< Levítico 1 >
1 Javé chamou Moisés, e falou com ele da Tenda da Reunião, dizendo:
၁ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
2 “Fale com as crianças de Israel, e diga-lhes: 'Quando alguém de vocês oferecer uma oferta a Javé, vocês oferecerão sua oferta do gado, do rebanho e do rebanho'.
၂
3 “'Se sua oferta for uma oferta queimada do rebanho, ele deve oferecer um macho sem defeito. Ele a oferecerá na porta da Tenda de Reunião, para que possa ser aceita antes de Yahweh.
၃နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
4 Ele colocará sua mão sobre a cabeça do holocausto, e será aceito para ele fazer expiação por ele.
၄သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
5 Ele matará o touro antes de Yahweh. Os filhos de Arão, os sacerdotes, apresentarão o sangue e aspergirão o sangue em torno do altar que está à porta da Tenda da Reunião.
၅သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
6 Ele esfolará o holocausto e o cortará em pedaços.
၆ထိုနောက်သူသည်နွားကိုအရေဆုတ်၍ ခုတ် ဖြတ်ရမည်။-
7 Os filhos de Arão, o sacerdote, porão fogo sobre o altar e porão lenha em ordem sobre o fogo;
၇ယဇ်ပုရောဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင် ထင်းကိုစီခင်း၍ မီးညှိရမည်။-
8 e os filhos de Arão, os sacerdotes, porão os pedaços, a cabeça e a gordura em ordem sobre a lenha que está sobre o fogo que está sobre o altar;
၈ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-
9 mas ele lavará suas entranhas e suas pernas com água. O sacerdote queimará tudo isso sobre o altar, para um holocausto, uma oferta feita pelo fogo, de agradável aroma a Iavé.
၉ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
10 “'Se sua oferta for do rebanho, das ovelhas ou dos caprinos, para uma oferta queimada, ele deve oferecer um macho sem defeito.
၁၀ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
11 Ele o matará no lado norte do altar, antes de Yahweh. Os filhos de Arão, os sacerdotes, aspergirão seu sangue sobre o altar.
၁၁သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
12 Ele o cortará em seus pedaços, com sua cabeça e sua gordura. O sacerdote os colocará em ordem sobre a lenha que está sobre o fogo que está sobre o altar,
၁၂သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
13 mas as entranhas e as pernas ele lavará com água. O sacerdote oferecerá o todo, e o queimará sobre o altar. É um holocausto, uma oferta feita pelo fogo, de aroma agradável a Iavé.
၁၃သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
14 “'Se sua oferta a Javé é um holocausto de aves, então ele oferecerá sua oferta de rolas ou de pombos jovens.
၁၄တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။-
15 O sacerdote a levará ao altar, arrancar-lhe-á a cabeça e a queimará sobre o altar; e seu sangue será drenado na lateral do altar;
၁၅ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
16 e tirará sua colheita e suas penas, e a lançará ao lado do altar na parte leste, no lugar das cinzas.
၁၆ထို့နောက်စလုတ်ရှိအစာနှင့်တကွစလုတ် ကိုထုတ်၍ ပလ္လင်အရှေ့ဘက်ရှိပြာပုံထဲသို့ ပစ်လိုက်ရမည်။-
17 Ele o rasgará por suas asas, mas não o dividirá. O sacerdote o queimará sobre o altar, sobre a lenha que está sobre o fogo. É um holocausto, uma oferenda feita pelo fogo, de agradável aroma a Iavé.
၁၇သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။