တ မြို့တိုင်အောင် ၎င်း ၊ သိမ်း သွားခြင်းကို ခံရ၍ သေဖရဒ် ပြည်၌ ရှိသော ယေရုရှလင် မြို့သားတို့သည် တောင် မျက်နှာမြို့ ရွာတို့ကို ၎င်း သိမ်းယူ ကြလိမ့်မည်။
21 Saviors subirá ao Monte Sião para julgar as montanhas de Esaú, e o reino será de Yahweh.
၂၁ဧသော ၏တောင် ကို တရား စီရင်ခြင်းငှါ ကယ်တင် သောသူတို့သည် ဇိအုန် တောင် ပေါ် သို့ တက် ကြ လိမ့်မည်။ တိုင်း နိုင်ငံသည်လည်း ထာဝရဘုရား ၏ နိုင်ငံတော် ဖြစ် လိမ့်သတည်း။